8.17.2010

Amnesty International (AI) called Three freedoms campaign for Burma

Hi,
I just took action to defend the three freedoms in Burma.
You should too.
Click here
http://3freedoms.amnesty.org/


Stand with the people of Burma
Dear Minister,
Later this year, Myanmar will hold elections for the first time in two decades. However, the human rights situation in the run-up to the polls remains grim. More than 2,200 political prisoners, many of them prisoners of conscience, continue to languish behind bars in Myanmar. Under Electoral Laws enacted in March, none of them can take part in the elections.
I therefore urge your Government, as a member of ASEAN, to work with all ASEAN states to uphold the binding principles of the ASEAN charter, for "respect for fundamental freedoms, the promotion and protection of human rights, and social justice", by pressing the Myanmar government to:
  • Release immediately and unconditionally all prisoners of conscience arrested solely on the basis of their peaceful political activity, ethnicity, or religion.
  • Ensure that all people in Myanmar can enjoy the "Three Freedoms" of expression, peaceful assembly, and association throughout the elections period and beyond it.
ASEAN has a key role to play to bringing these long-overdue human rights improvements to Myanmar.
Thank you for your attention.
Yours faithfully,
View letter in:
Your letter will be translated into 9 languages and emailed to the 9 foreign ministers of 9 ASEAN nations.
Burma's official name is Myanmar. That's why we are using it in the letter being sent to the foreign ministers.




18+ Under 18

မြန်မာ့သတင်း ကမ္ဘာ့သတင်း

၂၀၀၇ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ်။
ဓာတ်ပုံ AP
၂၀၀၇ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ်။ အောက်တိုဘာ ၁၊ ၂၀၀၇။

ကုလညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တင်သွင်းဖို့ EU နိုင်ငံများ ပြင်ဆင်

၆၅ ကြိမ်မြောက် ကုလ အထွေထွေ ညီလာခံကြီးမှာ တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို EU နိုင်ငံကြီးတွေက ရေးဆွဲနေပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
လွှတ်တော် အဆောက်အအုံ အပြီးသတ်ရန် ဗိုလ်ချုပ်မှူးကြီး မှာကြား

လွှတ်တော် အဆောက်အအုံ အပြီးသတ်ရန် ဗိုလ်ချုပ်မှူးကြီး မှာကြား

၂၀၁၀ ရွေးကောက်ပွဲ အပြီး အစိုးရသစ် တက်လာပါက အသုံးပြုရန် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အပြီးသတ် ဆောက်လုပ်ရေး အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှာကြားကြောင်း
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါမှ တရားမျှတမည်ဟု ကိုဌေးကြွယ်ပြော

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါမှ တရားမျှတမည်ဟု ကိုဌေးကြွယ်ပြော

ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်သင့်သူများ အားလုံး ပါဝင်နိုင်မှသာ လွတ်လွပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ တခုဖြစ်မည်ဟု ၈၈ ကျောင်းသား ခေါင်းဆောင် နိုင်ငံရေး

နယ်ခြားစောင့်တပ် ဖွဲ့ရန် DKBA နေပြည်တော်သွား

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၉၉၉) ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော တပ်ဖွဲ့ဝင် တချို့သည် နယ်ခြားစောင့်တပ် အသွင်ကူး

လိုင်စင်မဲ့ကား တန်ဖိုးဖြတ်ရာတွင် ဝန်ထမ်းများ လာဘ်စား

လိုင်စင်မဲ့ ကားများကို တန်ဖိုးဖြတ် အခွန်ဆောင်စေ၍ လိုင်စင် လုပ်ပေးရာတွင် လာဘ်ပေး လာဘ်ယူမှုများ ပေါ်ပေါက်နေပြီး ၀န်ထမ်း အချင်းချင်း အပြန်အလှန် တိုင်ကြားကြကာ ၀န်ကြီးဌာနများ အကြားတွင်လည်း

ထက်ထက်မိုးဦးအမှု ပထမဆုံး တရားလိုပြသက်သေ စတင်ကြားနာ

ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံအမှုကို ရန်ကင်း တရားရုံးတွင် ယနေ့ ဆက်လက် ကြားနာရာ တရားသူကြီးက တရားလိုပြ သက်သေအား “မည်သည့် အရာကို အနုပညာဟု ခေါ်သနည်း”

သံဃာများကို နှောင့်ယှက်လျှင် သပိတ်မှောက်မည်

အကျဉ်း ကျနေသော ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါဆုတောင်းအဖွဲ့ ဆွမ်းကပ် လှူဒါန်းလေ့ရှိသော မကွေး ကျောင်းတိုက်ကို အာဏာပိုင်များ၏ နှောင့်ယှက်နေမှုများ ရပ်တန့်ခြင်း မရှိပါက သံဃာတော်များ

ရှမ်းပြည် ရထားလမ်းဖောက်မှု စစ်ရေးအတွက်သာဖြစ်

ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုးနဲနှင့် အရှေ့ပိုင်းရှိ ကျိုင်းတုံ ဒေသကို ဆက်သွယ်မည့် ရထားလမ်းကို စစ်အစိုးရက ဖောက်လုပ်နေ ခြင်းသည် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့ စေရန်ထက် အပစ်ရပ်

ရွေးကောက်ပွဲကြောင့် စာမေးပွဲများ စောစစ်မည်

ရွေးကောက်ပွဲ မတိုင်မီ စာမေးပွဲများ အပြီးစစ်ရန် ညွှန်ကြား ချက်ကြောင့် တက္ကသိုလ်များ၏ ဒုတိယ နှစ်ဝက် စာမေးပွဲကို သတ်မှတ် ရက်ထက် စောစစ်မည့် အတွက် သင်ခန်းစာ များအား အလျင်အမြန် သင်ကြား

မြန်မာရှေးဟောင်းပစ္စည်းမျိုးစုံ ထိုင်းသို့ နေ့စဉ် ပုံမှန်တင်သွင်း

မြန်မာရှေးဟောင်းပစ္စည်းမျိုးစုံ ထိုင်းသို့ နေ့စဉ် ပုံမှန်တင်သွင်း

မြန်မာနိုင်ငံမှာ ရှေးဟောင်းပစ္စည်း ခိုးထုတ်တဲ့ မြ၀တီနယ်စပ် ဈေးကွက်ဆိုတာက မြန်မာသိ ကမ္ဘာသိပဲ။ လက်ရှိမြ၀တီခရိုင် ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း အပါအ၀င် မြ၀တီမှာ ခရိုင်ဥက္ကဋ္ဌ လုပ်သွားတဲ့ လူတွေအားလုံးက ရက်ကြီးခါကြီးနဲ့ အခြားအစိုးရ အခမ်းအနားတွေမှာ ပြောလိုက်ရင် ကိုယ့်အမျိုးဂုဏ်ဆိုတာ

ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖြစ်ကြောင်း ကချင်ပါတီ ကြေညာ
ထိုင်းသို့ ကျောက်မီးသွေးနှင့် လျှပ်စစ် တင်ပို့နိုင်ရေး နအဖ စိုင်းပြင်း
ခွင့်တူညီမျှ ရှိရမည့် မြန်မာ့ စီးပွားရေး ပေါ်လစီ
အနာဂတ် မြန်မာနိုင်ငံမှာ ဘယ်လို စီးပွားရေး ပေါ်လစီ တွေကို ချမှတ် ကျင့်သုံးသင့်သလဲလို့ မေးလာခဲ့ရင် ...
အမတ်စာရင်း တင်မည့်ရက် နည်း သဖြင့် ပါတီများ “ကသုတ်ကရက်" ဖြစ်
အမတ်လောင်းစာရင်း တင်သွင်းရန် ရွေးကောက်ပွဲ ကော်မရှင်က ၁၅ ရက်သာ အချိန်ပေးသဖြင့် ...
စက်တင်ဘာ ခေါင်းစဉ်ကြောင့် The Modern Times အပိတ်ခံရ
digitize-censorshipsစာပေစိစစ်ရေးသို့ မူရင်းတင်ပြခဲ့သည့်အတိုင်း မျက်နှာဖုံးတွင် ပါရှိသည့် ဆောင်းပါး ...
အပြောင်းအလဲ လုပ်သွားမည်ဟု KIO ခေါင်းဆောင် ပြောဆို
k5sတိုင်းပြည်တွင် ပြောင်းလဲနေသော အခြေအနေ နှင့်အညီ လိုက်လျောညီထွေရှိမည့် ...

နအဖ၏မိုးနဲ- ကျိုင်းတုံမီးရထားလမ်းဖောက်လုပ်မှုကို သျှမ်းအသင်းအဖွဲ့များ ကန့်ကွက်

နအဖ၏မိုးနဲ- ကျိုင်းတုံမီးရထားလမ်းဖောက်လုပ်မှုကို သျှမ်းအသင်းအဖွဲ့များ ကန့်ကွက်ဖောက်လုပ်ဆဲဖြစ်သည့် သံလွင်မြစ်ဖြတ်ကျော် မိုးနဲ-ကျိုင်းတုံမီးရထားလမ်းသည် နအဖစစ်အုပ်စုအတွက်သာ အကျိုးရှိ သောကြောင့် ပြည်ပအခြေစိုက်သျှမ်းလူမှုအသင်းအဖွဲ့များ ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ထိုင်း နယ်စပ်တစ်နေရာ၌ ပြုလုပ်ခဲ့၏။

တရုတ်နယ်စပ်တွင် မြန်မာဘက်မှ လုံခြုံရေး တင်းကြပ်

၂၀၁၀ ရွေးကောက်ပွဲကျင်းပရက် ကြေငြာသည့် သြဂုတ်လ ၁၃ ရက်နေ့မှစ၍ ရွှေလီမြစ်တစ်လျှောက် တရုတ်နှင့်မြန်မာ နယ်စပ် ကူးသန်းသွားလာသည့် စက်လှေဆိပ်များ၌ မြန်မာပုလိပ်နှင့်လ၀ကအဖွဲ့များ တိုးမြှင့်ချထားပြီး ခရီးသွားများ အား စစ်ဆေးနေကြောင်း သိရသည်။

လူထု ၁၀၀ ကျော်၏သဘောထား မေးမြန်းခြင်းမပြုဘဲ ကြံ့ဖွတ် ပါတီဝင်အဖြစ် သိမ်းသွင်း

ကချင်ပြည် ဖါးကန့်မြို့ ဒေသခံများ၏ သဘောထားမေးမြန်းခြင်းမပြုဘဲ - ဖါးကန့်သူ/သား သျှမ်းလူမျိုး ၁၀၀ ကျော်အား ကြံ့ဖွတ်ပါတီဝင်အဖြစ် သွတ်သွင်းလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။


more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

2010-08-16

အင်ဒိုနီးရှား အမှားကို သင်ခန်းစာယူဖို့ မြန်မာကို လူ့အခွင့်အရေးအဖွဲ့ သတိပေး

2010-08-16
မြန်မာနိုင်ငံဟာ အင်ဒိုနီးရှား လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းအမှားကို မလိုက်ဖို့ သတိပေးလိုတယ်လို့ အင်ဒိုနီးရှား လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ရာဖန်ဒီ ဂျာမင်က ပြောကြားလိုက်ပါတယ်။ မြန်မာပြည်ဟာ အင်ဒိုနီးရှားပြုခဲ့တဲ့ အမှားမျိုးတွေကို ထပ်မလုပ်မိအောင် သင်ခန်းစာယူ ရှောင်ကွင်းနိုင်ပါတယ်၊ အင်ဒိုနီးရှားမှာ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေအတွက် တရားမျှတအောင် မဆောင်ရွက်နိုင်ခဲ့ပဲ ဖြစ်ခဲ့ရတယ်၊ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်ခဲ့တယ် ဆိုတဲ့သူတွေဟာ အစိုးရအဖွဲ့မှာ ထိပ်တန်းနေရာတွေ ရနေကြပြီလို့ ရာဖန်ဒီ ဂျာမင်က ဆိုပါတယ်။

2010-08-16

ရွေးကောက်ပွဲရက် ကြေညာထားသော်လည်း ပြည်သူစိတ်ဝင်စားမှုနည်းပါး

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနေ့ကို နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမယ်လို့ ထုတ်ပြန် ကြေညာထားပေမဲ့ လက်ရှိ အနေအထားမှာတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးကို စိတ်ဝင်စားမူ အတိုင်းအတာ အလွန် အားနည်းနေတယ်လို့ သိရပါတယ်။
2010-08-16

နိုင်ငံရေးအကျဉ်းသားကို ထောင်ပြောင်းစဉ် လမ်းခရီးတွင် နှိပ်စက်ခံရ

၂၀၀၇ ခုနှစ်တုန်းက ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်မျိုးဟာ အင်းစိန်ထောင်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ပြောင်းရွှေ့ခံလိုက်ရပါတယ်။
2010-08-16

စစ်အစိုးရ၏ အခြေခံဥပဒေနှင့် ပတ်သက်၍ မကွေးတိုင်းမှာ NLD ဟောပြော

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး မကွေးတိုင်းတွင်းရှိ ရေနံချောင်း၊မင်းဘူး၊ စကု၊ တောင်တွင်းကြီး၊ နတ်မောက် စတဲ့ ဒေသတွေက ဒေသခံ ပြည်သူတွေကို NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက အောက်ခြေအထိ သွားရောက် ရှင်းလင်း အသိပေး နေတယ်လို့ သိရပါတယ်။
2010-08-16

ပြည်ပရောက် ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

မြန်မာစစ်အစိုးရရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၇ ရက်နေ့ကို ရွေးကောက်ပွဲ ကျင်းပမဲ့ရက်အဖြစ် သတ်မှတ်လိုက်တာ နဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ သြဂုတ်လ ၁၅ ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ရွေးကောက်ပွဲကို ဆန့်ကျင်သူများ မိမိတို့၏ သဘောဆန္ဒကို ထုတ်ဖေါ်နိုင်ပါသည်
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International (AI)) မှ မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်သော သဘောဖြင့် Burma and The Three Freedom ကမ်းပိန်းတစ်ခုကို လုပ်ဆောင်နေသည်။

ယင်းအစီအစဉ်အရ ကမ္ဘာ့နိုင်အသီးသီးရှိ AI အဖွဲ့များမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲများ အထူးသဖြင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများထံသို့ လက်မှတ်ထိုး၍ မိမိတို့၏ သဘောထားကို ဖော်ပြကြရန်ဖြစ်သည်။

AI အနေနှင့် ယင်း ဝန်ကြီးထံပေးပီု့သောစာကို ဘာသာစကား (၉) မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
သင့်အနေဖြင့် ဒီလင့် http://3freedoms.amnesty.org/ လေးကို နှိပ်ပြီး သဘောထားပေးပို့ခြင်းသည် စစ်အစိုးရ၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဖော်ပြရာ ရောက်ပြီး၊ အကျဉ်းထောင် အသီးသီးမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွတ်ခဲ့၍ မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို အားပေးထောက်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။

မဟာချိုင် ငါးပုဇွန်ကုမ္ပဏီလုပ်ရပ် မြန်မာအလုပ်သမားနားမလည်

သြဂုတ် ၁၇
မဟာချိုင်နယ်မြေအတွင်းရှိ Shing fu sea products development,co,ltd 111/19 moo2 Tumbol Bangyapraek, Ampur Muang,Samutsakhon Thailand ငါး/ပုဇွန် ကုမ္ပဏီတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သမားများ အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှု အကြီးအကျယ် ခံနေကြရကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။
အဆိုပါ အလုပ်တွင် မြန်မာအလုပ်သမားပေါင်း ထောင်ချီရှိသည့်အနက် လူပေါင်း၆၀၀ ကျော်ခန့်မှာ ယာယီ
ပတ်စပို့ လုပ်ကိုင်ထားပြီးဖြစ်သည်။ ထို့အပြင် ကျမ္မာရေး ဆေးစစ်ခနှင့် work permit လည်း လုပ်ထားပြီး ဖြစ်ကြသည်။ ပြီးခဲ့သည့် ဧပြီလ၅ရက်နေ့မှ စတင်၍ ယာယီပတ်စပို့ လုပ်ကိုင် ပြီးစီးထားသည့် မြန်မာ အလုပ်သမားများထံမှ လစဉ် ၀င်ငွေ၏ ၅ ရာခိုင်နှုန်းကိုလည်း ဖြတ်တောက်နေသည်။
ပြီးခဲ့သည့် ၂၄၊၇၊၂၀၁၀ နေ့က မခင်ခင်လေးဆိုသည့် အလုပ်သမတစ်ဦး အမျိုးသမီးတို့ သဘာဝ ထိန်ချန် သဖြင့် ချီဝိချိုင်၅ ဆေးရုံသို့ သွားရောက်ပြီး ဆေးစစ်ချက်ခံယူခဲ့သည်။ ကိုယ်ဝန်မရှိကြောင်း ပြောဆိုပြီး ပြန်ခွင့်ပြုခဲ့သည်။ မခင်လေးက စားဆေးများ ရနိုင်မလားဟုမေးရာ ။ အထက်ပါ အလုပ်ရုံက သွေးစစ်ခ လူတစ်ဦးစီ ဘတ် ၆၀၀ စီသာ ပေးသွင်းထားပြီး အခြားဝန်ဆောင်မှုအတွက် ငွေပေးမထားကြောင်း တာဝန်ကျ ဆရာမက ရှင်းပြသည်။
သူမဆေးစစ်ခအတွက် ဘတ်ငွေ ၁၃၀ ပေးခဲ့ရသည်။ ၈၊၈၊၂၀၁၀ နေ့ က အဆိုပါအလုပ်ရုံမှ အသက်၃၂ အရွယ် မမြင့်မြင့်စန်း မှာ ထမင်းစားနေရင်း အသက်ရှု မွန်းကြပ်လာသဖြင့် ခင်ပွန်းဖြစ်သူ ကိုအချိုင်နှင့် မဟာချိုင် ချီဝိချိုင်၅ ဆေးရုံသို့ လာရောက်ခဲ့ကြသည်။ ဆေးကုသခံယူခအဖြစ် ဘတ်တစ်ထောင် ပေးခဲ့ရသည်။
၁၀၊၈၂၀၁၀ နေ့က အဆိုပါဆေးရုံတွင်၊ ကိုတူးဆိုသည့် မြန်မာအလုပ်သမား အောက်သွားတစ်ချောင်း နုတ်ခဲ့
ရာ ဘတ်ငွေ ၄၀၀ ပေးခဲ့ရသည်။
အဆိုပါ အလုပ်သမားများက အလုပ်သမားများ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် work permit ၊ ယာယီပတ်စပို့ နှင့် ကျမ္မာရေး စောင့်ရှောက်မှုအတွက် သွေးစစ်ခများ အပြည့်အစုံ ပေးထားသည့်အပြင် အာမခံကြေးဟု အမည်တပ်ပြီး လစဉ် ၀င်ငွေ၏ ၅ရာခိုင်နုန်းဖြတ်တောက်ခြင်း ရှိနေသည့်ကြားက ယခုကဲ့သို့ 
နေထိုင်မကောင်း၍ ဆေးရုံသွားရောက်ပြီး ဆေးဝါးကုသမှုခံရာတွင် ကျသင့်ငွေများအား အလုပ်သမားများ ပေးနေရခြင်းအပေါ် မည်သို့မှ နားမလည်ကြောင်း၊ ဘယ်ကိုတိုင်လို့ ဘယ်သူကို အားကိုးရမှန်းမသိကြောင်း အဆိုပါ အလုပ်ရုံမှ မြန်မာအလုပ်သမားများက စိတ်သောက ရောက်နေကြကြောင်း ပြောပြကြသည်။
ပြီးခဲ့သည့် သြဂုတ်လ၁၃ရက်နေ့ က သွားနုတ်သည့် ကိုတူးအား ဘတ်ငွေ၂၅၀ ပြန်လည်ပေးခဲ့သည်။ ထို့နောက် မန်နေဂျာဖြစ်သူက သွားရောဂါအတွက် တစ်နှစ်တွင် ၂၅၀ ဘတ် နှစ်ကြိမ် ခံစားခွင့်ရှိကြောင်း ထိုထက်ပိုမရကြောင်း ပြောပြခဲ့သည်။
အဆိုပါ အဖြစ်အပျက်များအား ပြောပြသည့် အမည်မဖေါ်လိုသည့် မြန်မာအလုပ်သမားတစ်ဦးက “ထိုင်းဝဏ္ဏ က နှိပ်ကွပ်တာထက် ဗမာ ၀ဏ္ဏ ယုတ်မာတာပို ဆိုးတယ်၊ အမယ် သူတို့ရှေ့မှာ ရိုရိုသေသေပြောတို့၊ တစ်ခုခု ရယ်ချင်လို့ ၀ိုင်းပြီးတော့ အားရပါးရ ရယ်ရင်လည်း မင်းအမေကို ……..ဆိုပြီးတော့ ပက်ပက်စက်စက် ဆဲတာ၊ မြန်မာအလုပ်သမားတွေ မနက် ၂နာရီ ၃နာရီလောက် ကတည်းက လာတယ်။ ညနေ လူနည်းရင် ၈နာရီအထိ လုပ်ရတယ်၊ လူများရင် ၆နာရီအထိ လုပ်ရတယ်။ ထိုင်းအလုပ်သမားတွေက မနက်၇နာရီ ၈နာရီမှ လာတယ်။ ညနေ ၅နာရီဆိုပြန်ပြီ။ ကီလိုစားနှော်၊ ဒါပေမယ့် ပိုက်ဆံတွက်တော့ ထိုင်းကများများထွက်ပြီး ဗမာအလုပ်သမားက နည်းနည်းပဲထွက်တယ်”ဟု ပြောသည်။
အဆိုပါ အလုပ်ရုံတွင် မြန်မာအလုပ်သမားများ ထောင်ချီရှိသော်လည်း အလုပ်သမားများ ရသင့်ရ ထိုက်သည့် အလုပ်သမား အခွင့်အရေးများကို မသိရှိကြခြင်း၊ အလုပ်အကိုင် ရှာဖွေရ ခက်ခဲခြင်းတို့ကြောင့် ရသလောက်နှင့် လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောပြကြသည်။

ဖမ်းဆီထားသည့် ရခိုင်သမိုင်းပညာရှင်နှင့် ရခိုင်ကျောင်းသားလူငယ်၁၁ဦးအား အမြန်ဆုံးလွှတ်ပေးရန်တောင်းဆို

Photobucket

သြဂုတ် ၁၇
ဂျပန်နိုင်ငံအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ယနေ့ မွန်းလွဲပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ဖမ်းဆီးခံနေရသည့် ရခိုင်သမိုင်းပညာရှင် အသျှင်ဦးပညာစာရ နှင့် ရခိုင် ကျောင်းသား လူငယ်၁၁ဦးအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ အာကျိတ်တော်ကုန်း၊ မဟာမုနိ ၀ိဟာရ ပရဟိတ္တကျောင်းတိုက်မှ သမိုင်းပညာရှင် ရမ္မာဝတီ အသျှင်ပညာစာရအား မတရားအမှုဆင် ဖမ်းဆီးထားမှုနှင့် ရခိုင်ကျောင်းသားလူငယ် ၁၁ဦးတို့အား မတရားအမှုဆင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းတို့ကို ချက်ခြင်းရပ်တန့်ပေးရန် ဂျပန်ရောက် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် မြန်မာအရေး လှုပ်ရှားတက်ကြွသူများ ၅၀ ဝန်းကျင်ခန့်တို့က ဆန္ဒပြ တောင်ဆိုကြခြင်းဖြစ်သည်။
ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သော ဂျပန် ALD ပါတီ ဒုဥက္ကဌ ဦးထွန်းအောင်ခင် က “ မတရား အမှုဆင် ဖမ်းဆီလိုက်တဲ့ ရခိုင့်သမိုင်းပညာရှင် ရမ္မာဝတီ အသျှင်ပညာစာရကို ပြန်လွှတ်ပေးဖို့  ပြီးတော့ အဲဒီ
အသျှင် အနှစ်နှစ်အလလ စုဆောင်းထားတဲ့ ရခိုင်သမိုင်းဆိုင်ရာ အထောက်အထားတွေဖြစ်တဲ့ ရှေ့ဟောင်း ဘုရားဆင်းတုတော်တွေ၊ ကျမ်းစာ၊ ပေစာ၊ ပုရပိုက်စာတွေနဲ့ ရှေ့ဟောင်း ရွှေ/ငွေဒင်္ဂါးပြားတွေကို ပြန်လည်ပေးအပ်ဖို့၊ ဒီရှေ့ဟောင်း အမွေအနှစ်တွေကို စစ်အစိုးရအနေနဲ့ မဖျက်ဆီးပစ်ဖို့နဲ့ ရခိုင် ကျောင်းသား လူငယ် ၁၁ ဦး တို့ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
ဆရာတော်ကို ဖမ်းဆီးပြီးနောက် ဆရာတော်ကျောင်းတွင် ကျွေးမွေးစောင့်ရှောက်ထားသည့် မိဘမဲ့ကလေး
ငယ် တစ်ရာကျော်တို့အား စစ်အစိုးရက မကွေးတိုင်း၊ မင်းဘူးနှင့် မန္တလေးမြို့များသို့ သယ်ဆောင် သွားခဲ့သည်။
အဆိုပါ ကလေးငယ်များအား စစ်တွေမြို့မိမြို့ဖများက ဗမာပြည်သို့ ခေါ်ယူခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သော်
လည်း အာဏာပိုင်များက လျစ်လျူရှုခဲ့သည်။
ဇူလိုင်၂၆ရက်နေ့က ဖမ်းဆီးခဲ့သော၊ သက်တော်၅၇နှစ်အရွယ်ရှိ သမိုင်းသုတေသီ ဆရာတော်ကို အတင်းအဓ္ဓမ လူဝတ်လဲစေပြီး သာသနာတော် ညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မပေါင်း ၇ခုထက်မနည်းဖြင့် စစ်အစိုးရက တရားလိုပြု တရားစွဲဆိုထားသည်။ ယခုအခါ ဆရာတော်အား စစ်တွေ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်။
၂၀၀၉ခုစက်တင်ဘာ၎ရက်နေ့ က၊ အမေရိကန်နိုင်ငံသား၊ မြန်မာပြည်ဖွား ကိုညီညီအောင်နှင့် တရက်တည်း ဖမ်းဆီးခံခဲ့ရသည့် ရခိုင်ကျောင်းသား လူငယ် ၁၁ ဦးတို့အား တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု အပါအ၀င် ပုဒ်မအမျိုးမျိုးဖြင့် ထောင်ဒဏ်၃နှစ်မှ ၈အထိ အင်းစိန်ထောင်တွင်း တရားရုံးက သြဂုတ်လ ၁၁ ၇က်နေ့တွင် ချမှတ်ခဲ့သည်။
ရခိုင်လူငယ်၁၁ဦးတို့မှာ အသက်၂၀ ဝန်းကျင် အရွယ်ရှိ လူငယ်များ ဖြစ်ကြပြီး၊ ကိုခိုင်ကျော်မိုး၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး(ခေါ်)မဲလုံး၊ ကိုကျော်စံသိန်း၊ ကိုဇော်ထွန်းနိုင်၊ ကိုအောင်မိုးဇော်၊ ကိုကျော်ဝင်း၊ ကိုမောင်နိုင်စိုး၊ ကိုအောင်နိုင်၊ ကိုရဲထက်စိုးနှင့် နောက်တစ်ဦးတို့ ဖြစ်ကြသည်။ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ လူငယ်များဖြစ်ကြကြောင်း နိရိဉ္စရာသတင်းတွင် ဖေါ်ပြထားသည်။