9.25.2010

လူကုန်ကူးကားတစ်စီး တိမ်းမှောက် မြန်မာအလုပ်သမား၅ဦးသေ

စက်တင်ဘာ ၂၅
ကိုတီး၊ထိုင်းဘာသာပြန်(ရခိုင့်တံခွန်ဂျာနယ်)
မြ၀တီ/မဲဆောက်မှမြန်မာအလုပ်သမားများ တရားမ၀င် တင်ဆောင်လာသည့် ကားတစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သဖြင့် မြန်မာအလုပ်သမားအချို့ သေပြီးအချို့ဒဏ်ရာပြင်းထန်စွာရရှိ သွားကြောင်း ထိုင်း TV ၇  လိုင်းတွင် ယနေ့ နံနက်ပိုင်းက ထုတ်လွှင့်ပြသသွားသည်။
ကိုလိုရိုးထင်းလိုင်း မိုင်တိုင်အမှတ် ၅၀၈ ကံဖေယိုင် အနီးတွင် ဆယ့်ရှစ်ဘီးကားကြီးတစ်စီအား ကျော်တက်စဉ် ဘေးချင်းယှဉ် တိုက်မိသဖြင့် ကား၂စီးစလုံး တိမ်းမှောက်ခဲ့သည်။
ကားတိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား ၅ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၆ဦး အပြင်းအထန် ဒဏ်ရာရရှ်ိသွားခဲ့သည်။ ဒဏ်ရာပြင်းထန်သည့် အလုပ်သမားများအား စုန်ကျက်ဖတ်ကျောက်တာဆင် ဆေးရုံတွင် တင်ထားသည်။ တိမ်းမှောက်သွားသည့် နောက်မိုးဖွင့် ဟိုင်းလတ်၊ ကေါထော/၆၆၄၉ မှာ နကဆ၀န် လိုင်စင်ဖြစ်ကြောင်း သတင်းတွင် ထည့်သွင်းကြေညာသွားသည်။

No comments:

Post a Comment