6.10.2010

ငါးဖမ်းလှေပေါ်တွင် ရောင်းစားခံနေရသည့် မြန်မာအလုပ်သမားတစ်ဦးအား ရခိုင်လူငယ်တစ်ဦး စွန့်စားကယ်တင်

မေ ၉

ထိုင်းနိုင်ငံအလယ်ပိုင်း ခြုံဘူရီအပိုင် အချောင်လှေဆိပ် ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေရသည့် မောင်စိုးမင်းငြိမ်း ဆိုသည့် ရခိုင်အလုပ်သမားလူငယ်တစ်ဦးအား အခြားနေရာတွင် အခြေစိုက်နေထိုင်သည့် ရခိုင်လူငယ်တစ်ဦးက မောင်စိုးမင်းငြိမ်း အစ်ကို ကိုလင်းလင်းနှင့် စွန့် စားကယ်တင်လိုက်သဖြင့် ယမန်နေ့  နံနက်က လွတ်မြောက်လာခဲ့သည်။

ကယ်တင်ပေးသည့် ကို ဘမောင်က “သူ့ အစ်ကိုကျနော့်ဆီကိုဧပြီလ ၂၆ ရက်ကတည်းကရောက်နေတာပါ။ သူ့အစ်ကိုလည်းပွဲစားနဲ့တက်လာတာ၊ လှေကိုရောင်းစားခံရမယ့် အနေအထားကနေ ကျနော်ပဲ ရွေးထားတာပါ။ မနေ့ က ကမနက်စောစော ၃နာရီကတည်းက ကျနော်တို့  ဆိုင်ကယ်နဲ့ မောင်းသွားတာ ၃နာရီလောက်ကြာပါတယ်။ကျနော်တို့ က အဲဒီလှေဆိပ်မှာရှိတဲ့ ဈေးဆိုင်တွေနားမှာစောင့်နေပါတယ်။ သူတို့ ညီအစ်ကိုအချင်းချင်းမြင်တဲ့ အခါ စကားပြောစရာမလိုပဲ အထာပေါက်တာပေါ့ဗျာ။ နဲနဲလစ်တာနဲ့ကျနော် စက်နှိုးထားတဲ့ ဆိုင်ကယ်ပေါ်တင်ပြီး ပြေးလာခဲ့ပါတယ်။ ကယ်တင်ထယ်ဆိုတာထက် ပွဲစားတွေလက်ထဲက လုယူလာတာလို့ ပြောရမယ်ထင်တယ်”ဟု ပြောသည်။

အဆိုပါ ကိုဘမောင်ဆိုသည့် ရခိုင်လူငယ်မှာ ……….နယ်တွင် နေထိုင်သူဖြစ်ပြီး တစ်နှစ်ကျော်အတွင်း အကူညီတောင်းခံလာသည့် မြန်မာအလုပ်သမားများ စဉ်ဆက်မပြတ် တစ်ကိုယ်တည်း ကူညီနေသူ ဖြစ်ကြောင်း ပြောပြသည်။ သူ၏ ကူညီမှုများကိုဘန်ကောက်အခြေစိုက် အဖွဲ့အစည်း အချို့အား အသိပေးလေ့ရှိကြောင်းပြောသည်။ ပြီးခဲ့သည ဧပြီလအတွင်းက နေမကောင်းသည့် ကလေးငယ်တစ်ဦးအား ဆေးရုံတင်ပေးပြီးအပြန် ကော်ဖီထိုင်သောက်နေစဉ် ကိုဘမောင်အား သစ်သားတုတ်ဖြင့် အသေ၇ိုက် သတ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အသက်မသေပဲ ဆေး၇ုံတက်ရောက်ခဲ့ရသည်။

ဦးခေါင်းဘယ်ဘက်ခြမ်းတွင်၂လက်မကျော်ခန့် ဒဏ်ရာ၂ ချက်ရရှိခဲ့ပြီး ဘယ်လက်သန်း ကျိုးသွားခဲ့သည်။ ဘယ်လက်ညှိုးနှင့် လက်ခလယ်အလယ်မှ လက်ဝါးပြင်အလယ်နီးပါးအထိ စုတ်ပြဲခဲ့သည်။ ညာခြေသလုံးနှင့် ခြေထောက်တို့မှာ အရိုးကျိုးခါနီး အထိဒဏ်ရာရရှိခဲ့သည်။ ယခုအခါ ရုတ်တရက်ထရလိုက်လျှင် မူးနောက်သည့် ရောဂါကိုခံစားနေရသော်လည်း လူလူချင်းကျွန်ပြုနေမှုတို့အား တတ်နိုင်သမျှ လုပ်ဆောင်နေဦးမည် ဖြစ်ကြောင်းသူကဆိုသည်။

လွတ်မြောက်လာသည့် မောင်စိုးမင်းငြိမ်းက“ကျနော်တို့ ကိုမဲဆောက်မှာ ပွဲစားခေါ်တုန်းက ဘန်ကောက်က ကြက်သား၇ုံမှာအလုပ်လုပ်ရမယ်ဆိုလို့ လိုက်လာတာ၊အချောင်ရောက်မှ ရောင်းစားခံရမှန်းသိတော့တယ်။ ၂လကျော်ကျော်လုပ်နေခဲ့ရပါတယ်။ နားရတယ်မရှိပါဘူး၊ အလုပ်တစ်ခုခုမှားရင် ပါးစပ်နဲ့ မပြောဘူး၊ ပိုက်ဆရာက အနားမှာရှိတာနဲ့ကိုင်ပေါက်ပါတယ်။ ကျနော်တို့ ရှစ်လ လုပ်ဆပ်ရမယ်လို့ ပြောပါတယ်။ လွတ်ခါနီး အကိုတစ်ယောက်ကို မဲဆောက်မှာရှိတဲ့ ကျနော့်အစ်ကို ဖုန်းကိုပေးပြီးတော့ ကျနော်ရောင်းစားခံနေရပြီဆိုတာကို သတင်းပို့ခိုင်းခဲ့ပါတယ်။ ကျနော်ထောင်ကျနေရာက လွတ်သလိုခံစားရပါတယ်။ ကယ်တင်ပေးတဲ့ ကိုဘမောင်နဲ့ ကျနော့်အစ်ကို ကိုအထူးကျေးဇူးတင်ပါတယ်” အချောင်ပိုက်ဆိပ်တွင် မြန်မာလှေလုပ်သားများအား မွန်ပွဲစားများ၊ မွန်ပိုက်ဆရာများက ၀ယ်ယူထားလေ့ရှိပြီး ထိုင်းလူမျိုးများပိုင်ဆိုင်သည့် ငါးဖမ်းလှေများပေါ်တွင်အလုပ်လုပ်စေသည်။

ကိုလင်းလင်းက “ကျနော်လည်း ကျနော့်ညီ ရောင်းစားခံနေရတဲ့ သတင်းကိုကြားကြားခြင်း မဲဆောက်ကနေ၊ ပွဲစားနဲ့ တက်လာခဲ့တော့တယ်။ ဒီရောက်တော့ ကျနော့်ကို လှေကိုရောင်းစားမယ် လုပ်တယ်။ ကိုဘမောင်ပဲ ရွေးပေးထားပါတယ်။ ကျနော်နဲ့ ကိုဘမောင်နဲ့ လှေဝင်မယ်လို သတင်းကြားရင် လိုက်သွားကြတယ်၊ လွဲသွားတယ်။ ဒီလိုနဲ့ ကျနော်ဒီမှာ အလုပ်ဝင်လုပ်ရင်း ကျနော့်ညီကို စောင့်နေတာ။ မနေ့ က ကျနော့်ညီတို့  လှေပေါ်တက်ခါနီး အချောင်လှေဆိပ် နှစ်ခွတံတားနားက ဈေးဆိုင်မှာဈေးဝယ်နေတာတွေ့တယ်လေ။ ပွဲစားတွေလည်း ကျနော်တို့ကို စောင့်ကြည့်နေတာပဲ။ ကျနော်လည်းမထူးဘူး၊ သေခါမှသေရော ပွဲစားတွေ နဲနဲလစ်တာနဲ့  ညီလေးကို ခေါ်ပြီးပြေးလာခဲ့တော့တယ်”ဟု ပြောသည်။

လွတ်မြောက်လာသည့် အသက်၂၅နှစ်အရွယ် မောင်ငယ်(ခေါ်)မောင်စိုးမင်းငြိမ်းမှာ ၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နယ် မအီအုပ်စု၊ ပြင်ဝန်းအမှတ် ၄ရပ်ကွက်မှ ဖြစ်သည်။

အချောင်လှေဆိပ်တွင်ရောင်းစားခံထားရသည့် မြန်မာနိုင်ငံသားများရာပေါင်းများစွာရှိနေဆဲဖြစ်သည်။ လှေတိုင်းတွင် မြန်မာအလုပ်သမားများရှိသည်။ လှိုင်းမူး၍ဖြစ်စေ၊ ပင်ပန်း၍ဖြစ်စေ၊ ဖျားနာ၍ဖြစ်စေ မလုပ်မလုပ်လို၍ မရကြောင်း ထွက်ပြေးလာသူများကပြောသည်။ မြန်မာလှေသမားအချို့မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်နေရသော်လည်း လွတ်မြောက်နိုင်သည့် အခွင့်အလမ်းများမရှိသဖြင့် ရေထဲသို့ ခုန်ချပြီး မိမိကိုယ်အသက်ကို အဆုံးစီရင်သည့်ဖြစ်ရပ်များလည်းရှိသည်။ အချို့မှာ ပိုက်ဆရာများ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ ကြောင့် သေဆုံးရမှုများလည်းရှိသည်။

မြန်မာအလုပ်သမားများ ထွက်ပြေးလျှင် ၀ယ်ယူထားသည့် မွန်ပွဲစားများ လိုက်လံဖမ်းဆီးစရာမလိုပဲ အချောင်လှေဆိပ်အတွင်းရှိ ထိုင်း၇ဲများက ထွက်ပြေးသည့်လူများအား လိုက်လံဖမ်းဆီးပြီး မွန်ပွဲစားများထံ ပြန်လည်အပ်နှံပေးပြီး ငွေကြေးရယူကြောင်း လွတ်မြောက်လာသူများကပြောသည်။

နိုင်ငံတကာ လူကုန်ကူမှုတိုက်ဖျက်ရေးအဖွဲ့ များနှင့် ထိုင်းအခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ တို့ မှာ တစ်နေ့တခြား တိုးတက်လာနေသည့် ထိုင်းငါးဖမ်းလုပ်ငန်းခွင်အတွင်း တရားမ၀င် လူကုန်ကူးမှုများကို ထိရောက်စွာ အေ၇းယူဆောင်ရွက်နိုင်ခြင်းမရှိဖြစ်နေသည်။အတွေ့ အကြုံရှိသည့်အချို့ အဖွဲ့ အစည်းများက လည်း အဆိုပါ လူကုန်ကူမှုလုပ်ငန်းစဉ်အတွင်း ထိုင်းအာဏာပိုင်များ ပါဝင်ပါသက်နေသည်ကို အကြောင်းပြလျှက် မိမိတို့ အသင်းအဖွဲ့ရပ်တည်ရေး ထိခိုက်မည်ဟုဆိုကာ လက်ရှောင်နေကြောင်း တစ်ကိုယ်တော် စွန့် စားကယ်တင်နေသည့် ကိုဘမောင်က ပြောသည်။

ဒေသအခြေစိုက် အင်ဂျီအိုအဖွဲ့ များမှ မိမိတို့ အသက်အန္တရာယ်ကို အထူးစိုးရိမ်သဖြင့် လူကုန်မှုလုပ်ငန်းကို မသိချင်ယောင်ဆောင် နေရသည်။ အလားတူ ဒေသအခြေစိုက် ထိုင်း၇ဲများမှာလည်း လူကုန်ကူးမှုကြောင့် အထူးဖိအားပေးခံရသည့်အခါ ရှောင်တခင် အဖမ်းပြသော်လည်း ထိရောက်သည့် အရေးယူမှုကို လုပ်ဆောင်နိုင်ခြင်း မပြုလိုကြကြောင်း ဆက်လက်ပြောပြသွားသည်။ 
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment