8.12.2010

ပုဇွန်ကန်အလုပ်သမား ရေဒလက်တွင် ကပ်ငြိသေဆုံး

သြဂုတ် ၁၁
ယမန်နေ့ ညက ထိုင်းနိုင်ငံတောင်းပိုင်း ဖန်ငခရိုင် တကွန်ပါကျေးရွာ တဖက်ကမ်းရှိ ရေလယ်ကျွန်း ပုဇွန်ကန်
တစ်ခုတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမားတစ်ဦးေ၇ဒလက်တွင် ငြိပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ အသက်၃၁ နှစ်အရွယ် ကိုအောင်ခိုင်မှာ ထိုင်နိုင်ငံသို့ ရောက်ရှိပြီး၎လအ
ကြာတွင် ယခုကဲ့သို့ ဖြစ်ဆိုးနှင့် ကြုံကြိုက်ခဲ့ရကြောင်း နာရေးကူညီ လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦးကပြောသည်။ 
“နေနစ်ပြီး သေနေတာပေါ့ သန်းခေါင်ကျော် ၃နာရီလောက်ကတည်းက သေနေတယ်လို့ ယူဆကြတယ်။ သူဌေးက ကောင်းတဲ့သူဌေးဆိုပြီး နာမည်ကျော်တဲ့သူပါ။ နာရေးအတွက် အစစအရာရာကူ ညီပေးပါတယ်။ သေဆုံးမှုအတွက်တော့ ဘာလုပ်မလဲ မသိသေးဘူးပေါ့နှော်”ဟု ပြောသည်။
သေဆုံးသူတွင် အဒေါ်တစ်ဦးရှိသော်လည်း အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း စကားပြောခွင့် မကြုံခဲံ့ပါ။
အလောင်းကို တကွန်ပါဘုန်းတော်ကြီးကျောင်းတွင် ထားရှိထားပြီး၊ နက်ဖြန်တွင် သဂြိုဟ်မည်ဖြစ်ကြောင်း အလုပ်သမားများက ပြောပြကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment