8.24.2009

မူးယစ်ဆေးဝါးသယ်ဆောင်သူတစ်ဦး အချုပ်ထောင်ကိုဖေါက်ပြေး


သြဂုတ် ၈
မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြင့် အကျဉ်းကျနေသော ဒီကေဘီအေ တပ်ဖွဲ့ မှ ဗိုလ်ကြီးစောဝင်းအောင် နှင့် လူသတ်မှုဖြင့် အချုပ်ကျခံနေရသော ထိုင်းလူငယ်တစ်ဦးတို့ သည် ကန်ချနဘူရီ အချုပ်ထောင်မှ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။
အသက် ၃၉နှစ်အရွယ်စောဝင်းအောင်သည် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ် ဖေါက်ကားမှုဖြင့် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည်မှာ ၃လရှိခဲ့ပြီ ဖြစ်သည်။ သြဂုတ်လ ၇ရက်နေ့ ည ၁နာရီအချိန်တွင် ဓါတ်မီးကြိုးများကို အသုံးပြု၍ အချုပ်ထောင် တောင်ဘက် ခြံစည်းရိုးကို ဖေါက်ပြီး ထွက်ပြေးသွားကြောင်း တာဝန်ကျအစောင့်များက ပြောသည်။ ကျန်ရာဇဝတ်မှု အချုပ်သား ၉ဦး တို့မှာ အိပ်မောကျနေသဖြင့် မသိရှိလိုက်ကြောင်း ထွက်ဆို ထားသည်။
ကရင်ပြည်နယ် ဘားအံမြို့ ၊နောင်လုံရွာမှ သူငယ်ချင်းဖြစ် သူ မ----က(သူ့ကို ကန်ချနဘူရီမှာ စိတ်ကြွဆေး အလုံးရေ ၆၄ဝဝ ကိုတင်ပြီးတော့ ကိုယ်ပိုင်ကားနဲ့ သွားနေတဲ့အချိန်မှာ ဖမ်းမိတာပါ၊ ခြောက်လုံးပြူး သေနတ်တောင် မိတယ် ကြားတယ်၊ ဘတ်ငွေသုံးသိန်းအပြင် ကဒ်တွေရော ဘဏ်ကဒ်တွေ ရောမိတယ် ကြားတယ်၊ ကျမထက်တော့ နဲနဲ အသက်ကြီးပါတယ်၊ သူ့ မှာ မြဝတီမှာရော ကန်ချနဘူရီမှာပါ အိမ်တွေရှိပါ
တယ်၊ မြဝတီမှာ ကလေးနဲ့ သူ့မိန်းမလည်း ခုတော့ ရှောင်သွားပြီလို့ ကြားရတယ်)ဟု ရခိုင့်တံခွန်သို့ ပြောသည်။
အမှုလိုက်ရဲအရာရှိများက (စောဝင်းအောင်ဟာ ဒီကေဘီအေ အဖွဲ့ ကဖြစ်တယ်၊ သူ့ဘဏ်ကဒ်ထဲမှာ ဘတ် သန်း ၂ဝ လောက်တောင်ရှိတယ်၊သူတို့ လုပ်ရိုးလုပ်စဉ်ကို ကျနော်တို့ နားလည်ပေမယ့် တာဝန်ကျအစောင့်တွေက ဝန်မခံဘူးဖြစ်နေတယ်၊ ကျနော်တို့ ဘုရားသုံးဆူ ဘက်ကို သွားတဲ့လမ်းတွေကိုတော့ ပိတ်ဆီးပြီး စစ်ဆေး နေတယ်။ ဒီကောင်က တော်တော်လည်တဲ့ လူဖြစ်တယ်၊ တပည့် တပန်းတွေလည်း အများကြီးရှိတယ်လို့ ထောင်မှူး နိုင်ဖထစ်ကန်ဖွန် ကို စစ်ဆေးလို့ သိရတယ်) ဟု ဒေးလီးနယူးတွင်ဖေါ်ပြထားသည်။
ထောင်တာဝန်ကျ အစောင့်များနှင့် ကျနေခဲ့သော ရာဇဝတ်အကျဉ်သားများကို စစ်ဆေးမေးမြန်းသော်လည်း
လွှတ်ပေးလိုက်သလား။ ၄င်းတို့ ကိုယ်တိုင် ဖေါက်ပြေးသွားခြင်းလား။ ဖြစ်စဉ် အတိအကျကို ဖေါ်ထုတ်မရသေး
ကြောင်း အမှုလိုက်အရာရှိ ပြောဆိုချက်ကို ထိုင်းဘာသာဖြင့်ထုတ်ဝေသော ဒေးလီးနယူးသတင်းစာတွင်ဖေါ်ပြ
ထားသည်။

No comments:

Post a Comment