8.22.2010

လူငယ်များအင်အားစုများ၏ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အကြိုလှုပ်ရှားမှု

20.8.2010 ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသော ကျောင်းသား၊ လူငယ်များ အင်အားစုများက ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အကြို လှုပ်ရှားမှုအဖြစ် စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စ်ကတ်ဒ်နှင့် ဓါတ်ပုံများကို ရန်ကုန်တိုင်း အတွင်းတွင် ရှိသော ဘုန်းတော်ကြီး စာသင်တိုက်များကို အဓိကထား၍ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။ ၄င်းလှုပ်ရှားမှုကို အဆိုပါ ကျောင်းသား အင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော သံဃာတော် အရှင်သူမြတ် အချို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား လူငယ်တစ်ဦးက ပြောကြားခဲ့သည်။ "ရန်ကုန်တိုင်းအတွင်းမှာ ပါဝင်တဲ့ လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ်နှင့် သန်လျင်မြို့နယ် တို့မှာရှိတဲ့ စာသင်တိုက်တွေကို အဓိကထားပြီး ဖြန့်ဝေခဲ့ပါတယ်။ စာသင်တိုက်တွေကို အဓိကထားဖြန့် ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့  2010 ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ချောက်ကမ်းပါးကို တွန်းပို့မယ့် ကိစ္စတစ်ခုပါ ဆိုတဲ့ messageကို စာသင်သား သံဃာတော်တွေက တစ်ဆင့် သူတို့ ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကို ရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဖြန့်ဝေတဲ့ ပို့စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်း စစ်ဖြစ်အောင် ပြုလုပ်မယ့် 2010ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ တရားဝင် စစ်ကျွန်ဖြစ်စေမယ့် 2010ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ ရွေးကောက်ပွဲမှာ မဲမထည့်ပဲ နေတာဟာလဲ ပြည်သူတွေရဲ့ ကိုယ်ပိုင် အခွင့်အရေးပဲ ဆိုတဲ့ စာသားတွေရယ် ရေးထားပါတယ်" ဟု အဆိုပါ ကျောင်းသားလူငယ်မှ ပြောကြားသွားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း တက်ကြွ လှုပ်ရှားနေသော ကျောင်းသားလူငယ်များ
အီမေးမှ ပေးပို့လာခြင်း ဖြစ်ပါသည်။ 

No comments:

Post a Comment