

အောက်တိုဘာ ၁၈၊ နေပြည်တော်။
နိုင်ငံခြား သံတမန်များနှင့် သတင်းထောက်များကို ရွေးကောက်ပွဲ၏ မဲပေးမှုဆိုင်ရာ စနစ်များနှင့်ပါတ်သက်၍ ရှင်းလင်းပြောပြပြီး၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနှင့် ပါတ်သက်၍ အတွေ့အကြုံများစွာရှိခဲ့ပြီးဖြစ်သဖြင့် နိုင်ငံခြားမှ အကူအညီများနှင့် လေ့လာစောင်ြ့ကည့် အကဲခတ်မှုများကို မလိုအပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌအဖြစ် နအဖမှ ခန့်အပ်ထားသူ ဦးသိန်းစိုးမှ ပြောဆိုခဲ့ပါသည်။
ထို့အတူ နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များကို မြန်မာပြည်အတွက် ယခင်ကတည်းက လက်ခံထားပြီး ဖြစ်သဖြင့် ရွေးကောက်ပွဲကာလတွင် သတင်းယူရန်ရန်အတွက် နောက်ထပ် ပြည်ပမှ နိုင်ငံခြားသတင်းထောက်များ မလိုအပ်တော့ကြောင်းနှင့် ထိုသို့လက်ခံရန်လည်း သူ့တွင် လုပ်ပိုင်ခွင့် မရှိကြောင်း ၄င်းက ဆက်လက်ပြောခဲ့ပါသည်။
သတင်းထောက်များ၏ မေးမြန်းချက်ကို ဦးသိန်းစိုးက ပြန်လည်ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည် သည် ယခုလက်ရှိအချိန်တွင် နေအိမ်အကျယ်ချုပ်သာ ကျခံထားရပြီး အကျဉ်းသား မဟုတ်၍ ဥပဒေအရ မဲပေးခွင့်ရှိသည် ဟု ဖြေကြားခဲ့ပါသည်။
ပြည်ပနိုင်ငံများက ယခုပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိလိမ့်မည့်မဟုတ်ဟု ဝေဖန်နေမှုများနှင့် ပါတ်သက်၍ မေးမြန်းချက်များကို ဦးသိန်းစိုးက ပြန်လည်ဖြေကြားရာတွင် ကျွန်တော်တို့ နိုင်ငံအတွက် ရွေးကောက်ပွဲကို ကျွန်တော်တို့ကျင်းပခြင်း ဖြစ်ပြီး အခြားနိုင်ငံများအတွက် ကျင်းပခြင်း မဟုတ်ကြောင်း ၊ ပြည်တွင်းရှိ နိုင်ငံရေးပါတီများကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကျွန်တော်တို့ ပြည်သူလူထုများက မဲပေးကြ၍ မဲရေတွက်မှုကိုလည်း အများရှေ့တွင်ပြုလုပ်မည်ဖြစ်၍ ပြည်သူလူထု များကသာ ရွေးကောက်ပွဲသည် ဥပဒေနှင့် ညီမညီ ဆုံးဖြတ်ကြလိမ့်မည်ဟု ဆိုပါသည်။
၂၀၀၈ နာဂစ် အခြေခံဥပဒေအရ စစ်တပ်မှ ၂၅ ရာခိုင်နှုန်းရယူထားရန် ပြဌာန်းထားပြီး ဖြစ်သလို၊ စစ်တပ်ထိပ် ထိပ်ပိုင်းခေါင်းဆောင်များက ရွေးကောက်ပွဲ အပြီးတွင် မည်သည့်နေရာများကို ရယူကြမည်ကို ဝေခြမ်းထားကြပြီးဖြစ်ပါသည်။ ထိုကဲ့သို့ အခြေအနေများကြားမှပင် ပြည်ပမှ လာရောက် အကဲခတ်သူ များလည်း မလိုပဲ စစ်တပ်အာဏာရှင်တို့၏ သေနတ်ပြောင်းဝအောက်မှ ပြည်သူများက ရွေးကောက်ပွဲသည် တရားမျှတမှုရှိမရှိ ဆုံးဖြတ်လိမ့်ဆိုသော ပြောဆိုနေခြင်းသည် ရွေးကောက်ပွဲကော်မရှင်၏ သြဇာအာဏာ မရှိမှုနှင့် သူတို့ကိုယ်တိုင် စစ်အုပ်စု၏ ပြောဆိုခွင့်ပေး သလောက်သာ ပြောဆိုနေရခြင်းကို ဖော်ပြနေသလို၊ လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲသည် တရားမျှတမှုကို ဖော်ဆောင်မည့် အရိပ်လက္ခဏာ မရှိဟု နိုင်ငံတကာနှင့် ပြည်တွင်းနိုင်ငံရေး အကဲခတ်သူများက သုံးသပ်ပြောဆို နေကြပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)


(Special Report) In one of its opening salvoes against the Burmese junta’s elections this year, the country...
Independent candidates are being forced to settle for distributing leaflets in their campaigning amid a ban ...
Signboards belonging to Burma’s main junta-backed political party were vandalised with red paint in Pegu ..


ဖိုးရှုပ်။ ။ အဲဒါပဲ။ ဦးရုက္ခစိုးက နတ်ဖြစ်ပြီး လောင်းကစားလုပ်တာကိုး။ ဒီ နှစ်လုံးထီကို မထိုးပါနဲ့လို့ ခဏခဏ ပြောနေရဲ့သားနဲ့။ အခုတော့ ကွဲပြီပေါ့။ တော်တော်မှ ပါသွားရဲ့လား။


















