Tuesday, June 2, 2009
မိုင် ၉၀၀ ခရီး၏ ၅ ရက်မြောက်နေ့
ဒီကနေ့ ကျနော်တို့ရဲ့ ရဲဘော်ကြီးများ ခရီးရှည်လမ်းလျှောက်ချီတက်နေတာ ၅ ရက်ပြည့်မြောက်သွားပါပြီ၊ ရဲဘော်များရဲ့ လမ်းခရီးမှာ အခက်အခဲများနှင့် ပြည့်နက်နေပါတယ်လို့ သတင်းရရှိပါတယ်၊ အထူးသဖြင့် သူတို့ ချီတက်နေသော လမ်းခရီးမှာ မြန်မာနိုင်ငံသားများ မတွေ့ရသောကြေင့် လည်းကောင်း အဆက်အသွယ် မရသောကြောင့် လည်းကောင်း၊ သူတို့တည်းခိုမည့် နေရာ အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်၊ အခြား အခက်အခဲမှာ ရဲဘော်များ၏ သတင်းမှတ်တမ်းများကို ပြန်လည် ပေးပို့နိုင်ရန်အတွက် အင်တာနက်သုံးစွဲရန် ခက်ခဲနေကြပါတယ်၊ ဒါကြောင့် ရှေ့တန်းက ကျနော်တို့ရဲ့ ရဲဘော်တွေ သတင်းကို နေ့စဉ် Updateမတင်နိုင်ခြင်းဖြစ်ပါသည်၊ အမေရိကားရှိ မြန်မာနိုင်ငံသားများကို တိုက်တွန်းတောင်းဆိုလိုသည်မှာ ကျနော်တို့ ရဲဘော်များ ချီတက်ရာ လမ်းကြောင်းတွင် နေထိုင်ကြပါက ထိုရဲဘော်များကို လိုအပ်သလို ကူညီပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်၊ အမိမြေအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေသော မိမိတို့ ရဲဘော်များကို ကူညီခြင်းဖြင့် အမိမြေကို လွတ်မြောက်စေရန် ကူညီရာရောက်ကြောင်းအကြံပေးရင်း
ရဲဘော်တဦး
Monday, June 1, 2009
မိုင် ၉၀၀ ခရီး၏ စတုတ္ထ နေ့ Fourth day of 900 miles
မိုင် ၉၀၀ ခရီး၏ စတုတ္ထနေ့ မှတ်တမ်းပါ၊ Fourth day of 900 miles Long March
လက်ရှိရောက်ရဲဘော်များ ဖြတ်သန်းနေရသော လမ်းခရီးမှာ လူများနှင့် အလွန်ဝေးခေါင်ပြီး လမ်းဘေးတလျှောက်မှာ လယ်ကွင်းနှင့် မြေကွက်လပ်များကိုသာ တွေ့နေရပါတယ်။
ရဲဘော်များ လက်ရှိချီတက်နေသော လမ်းခရီးမှာ လူသူများနှင့် ဝေးလံသော ဒေသနှင့် Internet access ရရန် ခက်ခဲသော နေရာများ ဖြစ်နေတာကို တွေ့ရပါတယ်၊ ဒါကြောင့် ရှေ့တန်းရဲဘော်များ သတင်းပြန်မပို့ နိုင်ချိန်မှာ သတင်းများကို စောင့်ပြီးဖတ်ကြပါလို့ တောင်းပန်ပါရစေ။
Sunday, May 31, 2009
တတိယနေ့ ခရီးစဉ် May 29' 2009 Third day of 900 miles Long March has reached to Ohio right now!
မိုင်ပေါင်း ၉ဝဝ ခရီးစဉ် Ohio ရောက်ပြီ မေလ ၂၉၊ ၂ဝဝ၉ သောကြာနေ့
နေ့စဉ် အလှူလုပ်သလို ကျွေးမွေးနေခဲ့တဲ့ ဇေတဝန်ကျောင်းက ထမင်းဝိုင်းတွေဟာ မိုင် ၉ဝဝ ခရီးရှည်ချီတက်နေတဲ့ ကျွန်ုပ်တို့အတွက် အလွန်ကြီးမားတဲ့ အားဆေးတွေဖြစ်ခဲ့ပါတယ်။ နှုတ်ဆက်ထွက်ခွာခဲ့တဲ့နေ့ရက်က လမ်းခရီးအတွက် ဦးကုသ ပေးလိုက်တဲ့ ရေပုလင်းနဲ့အချိုရည်ဗူးတွေဟာOhio State ထဲကိုလျှောက်ဝင်ခဲ့တဲ့ ကျွန်ုပ်တို့ခြေလှမ်းတွေကို များစွာခြေလှမ်းသွက်စေခဲ့ပါတယ်။ Fort Wayne မြို့က နိုင်ငံရေးမိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘပြည်သူတွေကို မိုင်ပေါင်း ၉ဝဝ လျှောက်နေတဲ့ ကျွန်ုပ်တို့ရဲ့ မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးတွေအတွက် ခရီးရှည်ချီတက်နေတဲ့ သမိုင်းစာမျက်နှာပေါ်မှာ ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါတယ်။ ဆန်၊ ဆီအပါအဝင် အခြား သောအစားအစာတချို့ ကူညီထောက်ပံ့သူတွေကိုလည်း ကျွန်ုပ်တို့ဘယ်တော့မှမမေ့နိုင်ပါ။
င်္Fort Wayne ကတော့ တကယ်ပါ။ တကယ့်ဘူမိနက်သန်ဖြစ်ခဲ့ရတဲ့ ကျွန်ုပ်တို့ရဲ့  မိုင်ပေါင်း ၉ဝဝ ခရီးစဉ်ထဲက မှတ်တိုင်သစ်တခုပါ။ ရဲဘော်တို့အားလုံးကိုလည်း ကျွန်ုပ်တို့ဘယ်သောအခါမျှ မေ့နိုင်တော့မည်မဟုတ်ပါ။ Welcome to Ohio ထဲရောက်ခဲ့ပါပြီ။ ဒီနေ့ US 30 E ပေါ်က နေပူရှိန် အလွန်ပူပြင်းလွန်းလှ၏။ အဝေးပြေး ကားလမ်းမပေါ်က တရှိန်းရှိန်းတောက်လောင်နေတဲ့ နေပူရှိန်ဟာ လမ်းမပေါ်မှာ တံလျှပ်တွေအဖြစ် မြင်နေရပါတယ်။ တချို့နေရာတွေမှာ လေတိုက်နှုန်း အလွန်ကြမ်းလေ၏။ ကြမ်းတော့မှာပေါ့ အတားအဆီးမဲ့တဲ့ကွင်းပြင်ကြီးတွေကို ဖြတ်တိုက်နေတာကိုး။ လေရှိန်ထဲမှာ ခွပ်ဒေါင်းအလံနှင့် ဗုဒ္ဓသာသနာ့အလံတော်ဟာ တလူလူလွင့်နေလေ၏။ လေမှာလွင့်နေတဲ့အလံကို ပြန်ထိမ်းရင်း လမ်းလျှောက်နေကြရတာကြောင့် ကျွန်ုပ်တို့ရဲ့ခွန်အားတချို့သည် ကုန်ခန်းသွားလေ၏။
နေ့လည် ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီ၊ ဗိုက်ကလည်းဆာ၊ ရေကလည်းငတ်။ US 30 E လမ်းကြောင်းပေါ်ကနေ
Ohio State ထဲက Lincoln ဟိုင်းဝေးလမ်း တွင် rest area မတွေ့ရ။ လမ်းကလည်း တဖက်ကို ကားတစီးစာသာ သွားလို့ရသည်။ ၅၅ မိုင်နှုန်းမောင်းခွင့်ပေးထားသော ထိုကားလမ်းတွင် ကားတွေက အရှိန်ဖြင့် မဆင်မခြင်ဖြတ်သွားလေ့ရှိသဖြင့် ကျွန်ုပ်တို့လမ်းဘေးကပ်၍ လျှောက်နေရ သည်။ လမ်းဘေးတွင်လည်း မြေကစောင်း နေပြန်သည်။ ခရီး လမ်းကြောင်း တလျှောက် သတင်းနှင့်ဓာတ်ပုံယူထားတဲ့ ရဲဘော် ကျော်ထွန်းကတော့ GPS သုံးပြီး ရှေ့ကို ကြိုကြည့်လိုက် ပြန်လာပြီးနေပူထဲကနေ သတင်းမှတ်တမ်းဓာတ်ပုံ ရိုက်လိုက် သူ့ခမျာလည်း တယောက်ထဲ အလုပ်ရှုပ်နေရှာသည်။
Lincoln ဟိုင်းဝေးလမ်းရဲ့  တနေရာမှာ ကျွန်ုပ်တို့ ရဲ့ သတင်းကားကိုမြင်တော့ အလွန်စိတ်ဝင်စားတဲ့ အိမ်းရှင် အမျိုးသား ၂ ဦးဟာ ကားကိုရပ်တားပြီး စိတ်ဝင်တစား မေးမြန်းတာကို ကြုံခဲ့ရတယ်။ ကျွုပ်တို့၏ ရှင်းလင်းပြောပြမှုအပြင် မြန်မာပြည် အကြောင်း စိတ်ဝင်စားတဲ့ အိမ်ရှင်အမျိုးသား ၂ ဦးဟာ ကျွန်ုပ်တို့ကို သူတို့ ရဲ့ အိမ်ရှေ့ အပင်းရိပ်အောက်မှာ ခေတ္တ နာစေပြီး သောက်ရေဘူးတွေပေးပါတယ်။
သင်တို့ တိုက်သော ရေတခွက်သည် ကျွန်ုပ်တို့၏ ခြေလှမ်းကို ရှေ့သို့တလှမ်းပို၍တိုးသွားစေသည်ဖြစ်အံ့။ သင်သည် ဒီမိုကရေစီရေးအတွက် သဲတပွင့်အုတ်တချပ်မက တန်ဘိုးရှိသွားပြီဟု မှတ်ယူပါ။ သင်က ကျွန်ုပ်တို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ တင်သွင်းမည့်စာအား ထောက်ခံ လက်မှတ် ထိုးလာသူဖြစ်အံ့။ သင်သည် ကျွန်ုပ်နိုင်ငံနှင့် လူမျိုးဒီမိုကရေစီရရှိရေး၊ မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ကြီးမားသော ပေးဆပ်မှု တခုကိုဆောင်ရွက်လိုက်သူဖြစ်လေ၏။ ထိုသို့ခံယူထားသော ကျွန်ုပ်တို့အား ယနေ့တွင် အမေရိကန်ဖြစ်သူ ၂ ဦးက တကူးတက ခေါ်၍ ရေအေးများ တိုက်သည်။ လိုလိုလားလား ထောက်ခံလက်မှတ်ရေးထိုးကြသည်။ ထိုဖော်ရွေသော အမေရိကန် ပြည်သူတို့အား ကျွန်ုပ်တို့ လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်ပါရစေ။ မှတ်တမ်းတင်ပါ၏။ ဂုဏ်ယူပါ၏။
ယဉ်ကျေးပျူငှာလှသော ထိုအမေရိကန်သား ၂ ဦးစလုံးနှင့် ကျွန်ုပ်တို့ ၆ ဦး ဓာတ်ပုံအမှတ်တရရိုက်ကာ နှုတ်ဆက်ထွက်ခွာရင်း ခရီးကို Lincoln ဟိုင်းဝေးလမ်းအတိုင်း ဆက်ကြရလေ၏။ ခြေထောက်နာရင်း၊ ရေငတ်ရင်း၊ တဦးနှင့်တဦး အားပေးကြကာ ရှေ့ သို့ ဦးတည်ကြရလေ၏။ ညနေ ၃ နာရီထိုးတော့မယ်၊ နေ့လည်စာထမင်းကို ဘယ်မှာစားရမည်မသိသေး။ ဘာဆိုင်မှမရှိ၊ ဘာနားစရာအရိပ်မှမတွေ့ ၊ အိမ်ခြေအလွန်နည်းသော Lincoln ဟိုင်းဝေးလမ်းမပေါ်မှာတော့ ကျွန်ုပ်တို့ ၆ ဦးနဲ့ မိုင်ပေါင်း ၉ဝဝ ခရီး။ ရှေ့ ပြေးသတင်းက ပြန်လှည့်လာသည်။ ဒီနေ့အတွက် ဦးတည်ထားသော ခရီးလမ်းဆုံးကို တွေ့ပြီဖြစ်ကြောင်းနှင့် နောက် ၁၅ မိနစ်ခန့်တွင် ထိုနေရာရောက်မည်ဟု လမ်းကြောင်းပေါ်က သတင်းသမား ရဲဘော်ကျော်ထွန်း သတင်းပို့လာသည်။ ကျွန်ုပ်တို့ အမော်ပြေရပါ၏။ သို့သော် ရေနှင့်ပြည့်နေပြီးဖြစ်တဲ့ ဗိုက်က ဆာရမည်ကို မတောင့်တတော့။
အခုတော့ ဒီကနေ့ရဲ့ ခရီးဆုံးမှတ်တိုင် Lincoln ဟိုင်းဝေးလမ်းနှင့် Tully-Harisson လမ်းခွဲဆုံရာ မိုင်ပေါင်း ၉ဝဝ အတွက် ၃ ရက်မြောက်ခရီးစဉ် အဆုံးသို့ ရောက်ခဲ့ပါပြီ။ သို့သော် ဒီနေ့ဘယ်မှာ စားရမည်၊ ဘယ်မှာအိပ်ရမည်းနည်း။ Van Wert County ဧရိယာထဲမှာမို့ Van Wert မြို့ထဲကိုတော့ အနည်းဆုံး သွားကြရပေမည်။ ကျွန်ုပ်တို့ အကူအညီမျှော်လင့်မိတာတော့ အမှန်ပါ။ သဘာဝပါ။ ဒါပေမဲ့ ဒီနေ့တော့ ကြုံရာမှာ အိပ်ရဖို့ ရှာရပေဦးမည်။ Ohio ထဲက သိသလောက် ဖုန်းတွေက Message တွေချည်း ဖြစ်နေသည်။ Message ပေးပြန်တော့လည်း reply က ပြန်မလာ။
ကျွန်ုတို့ ၆ ဦး Van Wwert မြို့ရဲ့ပန်းခြံတခုသို့ GPS အားကိုနှင့် သွား၍ နားလိုက်ကြသည်။ ကဲ အခုတော့ ကျွန်ုပ်တို့အားလုံး မြက်ခင်းပြင်ပေါ်မှာ ပက်လက်။
တင်ပြသူနှင့် သတင်းဓာတ်ပုံ (ရဲဘော် ကျော်ထွန်း)
မြန်မာများ ထကြွကြလော့!
ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ကြည့်ကြပါ၊ စစ်အစိုးရဟာ မြန်မာပြည်ကို သမိုင်းအသစ်ရေးနေပါပြီ၊ နောက်ထပ်ကျွန် သက်တမ်းကို ထပ်တိုးနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချနေပါပြီ
ဒါဟာ ကျုပ်တို့ ပြည်တွင်းပြည်ပက ပြည်သူတွေ စုစည်းမှုနဲ့ နိုင်ငံနှင့် ပြည်သူတွေ အပေါ်မှာထားတဲ့ စေတနာ လျှော့နည်းမှု တွေကြောင့်ပါ
မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခရီးရှည်ချီတက်ခြင်းနှင့် အစာငတ်ခံ ဆန္ဒ ပြပွဲ နိုင်ငံတကာ လှုပ်ရှားမှု ကော်မတီ (USA) မှ
ရဲဘော်တဦး
(အမေစု ပုံကို ရဲဘော် စောငို ရေးဆွဲနေချိန်မှာ ရိုက်ယူထားတာပါ)
Thursday, May 28, 2009
ဒုတိယနေ့ ခရီးစဉ် May 28' 2009 Second day of the Long March of 900 miles
မိုင်ပေါင်း ၉၀၀ ဒုတိယနေ့  (မေလ ၊ ၂၈ ၊ ၂၀၀၉)
U. S. 30 E အဝေးပြေးလမ်းမပေါ်က အမေရိကန်ပြည်သူတွေရဲ့ ကားဟွန်းသံဟာ ကျုပ်တို့ ရဲ့  ရင်ကို လွန်စွာ အေးမြစေခဲ့တယ်။ ဒီမိုကရေစီထွန်းကားတဲ့ မြေပေါ်က အမေရိကန်ပြည်သူတွေကို ကျုပ်တို့ လွန်စွာ လေးစားရပါတယ်။ နံနက် ၁၀ နာရီခန့် က ရွာလိုက်တဲ့ မိုးရေကြောင့် စွတ်စိုခဲ့တဲ့ ခန္ဓာကိုယ်ဟာ ကျုပ်တို့ ကိုယ်က အငွေ့ ပျံထွက်နေတဲ့ အနွေးဓာတ်ကြောင့် နေ့ လည် ၁၂ နာရီ လောက်မှာ အ၀တ်အစားတွေ ပြန်ခြောက် သွားခဲ့ရတယ်။
U. S. 30 E လမ်းကြောင်းပေါ်က ခြေလှမ်းတွေကတော့ အင်ဒီးယားနားပြည်နယ် (Indiana Sate) ရဲ့  ရှေ့ ဖက်မှာရှိနေတဲ့ အိုဟိုင်းအို ပြည်နယ်(Ohio State) ဆီသို့  ချီတက်နေဆဲပါ။
နံနက်စာ အနည်းငယ်သာစားပြီး တလမ်းလုံး ဗိုက်ဆာတိုင်း ရေကိုသာဖိသောက်နေခဲ့ကြလို့  ဗိုက်တွေလည်း ရေနဲ့ ပြည့်လို့  စာရမှန်းတောင် မသိတော့ပါဘူး။ နေ့ လည်စာကို ညစာနဲ့ တခါတည်း တပေါင်းတည်း စားကြရ တော့မှာပေါ့။
ဒီနေ့ တော့ ဒီနေရာမှာ ခရီးတထောက်နားကြရပေဦးမည်။
အချိန်က ညနေ ၂ နာရီ ၃၀ မိနစ်။
On the road U.S. 30 East.
သတင်းနှင့် ဓာတ်ပုံ (ကျော်ထွန်း)
အချိန်က ညနေ ၂ နာရီ ၃၀ မိနစ်။
On the road U.S. 30 East.
သတင်းနှင့် ဓာတ်ပုံ (ကျော်ထွန်း)
Wednesday, May 27, 2009
မိုင် ၉၀၀ ခရီး၏ ပထမ နေ့ ၊ May 27' 2009 First day of the Long March of 900 miles
မေလ ၂၇၊ ၂ဝဝ၉ယနေ့နံနက် ၉ နာရီ၊ ၉ မိနစ်တွင် Indiana Fortwayne ဇေတဝန်ကျောင်း၊ ငြိမ်းချမ်းရွှေပြည် ဓမ္မစေတီမှ နယူးယောက်မြို့၊ ကုလသမဂ္ဂံရုံးချုပ်ရှေ့အထိ “မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်ခြင်း”ခရီးစဉ်ကို စတင်လိုက်သည်။
နံနက် ၈ နာရီတွင် Fortwayne မြို့ ဇေတဝန်ကျောင်း၌ ဘုန်းတော်ကြီးဦးကုသလ၊ ဦးဝါသဝ၊ ဦးတိက္ခစာရ တို့ထံမှ ငါးပါးသီလခံယူကြကာ ပရိတ်တရားတော်များ နာကြားခြင်း၊ အောင်မောင်း ၇ ချက်တီးခြင်း၊ ငြိမ်းချမ်းရေး အတွက် ဆုတောင်းသစ္စာအဓိဌာန်ပြုခြင်း၊ အလေးပြုခြင်း ၃ ရပ်ဖြင့် အလေးပြုခြင်းများ ပြုလုပ်ကြပြီးနောက် ဤခရီးစဉ် ကို စတင်ခဲ့ကြသည်။
နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး (အမေအေး) ကလည်း အောင်အတိတ် အောင်နိမိတ်ကိုဆောင်သော အောင်သေပြေခက်ကို လက်ဆောင်အဖြစ်ပေးကာ ဦးဇင်းဦးကုသလနှင့် ဇေတဝန်ကျောင်းသံဃာတော်များက အောင်နိမိတ်ဂါထာတော်များ ရွတ်ဆိုပူဇော်ရင်း အောင်သပြေခက်ဖြင့် ရေစဉ်ပက်ဖြန်းမေတ္တာပို့ကြသည်။
ယနေ့ခရီးစဉ်တွင် မိုင်ပေါင်း ၉ဝဝ အစမှအဆုံးလမ်းလျှောက်ကြမည့် ရဲဘော်မောင်မောင်တိတ်၊ ရဲဘော်ကျော်ရှိန်၊ ရဲဘော်စောငို၊ ရဲဘော်မင်းရွှေဦး၊ ရဲဘော်ကဘောယူ နှင့် လမ်းတလျှောက် သတင်းနှင့် ဓါတ်ပုံ မှတ်တမ်း တင်သွားမည့် ရဲဘော်ကျော်ထွန်းတို့အပြင် တင်နင်ဆီပြည်နယ်မှ လာရောက်အားပေးခဲ့ကြသော ရဲဘော်ရဲဝင်း၊ ရဲဘော်ခရစ်၊ ရဲဘော်စောဖာဒါး၊ ရဲဘော်ကျော်ဇော (ဖလော်ရီဒါ)၊ Fortwayne ဒေသခံ ရဲဘော်ချစ်ဖွယ် အပါအဝင် ဆယ်ဦးတို့ ယနေ့ခရီးစဉ်တဝက်အထိ အင်အားဖြည့်လမ်းလျှောက်ခဲ့ကြသည်။
ခရီးစဉ်တလျှောက် စိတ်ဝင်တစား မေးမြန်းကြသည်များကို ပြန်လည်ဖြေကြားရင်း အမေရိကန် ခရီးသွား ပြည်သူတို့၏ ကားဟွန်းသံဖြင့်နှုတ်ဆက်ခြင်း၊ လက်များဝှေ့ရမ်း နှုတ်ဆက် အားပေးခြင်း များကို မြင်တွေ့ခဲ့ ကြရ သည်။ “မင်းတို့ပြည်သူတွေရဲ့ဘဝကို ဒို့နားလည်းတယ်၊ မင်းတို့အခုလိုလုပ်တာ ဒို့ဂုဏ်ယူ တယ်၊ ငြိမ်းချမ်းရေး အတွက် မိုင်ပေါင်း ၉ဝဝ လမ်းလျှောက်နေကြတာ ဒို့တကယ်ပဲ အံ့သြဂုဏ်ယူတယ်”ဟု ကားရပ်ပြီး အားပေးကြ သော ပြည်သူများကိုလည်း တွေ့ကြုံခဲ့ရသည်။
No comments:
Post a Comment