6.04.2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲတွင် ထုတ်ပြန်ခဲ့သော JAC ၏ မေတ္တာရပ်ခံတိုက်တွန်းနှိုးဆောင်ချက်

Joint Action Committee
3 June 2009

The last step of the SPDC’s road map to democracy is to hold a new election in 2010. The Burmese democracy leader, Daw Aung San Suu Kyi, is the only person, from the point of view from SPDC, who can alter the course of these bogus elections. To prevent this, even before the antics of John Yattaw, they had built a new cell for her in Insein Prison. The show trial is nothing more than an attempt at legitimizing the forcible sidelining of her in the forthcoming elections.
Burmese activists and ex-political prisoners, in exile in Thailand, have formed the Joint Action Committee (JAC), to coordinate local protests about the trial and the behavior of the Junta. This group, made up of a number of Burmese organizations, has already led two demonstrations, one underneath the Friendship Bridge linking Thailand with Burma and another outside the UNHCR office.
The JAC believes that the only a coordinated response to the trial and strong action by groups of organizations will be effective against the State Peace and Development Council (SPDC). Waiting for the result of an unjust trial is not an option.
Through working together and continuing to raise this issue in every forum ASEAN, the International Criminal Court and the UN Security Council (UNSC) can be persuaded to take action. Moreover, the veto powers of China and Russia in the Security Council need to be overcome and this will only come through continued pressure.
The JAC thanks the local and international groups who are working for democracy and human rights in Burma and requests that they continue to join and give support for us against this injustice by worldwide peaceful protests. The JAC will continue to highlight the issue in every way that it can.
Daw Aung San Suu Kyi has suffered and sacrificed a substantial part of her life for the Burmese people and the JAC believes that she in turn should be supported through action as she faces an unjust trial.

For more information
Please contact ;
Aung Khine (0800293350)
Htet Aung (08752470354)
Behalf of Leading Group
Joint Action Committee (Mae Sot)



ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
လှုပ်ရှားမှုအတွက် မေတ္တာရပ်ခံတိုက်တွန်းချက်

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ထောင်ချရန် ကြိုးပမ်းနေသော လုပ်ရပ်သည် စစ်အုပ်စု၏ အလုံးစုံ စစ်ကျွန်ပြုရေး ROAD MAP ခုနှစ်ချက်မှ အဆင့်တဆင့်ဖြစ်သည့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲတွင် သူတို့အလိုကျ ခြယ်လှယ်နိုင်စေရေးအတွက် ကျွန်ုပ်တို့၏ ဒီမိုကရေစီ ခေါင်းဆောင်ကို ထောင်သွင်းအကျဉ်းချ ချုပ်ကိုင်ထားရန် ကြိုးပမ်းနေသော လုပ်ရပ်တခုသာဖြစ်သည်။ ဝီလျှံယက်တော ကိစ္စ မပေါ်ပေါက်မီ အချိန် အတော်ကြာ ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိရန် အဆောက်အဦးတခုကို အင်းစိန်ထောင်ထဲတွင် ကြိုတင် တည်ဆောက်ထားခဲ့ခြင်းကို ကြည့်လျှင် ထင်ရှားစွာ သိနိုင်ပါသည်။
ထိုမတရားလုပ်ရပ်၏ အဖြေသည်မည်သို့ပင် ဖြစ်စေကာမူု ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အင်အားစုများ၏ စုစည်းညီညွတ်သော လှုပ်ရှားမှုများဖြင့် ထိရောက်စွာ တုံ့ပြန်ခြင်းသည်သာ အမှန်ကန်ဆုံးလုပ်ရပ် ဖြစ်သည်ဟု ကျွန်ုပ်တို့ JAC မှ အလေးအနက် ယုံကြည်ပါသည်။
နိုင်ငံတကာ ဥပဒေ အသိုင်းအဝိုင်းများနှင့် ဆက်စပ်၍ စစ်အာဏာရှင်များကို နိုင်ငံတကာ ခုံရုံးတင် တရားစွဲဆိုရန် ဆောင်ရွက်ချက်များကို ပိုမိုခွန်အားစိုက် အကောင်အထည်ဖေါ်ခြင်းမျိုး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်နိုင်မည့် အခြေအနေနှင့် နည်းလမ်းများကို နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ပူးပေါင်း၍ အဖြေရှာနိုင်ရန် ဖိတ်ခေါ်မှု၊ စည်းရုံးလှုပ်ရှားမှုများ ဆောင်ရွက်ခြင်းမျိုးများသာမက ငြိမ်းချမ်းစွာ ဆန္ဒပြမှု၏ အဆင့်ဆင့်တွင် မိမိတို့ အတိုက်အခံ အဖွဲ့အစည်းများသာမက နိုင်ငံအသီးသီးမှ စာနာစိတ်ပါ ဝင်စားသူများ ပါဝင်လာနိုင်ရန် စည်းရုံးဆောင်ရွက်ကြခြင်းမျိုး၊ ဘာသာအသီးသီးအလိုက် ကျယ်ကျယ်ပြန့်ပြန့် ဝတ်ပြုဆုတောင်း ကြရန် နှိုးဆော်ဆောင်ရွက်ကြခြင်းများအပြင် အတိုက်အခံအဖွဲ့များ စုစည်း၍ အင်အားကြီးမားသော လှုပ်ရှား ဆောင်ရွက် တိုက်ပွဲဝင်မှုများမှုများ ဖြစ်ပေါ်လာစေရန် စုစည်းဆောင်ရွက်ကြခြင်းမျိုး၊ တရုတ်အစိုးရနှင့် ရုရှားအစိုးရ တို့ကို မြန်မာပြည်သူများ အပေါ် စာနာနားလည်၍ ပူးပေါင်းဆောင်ရွက်လာကြစေရန် ဝိုင်းဝန်း မေတ္တာရပ်ခံ တောင်းဆိုကြခြင်းမျိုး၊ နိုင်ငံတကာ အသိုင်းအဝိုင်း အသီးသီးကို စစ်အုပ်စုအား ဝေဖန် ရှုံချ နေသည် ထက် အရေးယူ ဆောင်ရွက်မှုများပြုလုပ်ကြခြင်းသည်သာ ပြောင်းလဲမှုကို ဖြစ်စေနိုင်မည်ကို ရှင်းလင်း တင်ပြကြ ခြင်းမျိုး စသည်တို့ကို တကမ္ဘာလုံး အတိုင်းအတာဖြင့် ထိရောက်သော လှုပ်ရှားမှုများပိုမို၍ အရှိန်မြှင့် လုပ်ဆောင်ကြရန် ကျွန်ုပ်တို့ JAC မှ တိုက်တွန်းလိုပါသည်။
ပြည်တွင်းလူထုတိုက်ပွဲသည် စစ်အုပ်စု၏ လက်ရှိ တရားမဲ့ ဆောင်ရွက်နေမှုများကို ပြောင်းလဲရန်နှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် လိုအပ်ချက် တခုဖြစ်သည်ဟု ယုံကြည်ကြပါလျှင် မိမိတို့ကိုယ်တိုင် လူထုရှေ့မှ စံပြနမူနာအဖြစ် ဦးဆောင်ဦးရွက်ပြု တိုက်ပွဲဝင်ပြကြခြင်းသည်သာ မှန်ကန်သော၊ လက်တွေ့ကျသော ဦးဆောင် လှုံ့ဆော်စည်းရုံးမှု ဖြစ်ပါကြောင်း လေးစားစွာဖြင့် မေတ္တာရပ်ခံ အကြံပြုတင်ပြ အပ်ပါသည်။

No comments:

Post a Comment