7.03.2010

လူကုန်ကူးမှုတိုက်ဖျက်ရေး ထိုင်းအစိုးရ ထိထိရောက်ရောက် လုပ်မည်ဟု ဒုဝန်ကြီးပြောဆို

ဇူလိုင် ၃
ထိုင်းဘာသာပြန်(ကိုတီး၊၇ခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံ၊ ရေလုပ်ငန်းများတွင် လူကုန်ကူးခံနေရသည့် ရွေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့် လက်မှတ် လုပ်ပေးရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို လာမည့်လတွင် စတင် လုပ်ကိုင်နိုင်လိမ့်မည် ဖြစ်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အမြဲတန်း ဒုဝန်ကြီး နိုင်ဝပ်ချလပ်ကလုနီကာက ပြောဆိုလိုက်သည်။
ထိုင်းရဲရေတပ်ဖွဲ့၊ ထိုင်းရေတပ်နှင့် ထိုင်းလူမှု ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး အမေရိကန် အစိုးရအား အချက်အလက် အပြည့်အစုံဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ၀န်ကြီးဌာနများ အစည်းအဝေးတွင် ပြောလိုက်ခြင်းဖြစ်သည်။ မကြာသေးမီက အမေရိကန်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်မှု စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာတွင် လူကုန်ကူးမှု အဓိကနိုင်ငံ စာရင်းထဲတွင် ထိုင်းနိုင်ငံပါဝင်နေရာမှ လျော့နည်းပပျောက် သွားစေရန် အခြားအဖွဲ့များနှင့်လည်း ပူးပေါင်းကြိုးစား လုပ်ဆောင်သွားမည်ဟု ဆိုသည်။
လူကုန်ကူးမှုနှင့် ပတ်သက်သည့် အမှုအခင်းများကိုလည်း အထူးဂရုစိုက် လေ့လာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောဆိုခဲ့သည်။ အဆိုပါ အစည်းအဝေးအား ဒုဝန်ကြီးချုပ် နိုင်ဆနန်ခကျွန်ပစန်က ဦးဆောင်ကျင်းပခဲ့သည်။ အစည်းအဝေးသတင်းကို INN အွန်လိုင်းစာမျက်နှာသတင်းတွင် ရေးသား ဖေါ်ပြထားသည်။

No comments:

Post a Comment