6.04.2009

မိုင် ၉၀၀ ခရီး၏ ၇ ရက်မြောက်နေ့ 7th day of 900 miles for Long March


Kalida မှ Ottawa သို့
ဇွန်လ ၂ ရက်။ ၂ဝဝ၉ (၇ ရက်မြောက်ခရီး)
တနေကုန် မြူဆိုင်းနေသည်၊ လေအေးများတိုက်နေ၏၊ မနက်ပိုင်းမှာပင် kalida မြို့ငယ်လေးကို ဖြတ်ကျော်ခဲ့ သည်၊၊

ကျွန်ုပ်တို့ အများစုမှာ ခြေထောက်အနည်းငယ်နာနေသည်မှလွဲ၍ လမ်းလျှေက်ရသည်မှာ အဆင်ပြေလေ၏၊ ရဲဘော်ကျော်ရှိန်တယောက် ခြေသလုံးကြွက်တက်သဖြင့် ၂ မိနစ်ခန့်နားပြီး ဒဏ်ကြေဆေးလိမ်းကာ ဆက်လျှောက်နိုင်ခဲ့သည်၊

မနက်စာနှင့်ညနေစာကတော့ ယနေ့အထိ ရောစားနေရဆဲပါ၊ ညနေ ၃ နာရီတွင် Ottawa နယ်နိမိတ်ထဲသို့ရောက်ကြသည်၊ ကျွန်ုပ်တို့ချီတက်နေသည်ကို Ottawa မြို့ ကကြိုသိနေသည်၊ နယ်နိမိတ်အစတွင် Ottawa, Ohio, The Putnam County Sentinal
(အရံသင့်စောင်းဆိုင်းနေသော သတင်းထောက် အမျိုးသမီး)
သတင်းစာမှ အမျိုးသမီး သတင်း ထောက် Jaime Yant ရောက်လာပြီး မိတ်ဆက်လာသည်၊ ကျွန်ုပ်တို့၏ ဦးတည်ချက်။ ရည်ရွယ်ချက်တို့အပြင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုပါ မေးမြန်းသည်၊ Jaime Yant က ဒေါ်အောင်ဆန်းစုကြည်ကို သိနေပြီးသူဖြစ်၏၊ ဘန်ကီမွန်းထံပေးပို့မည့်စာကိုဖတ်ကြည့်ပြီး ထောက်ခံလက်မှတ် ရေးထိုးသွားသည်၊၊

(စိတ်ဝင်တစားနှင့် မြန်မာပြည်အကြောင်း လာရောက်မေးကြရင်း လက်မှတ်ထိုးပေးသွားကြသော ကျောင်းသူလေးများ)
ညနေ ၃ နာရီခွဲတွင် Ottawa မြို့ ကို စတင်မြင်ရ၏၊ Ottawa မြို့ ရှိကျောင်းသူကျောင်းသားအမြောက်အများ အားပေးကြသည်၊ အိမ်တအိမ်မှ အလယ်တန်းကျောင်းသူတစုပြေးထွက်လာပြီး သောက်ရေအလိုရှိပါသလားဟု မေးမြန်းကာ သောက်ရေဗူးများ လက်ဆောင်ပေးသည်၊ စိတ်ဝင်တစားမေးမြန်းသည်၊ ၄င်းတို့ကိုယ်တိုင်တက်ကြွ နေ၏၊ မြို့ နေလူတချို့က ကားဖြင့်လိုက်ကြည့်ကြသည်၊

(လာရောက် လက်မှတ်ထိုး ပေးနေကြသော တက္ကသိုလ် ကျောင်းသား နှစ်ဦး)

မြို့ တွင်းတနေရာတွင် တက္ကသိုလ်ကျောင်းသား ၂ ဦး ကားဖြင့်လိုက်လာပြီး စိတ်ဝင်တစားမေးမြန်းကာ အထွေထွေအတွင်းရေးမှူးချုပ်ထံ တင်ပြမည့်စာကို လက်မှတ်ရေးထိုးကြလေ၏၊ ကျွန်ုပ်တို့နှင့်အမှတ်တရ ဓာတ်ပုံတွဲရိုက်သူများလည်းရှိကြသည်၊ မြို့ တွင်းဖြတ်လျှောက်ချီတက်နေကြစဉ် Hi ဟုနှုတ်ဆက်ကြသူ အမြောက်အများကြုံရလေ၏၊ အလယ်တန်း ကျောင်းသားအရွယ် လူငယ်အမြောက်အများ ပြေးလိုက်ကြည့်ကြသည်၊


ကျွန်ုပ်တို့ ပင်ပန်းနေကြပြီဖြစ်၍ Ottawa မြို့  တနေရာတွင် ဒီကနေ့ အနားယူလိုက်ကြလေ တော့၏၊

သတင်းဓာတ်ပုံနှင့်တင်ပြသူ၊ ၊ ရဲဘော်ကျော်ထွန်း

No comments:

Post a Comment