8.12.2010

အင်းစိန်ထောင်တွင်းတွင် သီတဂူဆရာတော် တရားဟောမည်

သီတဂူဆရာတော်အရှင်ဥာနိဿရသည် လာမည့် သြဂုတ်လ ( ၂၁ ) ၇က်နေ့ တွင် အင်းစိန် အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား ၈၅၅၀ ဦး နှင့် အင်းစိန်အကျဉ်းထောင် အတွင်းရှိ ၀န်ထမ်း ၆၀၀ နီးပါးခန့်ကို ဒန်ပေါက်နှင့် ကြက်သား ကျွေးမည်ဟုသိရသည်။

၎င်းဒန်ပေါက်နှင့် ကြက်သားအပြင် သရက်သီးသနပ်၊ ငါးပိကြော်၊ ပန်းသီး၊ ငှက်ပျောသီး များကိုပါ ကျွေးမွေး သွားမည်ဟု သတင်းရရှိပါသည်။

ထို့အပြင် အကျင်းသား ၈၅၅၀ ဦး ၏ လိုအပ်သော မြန်မာနှင့် အင်္ဂလိပ်ဆေးဝါးများအပြင်၊ ဆပ်ပြာ၊ ကော်ဖီမစ်နှင့် တီးမစ် များကိုပါ လှူဒါန်းသွားမည်ဟု သတင်းရ ရှိပါသည်။

အင်းစိန်အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား ၈၅၅၀ ဦး နှင့် အင်းစိန်အကျဉ်းထောင် အတွင်းရှိ ၀န်ထမ်း ၆၀၀ နီးပါးခန့် ကို ဒန်ပေါက်နှင့်ကြက်သား ကျွေးပြီးသည့်အခါ၊ သီတဂူ ဆရာတော်အရှင်ဥာနိဿရ သည် အင်းစိန်အကျဉ်းထောင် အတွင်းရှိ သတ်မှတ်ထားသော နေရာတွင် တရားပွဲ ကျင်းပပြီး တရားဒေသနာ ဟောကြားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment