8.12.2010

တကွန်ပါအကျဉ်းထောင် မြန်မာအမျိုးသမီး အကျဉ်းသူများအတွက် ၂၉လက္မ ရုပ်မြင်သံကြားစက် လှူဒါန်း

သြဂုတ်လ ၁၁
ထိုင်းဘုရင်မကြီးမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးနှင့် လူ့အခွင့်အရေး တိုးတက်မြှင့်တင်ရေး ဖေါင်ဒေးရှင်း FED က LGအမျိုးအစား ၂၉လက္မ့ ရုပ်မြင်သံကြား တစ်လုံးနှင့် ခြင်းလုံးများအပါအ၀င် အခြားအစားအစာနှင့် အသုံးအဆောင်များကို ဖန်ငခရိုင် တကွန်ပါအကျဉ်းထောင် အမျိုးသမီးဆောင်သို့ သွားရောက် လှူဒါန်းခဲ့သည်။
ယမန်နှစ်က အဆိုပါ အကျဉ်းထောင်အတွင်းရှိ မြန်မာအမျိုးသားများနေထိုင်သည့်အဆောင်သို့ ရုပ်မြင် သံကြား စက်တစ်လုံး လှူဒါန်းခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ အဆိုပါ အကျဉ်းထောင် အတွင်းသို့ အာဏာပိုင်များ၏ ခွင့်ပြုချက်အရ ၂လတစ်ကြိမ်၊ သို့မဟုတ် လစဉ် အနည်းဆုံး တစ်ကြိမ်စီ ထောင်ဝင်စာ သွားတွေ့ခွင့်၇ရှိခဲ့ပြီး ယခုလတွင်မူ၂ကြိမ်တိုင်တိုင် တွေ့ ခွင့်ရပြီးဖြစ်ကြောင် ယနေ့လှူဒါန်းမှုကို ကိုယ်တိုင်သွားရောက်ခဲ့သူ FED လက်ထောက်ဒါရိုက်တာ မပိုပို က ပြောသည်။
“နက်ဖြန်ဆို ထိုင်းဘုရင်မကြီးမွေးနေ့ လေ။ ထိုင်းလူမျိုးတွေဟာ အကျဉ်းကျနေသူတွေနဲ့ လွတ်လွတ်လပ်လပ်
တွေ့ ခွင့်ရကြတယ်၊ ဒီလိုအခွင့်အေ၇းမျိုး ရွေ့ပြောင်း မြန်မာအလုပ်သမားတွေမှာ မရနိုင်ဘူးလေ။ ကျမတို့က
ပဲ မိသားစုအရာကနေ၀င်ပြီးတော့ အားပေးနေတာပေါ့နှော်။ ကျမတို့ကို ဒေသဆိုင်ရာ ထောင် အာဏာပိုင်တွေက နားလည်မှုပေးပြီးတွေ့ ဆုံခွင့်၇တာကြောင့် အကျဉ်သားတွေနဲ့ မိသားစုတွေကို ပြန်လည် ဆက်သွယ်ပေးနိုင်တယ်။ အကျဉ်းသားတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အချက်အလက်တွေကို ကျမတို့က ထောင်အာဏာပိုင်တွေကို တင်ပြခွင့်ရတယ်လေ မြန်မာ အလုပ်သမား အကျဉ်းသားတွေအတွက် အထူး ကောင်းတာပေါ့နှော်၊ ကျမတို့နိုင်ငံသားတွေကို ခုလို ပြုစုစောင့်ရှောက်ခွင့်ပြုတဲ့ ထိုင်းအာဏာပိုင်တွေကို အထူးကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
အဆိုပါအကျဉ်းထောင်တွင် အကျဉ်းကျနေရသည် လူများအားလုံးမှာ ထောင်ဝတ်စုံဝတ်ဆင်ထားရပြီး တံခါး ပိတ်ထားသော အဆောင်အတွင်း နေထိုင်ရသော်လည်း အားကစားလုပ်ခွင့်၊ စာဖတ်ခွင့်၊ စာရေးခွင့်နှင့်
သန့်ရှင်းသော အစားအစာ၊ ကျမ္မာရေးစောင့်ရှောက်မှုတို့ ကို အပြည့်အ၀ရရှိကြသည်။
ပြီးခဲ့သည့်လက အဆိုပါ အကျဉ်းထောင်အတွင်း မြန်မာအကျဉ်းသားပေါင်း လေးဆယ်ကျော် ရှိသော်လည်း၊ ယခုလတွင် သုံးဆယ်ကျော်သာရှိသည်။ မြန်မာအမျိုးသမီး အကျဉ်းသူလည်း တစ်ယောက်သာရှိတော့သည်။
အဆိုပါ အကျဉ်းထောင်တွင်၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ သစ်ခိုးခုတ်မှု၊ လူသတ်မှုနှင့် မူးယစ်ဆေးဝါးမှုတို့ဖြင့် မြန်မာများ ထောင်သွင်းအကျဉ်းကျ ခံရေခြင်းဖြစ်သည်။ နိုင်ငံရပ်ခြားတွင် ပြစ်မှုအမျိုးမျိုးဖြင့် အကျဉ်းကျနေ ကြရသော်လည်း FED၏ ကူညီစောင့်ရှောက်မှုကို ခံနေကြရသဖြင့် မြန်မာအကျဉ်းသားမှာ ခွန်အားဖြစ်ရကြောင်း ပြောဆိုကြသည်ဟု သွားရောက်တွေ့ ဆုံခဲ့သူများက ပြောသည်။ ယနေ့တွင် အဆိုပါ အကျဉ်းထောင်သို့ လက်ထောက်ဒါရိုက်တာ မပိုပို နှင့် အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေအပါအ၀င် ၀န်ထမ်း ၆ဦးသွားရောက်တွေ့ ဆုံခဲ့ကြောင်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment