8.22.2010

အိမ်ဖေါ်အမျိုးသမီးက အိမ်ရှင်ထိုင်းအမျိုးသမီးကြီးအားသတ်ပြီး ထွက်ပြေးဟု ထိုင်းရဲကစွတ်စွဲ

Photobucket

သြဂုတ် ၂၂
ထိုင်းဘာသာပြန်။ ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ဘန်ကောက်မြို့ ဖနခေါနယ်မြေ၊ ဘူဖာအဖိလုမ်းရပ်ကွက်၊ ကျလွန်ကုန်လမ်း၊ ၃ထပ်၊ အိမ်အမှတ် ၂၁ /၄တွင် နေထိုင်သည့် အသက် ၇၂ နှစ်အရွယ် မာလီ ဆိုသည့် ထိုင်းအဖွားကြီးအား ခြေလက်တို့ကို ကြိုးတုတ်ပြီး အသက်ရှု မွန်းကြပ်မှုဖြင့် သေဆုံးနေခြင်းမှာ မြန်မာအိမ်ဖေါ်အလုပ်သမ မရီ၏ လက်ချက်ကြောင့် ဖြစ်နိုင်ကြောင်း ယမန်နေ့ ညနေပိုင်းထုတ် ထိုင်းသတင်းစာများတွင် ရေးသားထားသည်။
အသက်၇၂ အရွယ် ထိုင်းအမျိုးကြီးအား လုပ်ကြံပြီး ပစ္စည်းအချို့ လုယူထွက်ပြေးသွားသည်ဟု စွတ်စွဲ ခံရသည့် မြန်မာအိမ်ဖေါ် အလုပ်သမ အသက်၂၃နှစ်အရွယ်ရှိ အရီမှာ ထွက်ပြေးနေကြောင်း ဖလချဝမ် ရဲစခန်း တာဝန်ရှိသူများက ပြောသည်။ ထိုင်းအိမ်ရှင်အမျိုးသမီးကြီးမှာ ၂၁ ရက်နေ့ နံနက်ပိုင်းက သေဆုံးနေပြီး ရဲများမရောက်ခင် ၆နာရီခန့် အကွာက သေဆုံးနေကြောင်း ရေးသားထားသည်။
INN၊ ခေါင်လတ်နှင့် ထိုင်းရပ်သတင်းစာ ၃စောင်တို့တွင် သေဆုံးနေသည့် အလောင်းတွင် ရိုက်နှက် ထုထောင်းထားသည့် ဒဏ်ရာတစ်ခုမှမရှိသဖြင့် အသက်ရှုမွန်းကြပ် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်း ရေးသား ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမများ အိမ်ဖေါ်လုပ်ငန်းတွင် အမြောက်အများ လုပ်ကိုင်လျှက်ရှိကြသည်။
ထိုင်းအိမ်ရှင်အချို့က အိမ်ဖေါ် အလုပ်သမငယ်များအား သေနတ်ဖြင့် ပစ်သတ်ခြင်း၊ လည်ပင်း ညှစ်သတ်ခြင်း၊ အဆိပ်ခပ်သတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လုပ်အားခမပေးပဲ ထားခြင်းနှင့် အဓ္ဓမ ပြုကျင့်ခြင်းများ ရှိကြသည်။ အလားတူ အချို့ အိမ်ဖေါ်အလုပ်သမ အချို့လည်း အိမ်ရှင်၏ ပစ္စည်းများကို လုယက်ခိုးယူ ထွက်ပြေးခြင်း၊ သတ်ဖြတ်ပြီး ထွက်ပြေးခြင်းမျိုးလည်း ရှိတတ်သည်။

No comments:

Post a Comment