8.28.2009
အမေရိကန် အထက်လွှတ်တော်မှ အဆင့်မြင့် ဝန်ထမ်းများ NLD ဌာနချုပ်သို့ လာရောက်တွေ့ဆုံ
ပြည်တွင်း သတင်းထောက်တဦး(ရွှေဝါရောင် သတင်းလွှာ)
8.27.2009
နွေဆူးလင်္ကာ၏ စောဝေသို့ တမ်းတခြင်း
စစ်ပွဲတွေကြားထဲက
အနာဂတ်ကမ္ဘာဟာ
စိုးရိမ်စရာအခြေအနေနဲ့
ရစရာမရှိအောင်ကိုမှောင်တယ်။
အနိုင်အရှုံးဆိုတာကို
လိုချင်သလိုရနေသူတွေနဲ့
မသေချင်ပဲသေနေရသူတွေ
ရှိနေကြဦးမှာပဲလေ။
သန်းခေါင်ကျော်လာရင်တော့
ရွှေရောင်လွှမ်းတဲ့မနက်ခင်းတစ်ခုကို
အရောက်သွားနိုင်ကြလိမ့်မယ်လို့
ရူးကြောင်မူးကြောင်နဲ့ပြောနေကြလေရဲ့။
မောင်တို့ရွာထန်းရည်ဝိုင်းမှာ
အေးအေးလူလူဆူဆူညံညံနဲ့ပဲ
ငမိုက်သားကာလသားတစ်စု
မူးနေတာတောင်မိုက်ကောင်းတုန်း။
ဒီလိုညနေမျိုးဆို
မိုနိုသံစဉ်ကျေးလက်သီချင်းတွေ
ကဒေါင်ကဒင်တီးပြတတ်တဲ့
ရေဘင်အတုနဲ့မယ်ဒလင်သမားကဇာတ်လိုက်။
စီကနဲဆိုချက်ကြီးပါတယ်
ရထားတဲ့လူမိုက်ဘွဲ့နဲ့
ရှိနေတဲ့အရည်အချင်းကအံကိုက်
ရေးထားတဲ့အကြွေးစာရင်းကိုဂရုမစိုက်။
ဒို့ရွာထန်းတောမှာလူစုံရင်
အရည်မရအဖတ်မရတွေပြောရင်း
ရေးကြီးခွင်ကျယ်ကမ္ဘာနဲ့ကိုချီလို့။ ။
နွေဆူးလင်္ကာ
(ဆရာစောဝေကိုလေးစားလို့ သူ့လိုကြိုးစားရေးကြည့်တာပါ
ဆရာအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။)
(ကဗျာလေးကိုဖတ်ပြီးရင် အစဆုံး စာလုံးလေးတွေချည်း
တစ်ခေါက်ပြန်ဖတ်လိုက်ပါဦး)
Burma's News World's News
Public to Pay Final Respects to Senator Edward Kennedy
Senator Kennedy's coffin will lie in Boston in repose at the library named after one of his slain older brothers, President John F. Kennedy
Kennedy Leaves Global Legacy
World leaders reach out to share fond memories, admiration of late Democratic Senator Ted Kennedy
Kennedy to Be Buried at Arlington Cemetery
Senator Edward Kennedy to be laid to rest next to his slain brothers, President John F. Kennedy and Senator Robert Kennedy
Obama Remembers Kennedy as Mentor, Friend, Political Icon
US president leading nation in remembering Ted Kennedy, calling him one of greatest senators of our time
South Korea Presses North for More Reunions
In talks Thursday between Red Cross delegations from North and South Korea, officials from the South urged North Korean representatives to not make family reunions a one-time event
![]() | Iran could face new sanctions if it does not show willingness to talk about its nuclear programme, the German chancellor says. |
| The war in Darfur, which has killed up to 300,000 people, is over, says the UN's military commander there. | Engineers launch a radical plan to start removing carbon emissions from the atmosphere using man-made "trees". |
No Turning Back |
| By AUNG ZAW |
| Burma’s rulers would like to have friendly relations with Washington, but that won’t happen unless they make significant changes. |
| QUOTE OF THE DAY | |
![]() | —Ka Hsaw Wa, a recipient of Ramon Magsaysay award |
Fighting Breaks Out in Kokang Area |
| By SAW YAN NAING |
| Following the fall of Kokang stronghold Laogai on Monday night, troops loyal to MNDAA leader Peng Jiasheng have launched a counteroffensive against the Burmese army. |
Malaysia Bars Muslims from Black Eyed Peas Concert |
| By SEAN YOONG |
| Malaysia's government has barred Muslims from a concert by US hip-hop stars the Black Eyed Peas next month because the event is organized by Irish beer giant Guinness. |
Thein Htay: Burma’s Terminator? |
| By MIN LWIN |
| Maj-Gen Thein Htay’s job is to upgrade Burma’s military hardware and his rapid promotion means he’s one of the generals to watch. |
Expert Doubts Napyidaw’s Nuclear Program |
| By WAI MOE |
| A well-known expert on Burma’s military affairs is skeptical about recent reports on nuclear cooperation between the Burmese regime and North Korea. |
China Accused of Ignoring Burmese Junta's Graft |
| By JIM GOMEZ |
| China and other governments with lucrative business deals in Burma are ignoring massive corruption by its ruling military junta, said a recipient of the prestigious Ramon Magsaysay award. |
Critics Challenge Sen Webb’s Views on Burma |
| By LALIT K JHA |
| An op-ed opinion article by US Sen James Webb is challenged by pro-sanction policy advocates. |
China to promote trade with Thailand and Burma
With China keen on opening one more border trade checkpoint with Burma, a boost in trade is likely by corporates in Northern Thailand and southern China. Thailand’s Department...Indian- Burmese military officials meet
A six-day meeting between Indian and Burmese military officers began on Wednesday in Kalemyo town, Sagaing division in North-western Burma, to discuss issues relating to border...Burma's fishery export downward trend continue
(Analysis) Despite Burma’s fishery products being a good revenue earner in the export market, this year it has taken a beating and failed to achieve the targe...
Japanese FM exhorts Burma to release Aung San Suu Kyi
The Japanese Foreign Minister Hirofumi Nakasone reiterated Japan’s expectation from Burma’s ruling junta to release detained opposition leader Aung San Suu Kyi...Opposition activists launch yellow campaign
With the second anniversary of the ‘Saffron Revolution’ round the corner, 10 opposition activists launched a campaign in Rangoon last Tuesday to pay tribute to monks,...မြန်မာ့သတင်း ကမ္ဘာ့သတင်း
| |
ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲ စတင်ဖြစ်ပွား
ခိုင်လင်း/ ၂၇ သြဂုတ် ၂၀၀၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံဖြတ်ကျော် ဂိတ်ပေါက်တခုဖြစ်သော လောက်ကိုင်မြို့အနီး ရန်လုံကျိုက် နယ်စပ်ဂိတ်ရှိ ရဲစခန်းအား ဖုန်ကျားရှင်ကို ထောက်ခံသည့် ကိုးကန့်တပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်တာဝန်ကျရဲ (၁) ဦးထက်မနည်း .......အပြည့်အစုံသို့
အခွန်ငွေကိစ္စ အဂတိလိုက်စားမှု များပြား
အောင်ကျော်မိုး / ၂၇ သြဂုတ် ၂၀၀၉ “ခု စက်တင်ဘာ (၁) ရက်ကစ တိတိကျကျ လုပ်မယ်လို့ အကြောင်းကြားတာနဲ့ အခွန်ငွေ အများကြီးကျမှာစိုးလို့ အခွန်မှူးအိမ် လိုက်သွားပြီး ညှိရတယ်....”အပြည့်အစုံသို့
အယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီမှုရ
မင်းနိုင်သူ / ၂၇ သြဂုတ် ၂၀၀၉ “ကျနော်တို့ အယူခံလွှာမူကြမ်းရိုက်ပြီး ယူသွားတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ကိုပြတော့ တချို့ဟာလေးတွေကို ဖြုတ်တာ။ ထပ်ဖြည့်တာလုပ်တယ်.....”အပြည့်အစုံသို့
ကြားဖြတ်သတင်း
ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဆက်ဖြစ်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျင်းပမည်အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ယူခဲ့သော ကျောင်းတော်ကြီးတခုမှ ကျောင်းသူ ၆၀၀ က သူမလွတ်မြောက်ရေး တာတို အပြေးပြိုင်ပွဲကို မနက်ဖြန်တွင် ကျင်းပ ...... |
တရုတ်နိုင်ငံက ထိုင်း၊ မြန်မာတို့နှင့် ကုန်သွယ်ရေး မြှင့်တင်မည်ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံတောင်ပိုင်းအကြား ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်တခု ထပ်မံဖွင့်လှစ်ရန် တရုတ်အရာရှိများက လိုလား ... |
ဂိတ်ကြေးတောင်းကြမ်း၊ လမ်းပြင်ဖို့ ငုတ်တုတ်မေ့နေတာပဲခူး အနောက်ပိုင်းက ကျွန်းသာယာ အဝေးပြေးယာဉ်ဝင်းသစ် ကားဂိတ်မှာ် မော်တော်ယာဉ် လိုင်းပေါင်းစုံ စည်းကမ်းထိမ်းသိမ်းရေးကော်မတီ (မထသ) က ဂိတ်ဝင်ကြေးတွေတော့ကောက်တယ်။ ဒါပေမယ့် ဂိတ်ထဲက လမ်းတွေကတော့... |
ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်းအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အမြန် ပြန်လွှတ်ပေးလိမ့်မည်ဟု ဂျပန်နိုင်ငံက မျှော်လင့်ထားကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖူမီ နာကာဆိုနေး Hirofumi Nakasone က... |
စစ်အစိုးရက ကိုးကန့်အပေါ် သွေးခွဲနည်းဗျူဟာဟောင်း အသုံးပြုနေ
နယ်ခြားတပ် အသွင်ပြောင်းရေး ငြင်းဆန်နေသည့် ကိုးကန့် အပစ်ရပ်အဖွဲ့အား စစ်အစိုးရက နည်းဗျူဟာဟောင်း တခုဖြစ်သော သွေးခွဲ အုပ်ချုပ်ရေး စနစ်ကို...ထိုင်း-မြန်မာနယ်စပ် ရေကာတာ ရေလျှံမှုကြောင့် စိုးရိမ်နေကြ
ထိုင်း-မြန်မာနယ်စပ် အနီးတွင် ပြီးခဲ့သည့်တပတ်က ရုတ်တရက်ဖြစ်ပေါ်ခဲ့သော ရေလျှံမှုသည် အာဏာပိုင်များ၏ စွမ်းဆောင်ရည် မဲ့မှုနှင့် အရှက်မဲ့စွာ သတင်းအမှောင် ချထားမှုကို...
ကိုးကန့်ဒေသ သေနတ် ပြန်ပေါက်၊ ဒုက္ခသည်များ တရုတ်ဘက် ခိုလှုံ
တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသအတွင်း လောက်ကိုင်မြို့အနီး မြန်မာစစ်အစိုးရ တပ်များနှင့် ကိုးကန့်ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့ဝင်များအကြား ရင်ဆိုင်တိုက်ပွဲငယ်များ ဖြစ်ပွားကျန်းမာရေးက ပိတ်ထားသော စားသုံးဆီများကို စည်ပင်သာယာက ရောင်းခွင့်ပြု
စားသုံးရန် မသင့်ဟု ဆိုကာ ပိတ်ပင်ထားသော စားသုံးဆီ ၁၁ မျိုးထဲမှ ၇ မျိုးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည် ရောင်းချခွင့် ပြုလိုက်သည်ဟု သတင်းရရှိဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ လာမည့်အပတ် တင်မည်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံကို လာမည့်အပတ်တွင် ရန်ကုန် တိုင်းတရားရုံး၌ စတင်ကြားနာမည်ဟု ၎င်း၏ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။ရန်ကုန်ယူနိုက်တက် ခြေစမ်းပွဲများ ဆက်တိုက်ရှုံး
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပိုင် ရန်ကုန်ယူနိုက်တက် အသင်း နှင့် BEC တယ်ရိုဆက်ဆနာ အသင်းတို့ ယမန်နေ့က ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ခြေစမ်းပွဲကစားရာ ရန်ကုန်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်အပေါ် ချမှတ်ထားသော ဆိုင်းငံ့ပြစ်ဒဏ်များ အပါအ၀င် အားလုံးသော ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စစ်အစိုးရ ခေါင်းဆောင်အင်္ကျီ ချွတ်ပြီး ယာဉ်မမောင်းရ၊ ရန်ကုန်တွင် အမိန့်ထုတ်
ရန်ကုန်မြို့တွင်းရှိ မော်တော်ယာဉ် မောင်းသမားများနှင့် အနှေးယာဉ် မောင်းသမားများသည် မြို့တော် အင်္ဂါရပ်နှင့် မညီညွတ်သည့် အမြင်မလျော်ဖွယ် ဝတ်စားဆင်ယင်ခြင်းသော်ကိုးကန့်ခေါင်းဆောင် ၀ နယ်မြေသို့ ၀င်ရောက်ခိုလှုံ
ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ကြောင်းနှင့် ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင်သပိတ်မှောက်ကံဆောင်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော်
သံဃာ့လှုပ်ရှားမှု နှစ်နှစ်ပြည့် ကာလအတွင်း စစ်အစိုးရကို ဆန့်ကျင်သည့် သပိတ်မှောက် ကံဆောင်ရန် အတွက် နိုင်ငံတကာရောက် ဗုဒ္ဓဘာသာ သံဃာတော်များ အပါအဝင် မြန်မာကိုးကန်ႛတပ်ဖွဲႚကို စစ်အစိုးရ နောက်ခံဖြင့် အသစ်ပြန်ဖွဲ့
သတင်းပေးလုပ်နည်း သင်တန်း ကြံႛခိုင်ဖွံ့္ဘဖိုးရေးအသင်းက ပိုႛချပေးနေ
ဒေၞအောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှု ရန်ကုန်မှာ လုပ်ခဲ့
မြန်မာနိုင်ငံအပေၞ ပိတ်ဆိုႛမှုတရုတ် သြဇာလွှမ်းမိုး
အဝၝရောင် လှုပ်ရှားမှု စ္ဘပီ
ဒေၞအောင်ဆန်းစုကြည်နှင့် ဂျွန်ယက်တော ဆွေးနွေးခြင်း အလျဉ်းမရှိခဲ့
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမရှေ့နေများ တွေ့ဆုံခဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ထိုပြစ်ဒဏ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အမိန့်နဲ့ ၁နှစ်ခွဲသို့ ပြောင်းလဲပေးခဲ့ပြီးနောက် အင်းယားကန်စောင်းက သူမရဲ့အိမ်မှာ ပြန်လည်နေထိုင်စေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စီရင်ချက်ချပြီး နောက်တရက်ဖြစ်တဲ့ သြဂုတ်လ ၁၂ ရက်နေ့မှာ သူမရဲ့ ရှေ့နေတွေကို အဲဒီ အင်းယားကန်စောင်းက အိမ်မှာတွေ့ ဆုံစဉ်ကတည်းက သူမအပေါ်ချမှတ်တဲ့ စီရင်ချက်အပေါ် ကျေနပ်မှု မရှိတဲ့ အကြောင်းပြောဆိုခဲ့ပြီး ရှေ့နေများကို အယူခံအတွက် ပြင်ဆင်ရန် အမိန့်ပေး ခဲ့ပါသည်။
အဲဒီ ပြစ်ဒဏ် လျှော့ပေါ့မှု အမိန့်ထဲမှာ သူမဟာ လိုအပ်သလို ကျမ်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ရှိကြောင်းပါခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၃ ခုနှစ် မေလ ၃၀ရက် ထပ်မံ ထိမ်းသိမ်းခံခဲ့ ရစဉ်ကတည်းက ၆နှစ်ကျော် ကျမ်းမာရေးစောင့်ရှောက် ကုသမှု ပြုလုပ်ပေးခဲ့တဲ့ သူမရဲ့ သမားတော် ဒေါက်တာမျိုးဝင်းနှင့် ပြသခွင့်ကို တောင်းဆိုခဲ့သော်လည်း ယခုအချိန် အထိ အကြောင်းပြန်ကြားခြင်း မရှိသေးဟုလည်း ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
ထိုသို့ နှစ်နာရီ ခွဲကျော် တွေ့ဆုံခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ဆီနိတ်တာ မစ္စတာဂျင်ဝက်၏ ဆောင်းပါးပါ မြန်မာနိုင်ငံ အပေါ်စီးပွါးရေး ပိတ်ဆို့ထားမှု အကြောင်း ရေးသားချက်များနှင့် ပါတ်သက်၍ သူမဟာ လွန်ခဲ့သော ၁၅ နှစ် ကတည်းက ဒီကိစ္စတွေကို ဝိုင်းဝန်း ဆွေးနွေး အဖြေရှာဖို့ နအဖ ခေါင်းဆောင်များကို အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့ကြောင်းကိုလည်း ဦးဥာဏ်ဝင်းက ပြောပြသွားပါတယ်။
ဒီနေ. ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေလေးဦး အယူခံကိစ္စ တွေ့ခွင့်ရမည်
" မနက်ဖြန် အန်ကယ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည်လောက်မှာ အန်ကယ်တို့ ရှေ့နေလေးဦးနဲ့ အယူခံ မှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် တွေ့ခွင့်ရပါမယ်။ မနက်ဖြန်တွေ့ပြီးရင် အယူခံပေါ်မှာ ပါဝင်တဲ့ ဆွေးနွေးချက်တွေ အပေါ်မူတည်ပြီး သောကြာနေ့ ဒါမှမဟုတ် နောက်အပတ်လောက်မှာ အယူခံကို တင်ဖြစ်ပါမယ် " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်ရောက်ရှိချိန်မှ စပြီး ယခုအကြိမ်ဟာ ရှေ့နေများ နဲ့ ဒုတိယမြောက် တွေခွင့်ရခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက်ထဲမှလည်း မရှင်းလင်းတဲ့ အချက်အလက်များပါဝင်နေပြီး ယခင် ဒေါ်အောင်ဆန်း စုကြည်အား နှစ်ရှည်လများ ပုံမှန်ကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့လည်း ဆေးစစ်ဆေးခွင့်မရရှိပဲ တခြားဆရာဝန်နှင့် သာကြည့်ရှုစစ်ဆေးခွင့် ပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက် ကတော့။
၁..။ ဒေါ်စုနေအိမ်၌ နေထိုင်ရမည်။
၂..။ခြံဥပစာအတွင်းသွားလာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိသည်။
၃..။ကျန်းမာရေးအတွက် ခွင့်ပြုထားတဲ့ ဆရာဝန် သူနာပြုတွေနဲ့ စစ်ဆေးကုသခွင့်ပြုတယ်။
၎..။ဧည့်သည်နဲ့ တွေ့ခွင့်ရှိတယ်။သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ တွေ့ခွင့်ရှိတယ်။
၅..။မြဝတီ ၊မြန်မာ့အသံ၊ ရုပ်မြင်သံကြား ကြည့်ခွင့်ရှိတယ်။
၆..။ပြည်တွင်းထုတ် သတင်းစာ၊ဂျာနယ် ဖတ်ခွင့်ရှိတယ်။
၇..။မိမိလိုအပ်ချက်ကို စာဖြင့်ရေးသား ပြောဆိုခွင့်ရှိတယ်။
၈..။အဲ့ဒီခွင့်ပြုချက်အပြင် အခြားဆောင်ရွက်လိုတဲ့ ကိစ္စရှိရင် သက်ဆိုင်ရာ ခွင့်ပြုချက်ရှိမှ ဆောင်ရွက်ခွင့် ပြုမယ်လို့ ဖော်ပြပါရှိပါတယ်။
ကိုရွှေနန္ဒ (အီးမေးမှ ဖြန့်ဝေသောသတင်း)
8.26.2009
Burma's News World's News
Israel's PM meets a top US envoy amid efforts to revive Middle East peace talks with a deal limiting Jewish settlement activity. | Officials say a Frenchman seized by Somali rebels has escaped, but reports that a second hostage is also free are denied. |
US Senator Edward Kennedy, Heir of Powerful Family, Dies
Democratic senator had been suffering from incurable form of brain cancer for just over a year
Tributes Pour in for Late US Senator Edward Kennedy
President Obama says US lost a 'great leader' in Senator Kennedy, who died Tuesday night at his Massachusetts home at age of 77
Israeli PM, US Envoy to Discuss Settlement Dispute
Benjamin Netanyahu says Israel working to reach compromise with US that will allow Israelis to continue building controversial settlements while restarting peace talks
Envoys From the Two Koreas Meet to Discuss Family Reunions
Thousands of families remain separated by political division of Korean peninsula
Indian Prime Minister Calls for Crackdown on Corruption
Speaking at national conference of anti-corruption officials, Manmohan Singh says corruption is an impediment to India's growing economy
| QUOTE OF THE DAY | |
![]() | —Nyan Win, Suu Kyi's lawyer |
OPINION
Editorial: Tension in the North |
| Tension between the Burmese military and the ethnic ceasefire militias has been rising along the Sino-Burmese border in recent months. |
Another Huge Drug Bust in Tachilek |
| By WAI MOE |
| High-ranking Burmese officials are visiting the Thai-Burmese border town of Tachilek after huge amounts of heroin and methamphetamine pills were seized there. |
Junta Tries to Discredit Kokang Leaders Linked to Drugs |
| By SAW YAN NAING |
| The government is pressuring the Kokang ceasefire group on the basis of its links to illegal drugs, in a tactic to achieve Kokang compliance with the junta’s border guard plan. |
Junta Warns Buddhist Monks Online |
| By ARKAR MOE |
| A junta-run Web site warns that the Burmese regime will take ‘severe action’ against Buddhist monks suspected of planning a military boycott. |
Australia Says ‘No’ to Cross-border Relief |
| By ALEX LEWIS |
| A Burmese delegation left Canberra empty-handed last week, the apparent victims of geopolitics. Meanwhile, the suffering at the Thai-Burmese border goes on. |
ADB: Slowdown Mars Poverty Reduction Goals in Asia |
| By TERESA CEROJANO |
| Large pockets of extreme poverty and hunger persist in Asia, where the global downturn makes it more difficult to achieve UN goals to reduce the ranks of the poor, the Asian Development Bank said. |
တရားပေါက်သွားတဲ့ ချိုကုပ်ဒူးကြီး
ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ … ၊ ကျနော်တို့ တိုင်းပြည် အကြောင်း မပြောပဲလည်း မနေနိုင်၊ ပြောတော့လည်း စိတ်ညစ်စရာတွေ များနေတယ်။ ကျနော်တို့ နိုင်ငံမှာ အကောင်းဘက်ကို အပြောင်းအလဲ ဖြစ်အောင် ကြံပါဦး ဦးရုက္ခစိုးကြီးရဲ့။
ရုက္ခစိုး။ ။ အင်း … မော်တော်ကား ပါမစ်ကနေ နိုင်ငံတော် အာဏာအထိ ကိုင်ထားတဲ့ ချိုကုပ်ဒူးကြီးရဲ့ အကျင့်စရိုက်တွေ ပြောင်းရင်တော့ တို့ဆီကလူတွေ အသက်ရှူချောင်ကောင်းပါရဲ့။
ဖိုးရှုပ်။ ။ ဟုတ်တယ်ဗျ။ ဒီလူကြီးရဲ့ မကောင်းတဲ့ အကျင့်တွေ ပြောင်းလဲသွားရင်တော့ ပြည်သူတွေ သက်သာရာ ရမှာပဲ။ ဦးရုက္ခစိုးရဲ့ ဘော်ဒါ တခြား နတ်တွေဆီကရော အိုင်ဒီယာ ကောင်းကောင်းလေး မရနိုင်ဘူးလား။
ရုက္ခစိုး။ ။ အင်း … ငါ့ကို ကိုးမြို့ရှင် ဘိုးဘိုးကြီးက ပြောဖူးတယ်၊ ပုဂ္ဂိုလ်တဦးရဲ့ အကျင့်၊ စရိုက်၊ သဘောထားတွေကို ပြောင်းလဲပစ်နိုင်တယ် တဲ့။ ဆိုးတဲ့သူတယောက် နဲ့ ကောင်းတဲ့သူတယောက်ရဲ့ အကျင့်တွေကို အပြောင်းအလဲ လုပ်တဲ့နည်းပေါ့ကွာ။ ဟုတ်မဟုတ်တော့ ငါလည်း မသိဘူး။
ကြွက်စုတ်။ ။ ဟာ … ဒီနည်းက ကောင်းတာပေါ့။ စမ်းကြည့်မယ်ဗျာ။ ချိုကုပ်ဒူးကြီး စရိုက်နဲ့ စာရိတ္တ ကောင်းမွန်တဲ့သူ တယောက်ယောက်ရဲ့ စရိုက်တွေကို ပြောင်းလဲပေးလိုက်မယ် ဆိုရင် သိပ် လန်းသွားမှာပဲ။ ဒါပေမယ့် ဘယ်လို ပြောင်းလို့ရမှာလဲ။
ရုက္ခစိုး။ ။ ကြွက်စုတ်ရေ … ငါ မှတ်မိသလောက် ပြောရရင် ဆန္ဒပြုတာက မနက် ၉ နာရီ၊ ၉ မိနစ်၊ ၉ စက္ကန့်တိတိမှာ ဖြစ်ရမယ်။ ဥပမာကွာ မင်းရဲ့ အကျင့် ဒီကောင် ဖိုးရှုပ်ဆီ ရောက်ပါစေ၊ ဖိုးရှုပ်ရဲ့ အကျင့်တွေက မင်းဆီရောက်ပါစေ ပေါ့ကွာ။
ဦးရုက္ခစိုး၏ စကား အဆုံးတွင် ဖိုးရှုပ်က နာရီကြည့်လိုက်သည်။
ဖိုးရှုပ်။ ။ ဟာ … ၉ နာရီနဲ့ ၈ မိနစ် ရှိပြီဗျ။ ဦးရုက္ခစိုး ပြောတဲ့နည်း စမ်းကြည့်ရအောင်။
ရုက္ခစိုး။ ။ ဟုတ်လား၊ ဒါဆို အချိန်ကတော့ ကျပြီ။ နေဦး၊ နေဦး … အရေးကြီးတဲ့တခု ကျန်သေးတယ်။ အချိန် တခုတည်း ကိုက်ညီလို့ မဖြစ်သေးဘူး။ ဆန္ဒပြုတဲ့သူက တနင်္လာနံနဲ့ သက်ဆိုင်တဲ့ အလုပ်ကို လုပ်ကိုင်သူ ဖြစ်ရမယ် တဲ့။
သူတို့၏ မျက်လုံးများက ဂျာနယ်လစ် ဖိုးရှုပ်ထံသို့ ပြိုင်တူ ရောက်သွားကြသည်။
ရုက္ခစိုး။ ။ ဟေ့ကောင် … ဖိုးရှုပ်၊ မင်းအလုပ်အကိုင်က ဂျာနယ်လစ် ဆိုတော့ တနင်္လာနံပေါ့ကွ။ ကဲ … ကဲ … မင်း ဆန္ဒပြုပေတော့။
သတ်မှတ်ထားသည့်အချိန် ရောက်ရန် စက္ကန့်ပိုင်းသာ လိုတော့သည့်အတွက် ဖိုးရှုပ် အကျပ်ရိုက်သွားသည်။ နာရီ ကြည့်ပြီး ခေါင်းကုပ်နေသည်။ ၉ နာရီ၊ ၉ မိနစ်၊ ၉ စက္ကန့် အချိန် ရောက်သည်နှင့် စိတ်ထဲမှ ကမန်းကတန်း ဆန္ဒပြု လိုက်လေသည်။ ထိုအခိုက် ၀ုန်း ခနဲ မည်သံတခုနှင့်အတူ ပတ်ဝန်းကျင် တခုလုံး မီးခိုးများဖြင့် ဖုံးသွားသည်။
ကြွက်စုတ်။ ။ ဟေ့ကောင် ဂျာနယ်လစ်၊ တခုခုတော့ မှားသွားပြီ ထင်တယ်။ ဒီနည်းက အကျင့် စရိုက်တွေ ပြောင်းတဲ့နည်း မဟုတ်ဘဲ ဗုံးခွဲတဲ့နည်း ဖြစ်နေပြီနဲ့ တူတယ်။ မင်းက ဘယ်လို ဆန္ဒပြုလိုက်တာလဲ။
ဖိုးရှုပ်။ ။ ငါ … ငါလည်း … ချိုကုပ်ဒူးကြီး နဲ့ ဦးရုက္ခစိုးရဲ့ အကျင့်တွေ ပြောင်းပါစေလို့ပဲ ဆန္ဒပြုလိုက်တာပါကွာ။ ငါလည်း ရုတ်တရက်မို့ သင့်တော်တဲ့သူ ဆိုလို့ သူ့ကိုပဲ တွေ့မိတယ်။ မင်းရော ငါရော အကျင့်က သိပ်ကောင်းတာ မဟုတ်ဘူး။ ဦးရုက္ခစိုးက အသင့်တော်ဆုံးပဲ မဟုတ်လား။
ကြွက်စုတ်။ ။ ဟိုက် … ဒါဆို ချိုကုပ်ဒူးကြီးရဲ့ အကျင့်တွေ ငါတို့ ဦးရုက္ခစိုးဆီ ရောက်သွားပြီလား မသိဘူး။ ဦးရုက္ခစိုးကြီးရော … ဘယ်မှာလဲ၊ ရှာပါဦးကွ။
ခပ်လှမ်းလှမ်းမှ ဦးရုက္ခစိုးက သူတို့ဆီသို့ လှုပ်တုပ် လှုပ်တုပ်ဖြင့် ရောက်လာသည်။ တခုခုတော့ ထူးထူးခြားခြား ဖြစ်နေပြီဟု ကြွက်စုတ် နှင့် ဖိုးရှုပ် တို့က ဦးရုက္ခစိုးကို ကြည့်ပြီး အလိုလို သိလိုက်သည်။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ၊ မင်းတို့ ဘာလုပ်နေတာလဲ။ ငါ့ကို ထိုင်ပြီး လက်အုပ်ချီကြလေကွာ။
ထိုသို့ မူမမှန်သည့် စကားသံများကြောင့် ဦးရုက္ခစိုးထံတွင် ချိုကုပ်ဒူးကြီး၏ အကျင့် စရိုက်များ ရောက်ရှိသွားမှန်း ၎င်းတို့ ၂ ဦး သဘောပေါက်လိုက်လေသည်။ ထို့ကြောင့် ကြွက်စုတ် နှင့် ဖိုးရှုပ် တို့က ဦးရုက္ခစိုးရှေ့တွင် ထိုင်ပြီး လက်အုပ်ချီလိုက်ကြသည်။
ရုက္ခစိုး။ ။ ဟေ့ကောင် … ဖိုးရှုပ်၊ ငါ ကွန်ပျူတာ သုံးချင်တယ်၊ ၀ယ်ပေး။
ဖိုးရှုပ်။ ။ (ဆန္ဒပြုမိတာ မှားသွားပြီဟု စိတ်ထဲမှ ရေရွတ်ကာ) ကျနော် … ကျနော် ဘိုင်ပြတ်နေတယ်လေဗျာ။
ရုက္ခစိုး။ ။ ဟေ့ကောင် … ငါ့ကို ရိုရိုသေသေ အစီရင်ခံစမ်း။ မင်း ဘိုင်ပြတ်နေတယ် ဆိုရင်လည်း မင်းတို့ ဒေ၀ါလီရုံးက ကွန်ပျူတာတလုံးကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ရအောင် ခိုးခဲ့။ ရေပါတာပဲ လိုချင်တယ်၊ ရေဘူးပေါက်တာ ငါနားမလည်ဘူး။ မင်းတို့ သိလား၊ ကွန်ပျူတာ ဆိုတာက တော်တော် အသုံးဝင်တယ်ကွ၊ တရုတ်ကား၊ ကိုရီးယားကား VCD တွေ DVD တွေလည်း ကြည့်လို့ရတယ်။ ဟိုကောင် ကြွက်စုတ် … မင်းက ငါ့အတွက် တူရွင်းတွေ အများကြီး ယူခဲ့ပေး။
ကြွက်စုတ်။ ။ ကွန်ပျူတာကတော့ ဟုတ်ပါပြီ၊ တူရွင်းတွေ အများကြီးက ဘာလုပ်မလို့လဲဗျ။
ရုက္ခစိုး။ ။ အောင်မာ … မင်းကများ ငါ့ကို မေးခွန်းတွေ ထုတ်နေသေးတယ်။ ဒီမှာ ကြွက်စုတ် … ငါ့ လုံခြုံရေးက သစ်ပင်ပေါ်မှာဆို စိတ်မချရဘူးကွ။ လိုဏ်တွေ တူးပြီး ပုန်းရမယ်။
ကြွက်စုတ်။ ။ ဒါဆိုလည်း တူရွင်းတွေ အများကြီး မလိုပါဘူး။ တချောင်းဆို တော်ရောပေါ့။
ရုက္ခစိုး။ ။ တော် … တန် … တိတ် … ။ ငါက ဘူးဆို မင်းက ဖရုံ သီးဖို့ မကြိုးစားနဲ့။ တောင်ပေါ်ကိုလာတဲ့ ဘုရားဖူး ခရီးသည်တွေကို လုပ်အားပေးခိုင်း၊ တူးခိုင်းမှာကွ၊ မင်း နားလည်လား။
ဂျာနယ်လစ် ဖိုးရှုပ်တယောက် နောင်တ အကြီးအကျယ် ရသွားသည်။ စရိုက်ပြောင်းသွားသော ဦးရုက္ခစိုးကြီးကို မော့ကြည့်ပြီး ဒုက္ခနှင့်လှလှ တွေ့ကြလေပြီဟု တွေးနေမိသည်။
ဦးရုက္ခစိုး အခြေစိုက်ရာ ချင်းမိုင်မြို့ ဒွိုင်ဆူထေ့တောင်ပေါ်တွင် ထိုသို့ ဖြစ်ပျက်နေခိုက် ကြပ်ပြေး နေပြည်တော် တွင်လည်း အပြောင်းအလဲ တချို့ ဖြစ်ပေါ်နေသည်။ ချိုကုပ်ဒူးကြီးထံတွင် ချင်းမိုင်ရုက္ခစိုး၏ အကျင့်စရိုက်များ ရောက်ရှိနေသောကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ချိုကုပ်ဒူးကြီး ရုတ်တရက် ပျောက်သွားသဖြင့် ကြင်ရာတော် ဒေါ်ကွိုင်ကွိုင်၊ သမီးတော်များ၊ လုံခြုံရေး အရာရှိများ ပျာယာခပ်နေကြလေသည်။
ဒေါ်ကွိုင်ကွိုင်။ ။ သြော် … ခက်တော့တာပဲကွယ်။ ရှာကြစမ်း၊ ရှာကြစမ်း … တွေ့အောင် ရှာကြစမ်း။ နင်တို့ လုံခြုံရေးတွေ အရမ်း ရှော်တာပဲ။ မောင်တော်တယောက်လုံး ဘယ်ရောက်နေလဲ ဆိုတာကို နင်တို့ မသိကြဘူးလား … ။ နင်တို့တော့ အင်းစိန်ထောင်ထဲ သွားနေချင်ပြီထင်တယ်။ ရှာကြ၊ တွေ့အောင်လိုက်ရှာကြ။
လုံခြုံရေးအရာရှိတဦး။ ။ ရှာပါတယ် မယ်တော်ဘုရား၊ အိမ်တော်ထဲမှာတော့ မရှိတာ သေချာပါတယ် မယ်တော်ဘုရား။
ဒေါ်ကွိုင်ကွိုင်။ ။ အိမ်ထဲမှာ မရှိရင် အပြင်မှာ ရှိမှာပေါ့။ ငါ့မောင်တော် အပြင်ဘက်ထွက်တာ နင်တို့ မသိဘူး ဆိုတော့ နင်တို့ အနီးကပ် လုံခြုံရေးတွေ ဘာလုပ်နေလဲ။ ငါ့မောင်တော်က အတောင်ပံ ပေါက်ပြီး ပျံထွက်သွားလို့လား။
ထိုသို့ အိမ်တော် ဆင်ဝင်အောက်တွင် ဒေါ်ကွိုင်ကွိုင် မြည်တွန် တောက်တီးနေခိုက် အနီးရှိ သစ်ပင်ပေါ်မှ “ငါ ဒီမှာ ရောက်နေတယ်ဟေ့” ဟူသော အသံ ထွက်ပေါ်လာသဖြင့် အားလုံး မော့ကြည့်လိုက်ကြသည်။ သစ်ပင် ခွကြားထဲတွင် ထိုင်နေသော ချိုကုပ်ဒူးကြီးကို တွေ့လိုက်ကြသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။
ဒေါ်ကွိုင်ကွိုင်။ ။ အောင်မယ်လေး … ၊ အောင်မယ်လေး … ၊ ဘယ်လိုဖြစ်တာလဲ မောင်တော်ရယ်၊ ဘယ်လိုတွေ ဖြစ်နေတာလဲ … ။ သစ်ပင်ပေါ် ဘာကြောင့် တက်ထိုင်နေရတာလဲ မောင်တော်ရဲ့။
ချိုကုပ်ဒူးကြီး။ ။ ငါလည်း မသိဘူးကွ။ သစ်ပင်ပေါ်မှာ နေရရင် ကောင်းမှာပဲလို့ တွေးမိပြီး တက်ထိုင်နေတာကွ။ ငါတော့ သစ်ပင်ပေါ်မှာပဲ အမြဲတမ်း နေတော့မယ်လို့တောင် ဆုံးဖြတ်လိုက်ပြီ။
ဒေါ်ကွိုင်ကွိုင်။ ။ မောင်တော်ကလည်း လိုဏ်တွေ တူးပြီးမှ သစ်ပင်ပေါ်တက်နေမယ်ဆိုတော့ မဟုတ်သေး ပါဘူး။ ဆင်းခဲ့ပါ မောင်တော်ရယ်။ ဒီနေ့ ယတြာ ချေရမယ့် နေ့လေ။ ခဏနေ ဗေဒင်ဆရာ လာတော့မယ် မောင်တော်ရဲ့။
ချိုကုပ်ဒူးကြီး။ ။ ဟာ … ဗေဒင်ဆရာကို မလာနဲ့တော့လို့ ပြောလိုက်ပါကွယ်။ သူ ပင်ပန်းနေရှာမယ်။ ငါတို့ပဲ သူ့ဆီ သွားတာပေါ့ကွယ်။ ဟင် … ရှုပ်ပါတယ်၊ ဗေဒင်ဆရာနဲ့ ချိန်းထားတာ ဖျက်လိုက်ပါကွယ်။ ငါလည်း ဗေဒင်တွေ ဘာတွေ သိပ်မယုံတော့ဘူး။
ဒေါ်ကွိုင်ကွိုင်။ ။ အို … မောင်တော်ကလည်း ဘာတွေ ပြောနေတာလဲ၊ ခက်တော့တာပဲ။ ဟဲ့ … ဟဲ့အကောင်တွေ သွားကြစမ်း၊ သွားကြစမ်း၊ ဒီအနားမှာ မနေကြနဲ့။ သြော် … မဟုတ်သေးပါဘူး။ မသွားနဲ့ မသွားနဲ့၊ နေဦး … မောင်တော် သစ်ပင်ပေါ်က ဆင်းလို့ရအောင် လုပ်ကြစမ်း … ၊ လုပ်ကြစမ်း … ။
ချိုကုပ်ဒူးကြီး။ ။ သစ်ပင်ပေါ်မှာ ငါ နေပါရစေ ကွိုင်ကွိုင်ရယ်၊ ပြီးတော့ ငါ မင်းကို ပြောစရာတွေ ရှိသေးတယ်။ ငါတို့ သားသမီးတွေက အလုပ်အကိုင်တွေ လျှော့ရင်ကောင်းမယ်လို့ မင်း မထင်ဘူးလား။ ကားပါမစ်တွေ၊ လုပ်ငန်းလိုင်စင်တွေကို တို့လူတွေချည်းပဲ ယူထားတာ မသင့်တော်ဘူးလို့ ငါ ခံစားရ … …
ချိုကုပ်ဒူးကြီး စကားမဆုံးမီ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်လာသော ဒေါ်ကွိုင်ကွိုင်က ကြားဖြတ်ပြီး အော်ပြောလိုက်။ လေသံများလည်း ပြောင်းသွားသည်။
ဒေါ်ကွိုင်ကွိုင်။ ။ ရှင့်ပါးစပ် ပိတ်မလား၊ မပိတ်ဘူးလား။ ဆင်းခဲ့၊ အောက်ကို ဆင်းခဲ့ … ။ ဟဲ့ကောင်တွေ သစ်ပင်ပေါ်တက်စမ်း … ။
ချိုကုပ်ဒူးကြီး။ ။ ကွိုင်ကွိုင်ရေ၊ ငါ့စိတ်တွေ ဒီနေ့ ဘယ်လို ဖြစ်မှန်း မသိဘူး။ မတရားတာတွေ မလုပ်ချင်တော့ဘူး။
ဒေါ်ကွိုင်ကွိုင်။ ။ မရဘူး၊ မလုပ်လို့ မရဘူး။ အို … ရှင့်ပါးစပ် ပိတ်ထားစမ်း။ ဟဲ့ကောင်တွေ သစ်ပင်ပေါ် တက်ဆို … မတက်ဘူးလား။ သူ့ကို အောက်ရောက်အောင် လုပ်စမ်း။
လုံခြုံရေးအရာရှိများက သစ်ပင်ပေါ်တက်ကြသည်။ ဒေါ်ကွိုင်ကွိုင်၏ စကား နားထောင်ရန် ချိုကုပ်ဒူးကြီးကို တောင်းပန်ကြသည်။ ဒေါသ ငယ်ထိပ်ရောက်နေသော ဒေါ်ကွိုင်ကွိုင်ကလည်း အပေါ် မော့ကြည့်ပြီး အမိန့်များ အဆက်မပြတ် ပေးနေသည်။
သစ်ပင်ပေါ်သို့ ရောက်လာကြသော လုံခြုံရေးအရာရှိများကို ချိုကုပ်ဒူးကြီးက ရှောင်တိမ်းလိုက်ရာ ဟန်ချက်ပျက်ပြီး မျောက် သစ်ကိုင်းလွတ် သကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် သစ်ပင်ပေါ်မှ ချိုကုပ်ဒူးကြီး လက် ကားယား၊ ခြေ ကားယားဖြင့် ပြုတ်ကျလေသည်။ အကျတွင် ခြေတဖက်က ခါးထောက်ပြီး အော်ဟစ်နေသော ဒေါ်ကွိုင်ကွိုင်ကို အရှိန်ပြင်းစွာ ထိခိုက်မိသဖြင့် ဒေါ်ကွိုင်ကွိုင်လည်း ၀ုန်းခနဲ ဖင်ထိုင်လျက် လဲကျရာ မြီးညောင်းရိုး ကျိုးသွားလေသည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။








