9.25.2010

ချင်ရိုင်မြို့တွင် မြန်မာတစ်ဦးအား ယာဘအမြောက်အများဖြင့်ဖမ်းမိ

Photobucket
စက်တင်ဘာ၂၄
ကိုတီ၊ထိုင်းဘာသာပြန်(ရခိုင့်တံခွန်ဂျာနယ်)
မြန်မာနိုင်ငံသား ရှမ်းလူမျိုးတစ်ဦးက စိတ်ကြွဆေးပြား အမြောက်အများနှင့်အတူ မယ်ဆိုင်ရဲစခန်းတွင် ကိုယ်တိုင်သွားရောက် အဖမ်းခံလိုက်ကြောင်း ယနေထုတ် ထိုင်းရပ်သတင်းစာတွင်ရေးသားထားသည်။
အသက်၂၇နှစ်အရွယ်မောင်သန့်ဆိုသူအား ချင်းရိုင်ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ က ယမန်နေ့ က မယ်ဆိုင်မြို့၊ ၀လုန်ဖါခန်းရပ်ကွက်၊ နယ်မြေအမှတ်(၄)ရှိ ပါရန်းမိုင်အိမ်ဂေဟာတွင်၊ ယာဘဆေးလုံးရေ လေးသောင်း ၊ ဘတ်ငွေ ၂သန်းခြောက်သိန်းဖိုး ၀ယ်ယူရန်ချိန်းဆိုခဲ့သည်။ မောင်သန့်က ပစ္စည်းများပို့  ရန်လာရောက်စဉ် ထောက်လှမ်းရေး ထိုင်းပုလိပ်များမှန်း သိသဖြင့် ထွက်ပြေးသွားခဲ့သည်။
ထွက်ပြေးတိမ်းရှောင်ပြီး ၃နာရီခန့် အကြာတွင်၊ အရောင်းအ၀ယ်မအောင်မြင်သဖြင့် ယာဘဆေးပိုင်ရှင်များ က လာသတ်မည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ လာရောက်အဖမ်းခံခဲ့ကြောင်း ထွက်ဆိုသွားသည်။ ချင်းလိုင် ရဲဗိုလ်မှူး နလုံးချိုင်ဝုန်းစံနိက အစည်း၂၀ အလုံးရေ ၄၀၀၀၀ ကို ပိုဆောင်ခအဖြစ် ဘတ်သုံးသောင်းရတယ်၊ ပိုင်ရှင်တွေကို ဖမ်းမိအောင် ဆက်လက်ကြိုးပမ်း ဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း၊ သတင်းစာတွင် ရေးသား ထားသည်။
Photobucket
တချိန်တည်းတွင် ချင်းရိုင်မြို့ရှိ ပိုလိုယိုချင်းလပ်ဝရမ်းရပ်ကွက်ရှိ ဧက ၃၀ ခြံကြီးအတွင်းရှိ ရိုဘင်ဆင်အ ဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း၊ တရားမ၀င် မြန်မာအလုပ်သမား၁၀၀ခန် အလုပ် လုပ်ကိုင် နေကြောင်း သတင်းအရ ရှာဖွေ ဖမ်းဆီးစီစစ်ခဲ့သည်။
ထိုင်းလ၀က၊ ထိုင်းရဲများနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနတို့  ပူးပေါင်းစီစစ်ခဲ့ရာတွင်၊ အလုပ်သမား အားလုံးတို့ မှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများ ပြည့်စုံသော်လည်း လူ၆ဦးကိုမူ ထိုအလုပ်မျိုး မဟုတ်သဖြင့် အရေးယူမည်ဖြစ်သည်။ အသက်၂၁နှစ်အရွယ် မောင်ပုဆိုသူမှာ ဘတ်ရှိသူမဟုတ်ချေ။ ထို့ကြောင့် ဘတ်မရှိသည့် မောင်ပုကို ခိုင်းစေထားသည့် ဆောက်လုပ်ရေးကန်ထရိုက်အား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းINN အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

No comments:

Post a Comment