6.04.2009

မဲဆောက်မြို့ နယ်၄၄ကီလို မြန်မာအလုပ်သမား၄၀၀ ကျော်ဖမ်းဆီးခံရ နေအိမ်များကိုမီးရှို့ ဖျက်ဆီး


ဇွန်

ယနေ့ နံနက် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့  တောင်ဖက် ဖုဖရမြိုနယ် ကီလို ကျေးရွာများကို ထိုင်းစစ်တပ်မှ ၀င်ရောက်ဖမ်းဆီးပြီး အလုပ်သမားများ နေထိုင်ရာ အိုးအိမ်များကို ဖျက်ဆီးပြီး မီးတင် ရှိုခဲ့သည်။

ယနေ့နံနက် ၃နာရီခန့်က ထိုင်းနယ်ခြားစောင့် စစ်တပ်မှ ရာချီရှိသော စစ်သားများ ရောက်ရှိလာပြီး မြန်မာ အလုပ်သမားများ နေထိုင်ရာ ၄၂ကီလို ကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ၄၄ကီလို ကျေးရွာများရှိ မြန်မာအလုပ်သမား၄၀၀ ကျော်တို့အား ဖမ်းဆီးလိုက်သည်။

ထွက်ပြေး သွားသူများ၏ နေအိမ်အချို့ နှင့် ကျန်နေခဲ့သော အိုးခွက် ပန်းကန် အသုံးအဆောင် အပါအ၀င် အ၀တ်အထည် အားလုံးတို့ကို စုပြုံပြီး မီးတင်ရှို့ခဲ့ကြောင်း မျက်မြင်သက်သေ မယဉ်ဝင်းက ပြောသည်။ပြေးကြတာပေါ့ အိမ်သုံးလေးလုံး လောက်တော့ မီးရှို့ သွားတယ်။ အိမ် ၃၀ လောက် အဖျက်ဆီးခံရတယ်။ တွေသမျှစုပြီး ရှို့ ပါတယ်။ပြီးတော့ မွေးထားတဲ့ ကြက်အချို့ကိုလည်း ယူသွားကြတယ်။ အသက်၇၀ ၀န်းကျင် လူကြီး ၃ယောက်လောက်ပါတယ်။ ဗိုက်ကြီးသည်တွေရော ကလေးသေးသေးလေးတွေရော ။ အလုပ်အကိုင် အဆင်မပြေရတဲ့ ကြားထဲ ပူပင်သောက ဖြစ်ရတာပေါ့လေ။ ဗမာပြည်မှာ အဆင်မပြေလို့လာတာ ဒီမှာကလည်း မလုံခြုံ ကျမတိုတော်တော် အခက်ကြုံရပါတယ်''ဟု ပြောသည်။

အဆိုပါ ၄၂ ကီလိုတွင် မြန်မာအလုပ်သမားများ၏ ကလေးငယ်များ ပညာရေးအတွက် ကျောင်းဆရာ လုပ်နေသူ ကိုထိုက်သူအောင်က ၄၄ ရွာက ကျနော်တို့ ကျောင်းသား မူကြိုတန်း ကနေ ၄တန်းထိ ၁၂၀ ကျော် အားလုံး ဖမ်းသွားတယ်။ အနီးအနားမှာ ရှိသမျှ လူနေ၀င်းတွေကို ဖမ်းသွားပါတယ်။ လူလေးရာကျော်လောက် ရှိပါတယ်။ ဘတ်မရှိတဲ့အတွက် ဖမ်းမယ်ဆိုရင် ဖမ်းပေါ့ဗျာ။ ခုဟာက နေအိမ်တွေကို ဖျက်ဆီးတယ်။ မူကြိုကလေး သုံးလေးနှစ် အရွယ် တစ်ယောက်ဆိုရင် မိဘတွေမှာ ဘတ်ရှိတယ်။ အဖိုးအဖွားဆီမှာ သွားထားတာ အဖိုးအဖွား ကို ဖမ်းတာနဲ့ ကလေးကိုပါ ဖမ်းသွားတယ်။ မိဘက တောင်းပန်တာ မရဘူးဗျ။ အိမ်တွေကို ဖျက်ဆီးတာ။ အ၀တ်အစားတွေကို မီးရှို့ တာတွေက အရမ်းရက်စက်ရာ ကျပါတယ်''ဟု ပြောသည်။

နံနက် ၃နာရီကျော်မှစ၍ အကြမ်းဖက် ဖမ်းဆီးမှုမှာ နံနက် နာရီ ၀န်းကျင်လောက်ထိ ဖမ်းမိသော လူများကို ဖုဖရ မြိုသိုကားများဖြင့် ဆက်တိုက် သယ်ယူနေကြောင်း ပြောပြကြသည်။ အဆိုပါ ၄၂ ကီလို ရွာမှ မြန်မာ အလုပ်သမားများမှာ ပြီးခဲ့သောလပိုင်းက ယခုကဲ့သိုထိုင်းစစ်တပ်မှ လိုက်လံ မောင်းထုတ် ဖျက်ဆီးခဲ့သဖြင့် တောတောင်ထဲတွင် လချီ၍ ရှောင်တိမ်းနေထိုင်ခဲ့ကြသည်။ မိုးကျလာသဖြင့် ယခုမှ နေထိုင်ရာဝင်းများသို့ ပြန်လာခဲ့သည်မှာ ရက်ပိုင်းသာ ရှိသေးပြီး ယခု ထပ်မံ ဖမ်းဆီး ဖျက်ဆီးခြင်း ခံရခြင်း ဖြစ်သည်။

“စိုက်ပျိုးရာသီတွင် ယခုကဲသို့ မြန်မာအလုပ်သမားများကို လိုက်လံဖမ်းဆီးနေခြင်းမှာ ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေး ကို ထိခိုက်နစ်မှုများစွာ ဖြစ်စေနိုင်ကြောင်း ၄င်းသွားရောက် ဓါတ်ပုံရိုက်ချိန်တွင် တဲအိမ်များ မီးလောင်တုန်း ရှိသေးကြောင်း ထွက်ပြေးလွတ်မြောက်သွားသူများမှာ ပြန်လည် ရောက်ရှိ လာကြသော်လည်း နေအိမ် အသုံး အဆောင်များ မီးရှို့ ဖျက်ဆီးခံရသဖြင့် သောက များစွာဖြင့် ငုတ်တုတ်ထိုင်နေကြကြောင်း” မှတ်တမ်းဓါတ်ပုံ သွားရိုက်ခဲ့သူ ကျောင်းဆရာ ကိုညိုမောင်က ပြောသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment