1.04.2009

သတင်းပဒေသာ

စင်ပြိုင်အသံ
ဇန်န၀ါရီ ၄၊ ၂၀၀၉
ပိုမိုကောင်းမွန်သည့် ပြည်ပရောက် စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းမည်ဟူသော ကြေညာချက်တခု နှစ်သစ်တွင် (ဇန်န၀ါရီ ၁ ရက်နေ့တွင်) ပေါ်ထွက်လာသည်။ ကြေညာသူမှာ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ဖြစ်သည်။ ပြည်ပတွင် စင်ပြိုင်အစိုးရတခု ရှိပြီးဖြစ်သည်။ အမည်မှာ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ ဖြစ်သည်။ (မှတ်ချက် - NCUB နှင့် NCGUB ကွာခြားမှုကို ဤနေရာတွင် ဖတ်ပါ ) ပြည်ပတွင် စင်ပြိုင်အစိုးရတခု ထပ်မံပေါ်ပေါက်မည့် သို့မဟုတ် ပြင်ဆင် ဖွဲ့စည်းမည့် သတင်းနှင့်ပတ်သက်ပြီး ထွက်ပေါ်လာသော အသံအချို့ကို ဖော်ပြလိုက်သည်။
အျပည့္အစုံသိုႛ ...

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို တိုးချဲ့ဖွဲ့မည်
မည်သည့်အချိန် အပြီးသတ်ဖွဲ့မလဲ ရေရေရာရာမရှိသေး

NEJ/ ၃ ဇန်န၀ါရီ ၂၀၀၉ new

အမျိုးသားညီညွတ်ရေးအစိုးရ ခေါ် စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းတည်ထောင်ရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်လုပ်ကိုင်သွားမည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ(အန်စီယူဘီ) က ကြေညာချက်...အပြည့်အစုံသို့


ကြားဖြတ် ရွေးကောက်ပွဲလုပ်ပြီး
လွှတ်တော်ခေါ်ဖို့ ဒဂုန်တာရာ တိုက်တွန်း

NEJ/ ၃ ဇန်န၀ါရီ ၂၀၀၉ သေဆုံးပြီးသူများ အပါအဝင် လစ်လပ်သွားတဲ့ လွှတ်တော် ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ် ကာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အသစ်များဖြင့် ၉ဝ ရွေးကောက်ပွဲနိုင် ..အပြည့်အစုံသို့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်လပ်ရေးနေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

အီးမေးမှပေးပို့လာသော ပုံများဖြစ်ပါသည်။

16 attachments
Download all attachments View all images
DSC05669.JPG
225K View Download
DSC05682.JPG
249K View Download
DSC05683.JPG
222K View Download
DSC05684.JPG
197K View Download
DSC05685.JPG
217K View Download
DSC05686.JPG
251K View Download
DSC05696.JPG
241K View Download
DSC05721.JPG
236K View Download
DSC05730.JPG
220K View Download
DSC05736.JPG
258K View Download
DSC05744.JPG
258K View Download
DSC05761.JPG
246K View Download
DSC05763.JPG
213K View Download
DSC05768.JPG
277K View Download
DSC05771.JPG
251K View Download

ကိုဆန်းတင့်နှင့် လူမှုထူးချွန်ဆု

ကိုဆန်းတင့်နှင့် လူမှုထူးချွန်ဆု ချင်းမိုင် ရုက္ခစိုး အကြောင်းက နှစ်သစ်ကူးကာလ မြန်မာ့သတင်း လောကတွင် ထိပ်ဆုံး ရောက်နေသည်။ ရုက္ခစိုးကြီးက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် မြန်မာ့အရေး လှုပ်ရှားသူ
ဆက်ဖတ်ရန် ...

An explosion from an Israeli strike in the northern Gaza Strip is seen from the Israel side of the border with Gaza, 03 Jan 2009

ဂါဇာကမ်းမြှောင်မှာ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို အစ္စရေးလ် က တစ်ပတ်အကြာ အပြင်းအထန် တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

- အင်ဒိုနီးရှားကမ်းလွန်တွင် အင်အားပြင်းငလျင်လှုပ် click
- ဆန့်ကျင်မှုများနဲ့ ထိုင်းအစိုးရသစ် (ဗွီဒီယိုသတင်း) click
- ၆၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို အမေရိကန်ပြည်သူတွေ ဆန္ဒပြု click
- ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဆရာဝန်နှင့် တွေ့ခွင့်မပေး၊ ရှေ့နေနှင့် တွေ့ခွင့်မပြု click
- လွတ်လပ်ပြီးရင်း လွတ်လပ်အောင် (မာမာအေးရဲ့ ကဗျာ) click
- (၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ရေနံချောင်းမြို့နယ်တွင် ကျင်းပ click
- ၂၂၄ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ အခမ်းအနား နော်ဝေတွင် ကျင်းပ click
- ရခိုင်အချုပ်အခြာအာဏာကျဆုံးနေ့ အခမ်းအနား ဒိန်းမတ်နိုင်တွင်လည်း ကျင်းပ click
- မြန်မာပြည်သူလူထုအတွက် အမေရိကန်အစိုးရရဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ click
- ၆၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ အဖွဲ့ချုပ်ရုံးမှာ ကျင်းပ click
- လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ အဖွဲ့ချုပ်ဗဟိုမှာ ကျင်းပ click
- ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ထိုင်းနိုင်ငံမှာ ကျင်းပ click
- ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို တိုးချဲ့ဖွဲ့မည်၊ မည်သည့်အချိန် အပြီးသတ်ဖွဲ့မလဲ ရေရေရာရာမရှိသေး click
- ကြားဖြတ်ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ဖို့ ဒဂုန်တာရာ တိုက်တွန်း click
- စင်ပြိုင်အစိုးရတရပ်ဖွဲ့စည်းရန် အမျိုးသားကောင်စီ စီစဉ်နေပြီ (အင်တာဗျူး) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရှိတ်ဟာစီနာ လိုလား click
- ဒုက္ခသည်တွေလက်ခံရေးအစီအစဉ် အမေရိကန်လွှတ်တော်ကို အဆိုပြု click
- အမေရိကန်ခရစ်ယာန်ဘုရားကျောင်း ကရင်ဒုက္ခသည်တွေကြောင့် ဆက်လက်တည်မြဲ click
- အရှေ့အလယ်ပိုင်းပဋိပက္ခ ဟားမတ်စ်ကို သမ္မတဘုရှ် အပြစ်တင် click
- အမေရိကန်သမ္မတ မစ္စတာဘုရှ်နဲ့ ကုလအတွင်းရေးမှူးချုပ်တို့ နောက်ဆုံးတွေ့ဆုံပွဲမှာ မြန်မာ့အရေးဆွေးနွေး မယ် click
- ကရင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဒီကေဘီအေ တိုက်ပွဲဖြစ်ပွား click
- အဖွဲ့ချုပ်မြို့နယ်စည်းအဖွဲ့ဝင်များရဲ့ အယူခံလွှာကို တိုင်းတရားရုံးက ထပ်မံပယ်ချ click
- နတ်စဉ်ချောင်ရွာသားတွေမှာတော့ အဓမ္မအခိုင်းခံနေရဆဲ click
- မြန်မာဝန်ကြီး နိုင်ငံခြားသားလုပ်ငန်းပိုင်ရှင် ဦးစားပေး click
- မြန်မာ့ဒီမိုကရေစီတည်ဆောက်ရေး အမေရိကန် ဆက်လက်ထောက်ခံအားပေးမည် click
- အစ္စရေး မြေပြင်စစ်ဆင်ရေး စတင် click
- မြေပြင်ထိုးစစ်နဲ့ ပတ်သက်ပြီး ဟားမတ်စ်က အစ္စရေးကို သတိပေး click
- တွံတေးမြို့နယ်မှာ အဓမ္မလုပ်အားပေးခိုင်းစေ click
- ၂၀၀၉ မှာ မြန်မာ့နိုင်ငံရေး အကောင်းဘက်ကို ဦးတည်မလား (ဘီဘီစီ ဆွေးနွေးခန်း) click
- မကွေးတိုင်းအဖွဲ့ချုပ်ဝင် ပြန်လည်ဖွဲ့စည်းတည်ထောင်ရေး ဆွေးနွေး click
- လားရှိုးထောင်မှာ အေးလွန်း၍ ကိုမင်းဇေယျာ ခါးရောဂါ ပြန်ခံစားနေရ click
- တောင်ကုတ်အဖွဲ့ချုပ်ခေါင်းဆောင် ဦးမင်းအောင်ကို ထောင် ၁၅ နှစ် ထပ်ချ click
- အန်အယ်လ်ဒီနှင့် မဟာမိတ်အဖွဲ့များ၏ ၂၀၀၉ နှစ်သစ်ကူး ထုတ်ပြန်ကြေညာချက် click
- ဆရာတက်တိုး၏ နိုင်ငံရေးစာပေ (ဆောင်းပါး) click
- ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း (၂၃)(နိဂုံးပိုင်း) click
- အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ(မလေးရှား)ရဲ့ ဆန္ဒပြပွဲ (ဓာတ်ပုံသတင်း) click

NLD Special Statement နှင့်မင်္ဂလာ ၂၀၀၉


၂၀၀၉ မင်္ဂလာ ခုနှစ်တွင်းသို့  မင်္ဂလာရှိစွာ ခြည်းနင်း ၀င်ရောက် လာလေပြီနအဖ ၂၀၁၀ ရွေးကောက်ပွဲကြီး နီးလာပြီ။ အစိုးရမင်းများ များလာတော့မည်။၁၉၉၀ ရွေးကောက်ပွဲ အမတ်မင်းများ အဝေးရောက် အစိုးရအဖွဲ့ ကြီးကိုလည်းတိုးချဲ့ တော့မည်။ လက်ရှိအဝေးရောက် အစိုးရမင်းများနှင့် ဒီမိုကရေစီလည်း မရနိုင် နောက်ထပ် နံမည်တစ်မျိုးနှင့် အစိုးရတရပ် ပေါ်လာမလိုဖြစ်နေရာမှ ပူးပေါင်း၍ တိုးချဲ့ ဖွဲ့ စည်းတော့မည်ကြားရ၍ ပြည်သူပြည်သားများ ၀မ်းသာရမလိုဖြစ်နေသည်။ လက်ရှိ အဝေးရောက် အစိုးရ၀န်ကြီးချူပ်ကလည်း သူမသိလို့ ပြောနေသည်။ မည်သို့ဖြစ်လေမည်မသိ နောင်တစ်ချိန်တွင် သူသာလျှင်ဝန်ကြီးချူပ် ဖြစ်လေသည် ဟူ၍ ၀န်ကြီးချူပ်ဦးစိန်ဝင်းက ပြောလာလျှင် မည်သို့ လုပ်ကြမည်နည်း။ ဘယ်လိုပဲဖြစ်ဖြစ် တိုးချဲ့ ဖွဲ့ စည်းပြီးပါက ၀န်ကြီးများဝန်ကလေးများပေါများလာတော့မည်။

နအဖအစိုးရမင်းများက စေလွှတ်လိုက်သော ထောက်လှမ်းရေး များကလဲများလှသည် ။နံမည်အတိအကျ သိရ၍ အတိုက်အခံများက တော်လှလေသည်။ နံမည်တူ စက်ရုံအလုပ်ရုံ အလုပ်သမားများ ကျောချမ်းစရာ ကောင်းလှသည် ထောက်လှမ်းရေးများနှင့် နံမည်တူနေက ခက်လှခြေပြီ။ မြန်မာပြည်အငတ်ဘေး က လွတ်နိုင်စရာ နယ်စပ်သို့ အလုပ်လာလုပ်ခါမှ ထောက်လှမ်းရေးလို့  စွပ်စွဲခံရလျှင် ကိုယ်ကျိုးနဲရခြေမည်။

ဘာပဲဖြစ်ဖြစ် အတိုက်အခံတို့ လုံခြုံရေး တိုးမြှင့်ရတော့ပေမည်။ ကိုယ်ဘေးဝန်းကျင်၌ ထောက်လှမ်းရေး ယူဆရသူတို့ ရှိမရှိ အကဲခတ်ရပေတော့မည် ။လူကြီးများနှင့် မသင့်မြတ်သူတို့ ထောက်လှမ်းရေး ဖြစ်နေက ခက်ပေတော့မည်။ ပြည်သူလူထုကြီးကို စည်းရုံးရေးလုပ်စရာမလိုပေ။ ထောက်လှမ်းရေးများတိုးလာလျှင် ခက်ပေမည်မဟုတ်လော။ ကမ္ဘာအင်အားကြီး နိုင်ငံများ စီမံခန့် ခွဲရေးညံ့ဖျင်း၍ စီးပွားရေး ကျဆင်းရလေသည် ။ သူတို့ မှာ အစိုးရမင်း အဖွဲ့ များ နည်းလှလို့ဖြစ်ရသည် ။ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများ ပူစရာမလိုပေ၊ အစိုးရမင်းများ များလာတော့မည် ဖြစ်၍ စစ်မှန်သော ဒီမိုကရေစီနှင့် စည်းကမ်းရှိသော ဒီမိုကရေစီများ တစ်ခုခု များမကြာမီ ကျွန်ုပ်တို့  ရလာပေတော့မည်ဖြစ်၍ အစိုးရမင်းများ များပြားသော်လည်း ပြည်သူပြည်သားတို့ အဖို့ ဝမ်းသာပီတိ ဖြစ်မိရပါကြောင်း ၂၀၀၉ ခုနှစ်နှစ်သစ် မင်္ဂလာ အခါသမယတွင် ၀မ်းမြောက်ပိတိ ဂွမ်းဆီထိဖြင့် ဇနပုဒ်မှ အောင်တုတ် (ယာတောကသာဗျောနှင့် အမျိုးမတော်ပါ) မိတ်ဆွေများထံ နုတ်ခွန်းဆက်သ လိုက်ပါသည်။

ကောင်းပေစွ ကောင်းပေစွ (စိတ်ညစ်ဖို့ )……..သာဓု၊သာဓု၊

သာဓု

အီးမေးမှ ပေးပို့လာခြင်းဖြစ်ပြီး လက်ရှိအခြေအနေ အပေါ် ပြည်သူများ၏ သဘောထားကို ထင်ဟပ်နေသောကြောင့် ဖေါ်ပြပေးလိုက်ပါသည်။

နောက်ဆက်တွဲပေးပို့ချက်များ

အဖိနှိပ်ခံ ဗမာပြည်သူတရပ်လုံးအတွက်ကတော့ မင်္ဂလာနှစ်သစ် ဖြစ်မှာပါ။
ဒါပေမယ့် နအဖ နဲ့ နအဖ ဒေါက်တိုင်တွေနဲ့
နအဖ လက်သပ်မွေးထားတဲ့ သူတွေနဲ့
နအဖ စိတ်ဓါတ်စစ်ဆင်ရေးဌာနက လူတွေနဲ့
နောက်ဆုံး ကုန်ကုန်ပြောရရင် --
ယာတာကသာဗြောကိုပါ စိတ်ဓါတ်စစ်ဆင်ရေးအရ
ထည့်သွင်းထားရမယ်ဆိုတဲ့လူတွေ
အတွက်ကတော့
အမင်္ဂလာနှစ်ပဲဖြစ်ပါလိမ့်မယ်။
တခုကျန်သွားလို့

မောင်ရင် ပို့ထားတဲ့ အီးမေးလိပ်စာတွေကိုကြည့်လိုက်
တော့တော်တော်စုံတာဘဲ။ အေ ကနေ ဇက် အထိ။
အီးမေးလိပ်စာတွေစုဆောင်းရတာလည်း စီမံကိန်းထဲက အခြေခံ
ကျတဲ့ လုပ်ငန်းတခုဖြစ်မယ်ထင်တယ်။

ကိုယ့်အလုပ်ကိုယ်ဆက်လုပ်လေ

စောင့်ကြည့်သေးတာပေါ့။

1.03.2009

Burma News

- Envoy to Myanmar to visit China and tour Asian nations click
- Myanmar terminates some publications for failure to register click
- Burma refugees are welcomed by youths click
- DPRK vows to strengthen ties with Myanmar click
- Greetings to Myanmar on national day click
- Brussels talks human rights with Beijing click
- A call for a non-violent defence to help humanity click
- National Day of Myanmar click
- Test Bench: Walking boots click
Leading saffron monk's memoir
Mizzima.com - New Delhi,Delhi,India
Buddhist monks gave council to past monarchs, ranging from the first King Anawrahta of unified Burma in Bagan, to the last King Mindon and his son King ...
See all stories on this topic
Burma: life behind bars
Radio Netherlands - Netherlands
by Phil Thornton Living and working in Burma is tough. Writing stories and poetry, telling jokes or criticising the military regime risks a Draconian jail ...
See all stories on this topic
New Year’s Resolutions for the NLD
The Irrawaddy News Magazine - Chiang Mai,Thailand
Take, for starters, the case of the 2100 political prisoners languishing in Burma’s jails—234 of whom were arrested during or after the nationwide protests ...
See all stories on this topic
Perseverance can pay off
London Free Press - Canada
They were 17 families from Burma, first transplanted to a refugee camp in Thailand where many of their children had been born and raised. ...
See all stories on this topic
Myanmar frees 19 North Korean defectors
United Press International - USA
The defectors were sent to neighboring Thailand, the Voice of America reported, quoting authorities in Myanmar, formerly called Burma. ...
See all stories on this topic
Weekly Business Roundup (January 02, 2009)
The Irrawaddy News Magazine - Chiang Mai,Thailand
By WILLIAM BOOT BANGKOK — 2008 saw a surge in foreign companies doing business in Burma despite US and European Union sanctions, observers and activists say ...
See all stories on this topic
US Allots Quota from East Asian Refugees
조선일보(영문판) - South Korea
The US has set a quota of refugees at 80000 for 2009, 19000 of them from East Asia, including North Korea, China, Tibet, and Burma. ...
See all stories on this topic
Burma: The ongoing tragedy next door
เดอะ เนชั่น - Thailand
By The Nation It is interesting to watch how the situation in Burma develops, as well as the behaviour and thinking of the key stakeholders, especially the ...
See all stories on this topic

Blogs Alert for: Burma news

Response or thoughts after Sit Mone’s New Year article « San Oo ...
(So it is more important to try to be good and avoid sins by onself. There is no one to depend on for salvation or forgiveness.) But for some Mahayanas, their concept of god is similar to ours. Filed under: Burma ...
San Oo Aung's Weblog - http://sanooaung.wordpress.com/
CRPP backs NLD’s call for national reconciliation « democracy for ...
... AAPP Press Release 29.12.2008 · Burma’s Bleak Prospect in 2009 NEWS ANALYSIS · “Let's unite for Democratic Federal Union of Burma” Global Action for Burma : Second Struggle for National Independence · 2009 Burma Freedom Calendar ...
democracy for burma - http://democracyforburma.wordpress.com/
'Behind The News' by Widescreen: Timeline of major world events in ...
By 'Widescreen'
May- Cyclone Nargis rips through the Irrawaddy Delta and Rangoon in Burma, killing upto146,000 people and leaving hundreds of thousands more homeless. Burma's military junta is heavily criticised for its handling of the disaster, ...
'Behind The News' by Widescreen - http://widescreen-btn.blogspot.com/
World focus on Burma (2 January 2008) « Save Burma
Burma cyclone heightens country’s misery and isolation. Myanmar’s rigid military rulers, whose violent suppression of Buddhist monks’ protests in September … Year 2009 will see end of terrorism. Ceylon Daily News, Sri Lanka - ...
Save Burma - http://antidictatorship.wordpress.com/
Indian Sawaal-latest news,indian news,daily news,live news ,news ...
By sharad
Bangladesh and Burma are 12th,srilanka is 20th ,while bhutan is 51st. We cant change our neighbours. But instability in all these countries do effect us too. Its easy to say india is shinning ,india is growing but we need to make this ...
Indian Sawaal-latest news,indian... - http://indiansawaal.blogspot.com/

လွတ်လပ်ရေးနေ့


၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ ဆိုရင် ကျွန်တော်တို့  တိုင်းပြည်ကြီး တိုင်းတစ်ပါး လက်အောက်က လွတ် မြောက် ခဲ့တာ (၆၁)နှစ်ရှိပြီ။ ကျွန်စနစ်ကြီး အောက်ကနေ လွတ်မြောက်အောင် လွတ်လပ်ရေး ခါင်း ဆောင် တွေရဲ့ အသက် သွေးချွေးပေါင်း မြောက်များစွာ ကျပြီး၊ ရင်းပြီးမှ ရခဲ့ကြတာ အားလုံး အသိ ဖြစ်ပါသည်။ ထိုခေါင်း ဆောင်ကြီးတွေ သူတို့ ရဲ့ သမိုင်းပေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြလို့ သူတို့ရဲ့ သမိုင်း မှတ်တမ်းကို သူတစ်ပါး နိုင်ငံကျွန်စနစ် အောက်ကနေ လွတ်မြောက်သောနေ့ လွတ်လပ်ရေးနေ့ လို့ ရဲရဲရင့်ရင့် စိုက်ထူနိုင်ခဲ့
ကသည်။ သူတို့ရဲ့ သမိုင်း မှတ်တမ်း ကမ္ဘာ့သမိုင်းဝင် သွားခဲ့ပြီ။


ထိုခေါင်းဆောင်ကြီးများ ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့မှု၊ အချင်းချင်း မညီညွတ်မှု၊ အညှိုးအတေးကြီးမှု တွေကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများ ယူပေးခဲ့သော လွတ်လပ်ရေး တဖန် ပြန်လည် ဆုံးရှုံးခဲ့ရ၏။ ရှက်စရာ ကောင်းသည်က ကိုယ့်အချင်းချင်း ကျွန်ပြုထားသော စစ်အာဏာရှင် ကြီးများကား တိုင်းတစ်ပါးသား အင်္ဂလိပ်နှင့် ဖက်စစ်ဂျပန်တို့ ထက်ပင် ပိုမိုဆိုးဝါး နေခြင်းဖြစ်ပါသည်။


ကျနော်တို့  ပြည်သူတွေ တဖန်ပြန်လည် ကျဆုံးနေတဲ့ လွတ်လပ်ရေးကို ဘယ်လိုရအောင် တိုက်ယူကြမှာလဲ? စစ်အာဏာရှင် ဗိုလ်နေဝင်း လက်ထက်မှနေ၍ ယနေ့ ၂၀၀၉ ခုနှစ်ထိ တိုက်ပွဲဝင်လာကြတာ နှစ်ပေါင်း ၄၇နှစ် ရှိပြီ။ ယနေ့ ထိ လွတ်လပ်ရေး မရကြသေး ပေ။

အာဇာနည် ရဟန်း သံဃာတော်တွေ၊ ကျောင်းသားအာဇာနည်တွေ၊ ပြည်သူ့ အာဇာနည်တွေ စသည့် နိုင်ငံ့ အာဇာနည်တွေရဲ့  အသက်သွေးချွေးပေါင်း မြောက်များစွာ သွေးမြေကျ ရင်းခဲ့ကြရသည်။ယခုထက်ထိ စစ်အာဏာရှင် န.အ.ဖ ၏အကျဉ်းထောင်များထဲတွင် ထောင်ဒဏ်(၁၀၄)နှစ်၊ (၆၈)နှစ်၊ (၅၈)နှစ်စသည် ဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ အကျခံ မတရား နှိပ်စက်ခံ နေကြရဆဲရှိသေး၏။ ဒါပေမဲ့ လွတ်လပ်ရေးကား ယ နေ့ထက် ထိ မရရှိသေးသည်ကို တတိုင်းပြည်လုံး အသိဖြစ်၏။ ဒါကို လျစ်လျူရှု မသိကျိုးကျွန် ပြုမနေကြပါနဲ့ ။


တတိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တက်ညီလက်ညီဖြင့် တော်လှန်ခဲ့ကြလို့  တိုင်းတပါး သူ့ ကျွန်အောက်ကနေ လွတ်လပ်ရေးကို ရအောင် ယူနိုင်ခဲ့ကြ၏။ ဒါကို ယနေ့ (၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ဆိုတာက အထင်အရှား ဖော်ပြနေပါ၏။ ယနေ့  တိုင်းတပါးထက် ဆိုးတဲ့ စစ်အာဏာရှင် ကြီးများ လက်ဝါးကြီးအုပ်ကာ တတိုင်းပြည်လုံးကို ဒုက္ခရောက်အောင် ပြုနေတဲ့ စစ်ကျွန်စနစ် အောက်ကနေ လွတ် မြောက်ရေးကို ဘယ်လိုတိုက်ပြီးရ အောင်ယူကြမှာလဲ? ယနေ့ သမိုင်းပေး တာဝန်သည် မြန်မာနိုင်ငံသား အားလုံး၏ အပေါ်သို့  ကျရောက်နေပါပြီ။ တတိုင်းပြည်လုံးရဲ့  လွတ်မြောက်ရေးကို ငါနဲ့ မဆိုင်ဆိုပြီး ဘေးထိုင်ဘိုင်ကျ လက်မှိုင်ချ နေမယ်ဆိုရင် သင်ဟာအဆင့် မြင့် လူသားတွေရဲ့  စွန့် ပယ်ခြင်းကို ခံရလိမ့်မယ်။ သင်ဟာ လူစင်စစ်ကနေ နိမ့် ကျရွေ့ လျော သွားလိမ့်မယ်။ လူမှာ လူ့ တာဝန် ဝတ္တရားတွေ ရှိတယ်။ ဒီတာဝန် ဝတ္တရားတွေ ကျေပွန်အောင် ထမ်းဆောင်နိုင်မှ သင်ဟာလူပီသတဲ့  လူသားစင်စစ် ဖြစ်နိုင်တယ်။ ဟန်းဖုန်းလေး ခါးကြားချိတ်နိုင်ရုံ၊ ကားကောင်းကောင်းစီးနိုင်ရုံ၊ ပိုက်ဆံလေး သုံးနိုင်ဖြုန်းနိုင်ရုံ၊ န.အ.ဖတွေ ချပေးတဲ့ ရာထူးပါဝါတွေကို သာမက်မောပြီး ငါဟာ ချမ်းသာစည်းစိမ်တွေကို ခံစားနိုင်ပြီ၊ လူပီသပြီလို့ လက်မ ထောင်နေရင် သင့်ကို ကမ္ဘာ့ အချမ်းသာဆုံး ဘီလ်ဂိတ်အိမ်က ခွေးက ရယ်ပြနေလိမ့်မယ်။

သင်တို့ ခံစားနေတဲ့ စည်းစိမ်ချမ်းသာတွေဟာ ဘီလ်ဂိတ်အိမ်က ခွေးတစ်ကောင် လောက်တောင်မှ အဆင့်အတန်းမရှိဘူး။ သင်တို့ ခံစားနေတာတွေဟာ ဘာမှလွတ်လပ်မှုမရှိဘူး။ အမြဲတမ်း စိုးရိမ်နေရတယ်။ အမြဲတန်းဖားနေကြရတယ်။ အဲ့ဒိမိမိဖားနေရတဲ့ အကောင်ကြီးကြီး အမှီးရှည်ရှည် ပြုတ်ပြီဆိုရင် အဲ့ဒီ ငဖား ကောင်လဲ စည်းစိမ်အကုန် ပြုတ်ပြီး ဒုက္ခ ရောက်တော့တာပဲ။ ပြန်စဉ်းစားကြည့်။ ဘီလ်ဂိတ်ရဲ့ ခွေးမှာ ခွေးအခွင့်ရေး အပြည့်အဝရှိတယ်။ သူ့ ကို ဘယ်သူမှ အလကားမငေါက်ရဲဘူး။ မရိုက်ရဲဘူး။ သူ့ မှာဘယ်သူ့ ကိုမှ မဖားရဘူး။ သူ့ မှာ လွတ်လပ်ခွင့်တွေ အများကြီးရှိတယ်။ ပြီးတော့ အဲ့ဒိခွေးရဲ့  စည်းစိမ်နဲ့ မိမိစည်းစိမ် ယှဉ်ကြည့် အဲ့ဒီခွေးက သာတယ်။ ဒါကြောင့် စည်းစိမ်ခံစားရရုံမျှကို လူပီသပြီလို့ တွေးကြရင် ဘီလ် ဂိတ်အိမ်က ခွေးကို ပြေးပြီး သတိရဖို့ လိုတယ်။ ဒါပေမဲ့ ဘီလ်ဂိတ်အိမ်က ခွေးစည်းစိမ်ခံစားတတ်ပေမဲ့ ကိုယ့်တိုင်းပြည်ရဲ့  လွတ်လပ်ရေးတို့  အမျိုးသားရေး တာဝန်တို့  ဆို တာကို ဘယ်သိမလဲ။ ဒီတာဝန်ကို လူပီသတဲ့ အဆင့်မြင့် အာဇာနည်တွေသာ သိကြတယ်။ သိသည့်အလျှောက် မိမိအသက်ကိုပင် ပဓာနမထားပဲ လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ကြတယ်။ လူနဲ့ တိရ စ္ဆာန် ကွာတာ ခြားနားတာဟာ ဒါပါပဲ။

အဲ့ဒီတော့ မိမိကိုယ်ကို မိမိသေချာစွာ မလိမ်တမ်းမညာတမ်း ပြန်မေးကြပါ။ ငါဟာ ဘယ်အုပ်စုထဲမှာ ပါနေလဲ? လူ့ တိရ စ္ဆာန် အုပ်စုထဲမှာလား? လူပီသတဲ့ လူစင်စစ် အုပ်စုထဲမှာလား? ဒါကို သေချာစွာ မေးပါ။ ဟိုတစ်ချိန်က လုပ်ခဲ့ဘူးတာဘဲဆိုရုံလေးနဲ့  စားမြုံ့ပြန်ပြီး ကျေနပ်မနေပါနဲ့ ။ မိမိသွားရမှာက စစ်ကျွန်စနစ်မှ အပြီးတိုင် လွတ်မြောက်ရေးဆီသွားရမယ်။ လွတ်မြောက်ပြီးရင် ဒီလွတ်လပ်ရေးကြီးကို ဘယ်လိုအာဏာရှင်မှ မဖြိုခွဲ နိုင်အောင် လွတ်လပ်ရေး ကြီးမကျဆုံးအောင် မပျောက်ပျက်ရအောင် ခိုင်ခိုင်မာမာ အခြေချ တည်ဆောက်ရမယ်။ ခိုင်ခိုင်မာမာ အခြေမချနိုင်ခဲ့လို့ အသက်သွေးချွေးတွေနဲ့ ရင်းခဲ့ရတဲ့ လွတ်လပ်ရေးကြီး ဆုံးရှုံးခဲ့ရတယ်။ ဒါကိုသင်္ခန်းစာ ယူရမယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို ပန်းမ၀င်ခင် တက်မထောင်ချင်ကြပါနဲ့ ။ ဒါဟာ သခင်စိတ်ဓာတ်မဟုတ်ဘူး။ ကျွန်စိတ်ဓာတ်သာဖြစ်တယ်။ တတိုင်းပြည်လုံး ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကလို သခင်စိတ်ဓာတ်များ မွေး၍ စစ်ကျွန်စနစ်အောက်က လွတ်မြောက် အောင် တက်ညီလက်ညီ ဖြင့် တိုက်ကြမည်ဆိုလျှင် ဧကန်မုချ လွတ်လပ်ရေး ရမှာဖြစ်ပါတယ်။

မည်သူ့ ကိုမှ အားကိုးမနေကြပါနဲ့ ။ အတ္တာဟိ အတ္တနော နာထော -မိမိသည်သာမိမိ၏ အားကိုးရာဖြစ်၏ ဆိုတဲ့ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်း ကိုယ့်အားကိုယ်ကိုး၍ ကြိုးစားကြပါ။

ယနေ့ ပြည်သူအင်အား သန်း(၅၀)ကျော်ရှိပါ၏။ ထိုသန်း(၅၀)ကျော်သာ ညီ ညွတ်ကြမယ်ဆိုရင် တကယ့်မိမိနိုင်ငံရဲ့  လွတ်လပ်ရေးသည် မဝေးတော့ပါ။ မိမိရဲ့ လက်တစ်ကမ်း အလိုတွင် သာရှိပါသည်။ အားလုံးမိမိရဲ့ ကျွန်စိတ်ကြောက် စိတ်များကို ဖျောက်ကြပါလော့။ စည်းဝေး တိုင်ပင်ကြပါလော့။ သခင်အသင်း များ နေရာအနှံ့ ပြန်လည်ဖွဲ့ စည်းကာ တွန်းလှန်ကြပါလော့။ တကယ် လွတ်မြောက်ရမည် ဟူသော ယုံကြည်စိတ်ဖြင့် တတိုင်းပြည်လုံး ကြိုးစားတွန်းလှန် ကြပါလျှင် န.အ.ဖ စစ်ဗိုလ်ချုပ်ကြီးများ ခွေးပြေးဝက်ပြေး ထွက်ပြေးရကာ မိမိတို့ တိုင်းပြည်ရဲ့  လွတ်လပ်ရေးကို တဖန်ပြန်ယူနိုင် ကြပါလိမ့်မည်။


တာဝန်သိသူ တာဝန်ရှိသည်။ တာဝန်ကို သူတော်ကောင်းသူမြတ်လောင်းတို့ သာ သိကြသည်။ သိသည့် အတိုင်း
လည်း ထမ်းဆောင်ကြပါသည်။

တော်လှန်ရေးသစ္စာဖြင့်

မင်းသုည

သတင်းပဒေသာ

ပြည်တွင်းမှ ပေးပို့လာသည့် ကဗျာတပုဒ်နှင့် နှိုးဆော်လွှာတစောင်




ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယ၏
၂၀၀၉ ခုနှစ် နှစ်ဆန်း သြ၀ါဒကထာ
new
ဦးစိန်ကျော်လှိုင် / ၃၁ ဒီဇင်ဘာ ၂၀၀၈
(သက်တော် ၉၀ ကျော်ရှိပြီဖြစ်သည့် မန္တလေးမြို့ ၀ိသုဒ္ဓါရုံကျောင်းတိုက် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယသည် မြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်း၏ သာသနာပိုင်ချုပ် ဆရာတော်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် အလေးထားရသည့် ဆရာတော်ကြီးလည်း ဖြစ်သည်။ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်း များဖြင့် ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် ၂၀၀၉ ခုနှစ် နှစ်ဆန်း သြ၀ါဒကထာ ပေးပါရန် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က လျှောက်ထားခဲ့ရာ ...အပြည့်အစုံသို့


ရှိတ်ဟာစီနာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လိုလား

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မည့် ရှိတ်ဟာစီနာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကြာမြင့်လှပြီဖြစ်သော နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေးနှင့် အိမ်နီးချင်း နိုင်ငံအားလုံးနှင့် ရင်းနှီး ချစ်ကြည်သော ဆက်ဆံရေးကို လိုလားကြောင်း...

ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ခွင့် ဆင်ဆာဘုတ် ခွင့်ပြုချက်လို

နိုင်ငံတကာ ရုပ်ရှင်ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်လိုသူများ အနေဖြင့် ဆင်ဆာဘုတ် ခွင့်ပြုချက် ရယူပြီးသော ရုပ်ရှင်နှင့် မှတ်တမ်းကားများကိုသာ ၀င်ပြိုင်ရမည်ဖြစ်ကြောင်း စည်းကမ်းသစ်တရပ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်သည်ဟု...

အင်အားစုများ ညီညွတ်ရန် စီအာပီပီ တိုက်တွန်း

တိုင်းပြည်အတွက် နိုင်ငံရေးအင်အားစုများ အားလုံး ညီညွတ်မှုရှိရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ - စီအာပီပီက ယနေ့ တိုက်တွန်းလိုက်သည်။...

အစိုးရ မကူညီသဖြင့် ငါးလုပ်ငန်းကို ခက်ခဲစွာ လုပ်ကိုင်နေရ

နာဂစ်မုန်တိုင်းကြောင့် အထိနာခဲ့ရသည့် ငါးမွေးမြူရေး လုပ်ငန်းရှင်များကို မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးမည်ဟုဆိုသော်လည်း ယခုအချိန်အထိ ကိုယ်ထူကိုယ်ထသာ ဆောင်ရွက်နေရသေးသည်။...

- တမီးသူပုန်တွေရဲ့ အဓိကခြေကုပ်မြို့ကို သိရိလင်္ကာစစ်တပ် သိမ်းပိုက် click
- ဂါဇာမှာပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို အစ္စရေး ထွက်ခွာခွင့်ပြု click
- အဲန်စီဂျီယူဘီ စင်ပြိုင်အစိုးရအဖြစ် ဆက်ရှိနေအုံးမည် click
- လောင်စာဆီဈေးကျပေမယ့် ကုန်ဈေးနှုန်းဒဏ် မြန်မာလူထု ခံနေရဆဲ click
- အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းမည် click
- နိုင်ငံရေးအကျဉ်းသားများကို တလလုံး ထောင်ဝင်စာ တွေ့ခွင့်မပြု click
- မလေးရှားရှိ မြန်မာသံရုံးမှာ လွတ်လပ်ရေးအကြို ဆန္ဒပြ click
- ပစ္စည်းပျောက်မှုတွေကို ဆိုင်ရာရဲစခန်းက အရေးတယူ ဆောင်ရွက်ခြင်းမရှိ click
- ရခိုင်အချုပ်အခြာအာဏာကျဆုံးခဲ့ခြင်း ၂၂၄ ကြိမ်မြောက် အခမ်းအနားကျင်းပ click
- တမီးလ်သူပုန်အခြေစိုက်စခန်း သီရိလင်္ကာ စစ်တပ်သိမ်း click
- ကဗျာဆရာ ကွယ်လွန်ခြင်း (ဆောင်းပါး) click
- မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး click

- ၂၀၀၉ နိုင်ငံရေး အလားအလာ မကောင်းနိုင်ဟု ဦးဝင်းတင် ခန့်မှန်း
click
- ၂၀၀၉ မှာ မြောက်ကိုရီးယားက စီးပွားရေးနှင့် စစ်ရေး ဦးစားပေးမည် click
- မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရန် မိတ္ထီလာခရိုင်အဖွဲ့ချုပ်တောင်းဆို click
- စစ်အရာရှိတဦးကြောင့် ရွာခံများ အခက်တွေ့ click
- ၂၀၀၈ ခုနှစ် နိုင်ငံရေးနှစ်ချုပ် click
- နာဂစ်ဒေသမှာ ပညာရေးအခြေအနေ ဆုတ်ယုတ်လာ click
- ရေနံချောင်းမှာ ရေရှားပါးမှုကြောင့် ဒေသခံတွေ မီးဘေးအထူးစိုးရိမ် click
- ဟက်ပီနယူးယီးယားတဲ့လား (ဆောင်းပါး) click
- ၂၀၀၉ ဇန်န၀ါရီ ၁ ရက်နေ့က ဖူးတွေ့ရတဲ့ ရွှေတိဂုံဘုရား (ဓာတ်ပုံသတင်း) click
- မြန်မာစစ်အစိုးရရဲ့ တန်ပြန်ထောက်လှမ်း ခြေမှုန်းရေးအစီအစဉ် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သင့်ပြီဟု ရှိတ်ဟာရှီးနာ ထုတ်ဖော်ပြောကြား click
- ဟက်ပီနယူးရီးယား (ဆောင်းပါး) click
- မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး click
- ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ခွင့် ဆင်ဆာဘုတ် ခွင့်ပြုချက်လို click
- ထိုင်းနိုင်ငံ ဖူးကက်တွင် ပြုလုပ်သော ရခိုင်အချုပ်အခြာ အာဏာကျဆုံးနေ့ လူပေါင်း ၂၀၀ ခန့် တက်ရောက် click

1.02.2009

Burma News

Insulting Karens on Karen New Year Day: SPDC junta's lawlessness

On 2008 December 27, Karen New Year's Day, at about 6:00 PM, a soldier from Lt. Thet Khaing's Company in SPDC Army LIR 350 deployed at Saw Behldoe outpost near Ma-u-bin village in Nyaunglebin District Kyaukkyee Township raped a seven-year old Karen girl named Ma Ni Kabyar at her home while her parents were away and then shot her to death.

On December 16, in Mergui-Tavoy District Kasehdo Township Htee Bo-bwa Special Region, soldiers from SPDC Army IB 101 killed four villagers trading oxen and buffaloes at Kasawphoe and stole two oxen and two buffaloes. The murdered villagers were Saw Hser Thel (aged 35), Saw Dah Htoo Phoe (aged 18), Saw Hut Phloe (aged 16) and Saw Deedi (aged 40) all of whom came from Se-ku village.

In KNU territory Dooplaya District Kawkareik Township, Col. Khin Maung Cho, Commander of No.1 Tactical Operations Command of No.19 MOC summoned village tract elders to IB 106 camp and ordered them to report to the army camp three days a week starting from December 11th, also threatening them with prison terms if skirmishes broke out on the road in their respective vicinity. The elders were from Wahkami, Belemai, Kaneh Kamaut, Kyeh, Dellphee, Ta-nayliu, Ru-taw and Tha-wawphya village tracts. They were threatened with seven years in jail for village tract elders and two years in jail for village elders.

Similarly, Than Win, Commander of LIR 587, also issued orders for guarding of Kaneh Kamaut-Wahkami Road with 36 villagers every day, threatening them with two years' prison sentences if battle broke out in their allotted sentry area.

--
ှSent by NCGUB - Border Office

Restless Souls of the Irrawaddy Delta

By SAW YAN NAING
Soldiers stationed in Burma’s Irrawaddy delta are being detailed to help soothe fears that the ghosts of cyclone victims are stalking the region.

Weekly Business Roundup (January 02, 2009)

By WILLIAM BOOT
2008 saw a surge in foreign companies doing business in Burma despite U.S. and European Union sanctions, observers and activists say.

Win Tin Denies NLD Divided Over 2010 Election

By MIN LWIN
Prominent opposition leader Win Tin rejected claims that he had told a visiting diplomat his party was divided over an election slated for 2010.

Burmese Migrants Earning, Learning in Thailand

By SAW YAN NAING
Shan migrant workers are grateful for good incomes and the support they receive from migrant labor NGOs.
NEWS ANALYSIS

Burma’s Bleak Prospect in 2009

By WAI MOE
All parties in Burma can expect 2009 to be a busier year than the one now ending as the country heads for a general election in 2010, with uncertainty and many more challenges to be faced.

Leading saffron monk's memoir

Burmese monks are known to have played an important role in their nation's politics throughout its history. While they did not partake in mundane political processes, they traditionally held positions...

Burmese Censor Board tightens grip on films for festivals

Burma's Information Ministry has announced that makers of films and documentaries will need to seek prior permission from the Censor Board to be able to contest in international film festivals,...

Sheikh Hasina seeks Suu Kyi's release

Sheikh Hasina, Bangladesh's Prime Minister in waiting has sought the release of Burmese democracy leader Aung San Suu Kyi from prolonged house arrest and friendly relations with all neighbouring countries......
Released Burmese prisoners languish in Bangladesh prison
Narinjara News - Dhaka,Bangladesh
Cox’sbazar: Burmese prisoners accounting for 105 people, though released have been languishing in Bangladesh prison since 2006 because the Burmese ...
See all stories on this topic
BBC News
Burma frees North Korean refugees
BBC News - UK
They had been arrested on 2 December as they were trying to cross from Burma into Thailand. Many North Koreans who have managed the dangerous escape from ...
See all stories on this topic
North Korean Defectors Released From Burmese Detention
Voice of America - USA
By VOA News Burmese officials say that some North Korean defectors have been released from detention and have been sent to neighboring Thailand. ...
See all stories on this topic
Marcus F. Sells
Bandera County Courier - TX,USA
He served with honor in World War II, primarily in the India-Burma-China theatre. Following his tour of duty, he attended St. Mary’s University. ...
See all stories on this topic
Dr. King colleague and human rights pioneer to speak at MLK ...
Manchester Journal - Manchester center,VT,USA
... fund the US Campaign for Burma in an effort to free Nobel Peace Prize winner Aung San Suu Kyi and end the continuing human rights violations in Burma. ...
See all stories on this topic
Daily Green
2008 Natural Disaster Among Deadliest and Costliest On Record
Daily Green - USA
Bringing new meaning to the word "devastation," Tropical Cyclone Nargis struck Burma on May 2 as a Category 4 monster hurricane. It left, by some estimates, ...
See all stories on this topic

Blogs Alert for: Burma news

Burma frees North Korean refugees · SpeedSignal News
Burma frees North Korean refugees. at SpeedSignal News. « Police probe Thai club fire cause · Burma frees North Korean refugees. North Korean refugees in Bangkok, ... SpeedSignal News powered by WordPress and designed by Dosh Dosh.
SpeedSignal News - http://www.speedsignal.com/
50 Years Over 100 Years - Man City in move for Wayne Bridge
The Daily Mail is reporting that Wayne Bridge is “on the verge” of a £12m move to new rich kids on the block Manchester City | 50 Years Over 100 Years : Unofficial Chelsea FC news, views and message boards.
Sportnetwork - all - News - http://www.sportnetwork.net/rss.php
Values Voter News: The first case using the 2004 Unborn Victims of ...
By TB
The Best New Year's Gift · You be the judge: Official Email conversations in the NM photographer case... Finally reported on in NM but... Breaking Bad News for NM photographer Update · Christopher Hitchens vs Douglas Wilson ...
Values Voter News - http://www.valuesvoternews.com/
ABITSU - All Burma I.T Students' Union
”We welcome the principled stand of the new Thai government towards Burma,” he added in an interview. ”The junta must be having nightmares after learning that the Democrat Party is now in power.” (END/2008). Topics: Daily News, Military ...
ABITSU - All Burma IT Students Union - http://www.abitsu.org/
By The Fault » Blog Archive » Happy 2009
All Things Pakistan · An Ordinary Citizen (Bangladesh) · Antara · Asia Dev · Asia Sentinel · Asian Times · Bdoza (Bangladesh) · Bhutan News Online · Bhutan Observer · Burma Digest · Burma Net · Burma News · Centre for Bhutan Studies ...
By The Fault - http://www.bythefault.com/

Web Alert for: Burma news

Insurgents operating from Bangladesh, Myanmar — Indo-Burma News
December 18, 2008: New Delhi, Many Indian insurgent groups are operating from Bangladesh and Myanmar and India is putting pressure on its neighbours through ...

ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး (အပိုင်း၅)

“စု” မှာ ဖတ်ရှုကျက်မှတ်ရန် စာအုပ်တသေတ္တာလည်း ပါလာပါသည်။ နှစ်ပေါင်းများစွာ လွတ်လပ်ရေး ရုန်းကန်မှု ဒဏ်ကို ခံခဲ့ရသူများအား ကူညီ ထောက်ပံ့ရန် စီမံကိန်းများကို ကွပ်ကဲနေသော အဖွဲ့အစည်းတခုနှင့် ကျမတို့ ဆက်သွယ်ပါသည်။

စီမံကိန်းတရပ်၏ တာဝန်ခံဖြစ်သူ လူငယ်တဦးလာရောက်၍ ၎င်းတို့လုပ်ငန်းအကြောင်း ရှင်းပြပါသည်။ လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံး ခဲ့သော ရဲဘော်များ၏ ကျန်ရစ်သူဇနီးများအတွက် နေအိမ်များ ဆောက်လုပ် နေကြရာ အဲလ်ဂျီးရီးယန်းလူမျိုးများသာမက နိုင်ငံတကာမှလူငယ် များပါ ဝင်ရောက်ကူညီရန် ဖိတ်ခေါ် ကြိုဆိုကြောင်း ပြောပါသည်။ “စု” လည်း ထိုဆောက်လုပ်ရေး စခန်းတွင် ရက်သတ္တပတ်အတော်ကြာ သွားရောက် နေထိုင်ကာ လုပ်အားပေးခဲ့ပါသည်။ အလုပ်သွန်သင်ကြီးကြပ်သူမှာ ရုရှားလူမျိုးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များမှာ အဲလ်ဂျီးရီးယား၊ ပြင်သစ်၊ လက်ဗနွန်၊ ဟော်လန်နှင့် ဂျာမနီ စသောတိုင်းပြည်များမှ လူငယ် များ ဖြစ်ပါသည်။ အစားအသောက်နှင့် နေရာထိုင်ခင်း ပေးသော် လည်း လုပ်ခမပေးပါ။

“စု” ၏ မိတ်ဆွေများသည် သူမအား ကာဗီးလီး (Kabyle) တောင်တန်းများသို့ လက်ထပ်မင်္ဂလာပွဲတပွဲ တက်ရောက် ကြည့်ရှုရန် ခေါ်သွား ဖူးသည်။ ကျမတို့နှစ်ဦးအတူ ဆဟာရသဲကန္တာရအစပ်ရှိ မြို့လေးတမြို့ တိုင်အောင်လည်း ခရီးရှည်ထွက်ခဲ့ပါသည်။ နွေရာသီအပူရှိန် ပြင်းထန် လွန်းလှသဖြင့်ထိုထက်လွန်၍ မသွား နိုင်ခဲ့ပါ။ နောက် အလည်အပတ်ခရီးတရပ်အနေနှင့် ရောမခေတ်က ဆောက်လုပ်တည်ခဲ့သော မြို့ပျက်ကြီး ရှိရာသို့သွားခဲ့၏။ ထိုမြို့ပျက်တွင်းရှိ လဟာပြင်ဇာတ်ရုံကြီး၏ ကျောက်ပြားခင်းထားသော တလင်းပြင်ပေါ်တွင် ဘင်ဘဲလား၏ သစ္စာခံများက ဘင်ဘဲလား အသက်ရှည်ပါစေဟု စာလုံးကြီးများနှင့် ရေးထား ပါသည်။ “စု” မော်ရော်ကို သို့ ခရီးတခေါက်ထွက်ခဲ့ပြီး စပိန်နိုင်ငံ တောင်ဘက်ကမ်းခြေကိုလည်း ခြေချမိသည် ဆိုသလောက်တော့ ရောက်ခဲ့ပါသည်။ ထို့နောက် ပြန်လည်စာဖတ်ပြီး ကျောင်းပိတ်ရက်အဆုံး တွင် ကျေကျေနပ်နပ်ကြီးနှင့် အောက်စဖို့ဒ်သို့ပြန်သွား နိုင်ခဲ့ပါသည်။

ဘွဲ့ရပြီးနောက် “စု” သည် လပိုင်းမျှ စာသင်ပို့ချခြင်းနှင့် သမိုင်းဆရာ ဟယူးတင်ကာ (Hugh Tinker)နှင့်အတူ သုတေသနလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီးသောအခါ နယူးယောက်ရှိ ကျမနှင့်လာ၍နေပါသည်။ အဲလ်ဂျီးယားတွင် လေးနှစ်မျှ တာဝန်ထမ်းဆောင် ပြီးနောက်ပိုင်း ကျမကုလသမဂ္ဂဌာနချုပ်သို့ ပြန်ရောက် နေပါသည်။ မိသားစုမိတ်ဆွေတဦးဖြစ်သူ ဖရင့်ထရေ ဂါ (Frank Trager) က ၎င်း အပြည်ပြည်ဆိုင်ရေးရာ ပါမောက္ခ အဖြစ် ဆောင်ရွက်နေသော နယူးယောက်တက္ကသိုလ်၌ “စု” ဘွဲ့ လွန်သင်တန်းတက်ရန် စီစဉ်ပါသည်။

ပါမောက္ခထရေဂါသည် အမေရိကန် ထောက်ပံ့ရေးအစီအစဉ်တခုဖြင့် မြန်မာပြည်တွင် နှစ်အတန်ကြာ နေခဲ့ဖူး ပါသည်။ သူသည် အရှေ့တောင် အာရှနှင့် အရှေ့ဖျားနိုင်ငံများတွင် ကျယ်ပြန့််စွာ ခရီးလှည့်လည်ဖူးကာ၊ ထိုဒေသများ၏ ကိစ္စအဝ၀တို့တွင် စိတ်ဝင်စားသူတဦးဖြစ်ပါသည်။ သူရေးသော “ဘားမား၊ ပဒေသရာဇ်နိုင်ငံမှ သမတနိုင်ငံသို့” အမည်ခံစာအုပ် ထွက်ခဲ့သည်မှာလည်း မကြာသေးပါ။ သူသည် “စု” ၏ တိုးတက် မှုကို ဂရုတစိုက်လေ့လာပါသည်။

ကျမတို့နေရာမြို့လယ် မန်ဟတ်တင် (Midtown Manhatteည) မှ နယူးယောက်တက္ကသိုလ်သို့ သွားရသော ဘတ်စ်ကားခရီး မှာ အတော် ရှည်ပြီးကားမူးတတ်သော “စု” အတွက် ပင်ပန်းခက်ခဲပါသည်။

ဘတ်စ်ကားမှတ်တိုင်မှ ပန်းခြံတခုကိုဖြတ်ပြီး၊ ဝါရှင်တန်ရင်ပြင် (Washington Square) သို့သင်တန်းတက်ရန် “စု” သွားရသော လမ်း၌ ကျက်စားလေ့ရှိသော လူကြမ်းများ၏ အန္တရာယ်ကလည်း ရှိပါသေးသည်။ ကုလသမဂ္ဂ ရုံးသို့ ကျမတို့နေအိမ်မှ ခြောက်မိနစ်လောက်သာ လမ်းလျှောက်ရပါသည်။ သို့ဖြင့်လောလောဆယ် “စု” ကုလသမဂ္ဂတွင် အလုပ်ဝင်ပြီးနောက်မှ စာဆက်သင်ရန် စိတ်ကူးပေါ်ပါသည်။ အလုပ် လျှောက်လွှာများ၊ ထောက်ခံစာများ၊ တွေ့ဆုံမေးမြန်းခြင်းများနှင့် ဖြစ်ရိုးဖြစ်စဉ် ကြန့်ကြာမှုနှင့် အခက်အခဲများကို ကျော်လွန်ပြီးသောအခါ “စု” ကုလသမဂ္ဂဝန်ထမ်းတဦး ဖြစ်သွားပါတော့သည်။ သုံးနှစ်ကြာမျှ “စု” ကုလသမဂ္ဂတွင် အလုပ်လုပ်ပြီး နောက်ဆုံးနှစ်နှစ်တွင် အုပ်ချုပ်ရေး နှင့် ဘတ်ဂျက်ပြုစုရေးဆိုင်ရာ အကြံပေး ကော်မတီကို အထောက်အကူပြုရသော ကုလသမဂ္ဂရုံးအဖွဲ့တွင် တာဝန်ထမ်းဆောင်ပါသည်။ ကော်မတီဝင် များသည် မိမိတို့နိုင်ငံများ၏ ကိုယ်စားလှယ်များအဖြစ် ခန့်အပ်ထားရခြင်းမဟုတ်ဘဲ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများတွင် ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ခြင်းခံရသူများ ဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် အရံအဖွဲ့ အစည်းများ အားလုံးအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့များကဲ့သို့သော အထူး အေဂျင်စီများ၏ စီမံကိန်းအစီအစဉ်များနှင့် ဘတ်ဂျက်များကို ထို ကော်မတီက လေ့လာမှတ်ချက်ချ ပြင်ဆင်ပြီး သဘောတူညီမှုရရန် တင်ပြရပါသည်။

အလုပ်များခက်ခဲသော်လည်း ကုလသမဂ္ဂလုပ်ငန်းများ၏ ကုန်ကျစရိတ်ကို အသေးစိတ်စီစစ်ရခြင်းနှင့် ထက်မြက် ထူးချွန်သော အဖွဲ့ဝင်များ တို့ကြောင့် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ထိုအဖွဲ့ဝင်များနှင့် “စု” ကောင်းစွာ သိကျွမ်းလာပါသည်။

ကုလသမဂ္ဂဝန်ထမ်းများသည် ညနေပိုင်းနှင့် သတင်းပတ်ကုန်ပိုင်း အားလပ်ချိန်များ၌ ပရဟိတလုပ်ငန်းများတွင် လုပ်အားပေးလေ့ ရှိကြ ပါသည်။ မန်ဟတ်တင်ရှိ ကျမတို့နေအိမ်မှ ဘတ်စ်ကားနှင့်သွားလျှင် ဆယ်မိနစ်ခန့် သာဝေးသော ဘဲလ်ဗယူး (Belleview) ဆိုသည်မှာ နယူးယောက်ဆေးရုံကြီးတခု၏ အစိတ်အပိုင်းဖြစ်ပါသည်။ မြို့ကြီးရှိ အဆင်းရဲဆုံး၊ ကုမရသော ရောဂါစွဲကပ်နေသူများနှင့် ခိုကိုးရာမဲ့များ အတွက်ဖြစ်ပါသည်။ ဘဝကို ရင်မဆိုင်နိုင်တော့ဘဲ ကိုယ်စိတ်နှစ်ဖြာပြိုလဲလုမတတ် ဖြစ်နေသူများကို ထိုဆေးရုံသို့ ခေါ်လာလေ့ရှိပါသည်။ လူမမာများအား စာဖတ်ပြပေးရန်၊ အဖော်ပြုရန် အစီအစဉ်များတွင်ပါဝင်ရန် အမျိုးသမီး၊ အမျိုးသားများ အမြဲ အလိုရှိနေပါသည်။

ထိုအစီအစဉ်တွင် “စု” ပါဝင်၍ အပတ်စဉ်နာရီပေါင်းများစွာ လုပ်အားပေးပါသည်။ ဤကား သူမမိခင်၏ ပရဟိတလုပ်ငန်း အစဉ်အလာအရ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ထိုအချိန်က မြန်မာနိုင်ငံမှ ဦးသန့်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်ပါသည်။ ဟဒ်စင်မြစ်ကို လှမ်း၍မြင်ရသော သူ၏အိမ်ကြီးသည် ရီးဗားဒေးလ် (Riverdale) အရပ်တွင်ရှိပြီး ကျမတို့နေအိမ်မှ ကားနှင့် တနာရီခန့် သွားရပါသည်။ ဦးသန့်အိမ်၌ တည်ခင်းကျင်းပသော တနင်္ဂနွေနေ့ ထမင်းစားပွဲများမှာ ကျမတို့အဖို့ အလွန် စိတ်ရွှင်လန်းဖွယ်ရာဖြစ်ပါသည်။ အခြား မြန်မာမိတ်ဆွေများလည်း လာကြပြီး ကျမတို့အကြိုက် မြန်မာ အစားအစာများ ကျွေးမွေးလေ့ရှိပါသည်။ ဦးသန့်၏ မြေးတဦးဦး၏ မွေးနေ့ကဲ့သို့သော အထူးနေ့များတွင် မြန်မာ များအပြင် နိုင်ငံတကာမှ ကုလသမဂ္ဂအမြဲတန်း ကိုယ်စားလှယ်များကိုပါ ဖိတ်ကြားဧည့်ခံပါသည်။

အစားအစာမှာမူ အစဉ်အမြဲ အကောင်းဆုံးမြန်မာ ထမင်းဟင်းများဖြစ်ပါသည်။ ဦးသန့်မိသားစုက နွေးထွေး ပျူငှာကာ ဧည့်ဝတ်ကျေ လှပါသည်။ ကျမတို့ကမူ ဧည့်သည်တွေ သိပ်မများသော ထမင်းစားပွဲများကို ပိုမို၍နှစ်သက်သော်လည်း၊ ထိုအခါများ၌ပင်လျှင် လူမှုရေး၊ နိုင်ငံရေး၊ ကမ္ဘာ့အခြေအနေ၊ ဦးသန့် ကိုင်တွယ် နေရသော ပြဿနာများ စသည်တို့ကို စိတ်ပါလက်ပါ ဝိုင်းဝန်းဆွေးနွေးနိုင်ခြင်းမရှိပါ။ ဦးသန့်၏ အိမ်ရှင် အနေနှင့် ဆောင်ရွက်ရသော တာဝန်အဝ၀ကြောင့် ထိုကဲ့သို့စကားဝိုင်း ဆွေးနွေးပွဲများ မဖြစ်နိုင်ခဲ့ဟု ထင်ပါသည်။

မြန်မာနိုင်ငံမှ ကုလသမဂ္ဂအမြဲတန်းကိုယ်စားလှယ်ဖြစ်သူ ဦးစိုးတင်၏ ဖိတ်ကြားဧည့်ခံပုံများမှာမူ အနည်းငယ် ကွာခြားပါသည်။ သူလည်း ရီးဗားဒေးလ်၌ပင် ဦးသန့်၏ဂေဟာလောက် ကြီးကျယ်ခမ်းနားခြင်းမရှိသော အိမ်တလုံး၌ နေပါသည်။ အထွေထွေ ညီလာခံကြီးကျင်းပ ချိန်ဖြစ်သော စက်တင်ဘာလ ဒုတိယအပတ်မှ ဒီဇင်ဘာလလယ်ခန့် အတွင်းဆိုလျှင် ဦးစိုးတင်သည် အလုပ်ကိစ္စများ၊ မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် အခြားကိုယ်စားလှယ်အဖွဲ့များကို ဧည့်ခံကျွေးမွေးရခြင်းဖြင့် မအားမလပ် ဖြစ်နေလေ့ရှိပါသည်။ အခြား အချိန်များတွင်မူ နယူး ယောက်ရှိ မြန်မာများကို သူ၏အိမ်သို့ ဗုဒ္ဓဘာသာပွဲတော် အခါသမယများ၌ ဖိတ်ခေါ် လေ့ရှိပါသည်။ ကျမတို့သည် သူ၏ ဇနီးနှင့် သားသမီး များကို ခင်မင်နှစ်သက်ပါသည်။ ဦးစိုးတင်သည် သဘောထား ကြီးသူ ဖြစ်သည့်အလျောက် မြန်မာများကို သိုးများ၊ ဆိတ်များဟူ၍ ခွဲခြားပြီး မဆက်ဆံပါ။ ဆိတ်များဆိုသည်မှာ ဦးနေဝင်းလက်အောက် မြန်မာနိုင်ငံ၏အခြေအနေကို ဝေဖန်သူတို့ဖြစ်ပြီး၊ သာမန်အားဖြင့် သံရုံးအရာရှိ များ၏ “ပ” ထားခြင်းကို ခံရတတ်ပါသည်။ ဦးစိုးတင်အိမ်၌ကား အခြေအတင် ဆွေးနွေး ငြင်းခုန် နိုင်ပါသည်။ တခါတရံ အငြင်းအခုန်မှာ ပြင်းထန်သော်လည်း အများအားဖြင့် ဗွေမယူတမ်း၊ ခင်မင်သော သဘော ဆောင်ပါသည်။

တချိန်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပဆဲအချိန်အတွင်း ကျမနှင့် “စု” ကို ဦးစိုးတင်အိမ်သို့ ထမင်းစား ဖိတ်ပါသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်အ ချို့က ကျမတို့နှင့်တွေ့လိုကြောင်း ပြောပါသည်။

ဦးစိုးတင်သည် အစဉ်ယဉ်ကျေးဖော်ရွေသူ တဦးဖြစ်သော်လည်း ဤဖိတ်ကြားပုံမှာမူ ထူးခြား နေသဖြင့် တခုခုတော့ တခုခုပဲဟု ကျမ ထင်မိပါသည်။ သူ၏ ရီးဗားဒေးလ်နေအိမ်သို့ ကျမတို့နေ့လယ်လောက် ရောက်သွား ပါသည်။ ပန်းများ၊ ရွက်လှပင်များ၊ အနက်နှင့် ရွှေရောင် ခြယ် မြန်မာယွန်းထည်များနှင့် ပြည့်နေသော လေးထောင့်ပုံ ဧည့်ခန်းကြီးအတွင်းရှိ ဆိုဖာများနှင့် ကုလားထိုင်များကို အခန်းဘေးကိုကပ်၍ ရွှေ့ထားပြီး၊ ကော်ဖီပန်းကန်တင် စားပွဲကြီးများကို ထိုင်ခုံများရှေ့တွင်စီထား၏။ ဆိုဖာများနှင့် ကုလားထိုင်များ ပေါ်တွင် အထွေထွေညီလာခံ တက်ရန် ရောက်နေသော မြန်မာသံအမတ်ကြီးများ တသီတတန်းကြီး ထိုင်နေကြ၏။ ကျမတို့နှင့် မတွေ့ ဖူးသေးသော သူများအား မိတ်ဆက် ပေးပြီး “စု” ကို အခန်းတဖက်စွန်း၌ လူကြီး နှစ်ယောက်အကြားတွင် ထိုင်စေပါသည်။ ကျမကိုမူ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးကြီး မောင်လွင် ရှိရာနှင့် မဝေးလှသော လူနှစ်ဦးအကြား၌ ထိုင်စေပါသည်။

ဦးစိုးတင်၏ဇနီးက သစ်သီးဖျော်ရည်များ လိုက်၍ကမ်းခြင်း၊ အာလူးကြော် စသော သွားရည်စာများကို စားပွဲများ ပေါ်ချခြင်း စသည့်ဝတ္တရားများ ပြီးစီးသည်နှင့် အထူးဧည့်သည်တော်များနှင့် ထိုက်တန်အောင် ချက်ပြုတ် ထားသော ထမင်းပွဲကိုအပြီးသတ်စီမံရန် ကပ်လျက်အခန်းထဲသို့ ထွက်သွားပါသည်။ အားလုံး အလ္လာပသလ္လာပ စကားများ ပြောကြပါသည်။ ဦးစိုးတင်သည် ယဉ်ကျေးစွာ ပြုံးနေသော်လည်း အနေရ ခက်နေပုံရပါသည်။ ရောက်ရှိ နေသော လူစုလူဝေးက “စု” အပေါ်တွင် စီရင်ချက်တမျိုးမျိုးချရန် စိုင်းပြင်းနေသည်မှာ ထင်ရှားပါသည်။

ဘယ်လို စီရင်ချက်မျိုးချမည်ကိုတော့ ကျမ မတွေးနိုင်ဖြစ်နေပါသည်။ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲက ဦးဆောင် တိုက်ခိုက် ပါတော့သည်။ “စု” မည်ကဲ့သို့ ကုလသမဂ္ဂ၌ အလုပ်လုပ်နေပါသနည်း၊ မည်သည့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပါသနည်း၊ သူမမိခင်သည် သံအမတ် ကြီး မဟုတ်တော့သဖြင့် “စု” အနေနှင့် သံတမန်များ ဆိုင်ရာ နိုင်ငံကူးလက်မှတ်ပြန်အပ်ရမည် ဖြစ်ပါသည်။ ယခုထိ ပြန်မအပ်ရသေးဆိုသည် မှာ မှန်ပါသလား။ သံတမန်များဆိုင်ရာ နိုင်ငံကူးလက်မှတ်ကို ဆက်လက်ကိုင်ထားခြင်းမှာ ဥပဒေနှင့်မညီကြောင်း သူမ သိမည်ဖြစ်ပါသည်။ အလွန်မှ နည်းလမ်းမကျသောကိစ္စ ဖြစ်သဖြင့် အမြန်ဆုံးပြင်ဆင်ရန် လိုပါသည်။ တစု တဝေးလုံးက ဦးလွင်ပြောသမျှကို မျက်နှာလိုမျက်နှာရ အောက်ကျို့သောအသွင်ဖြင့် ထောက်ခံသံများပြုကာ “စု” ကို ဝိုင်းကြည့်နေကြပါတော့သည်။ “စု” က အနေမပျက် တည်ငြိမ်စွာရှိနေခြင်းမှာ ကျမအတွက် အတော် စိတ်သက်သာရာ ဖြစ်စေပါသည်။

သူမက ဣနြေ္ဒရှိရှိ လေအေးအေးနှင့် ပြန်ဖြေပါသည်။ နိုင်ငံကူးလက်မှတ်အသစ်ရရန် လန်ဒန်ရှိ မြန်မာသံရုံး၌ သူမ လျှောက်ထားသည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်သော်လည်း ယခုတိုင်အဖြေမရသေးကြောင်း၊ မည်ကဲ့သို့သော အကြောင်းကြောင့် ဤမျှထူးထူးခြားခြား ကြန့် ကြာနေရသည်ကို မပြောနိုင်ကြောင်း၊ နယူးယောက်သို့ သူမ ပညာသင်ရန်လာခဲ့ရာ၌၊ ရှိလက်စနိုင်ငံကူးလက်မှတ်ကိုပင် ကိုင်ဆောင် ခဲ့ရ ကြောင်း၊ စားဝတ် နေထိုင်ရေးအတွက် အလုပ်ရှာရန် လိုနေသည့်အချိန်၌ ကံအားလျော်စွာ ကုလသမဂ္ဂ၌ အလုပ် ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားပြရန် နိုင်ငံကူးလက်မှတ်မှာ လိုအပ်ချက် ဖြစ်ကြောင်း၊ လပေါင်းများစွာကပင် လျှောက်ထားခဲ့သော နိုင်ငံကူး လက်မှတ်ကို လန်ဒန်သံရုံးမှ ပို့ပေးရန် စောင့်နေလျက်ပင်ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် အသစ်ရောက်သည်နှင့် အဟောင်းကို ဝမ်းသာစွာ ပြန်အပ်မည်ဖြစ်ကြောင်း၊ နိုင်ငံခြား၌ အလုပ်လုပ်ကိုင်နိုင်ရန် နိုင်ငံကူးလက်မှတ် သံတမန်ဆိုင်ရာပဲဖြစ်စေ၊ ရိုးရိုးပဲဖြစ်စေတမျိုးမျိုး လိုအပ် သည်ကို အခန်းတွင်းရှိ ဦးလေးအား လုံး နားလည်ကြမည်ဟု သူမ ယူဆကြောင်း၊ “စု” က ယဉ်ကျေး သိမ်မွေ့သော အသံနေအသံထားနှင့် တိကျကောင်းမွန်သော မြန်မာစကားလုံးများကိုသုံး၍ ပြောသွား ပါသည်။

လန်ဒန်မှ မြန်မာသံအမတ်က ထကာ “စု” အနေနှင့် နိုင်ငံကူးလက်မှတ်အသစ်ရရန် လျှောက်ထားခဲ့သည်မှာ လပေါင်းများစွာရှိပြီ ဖြစ်ကြောင်းကို အတည်ပြုကာ ထုံးစံအတိုင်း လျှောက်လွှာကို ရန်ကုန်သို့ပို့ထားကြောင်း ပြောပါတော့သည်။ အဘယ့်ကြောင့် လပေါင်းများစွာ ကြာပြီဖြစ်သော်လည်း အကြောင်းမပြန်သေးသည်ကို သူ မသိရကြောင်းလည်း ပြောပါသည်။ အမှန်အားဖြင့် မြန်မာပြည်၌ ဤသို့ နည်းတူ နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်ပေါ်စေသော ရှုပ်ထွေးပွေလီလှသည့် ဗျူကရက်ယန္တရားနှင့် အလုပ်အကိုင်မပီပြင်မှုများ အကြောင်းကို အခန်း တွင်းရှိ ကျမတို့အားလုံး သိရှိပြီးဖြစ်ပါသည်။

ထိုအခါမှ အခြားသံအမတ်များကလည်း “စု” အနေနှင့် မိမိလုပ်ခဲ့ပုံမှလွဲ၍ အခြားရွေးချယ်ရာလမ်းမရှိခဲ့ဟု သဘောတူကြပါတော့သည်။ ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ၏ မျက်နှာထားကား မတင်မကျဖြစ်လာ၏။ တောင်းပန်သကဲ့သို့သောလေသံနှင့် အစကအခြေအနေကို လုံးစေ့ပတ်စေ့ နားမလည်ခဲ့ကြောင်း၊ ရန်ကုန် ပြန်ရောက်သော အခါ နိုင်ငံကူးလက်မှတ်ရုံးက လုပ်စရာရှိသည်များကို လျင်မြန်စွာလုပ်ရန် သူကိုယ်တိုင် ညွှန်ကြား လိုက်မည်ဖြစ်ကြောင်း ပြောပါသည်။ ဤပုဂ္ဂိုလ်ကြီးများမှာ “စု” ထက် အသက်အားဖြင့် ကြီးကြ သူများဖြစ်ကြ သော်လည်း ကောင်းသောအရည်အချင်းအားဖြင့် ကြီးသူများမဟုတ်ဟု ကျမထင်မိပါသည်။

ကျမလည်း ချက်ကောင်းယူကာ နိုင်ငံကူးလက်မှတ်တွေ လုံးလုံးမလိုတော့တဲ့နေ့ မြန်မြန် ရောက်ပါစေလို့ ကျမတို့ မျှော်လင့်ရမှာပဲ ဟု ပြောလိုက်ပါသည်။ ထို့နောက် ကျမတို့ နေ့လယ်စာစားကြပါသည်။

အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ထဲတွင် မြန်မာပြည်အခြေအနေများကို ကျမတို့ပွင့်ပွင့်လင်းလင်း ဆွေးနွေး၍ ရသော မိတ်ဆွေတဦး ပါဝင်ပါ သည်။ ထိုမိတ်ဆွေကား “စု” ၏ ဝေဖန်ချက်များ သိပ်ရဲလွန်းသည်ဟု ယူဆသော အခါများ၌ “စု” က ယုံကြည်ချက်အရ သတ္တိရှိရုံမက၊ အဆက်အနွယ်အရလည်း သတ္တိရှိတာကိုးဟု နောက်ပြောင် လေ့ရှိ၏။ သူမ ဆိုလိုသည်မှာ “စု” သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သမီး ဖြစ်သဖြင့် တော်တော်နှင့် နှိမ်လို့ရမည်မဟုတ်၊ ကျမအထင်မှာတော့ “စု” သည် သွေးသားအရထက် စိတ်ဓာတ်အရ သူမ မိဘနှစ်ပါး၏ သမီး ပီသပါပေသည်။

သတင်းပဒေသာ

ကရင်နှစ်သစ်ကူးနေ့ စော်ကားချက်

(နအဖ၏ဥပဒေမဲ့ ယုတ်ကန်းမှုများ)

ကရင်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂၀၀၈ ခု ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်မှာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ရွာအနီး စောဘဲဒိုးတပ်စခန်းထိုင် နအဖတပ် ခမရ ၃၅၀ က ခွဲမှူးဗိုလ်သက်ခိုင် လက်အောက်ခံ စစ်သားတဦးက မအူပင်ရွာသူ ကရင်မိန်းကလေး မနီကဗျာ (၇ နှစ်) ကို နေအိမ်မှာ မုဒိမ်းကျင့်ပြီးနောက် သေနတ်နဲ့ပစ်သတ်လိုက် ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ဘိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့အရှေ့ဘက် ကစယ်ဒိုမြို့နယ် ထီးဘိုဘွာအထူးဒေသအတွင်း ကစောဖိုးမှာ ကျွဲ-နွားရောင်းဖို့ မောင်းယူလာတဲ့ ဆီကူရွာသား ၄ ယောက်ကို နအဖတပ် ခလရ ၁၀၁ ကပစ်သတ်ပြီး နွား ၂ ကောင် ကျွဲ ၂ ကောင်ကို ခိုးယူသွားခဲ့ပါတယ်။ အသတ်ခံရတဲ့ရွာသား ၄ ဦးကတော့ စောဆာသဲ (၃၅ နှစ်)၊ စောဒါးထူးဖိုး (၁၈ နှစ်)၊ စောဟာ့ဖလိုး (၁၆ နှစ်) နဲ့ စောဒီးဒီ (၄၀ နှစ်) တို့ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်မှာ နအဖတပ် စကခ ၁၉ နည်းဗျူဟာ ၁ ရဲ့ နည်းဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးခင်မောင်ချိုဟာ ခလရ ၁၀၆ တပ်စခန်းမှာ ဝါခမိကျေးရွာအုပ်စု၊ ဘယ်လယ်မယ် ကျေးရွာအုပ်စု၊ ကနယ်ကမော့ကျေးရွာအုပ်စု၊ ကျယ်ကျေးရွာအုပ်စု၊ ဒဲဖီးကျေးရွာအုပ်စု၊ တနေးလျူကျေးရွာအုပ်စု၊ ရူတောကျေးရွာအုပ်စုနဲ့ သဝေါဖျာကျေးရွာအုပ်စုတို့က အုပ်စုလူကြီးများကို ဆင့်ခေါ်စည်းဝေးပြီး ဒီဇင်ဘာ ၁၁ ရက်က စလို့ တပတ်ကို ၃ ရက် တပ်စခန်းသို့သတင်းပို့ဖို့နဲ့ ကားလမ်းပေါ်တိုက်ပွဲဖြစ်ရင် သက်ဆိုင်ရာကျေးရွာအုပ်စုလူကြီးကို ထောင် ၇ နှစ်၊ ကျေးရွာလူကြီးကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

တဆက်တည်းမှာ နအဖတပ် ခမရ ၅၈၇ တပ်ရင်းမှူး အဆင့်ရှိတဲ့ သန်းဝင်းကလည်း ကနယ်ကမော့-ဝါခမိ ကားလမ်း တလျှောက်မှာ တရက်ကို ရွာသား ၃၆ ဦး ကင်းစောင့်ခိုင်းပြီး တိုက်ပွဲဖြစ်ခဲ့ရင် အဲဒီတိုက်ပွဲနေရာ ကင်းတာဝန်ကျ ရွာသားကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

NCGUB - Border Office မှပေးပို့သော သတင်းဖြစ်ပါသည်။

ဗကသအဖွဲဝင်“ကိုဗိုလ်မင်းယုကို” အား ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်

January 2, 2009 ·
သတင်း ညွန့်သက်ထားဦး (Freedom News Group)

အထက်ဗမာပြည်(မန္တလေး)ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုကိုအားအမှုပေါင်း(၄၀)ဖြင့် စွဲချက်တင်၍ ဒီဇင်ဘာလ(၁၆)ရက်နေ့က မန္တလေးအိုးဘိုထောင်တွင်းတရားရုံးတွင်ရှေ့နေမပါဘဲ တဖက်သတ် နှစ်ရှည်ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်ခဲ့သည်။ကိုဗိုလ်မင်းယုကို သည် အမေတခုသားတခုဘ၀ဖြင့် စီးပွားရေးချို့တဲ့စွာ ရုန်း ကန်နေရင်း အထက်ဗမာပြည်ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ကျောင်းသားထုအခွင့်အရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့သည့် ကိုဗိုလ်မင်းယုကို အား ယခုလို နှစ်ရှည်ထောင်ဒဏ်(၁၀၄)နှစ် ချမှတ် လိုက်ခြင်းမှာ ကျောင်းသားထုအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရား ဥပဒေကို နအဖစစ်အစိုးရမှချိုးဖေါက်ခြင်းဖြစ်ပါသည်။

ယခုလို လူငယ် ကျောင်းသား တစ်ယောက်အပေါ် ချမှတ်သည့် ပြစ်ဒဏ်သည် မည်သည့် နိုင်ငံတကာ တရားစီရင်ရေး စနစ်တွင်မှ မတွေ့ရနိုင်သည့် ဖြစ် ရပ်မျိုး ဖြစ်ပါသည်။ မဆလခေတ် ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး အား သေဒဏ်ပေးသည့်ဖြစ်ရပ်ပြီးလျှင် ယခု ကိုဗိုလ်မင်းယုကို ကို ချမှတ်လိုက် သည့် ပြစ်ဒဏ်သည် မြန်မာနိုင်ငံကျောင်းသားသမိုင်းတွင် ဒုတိယမြောက်အကြီး မားဆုံးဖြစ်သည်။ ဗကသအထက်ဗမာပြည်(မန္တလေး) အဖွဲ့ဝင် ကျောင်းသား ကိုညီညီအားလည်း မန္တလေး ထောင်တွင်း တရားရုံးကပင် ထောင်ဒဏ်နှစ် (၅၀) ချလိုက်ပါသည်။



၂၀၀၉ နိုင်ငံရေး အလားအလာ မကောင်းနိုင်ဟု ဦးဝင်းတင် ခန့်မှန်း

01 January 2009

၂၀၀၉ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာခဲ့ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး
အကောင်းအဆိုးတွေ ပြီးခဲ့တဲ့နှစ်က ဘာတွေကြုံတွေ့ခဲ့ရသလဲ၊ အခုနှစ်မှာရော ဘာတွေ
ကြုံတွေ့ရလိမ့်မယ်လို့ တွက်ဆကြပါသလဲ။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနေသူ၊
သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ အမြင်ကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး
တင်ပြပေးထားပါတယ်။

Myanmar political prisoner U Win Tin, 78, smiles as he speaks on a telephone at his friends house following his release in Yangon, Myanmar, Tuesday Sept. 23, 2008.AP
သတင်းစာဆရာကြီး ဦးဝင်းတင်။
စက်တင်ဘာ ၂၃၊ ၂၀၀၈။

“ကျနော်က စစ်အစိုးရရဲ့ ထောင်တွင်းမှာ ၁၉၈၉ ကစပြီး
၂၀၀၈ ခုနှစ်အထိ ၁၉ နှစ်ကျော် ကျခံခဲ့ရတဲ့ နိုင်ငံရေး
အကျဉ်းသား ဦးဝင်းတင် ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်ကို ပြန်ပြီး ခြုံကြည့်လိုက်ရင် စစ်အစိုးရရဲ့
တိုင်းရေးပြည်ရေးနဲ့ပတ်သက်ပြီး ဘာမှ ထောက်ထောက်
ထားထား မရှိဘူးဆိုတဲ့ အနေအထားကိုပဲ တွေ့ရတယ်။
ဒီအနေအထားတွေက စီစဉ်ပြီး ကြည့်မယ်ဆိုရင် ရှေ့နှစ်
မှာ ဘာဖြစ်မလဲလို့ မှန်းတဲ့အခါကြတော့ ကျနော်ကတော့
အကောင်းမြင်တဲ့ အတွေးအခေါ်နည်းလို့ဆိုပြီး စွပ်စွဲရင်
လည်း ခံရမှာပဲ၊ ကျနော်တော့ ရှေ့နှစ်ခါလည်း ဘာမှ
ကောင်းတဲ့လက္ခဏာကို မမြင်ဘူး။

“ဆိုပါတော့ လာမယ့်နှစ်မှာဆိုရင် သူတို့ရဲ့ လမ်းပြမြေပုံအရပါတီမှတ်ပုံတင်တွေ ပေါ်လာနိုင်တယ်၊ ရွေးကောက်ပွဲဥပဒေတွေ ထွက်လာနိုင်တယ်။ ဒါကြည့်ရင်တော့သူတို့ဟာသူတို့ ထင်ရာစိုင်းမယ့် လုပ်ငန်းတွေ၊ ဒါတွေပဲ ပေါ်ထွက်လာမှာပဲ၊ ရှေ့နှစ်တနှစ်လုံးကတော့။အဲဒီလိုနဲ့ပဲ ကျနော်တို့ ၂၀၀၉ ကို ကျော်ဖြတ်ပြီးတော့ ၂၀၁၀ ခုနှစ် ရောက်ဦးမှာပဲ။

“အဲဒီတနှစ်ကြရင်လည်း ပိုပိုပြီး ဆိုးသထက်ဆိုးမယ့် အလားအလာတွေပဲ ရှိလိမ့်မယ်၊တိုင်းပြည်မှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ဒါတွေသာ ကျနော်တို့ထပ်တလဲလဲ၊ ထပ်တလဲလဲ ရင်ဆိုင်ဖို့သာ ရှိသွားမယ်လို့တော့ ကျနော်က အဲလောက်တောင်ပြောချင်ပါတယ်။”

A satellite image provided by Space Imaging Asia of the Yongbyon Nuclear Center, located north of Pyongyang, North Korea (file photo)

နှစ်သစ်ကူးအကြို ထိုင်းညကလပ်မီး လူအနည်းဆုံး ၆၀ သေဆုံး

01 January 2009

Bangkok, Thailand, fire and rescue officials search the basement of a nightclub following a fire that left at least 50 people dead Thursday, Jan. 1, 2009.AP
မီးလောင်မှုဖြစ်ပွားခဲ့သည့် ဆန်တိက နိုက်ကလပ်တွင် မီးသတ်နှင့် ကယ်ဆယ်ရေး ၀န်ထမ်းများ ရှာဖွေနေစဉ်။
ဇန်န၀ါရီ ၁၊ ၂၀၀၉။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ညကလပ်တခုထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မှုကြောင့် လူ ၆၀ သေဆုံးပြီး
၂၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ သိရပါ တယ်။ အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်ကြတယ်လို့ ရဲတွေက ပြောပါတယ်။
တချို့အလောင်းတွေကိုတော့ ဘယ်သူဘယ်ဝါ၊ ယောက်ျား၊ မိန်းမ မခွဲနိုင်ဘဲ
ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရောက်
ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဘန်ကောက်မြို့တော်က နှစ်သစ်ကူးတဲ့ညကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကြိုဆိုခဲ့ကြပါတယ်။ သောင်းနဲ့ချီတဲ့

လူအုပ်ကြီးဘန်ကောက်မြို့လယ်ကောင်က ကွင်းပြင်တခုမှာ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးစက္ကန့်တွေကို အော်ဟစ် နှုတ်ဆက်ကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဘန်ကောက်မြို့လယ်မှာ လုံခြုံရေးက မနေ့ညတုန်းက အကြီးအကျယ် ချထားပါတယ်။


E-mail Print PDF
alt
















ကာတွန်း - Mr.Burma

ခုနှစ်နှစ်သစ်မှာ မစ္စတာ ဘားမားရဲ့ ကာတွန်း ကို လက်ဆောင်မွန် အဖြစ် ရရှိတဲ့ အတွက် လူထုအသံအယ်ဒီတာအဖွဲ့မှ ကျေးဇူး ဥပကာ ရ အထူးတင် ရှိပါ ကြောင်း။ ။

လူထုအသံ အယ်ဒီတာအဖွဲ့

alt

























ကာတွန်း - Mr.Burma





















































ဒီပုံတွေကတော့၂၀၀၉အကူးမှာ အစပြုလိုက်တဲ့ရန်ကုန်က စာဖြန့် ဝေ စာကပ်တဲ့ တပ်လှန့်  လှုပ်ရှားမှုပါ
မည်သို့ ပင်ဖြစ်စေ မတရားသည့် အမိန့် အာဏာတွေကို စဉ်ဆက်မပြတ် ယခုလို ဆန့် ကျင်ပြ နေရမည်။။

- အန်စီယူဘီ (NCUB)က စင်ပြိုင်အစိုးရဖွဲ့ဖို့ စီစဉ်နေ
click
- ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုဆရာဝန် ယနေ့တွေ့ click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် UDP ပြည်ပမှာ လှုပ်ရှား click
- နှစ်သစ်ကူးအကြို ထိုင်းညကလပ်မီး လူအနည်းဆုံး ၆၀ သေဆုံး click
- အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်စ်ခေါင်းဆောင်တဦး သေဆုံး click
- ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေကို မြန်မာကတဆင့် ထိုင်းဘက်ပို့ click
- ဒီဇင်ဘာ စာကိုး၊ စကားကိုး click