9.25.2008

Thousands still jailed one year after Saffron Revolution

Thursday, 25 Sep 2008 08:55
12 months on from Saffron Revolution, more than 2,000 political prisoners still in Burma, human rights groups warn

In Focus

One year on from the brutal crackdown of the largest anti-junta protests in Burma this century, aid groups have urged the international community not to forget the thousands of prisoners of conscience still languishing in jail.

Twelve months ago to the day the Burmese army was deployed to streets in major cities across the country in response to demonstrations that began in protest at fuel price rises.

Thousands were detained as a curfew was imposed, with the junta admitting that nine people – including Japanese photojournalist Kenji Nagai – died in the crackdown.

But international observers said the death-toll was likely to be much, much higher.

On the eve of the crackdown Amnesty International UK said there were 1,150 political prisoners in Burma, but that the figure now stands at 2,100.

The human rights group says it has "grave concerns" over their chances of release and accuses the UN's special advisor Ibrahim Gambari of achieving nothing other than 'implicit endorsement' of the Burmese regime in his several missions to the country.

Saffron Revolution timeline (source: Amnesty International UK)

August 15th 2007: Burmese government increases the cost of fuel as petrol and diesel double in price, while gas goes up fivefold

August 19th: 400 people march in Rangoon in the largest Burmese demonstration of the century

September 5th: Monks join the protests after a peaceful rally is broken up in Pakokku

September 17th: Monks take to the streets in their thousands in the main cities and towns after no apology is offered for the three monks injured in the Pakokku rally as the Saffron Revolution phrase is first coined

September 21st: The Alliance of All Burmese Buddhist Monks emerges to organise the protests as the military is dubbed "the enemy of the people"

September 24th: The protests' largest march takes place in Rangoon as National League for Democracy activists join the demonstrations in larger numbers

September 25th: The government crackdown begins as a curfew is imposed and hundreds of troops are deployed

September 26th: Television pictures show police using baton charges and tear gas as protestors are attacked and dissidents – including monks – are rounded up and detained

September 27th: The junta admits killing nine people, including Japanese photojournalist Kenji Nagai

In the build up to the anniversary, any commemoration of which will be suppressed by the junta, military chiefs arranged the release of seven political prisoners, including 78-year-old U Win Tin – one of the country's longest-serving prisoners of conscience.

Amnesty International's Burma researcher Benjamin Zawacki welcomed the seemingly unconditional release - U Win Tin had spent the last 19 years in jail – but reiterated that more than 2,000 prisoners of conscience still remained in custody.

"The release of these seven political prisoners is most welcome," he said. "But this is not – and cannot be seen as – an end in itself, only the beginning."

Mr Zawacki told inthenews.co.uk that the source of last year's protests – increases in fuel prices – gave hope to anti-junta movements.

"Economic mismanagement with political persecution, that's a real recipe for change," he explained.

"But when and how is very difficult to predict."

Bomb in Rangoon near the City Hall မြို့တော်ခန်းမအနီးဗုံးပေါက်ကွဲ



Bomb blasts in Rangoon near City Hall, one died PDF Print E-mail
Mizzima News
Thursday, 25 September 2008 11:44

An explosion has occurred in downtown Rangoon, in front of the City Hall and near the popular Bandoola Park at around 10:40 a.m. (local time) on Thursday morning.

An eyewitness said one died and at least three people were injured from the explosion, which is believed to have been from a bomb.

A restaurant owner near Bandoola Park said he heard the explosion, which occurred at the bus stand in front of the park, and saw at least three injured people. However he could not say whether it was the result of a bomb or not.

"I heard a loud explosion, and when I rushed to see, I saw about three people injured," the restaurant owner said.

He said police immediately arrived on the scene and cordoned off Maha Bandoola Street in front of the park.

However the Kyuaktada Police, when contacted by Mizzima, said, "We heard the loud explosion, but we are not sure whether it was a bomb or not, we are still investigating the incident."

ရန်ကုန်
စက်တင်ဘာ ၂၅၊၂၀၀၈
မြို့ တော်ခန်းမ အနီး မင်္ဂလာဒုံသို့ သွားမည့်ကားဂိတ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိပါတယ်။

ယနေ့နံနက်၁၀ နာရီ ၄၅ မိနစ်ခန့်က မြို့တော်ခမ်းမရှေ့မဟာဗန္ဓုလမ်း ပန်းခြံဘေး ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီးပန်းခြံ ခြံစည်းရိုး လဲကျသွားအထိ ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး လူ (၆) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုသိရပါသည်။


(ပြည်တွင်းမှသတင်းပေးပို့ချက်ဖြစ်ပါသည်။)

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 11:37 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့လယ် မြို့တော်ခန်းမအရှေ့ ဗန္ဓုလပန်းခြံအနီး ပေါက်ကွဲမှုတခု မြန်မာစံတော်ချိန် နံနက် ၁၀း၄၀ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု ယုံကြည်ရပြီး လူ ၁ ဦးသေဆုံးကာ အနည်းဆုံး ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။

မဟာဗန္ဓုလ ပန်းခြံအနီးရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးက ပေါက်ကွဲသံတခု ကြားခဲ့ကြောင်းနှင့် ပန်းခြံရှေ့ဘက် ဘတ်စ်ကားမှတ်တိုင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး အနည်းဆုံး လူ ၄ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ပြောသည်။

"ပေါက်ကွဲသံကြီး ကြားလိုက်ရတယ် ပြီးတော့ လူတွေတအုံးအုံးနဲ့ သွားကြည့်ကြတာပေါ့။ ကျနော်မြင်တာ ဒဏ်ရာရတဲ့ လူတွေ" ဟု သူက ပြောသည်။

အခင်း ဖြစ်ပွားရာသို့ ရဲများ ချက်ခြင်းရောက်ရှိလာပြီး ဗန္ဓုလလမ်းကို ပိတ်ဆို့လိုက်သည်။

ကျောက်တံတား ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။ ဒါပေမယ့် ဗုံး ဟုတ် မဟုတ် မသေချာဘူး။ စုံစမ်းနေတုံးပဲ" ဟု ပြောသွားသည်။

U Win Htein re-arrested after release



Sep 24, 2008

National League for Democracy member U Win Htein, who was released from Katha prison yesterday as part of a government amnesty, has been re-arrested, according to sources close to his family.

Win Htein was arrested this morning and sent back to Katha prison. His family was informed of his arrest and told to come to Katha from Mandalay, where they had hoped to meet him. An unnamed official from Katha prison confirmed that Win Htein was back in the prison, but did not give a reason for his arrest. Win Htein, 67, a former captain in the army, was sentenced to 14 years� imprisonment on 21 May 1996 and was released yesterday. He had previously been imprisoned from 1989 to 1995. During his two prison terms, he spent more than a year in Katha prison, another year in Mandalay and nine years in Myingyan.

9.24.2008

အဖိနှိပ်ခံ မြန်မာလူထု လွတ်မြောက်ရေး ကုလသမဂ္ဂက ပိုကြိုးပမ်းသင့်ဟု သမ္မတဘုရှ် တိုက်တွန်း

24 September 2008



U.S. President George W. Bush addresses the 63rd session of the United Nations General Assembly Tuesday, Sept. 23, 2008.AP
သမ္မတဘုရှ် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်။
စက်တင်ဘာ ၂၃၊ ၂၀၀၈။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်
သမ္မတအဖြစ် နောက်ဆုံးပြောတဲ့မိန့်ခွန်းလို့
ခန့်မှန်းနိုင်တဲ့ သမ္မတဘုရှ်ရဲ့ မိန့်ခွန်းထဲမှာ မြန်မာ
နိုင်ငံအကြောင်း အပါအ၀င် အကြမ်းဖက်မှု
တိုက်ဖျက်ရေး၊ နျူကလီးယားလက်နက် မပြန့်
ပွားရေးနဲ့ လက်ရှိ အမေရိကန် ဘဏ္ဍာရေး
အကျပ်အတည်းတွေကို အလေးထားပြောဆိုခဲ့ပါ
တယ်။

ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အထွေထွေညီလာခံ
မှာ အင်္ဂါနေ့က သမ္မတဘုရှ် မိန့်ခွန်းပြောကြား
တာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ နျူကလီး
ယားလက်နက် မပြန့်ပွားရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ညီညီညွတ်ညွတ်
လုပ်သွားကြဖို့ တိုက်တွန်းခဲ့သလို အမေရိကန်မှာ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး
အကျပ်အတည်းတွေကို အမေရိကန်အစိုးရနဲ့ ကွန်ဂရက်စ်လွှတ်တော်တို့က ကိုင်တွယ်
ဖြေရှင်းသွားမှာဖြစ်တယ် ဆိုတာကို သမ္မတဘုရှ်က အဓိကပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံ အပါအ၀င် တခြားနိုင်ငံတွေက
လူ့အခွင့်အရေးတွေ တိုးတက်လာရေးအတွက် ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့
ဆောင်ရွက်သင့်တာကိုလည်း သမ္မတဘုရှ်က ခုလိုပြောခဲ့ပါတယ်။

"၂၁ ရာစုမှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စွမ်းဆောင်နိုင်မှုအပေါ် ကမ္ဘာကြီးရဲ့ ယုံကြည်မှုရှိဖို့
လိုအပ်လာပါတယ်။ အောင်မြင်မှုတွေ၊ ပိုမိုကောင်းမွန်လာတဲ့ ဆောင်ရွက်မှုတွေအပေါ်
မှာ အခြေခံထားသင့်တဲ့ အဖွဲ့ကြီးမှာ အုပ်ချုပ်ရေးပိုင်းအရ အမှားတွေရှိရင်လည်း
ပြင်ဆင်ရမှာဖြစ်ပါတယ်။

"ဥပမာအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့သူတွေကို ပုံမှန် အကာအကွယ်ပေး
နေတဲ့ လူ့အခွင့်အရေးကောင်စီကို အမြန်ဆုံး ပြန်လည်သုံးသပ်သင့်ပါတယ်။ နှစ်ရှည်
လများ ဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ကြိုပမ်းမှုတွေကို
ဒီ့ထက်ပိုပြီး အားထုတ်ဆောင်ရွက်သင့်ပါတယ်။"

အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ပါလက်စတိုင်း ပိုင်နက်ဒေသ၊ တခါ ယူကရိန်းနဲ့
လိုက်ဘေးရီးယားနိုင်ငံတွေမှာ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်လာကြဖို့အတွက်လည်း
အားပေးထောက်ခံကြဖို့ သမ္မတဘုရှ်က တိုက်တွန်းခဲ့ပါတယ်။ ရုရှနိုင်ငံဘက်ကနေ
သြဂုတ်လမှာ ၀င်ရောက်ကျူးကျော်ခံခဲ့ရတဲ့ ဂျော်ဂျီယာနိုင်ငံက ပြည်သူတွေနဲ့ တသား
ထဲရှိကြဖို့ကိုလည်း သမ္မတဘုရှ်က တောင်းဆိုခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့တော့ ကုလသမဂ္ဂ အပါအ၀င် တခြား ကမ္ဘာ့
အဖွဲ့အစည်းတွေအနေနဲ့ ဖြစ်လာပြီးမှ ဆုံးဖြတ်ချက်ချမှာထက် ကြိုတင်ကာကွယ်ရေး
တွေလုပ်ဖို့ အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နိုင်ငံစုံပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့
စိတ်ဓာတ်ရေးအရ တညီတညွတ်တည်း တုံ့ပြန်သင့်ပါတယ်။ အပြစ်မဲ့သူတွေအပေါ်
တမင်သက်သက် တိုက်ခိုက်တာကိုတော့ ဘယ်လိုနည်းနဲ့မှ ခြွင်းချက်ပေးလို့ မရပါဘူး။
အသေခံဗုံးခွဲတာ၊ ဓားစာခံတွေကို ဖမ်းဆီးထားတာ၊ ပြန်ပေးဆွဲတာ စတဲ့လုပ်ရပ်တွေ
ဟာ ဘယ်လိုမှ တရားမ၀င်ဘူးဆိုတာကို အခု အထွေထွေညီလာခံမှာ တက်ရောက်နေ
ကြတဲ့ နိုင်ငံအများစုက လက်ခံထားကြပါတယ်။"

ကုလသမဂ္ဂအဖွဲ့နဲ့ Global Fund အဖွဲ့ကြီးတို့ ဆောင်ရွက်နေကြတဲ့ အာဖရိကတိုက်နဲ့
တခြားဒေသတွေက အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး
လုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံက ဒေါ်လာဘီလီယံနဲ့ချီ ထောက်ပံ့ခဲ့တာကိုလည်း
သမ္မတဘုရှ်က အလေးထားပြီး ပြောခဲ့ပါတယ်။ ထို့အတူ တခြားနိုင်ငံတွေကလည်း
ထောက်ပံ့မယ်လို့ ပြောထားတဲ့ ကတိတွေအတိုင်း အကောင်အထည်ဖော်ကြဖို့ကိုလည်း
အမေရိကန်သမ္မတဘုရှ်က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းထဲမှာ တိုက်တွန်း
သွားပါတယ်။

နယူးယောက်ခ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားပြီး
တက်ရောက်တဲ့ သမ္မတဘုရှ်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ သီးသန့်
တွေ့ဆုံတဲ့အခါ အလေးထားဆွေးနွေးကြမယ့် ကိစ္စရပ်တွေထဲမှာ မြန်မာ့အရေးကိုလည်း
ထည့်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။

မနေ့ အင်္ဂါနေ့ကတော့ သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ် (Laura Bush)
တို့ဟာ မြန်မာနိုင်ငံက သံယာတော်တပါး အပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံက လူ့အခွင့်
အရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံပြီး နေ့လယ်စာ စားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်
ရွှေဝါရောင်လှုပ်ရှားမှုတုန်းက သံယာ့ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် လှုပ်ရှားခဲ့သူ
အရှင်ကောဝိဒဟာ အမေရိကန်သမ္မတရဲ့ ဖိတ်ကြားခံရတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်
ဆရာတော်ကိုဆက်သွယ်ပြီး တွေ့ဆုံပွဲမှာ ဘာတွေပြောပြခဲ့သလဲလို့ မေးတဲ့အခါမှာ
ဆရာတော် အရှင်ကောဝိဒက အခုလိုမိန့်ပါတယ်။

"မြန်မာစစ်အစိုးရဟာ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး။ ၁၉၉၀ ခုနှစ်
မှာ ရွေးကောက်ထားတဲ့ အန်န်အယ်လ်ဒီပါတီအပေါ် လျစ်လျူရှုပြီး ၂၀၁၀ ခုနှစ်မှာ
ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး လုပ်နေကြတယ်။ ဒါတွေကို အသိအမှတ်မပြုဖို့ ဦးဇင်း
တောင်းဆိုပါတယ်။

"နောက်တခုက ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာခုံရုံးမှာ နအဖစစ်အစိုးရကို အရေးယူဖို့
တောင်းဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကလုံးဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး
ပြည်သူတွေကို အကြောင်းမကြားတာ၊ သူတို့သိလျက်သားနဲ့ ပြည်သူတွေကို အကြောင်း
မကြားဘူးဆိုတာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်တယ်။

"ဆိုင်ကလုံးဖြစ်ပြီးနောက်ပိုင်းမှာလည်း ပြည်သူတွေက နေရေးထိုင်ရေး၊ စားရေး
သောက်ရေးတွေက အရမ်းခက်ခဲနေတယ်။ အဲဒါတွေ ဦးဇင်းတင်ပြပါတယ်။ ပြီးတော့
UN Security ကလည်း ဦးဇင်းတို့ မြန်မာပြည်သူတွေအတွက် အခုအချိန်မှာ အင်မတန်
ရွံမုန်းစရာ ဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘာရီကလည်း မြန်မာနိုင်ငံကို
အခေါက်ခေါက်အခါခါ သွားတယ်။ ဒါပေမယ့် ဦးဇင်းတို့ ဆင်းရဲသားပြည်သူတွေ၊ ဦးဇင်း
တို့ရဲ့ လူ့အခွင့်အရေး၊ ငတ်မွတ်နေတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်
ဆိုတာ ဘာမှပေါ်မလာဘူး။ နအဖနဲ့ပဲ စကားတွေပြော၊ အပေးအယူတွေလုပ်ပြီး
ပြန်သွားတယ်။

"ဘန်ကီမွန်းကလည်း ဆိုင်ကလုံးဖြစ်တဲ့ အတော်အတွင်းမှာ ရောက်လာတယ်၊ သန်းရွှေ
နဲ့တွေ့တယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားဖို့ သူက နအဖကို
တိုက်တွန်းခဲ့သေးတယ်။ ဦးဇင်းတို့ ကန့်ကွက်ထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို၊
ဦးဇင်းတို့မလိုချင်တဲ့ နအဖစစ်အစိုးရကိုတောင်မှ သူတို့က အားပေးခဲ့တယ်ဆိုတာ
ဒီမိုကရေစီ လိုချင်နေကြတဲ့ ပြည်သူတွေကို စော်ကားတယ်။ နိုင်ငံရေးတက်ကြွတဲ့သူ
တွေကိုလည်း စော်ကားတာဖြစ်တယ်လို့ ဦးဇင်းပြောပြခဲ့ပါတယ်။"

အဲဒီလို အရှင်ဘုရားရဲ့ ပြောဆိုချက်တွေအပေါ်မှာရော အမေရိကန်သမ္မတဘုရှ်က
ဘယ်လိုများ တုံ့ပြန်ပြောဆိုခဲ့ပါသလဲ။

"သူတို့ကလည်း တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတာ ပြောပါတယ်။ ဦးဇင်းကလည်း
အပြောသက်သက် မလိုချင်ဘူး၊ လုပ်တာပဲလိုချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်
သူတို့လုပ်တယ်ဆိုတာလည်း ဦးဇင်းတို့ သိပ်တော့ မျှော်လင့်ချက်မရှိပါဘူး။ ဦးဇင်း
ထင်မြင်ချက်က သမ္မတသက်တမ်းလည်း သူက ကုန်တော့မှာ။ အဲတော့ သူ သမ္မတ
သက်တမ်း မကုန်ခင်လေးမှာ လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီကိစ္စတွေကို စိတ်ဝင်စား
တယ်ဆိုပြီး နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခေါ်ပြီးတွေ့ဆုံတာလို့ပဲ
ဦးဇင်းမြင်ပါတယ်။

"ဒါပေမယ့် သူတတ်နိုင်သလောက်တော့ သူ့သက်တမ်းမကုန်ခင်လေးမှာ နည်းနည်း
ပါးပါး လုပ်သွားလိမ့်မယ်လို့တော့ ဦးဇင်းမျှော်လင့်တာပေါ့။ အဲဒီပွဲပြီးတဲ့အခါ သမ္မတ
ကတော် လော်ရာဘုရှ်နဲ့ ဦးဇင်းတို့ ဓာတ်ပုံတွေ အများကြီးတွဲရိုက်ကြပါတယ်။ ရိုက်တဲ့
အခါ သမ္မတရယ်၊ သမ္မတကတော်ရယ်၊ ဦးဇင်းရယ် တတန်း။ ဦးဇင်းက ဂျာနယ်လစ်
တွေရှေ့မှာ မြန်မာပြည်အကြောင်း စကားထပြောရပါတယ်။ လော်ရာဘုရှ်ကလည်း
ဦးဇင်းတို့ မြန်မာပြည်အကြောင်း အလေးပေးပြီး အများကြီးပြောသွားပါတယ်။
တခြားနိုင်ငံအကြောင်းတောင် မပြောဘဲနဲ့ မြန်မာပြည်အကြောင်းပဲ သူက ပြောသွား
ပါတယ်။

"အရင်တုန်းကတော့ လော်ရာဘုရှ်က လာဖို့အစီအစဉ် မရှိပါဘူး။ ဦးဇင်းနဲ့တွေ့ချင်
တယ်ဆိုပြီး ညကမှ လောလော လောလောနဲ့ လုပ်လိုက်တာဖြစ်တယ်။ သူကတော့
အများကြီးကူညီနိုင်မယ်ထင်ပါတယ်။ ဦးဇင်းပြောပြတာကတော့ မြန်မာနိုင်ငံမှာ
အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ပြောပါတယ်။ သူတို့က
တော့ မိန်းမသားချင်း ကိုယ်ချင်းစာပြီးတော့ အများကြီးကူညီနိုင်လိမ့်မယ်လို့ ဦးဇင်း
မျှော်လင့်ပါတယ်။"

အမေရိကန်သမ္မတဘုရှ်၊ သမ္မတကတော် လော်ရာဘုရှ်တို့နဲ့ အင်္ဂါနေ့က
နယူးယောက်ခ်မြို့မှာ တွေ့ဆုံခွင့်ရခဲ့သူ အရှင်ကောဝိဒ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

Laura Bush Wants More Pressure on Burmaလူ့အခွင့်အရေး လေးစားဖို့ စစ်အစိုးရကို အမေရိကန် သမ္မတကတော် တိုက်တွန်း

U.S. first lady Laura Bush is urging China and India to push Burma's military leaders to open direct talks with the part of detained democracy leader Aung San Suu Kyi. VOA White House Correspondent Scott Stearns reports, Burma released the country's longest-serving political prisoner after 19 years in detention.

President Bush and Laura Bush listen to Kovita, a monk from Burma, after posing for a group photo with with political dissidents on  New York's Governors Island, 23 Sep 2008
President Bush and Laura Bush listen to Kovita, a monk from Burma, after posing for a group photo with with political dissidents on New York's Governors Island, 23 Sep 2008
The president and Mrs. Bush met with pro-democracy and human rights activists while in New York for the opening of the United Nations General Assembly.

Speaking to reporters after their meeting, President Bush said he assured those activists that the U.S. government believes in the universality of freedom and America has an obligation to help others realize the blessings of liberty.

Mrs. Bush urged Burma's military government to open talks with Aung San Suu Kyi's National League for Democracy party and all of the country's ethnic groups to rebuild the country.

"I want to urge all the neighbors of Burma - China and India and other neighbors - to continue trying to talk to the Burmese General Than Shwe to see if he can't do what all the world, the international community wants him to do and that is start respecting the rights of the people of Burma, start a real dialogue for a transition to democracy," said Laura Bush.

One of the dissidents who met with the president and Mrs. Bush was a Buddhist monk named Kovita who went into exile after last year's pro-democracy protests.

"We all need human rights, all the world's people, because we are all human," said Kovita.

Burmese journalist U Win Tin, after his release 23 September 2008
Burmese journalist U Win Tin, after his release 23 September 2008
He said he hopes the international community will help the Burmese people change their government peacefully.

The U.S. State Department Tuesday welcomed Burma's release of journalist Win Tin, who was the country's longest-serving political prisoner. State Department spokesman Robert Wood said Washington hopes the release is a first step toward freedom for all jailed dissidents.

Win Tin was arrested in 1989 and sentenced to 20 years for allegedly writing anti-government propaganda.


မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအနေနဲ့မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကို
လေးစားဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေ၊အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယတို့က
တွန်းအားပေးပါလို့ သမ္မတကတော်လော်ရာဘုရှ် (Laura Bush) က တိုက်တွန်း
လိုက်ပါတယ်။

နယူးယောက်ခ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို
တက်ရောက်ခဲ့တဲ့ သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့ဟာ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နေ့လယ်စာစားရင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဒီမို
ကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေထဲမှာ မြန်မာပြည်က သံဃာတော်တပါး
ဖြစ်တဲ့ အရှင်ကောဝိဒလည်း ပါဝင်ပါတယ်။ မနှစ်က သံဃာထုလှုပ်ရှားမှု၊ ရွှေဝါရောင်
တော်လှန်ရေးကြီးအပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့တဲ့ သံဃာတပါးဖြစ်ပါတယ်။

မြန်မာပြည်သူတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အစိုးရတရပ် ပြောင်းလဲနိုင်ဖို့အတွက်
နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကူညီလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း
အရှင်ကောဝိဒက မိန့်ကြားခဲ့တာကို အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

9.23.2008

Big Virus Coming Soon!

PLEASE FORWARD THIS WARNING AMONG FRIENDS, FAMILY AND CONTACTS!

You should be alert during the next few days. Do not open any message
with an attachment entitled 'POSTCARD FROM BEJING', regardless of who
sent it to you.
It is a virus which opens A POSTCARD IMAGE, which 'burns' the whole
hard disc C of your computer.
This virus will be received from someone who has your e-mail address
in his/her contact list.
This is the reason why you need to send this e-mail to all your
contacts It is better to receive this message 25 times than to receive
the virus and open it.
If you receive a mail called' POSTCARD FROM BEJING,' even though sent
to you by a friend, do not open it! Shut down your computer
immediately.
This is the worst virus announced by CNN. It has been classified by
Microsoft as the most destructive virus ever.
This virus was discovered by McAfee yesterday, and there is no repair
yet for this kind of virus.
This virus simply destroys the Zero Sector of the Hard Disc, where the
vital information is kept.

Junta frees veteran journalist & longest serving political prisoner,U Win Tin ထောင်မှတောင်းပန်ပြီးပြန်လွှတ်ပေးခဲ့ရသူ

ဦးဝင်းတင်အားဘကြီးမိုးခေါ်စာရေးဆရာဒါရိုက်တာ
မောင်မိုးသူနှင့်အတူတွေရစဉ်





Burma's longest serving political prisoner, veteran journalist U Win Tin has been released from detention on Tuesday.

The 78-year-old journalist U Win Tin, who had been detained for more than 19 years, was among the 9002 prisoners that Burma's military government released on Tuesday.

Win Tin has reportedly arrive the resident of his long-time friend Maung Maung Khin, who frequently visited him while he was in detention.

Beside Win Tin, May Win Myint, an elected Member of Parliament (MP) in 1990 from Mayankone Township and Taungoo MP Aung Soe Myint, were also included among the release, Nyan Win, spokesperson of the National League for Democracy said.

So far the following political prisoners are confirmed to have been released:

Veteran Journalist U Win Tin from Insein Prison

Captain Win Htein, in-charge of Daw Aung San Suu Kyi's office members

Khin Maung Swe, elected MP from San Chaung Township

Daw May Win Myint, elected MP from Mayankone Township

Aung Soe Myint, elected MP from Taungoo

Aye Thein, member of the National League for Democracy, Thabeikkyin Township



ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး
ဦးဝင်းတင်လွတ်မြောက်ပြီ



အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 12:49 - မြန်မာစံတော်ချိန်

U_Win_Tin
အကျဉ်းထောင်မှ လွတ်မြောက်လာသူ
သတင်းစာဆရာကြီး ဦးဝင်းတင်
အကျဉ်းထောင်အတွင်း ၁၉ နှစ်ကျော်ကြာနေခဲ့ရပြီးနောက် သတင်းစာဆရာကြီး ဦးဝင်းတင်သည် ယနေ့ အင်္ဂါနေ့ ညနေတွင် လွတ်မြောက်လာပြီဖြစ်သည်။

စစ်အစိုးရ၏ အဓိက အငြိုးထားခြင်းခံရသူ အသက် ၇၈ နှစ်အရွယ် ဦးဝင်းတင်သည် ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဦးဝင်တင်သည် ယခုအချိန်တွင် သူ၏မိတ်ဆွေရင်း ဦးမောင်မောင်ခင်၏ နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်
အမတ်ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ယခုအချိန်အထိ အတည်ပြုနိုင်သော လွတ်မြောက်လာသူများမှာ

- အင်းစိန်ထောင်မှ သတင်းစာဆရာကြီး ဦးဝင်းတင်

- ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့ တာဝန်ခံ ဗိုလ်ကြီးဝင်းထိန်

- စမ်းချောင်းလွှတ်တော်အမတ် ဦးခင်မောင်ဆွေ

- မရမ်းကုန်း လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်

- တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်

- သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်း
တို့ဖြစ်ကြသည်။

--------------------------------------

သူတို့ မှတ်ချက်


မိတ်ဆွေတဦးဖြစ်သူ ဦးလှဦး

"ရောက်နေတာက ညနေ ၄ နာရီလောက်မှာ။ ထောင်က အာဏာပိုင်တွေက
လိုက်ပို့တာ။ကျနော်က မနက်ကတည်းက သတင်းရတော့ ထောင်ကိုသွားတာ၊
အချုပ်ခန်းထဲမှာမရှိတော့ဘူးဆိုတာ သိတော့ အထဲဝင်ပြီး သွားစုံစမ်းမယ်
လုပ်တာ ဦးဝင်းတင်ကအိမ်ရောက်နေပြီ။

"ရောက်ကတည်းက ခုစကားပြောနေတာ ၂ နာရီလုံးလုံး ရှိပြီ။ Non Stop စကား
ပြောနေတာ။လူတွေက အများကြီးဘဲဗျာ။ သတင်းထောက်တွေလည်း ပါတယ်။
ကျနော်တောင် ထိန်းလို့မရတော့ဘူး။

"ကျန်းကျန်းမာမာပါဘဲ။ အားလုံး ကောင်းပါတယ်။ မျက်စိတော့ နဲနဲကုရမယ်။

"သူက အရမ်းတက်ကြွတာ။ ထောင်အဝတ်အစားကို မချွတ်သေးဘူး။ ချွတ်ခိုင်းလို့ကို
မရဘူး။သူကသူ့ကိုယ်သူ ထောင်ကျလို့ သတ်မှတ်ထားတယ်တဲ့၊ အပြင်လူ မဟုတ်ဘူး
တဲ့ အဲသလိုပြောနေတာ။"

ဝါရင့် နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်သည့် ဗိုလ်မင်းလွင်

"ဝမ်းသာပါတယ်၊ နှစ်ရှည်ချခံ နေရတာလေ၊ လွတ်ပေးတဲ့အတွက် ကြိုဆိုပါတယ်၊
နောက်တခုကအမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်လည်း အထောက်အကူ
ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တယ်၊ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့က နိုင်ငံရေး
အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့အတွက် အကြံပြုနေတာပါ၊ တောင်းဆိုနေ
တာပါ၊"

ကရင်အမျိုးသား အစည်းအရုံး ဗဟိုဌာန

သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗဒိုစောလှငွေ

"ဦးဝင်းတင်တို့လိုပေါ့လေ။ တကယ့် ကျနော်တို့ တိုင်းပြည်ရဲ့ ဘယ်လိုခေါ်မလဲ။ ဒီ
ပုဂ္ဂိုလ်တွေက စတိတ်မန်းပေါ့ဗျာ။ အင်မတန်မှကို တမျိုးသားလုံးရဲ့ အကျိုးအတွက်
ကလဲတကယ့် ပညာရှင်ကြီးတွေ။
ဒီလို ပုဂ္ဂိုလ်မျိုးဟာ ဟိုနဂိုကတည်းက ချုပ်ကို မချုပ်သင့်၊ ဖမ်းကို မဖမ်းသင့်ပဲနဲ့
ကျနော်တို့က သူတို့ရဲ့ အကြံဥာဏ်တွေနဲ့ ကျနော်တို့ရဲ့ တိုင်းပြည် စည်းလုံးညီညွတ်
အတွက် ကောင်းကြောင်းတွေ လုပ်သင့်တာပေါ့လေ။ နောက်ပိုင်းမှာလည်းပဲ ဒီပုဂ္ဂိုလ်
ကို လွှတ်မယ်၊လွှတ်မယ်ဆိုပြီး မလွှတ်ပဲနဲ့ထားခဲ့တယ်။ သို့သော်လည်း အခုအချိန်မှာ
လွှတ်လိုက်တဲ့အတွက်ကြောင့် ဒါကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို အလွန်တရာ
နောက်ကျပြီးမှလုပ်တယ်လို့ပဲ ကျနော်တို့ ထင်တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ ဒါက ဝမ်းမြောက်ဝမ်းသာစရာပါပဲ။ ပုဂ္ဂိုလ်ကြီးတွေရဲ့
အနစ်နာခံမှုတွေ အမျှော်အမြင်ကြီးမှုတွေနောက် စေတနာအမှန်နဲ့ ခိုင်မာတဲ့ ဒီ
စိတ်ဓါတ်ရေးရာတွေကို ကျနော်တို့အင်မတန် လေးစားပါတယ်။ ဒီပုဂ္ဂိုလ်တွေကနေ
ထွက်လာသလိုပဲအပြင်မှာလည်းပဲ ထွက်လာရုံသာမကဘူးပေါ့လေ။ ဒီပုဂ္ဂိုလ်တွေကို
လွှတ်လိုက်တယ်ဆိုပြီးတော့ အသုံးချ ရုံလောက် နာမည်ပြပြီးတော့ ကမ္ဘာကို လှည့်စားဖို့။
တိုင်းပြည်ကိုလှည့်စားဖို့ လွှတ်လိုက်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ဒီပုဂ္ဂိုလ်ကြီးတွေဟာ တကယ့်ကို
ကျနော်တို့ အမျိုးသား အကျိုးအတွက်ကို၊ တစ်တိုင်းပြည်လုံးအတွက်ကို သူတို့ စွမ်းအားရှိ
သမျှဆောင်ရွက် နိုင်အောင် ဘာပဲဖြစ်ဖြစ် လက်ရှိ အစိုးရအနေနဲ့ တခါးဖွင့်ပေးသင့်တယ်။
အားပေး သင့်တယ်ပေါ့ အမျိုးသား စည်းလုံး ညီညွတ်ရေးကိုတည်ဆောက်တဲ့
လက္ခဏာ
ကောင်း တရပ် အဖြစ်ပေါ့လေ။ ဆက်လက်ပြီးတော့ ဦးဆောင်အစိုးရသစ်အတွက်
လက်တွဲဆောင် ရွက်ဖို့အတွက် ကျနော်တို့အနေနဲ့ မျှော်လင့်တယ်လို့ ကျနော်တို့က
အဲဒီလိုပဲ ပြောချင်တယ်။"
ထောင်မှတောင်းပန်ပြီးပြန်လွှတ်ပေးခဲ့ရသူ
သံမဏိဒီမိုကရေစီဘက်တော်သားဦးဝင်းတင်

ဦးဝင်းတင်သည်ထောင်မှမလွတ်မြောက်ခင်ကတည်းကစစ်အစိုးရကသက်ညှာသော
အားဖြင့်ပြန်လွတ်မည်ကိုလုံးဝလက်မခံနိုင်သဖြင့်ဆေးရုံတက်၍မျက်စိခွဲစိတ်ရမည်ကို
ပင်ငြင်းပယ်ထားခဲ့သူဖြစ်သည်။
ယခုပြန်လွှတ်ပေးမည့်အချိန်တွင်လည်းပြစ်ဒဏ်စေ့သဖြင့်လွှတ်ပေးခြင်းသာဖြစ်ရမည်
ဟုပြတ်သားစွာတောင်းဆိုခဲ့သည်။
ထောင်အာဏာပိုင်များကအတင်းတောင်းပန်သဖြင့်ထောင်မှထွက်ရန်သဘောတူခဲ့ပြီး၊
ထောင်ဝတ်စုံချွတ်ပေးရန်ကိုမူငြင်းဆိုခဲ့သည်။ယခုချိန်ထိထောင်ဝတ်စုံကိုသာဝတ်ဆင်
ထားပြီးသူ့အားလွှတ်ပေးသည့်ကိစ္စအပေါ်ရှင်းလင်းစွာသိရှိရခြင်းမရှိမခြင်းသူကိုယ်သူ
ထောင်မှလွတ်မြောက်ခြင်းမရှိသေးဟုသာခံယူထားသည်ဟုပြောပါသည်။

Junta frees U Win Tinထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ


Junta frees U Win Tin PDF Print E-mail
Mizzima News
Tuesday, 23 September 2008 13:24

Veteran journalist U Win Tin and two other political prisoners were among those released by the ruling junta on Tuesday, Burma's opposition party – National League for Democracy (NLD) – said.

The 78-year-old journalist was reportedly released after having been detained for more than 19 years. In addition to U Win Tin, Dr. May Win Myint, an elected Member of Parliament (MP) in 1990 from Mayankone Township and Taungoo MP Aung Soe Myint Oo were also among those released, according to NLD spokesperson Nyan Win.

Maung Maung Khin, a close friend of Win Tin who frequently visited him at Insein Prison, told Mizzima that he is now waiting to greet the freed veteran journalist at the gate to the prison.

Interview with Maung Muang Khin, close friend of veteran journalist U Win Tin


''He [U Win Tin] has not yet been released. He is currently at the gate of the prison. People who saw him say that both U Win Tin and Dr. May Win Myint, two long-term political prisoners, are together at the gate.

''I heard that at about 12:30 or 1 p.m. (local time) the authorities will give a speech and release them. When I analyze the information that I have received, it is almost certain that U Win Tin is to be released.

''As for us, since we heard that he has been released, we have to believe it.

When I went to meet him on September 20 he already knew that some prisoners – such as the elderly and handicapped – would be released. However I argued with him, saying people arrested for political reasons should be released on political terms.

''In 2005, the authorities did something similar. They took him to the gate of the prison, gave speeches and provided lunch, but later took him back to the prison.

''I am awaiting telephone calls. If he is released I will bring him to my house, as my house is just opposite the prison gate. A lot of people are also waiting in front of my house.Interview with NLD information committee member Thein Nyunt

'' Win Tin and Dr. May Win Maung are clients of mine whose cases I have handled. I am extremely happy to hear that they are released. As a lawyer, I want to say two things. No matter how they are released, I would like to see that my other fellow countrymen are released too. And hearing that other political prisoners are also among those released, I hope it is the beginning of a national reconciliation.

''Meanwhile, sources said Aye Thein, an elected Member of Parliament from the Thabeikkyin Township NLD, has also been released from Kale Prison in Upper Burma.''

Interview with NLD information committee member Thein Nyunt


''U Win Tin and Dr. May Win Maung are clients of mine whose cases I have handled. I am extremely happy to hear that they are released. As a lawyer, I want to say two things. No matter how they are released, I would like to see that my other fellow countrymen are released too. And hearing that other political prisoners are also among those released, I hope it is the beginning of a national reconciliation.

''Meanwhile, sources said Aye Thein, an elected Member of Parliament from the Thabeikkyin Township NLD, has also been released from Kale Prison in Upper Burma.

ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ Print E-mail

အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 12:49 - မြန်မာစံတော်ချိန်

စစ်အစိုးရက ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၃ ဦး ပါရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်သော ဦးဝင်းတင်သည် အင်းစိန်ထောင်အတွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရပြီးနောက် လွတ်မြောက်လာခြင်း ဖြစ်သည်။ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဦးဝင်းတင်ကို ပုံမှန် ထောင်ဝင်စာ သွားရောက် တွေ့ဆုံလေ့ရှိသူ မိတ်ဆွေကြီး ဦးမောင်မောင်ခင်ကတော့ အင်းစိန်ထောင်ဗူးဝတွင် စောင့်ဆိုင်းလျှက် ရှိကြောင်း မဇ္ဈိမသို့ ပြောပြသည်။

တချိန်တည်းမှာပင် သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်းသည် ကလေးအကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။
--------------------------------------

ဦးဝင်းတင်၏ မိတ်ဆွေကြီး ဦးမောင်မောင်ခင် ပြောကြားချက်


လွှတ်တော့ မလွှတ်သေးဘူးဗျ။ ထောင်ဗူးဝတော့ ရောက်နေပြီ။ မြင်ခဲ့တဲ့ လူတွေကတော့ သေချာပြောတာဘဲ။ ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့၊ နိုင်ငံရေးသမားကြီးတွေပေါ့ဗျာ။ နှစ်တွေ ထပ်ထပ် တိုးနေတဲ့ သူတွေကိုပေါ့ဗျာ။

ကျနော် ကြားတာကတော့ ၁၂း၃ဝ နာရီခွဲ ၁ ချက်တီးလောက်မှာ လူကြီးတွေက မိန့်ခွန်းချွေပြီး လွှတ်မယ်လို့ ပြောမယ်။ သတင်းတွေ လိုက်ပြီး စုစည်း လိုက်တဲ့အခါကျတော့ သေချာဘို့ တော်တော် နီးစပ်ပါတယ်။

ကျနော်တို့ကတော့ လွှတ်ပြီဆိုမှ လွတ်ပြီလို့ ကျနော်တို့ ယုံရမှာပေါ့နော်။

၂ဝ ရက်နေ့က ကျနော် သူ့ကို သွားတွေ့တယ်။ သူသိတယ်။ သူတို့ ထောင်သားတွေကို လွှတ်လိမ့်မယ်ကွ၊ အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတဲ့။ အသက်ကြီးတဲ့ သူတွေ၊ နာမကျန်းတဲ့ သူတွေ။ ငါတော့ အဲဒါကို ငြင်းထားတယ်။ ငါ့ကို နိုင်ငံရေးအရ ဖမ်းရင်တော့ နိုင်ငံရေးအရ လွှတ်ရမယ်လို့ ကျနော် ပြောထားတယ်တဲ့။

သူ့ကို နိုင်ငံရေးအရ လွှတ်ရင်တော့ သူထွက်လာမှာပါ။

၂ဝဝ၅ ခုနှစ်ကလည်း မိန့်ခွန်းတွေ ပါတွေချွေ၊ သူ့အကြောင်းတွေ ပါတွေပြော၊ ထမင်းတွေ ဘာတွေ ကျွေးပြီးတော့ အထဲ ပြန်ခေါ်သွားတာ။

ကျနော်က ဒီမှာ တယ်လီဖုန်းတွေ စောင့်နေတာ။ လွှတ်လာရင် အစိုးဘက်က လူကြီးတွေ ကျနော့်အိမ်ကိုဘဲ လာပို့ပေးမှာပါ။ ကျနော့်အိမ်က ထောင်နဲ့ မျက်နှာချင်းဆိုင်မှာဘဲလေ။ ဒီမှာလည်း စောင့်နေကြတာ။
--------------------------------------

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွှန့် ပြောကြားချက်


ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့ ကျနော်အမှုသည်၊ ကျနော် လိုက်ခဲ့တာပါ။ သူတို့ လွတ်လာပြီဆိုတော့ ကျနော် အရမ်း ဝမ်းသာပါတယ်၊ ကျနော် ရှေ့နေအဖြစ် နှစ်ခု ပြောချင်တယ်။ သူတို့ ဘယ်အကြောင်းနဲ့ပဲ လွတ်လာ၊ လွတ်လာ ကျန်တဲ့ နိုင်ငံသားတွေ ထောင်ချ၊ အချုပ်မှာ ရှိနေတဲ့ လူတွေကိုရော လွတ်လာတာကိုရော မြင်ချင်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အပါအဝင် လွတ်လာတယ်ဆိုတော့ ဘာဘဲ ပြောပြောဗျာ၊ အမျိုးသာ ပြန်လည် သင့်မြတ်ရေးအတွက် ကောင်းတဲ့ဟြာ ဖစ်ပါစေဗျာ။ ကျနော် ဒီလောက်ပဲ ပြောချင်တယ်။


9.22.2008

ဒီနေ့ မဂ္ဂဇင်းကာတွန်းများ (ရဲခေါင်မဲမောင်)

ကျနော်တို့ မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ မဂ္ဂဇင်းတွေထဲက ကျနော် ဖတ်မိ သဘောကျမိတဲ့ ကာတွန်းလေးတွေ အကြောင်း ပြောပါမယ်။

မဂ္ဂဇင်းကာတွန်းဆိုတော့ ထုံးစံအတိုင်း စာမျက်နှာ တမျက်နှာတည်းပေါ်မှာသာ ရေးဆွဲ ထားတဲ့ ကာတွန်းလေးတွေ ဖြစ်တယ်။ ဒါက နေရာနှင့် အရွယ်အစားကို ပြောတာ ဖြစ်တယ်၊ အနှစ်သာရပိုင်း အနေနဲ့ကတော့ အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးတွေ၊ စကြဝဠာကြီးတွေလို ကျယ်ပြော နက်ရှိုင်း လေးနက်လှပါတယ်။ ရသမြောက် ဝတ္တုတပုဒ်၊ ကဗျာကောင်းတပုဒ် နဲ့ မခြား ဖတ်ရှု ခံစားသူကို အသိအမြင် ဗဟုသုတနှင့် လူပီသတဲ့ ခံစားချက်တွေကို အမှန်တကယ် ပေးစွမ်းနိုင်တဲ့ စွမ်းအားတွေ ကာတွန်းမှာ ရှိပါတယ်။

ရေးဆွဲတဲ့ အကြောင်းအရာတွေကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး စသည့်ဖြင့် စုံလင်များပြားလှပါတယ်။ ဒါပေမယ့် ကာတွန်းဆရာရဲ့ ထိုးထွင်းသိမြင်မှု၊ နက်ရှိုင်းသိမ်မွေ့တဲ့ ခံစားမှု၊ နောက် အနုပညာမြောက်အောင် တင်ပြနိုင်မှုအပေါ်မှာ မူတည်ပြီး ကာတွန်းဆရာရဲ့ အရည်အချင်း၊ ကာတွန်းတွေရဲ့ တန်ဖိုးရှိမှု၊ အသုံးဝင်မှုပေါ်မှာ အနိမ့်အမြင့်ကွာခြားသွားတာကို ကျနော်တို့ သတိပြုမိကြမှာ ဖြစ်တယ်။

ကာတွန်းဆရာဟာ သမိုင်းခေတ်ထဲမှာ ရှင်သန်နေထိုင်နေသူပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူဖြတ်သန်း ကျော်လွှားနေရတဲ့ အဲဒီသမိုင်းခေတ်ရဲ့ ရိုက်ပုတ်ဖိစီးမှုတွေကို မလွဲမသွေ ခံစားနေရပါတယ်။ အဲဒီခံစားမှုထဲကနေ သန္ဓေတည်ပြီး ပေါက်ဖွားလာတဲ့ လောကအမြင်နဲ့ ဘဝအမြင်တွေဟာ ကာတွန်းဆရာတွေရဲ့ ကုန်ကြမ်းတွေ ဖြစ်လာပါတော့တယ်။ ဒီကုန်ကြမ်းတွေကို ကုန်ချောအဖြစ် အနုပညာပစ္စည်းအဖြစ် မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကို တင်လိုက်တဲ့အခါမှာ အဲဒီ ကာတွန်းတွေဟာ လူထုရဲ့ မျက်မှောက်ခံစားမှုကို ဘယ်လောက်ထိ ကိုယ်စားပြုနိုင်လဲ၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေကို ဘယ်အတိုင်းအတာထိ ထင်ဟပ်စေနိုင်သလဲ ဆိုတာကို ကျနော်တို့ လေ့လာ အားထုတ်ကြရမှာ ဖြစ်တယ်။

မြန်မာကာတွန်းဆိုပြီး ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနုပညာ အသိုင်းအဝိုင်းထဲကို ကာတွန်းစရောက်လာတာ (၁၉၁၇) ခုနှစ်က ဖြစ်ပါတယ်၊ ဗြိတိသျှကိုလိုနီရဲ့ သူ့ကျွန်ဘဝကိုရောက် ရှိနေချိန်ပဲ ဆိုပါတော့။ အဲဒီအချိန်က ထုတ်ဝေတဲ့ သူရိယမဂ္ဂဇင်းထဲမှာ "ဘကြီးမေတ္တာတုံး၏ အာဒါသမုခ ဒီပနီ" ဆိုတဲ့ ရုပ်ပြောင်ခန်းတခု အမြဲပါပါတယ်။ အဲဒီခေတ် မြန်မာပြည်ရဲ့ နိုင်ငံရေး လောကကို သရော်လှောင်ပြောင်တာ ဖြစ်ပါတယ်။ အဲဒီ ရုပ်ပြောင်တွေကို ပန်းချီဆရာ ဦးဘစိန် နှင့် ဦးဘထွန်းတို့က စပြီးရေးခဲ့ကြတယ် ပြောပေမယ့် နောက်ပိုင်းမှာတော့ ရွှေတလေး အမည်ခံ ဆရာကြီးဦးဘကလေးက ပင်တိုင် ရေးဆွဲခဲ့ပါတယ်။ ဒါကြောင့် မြန်မာကာတွန်းတွေဟာ နိုင်ငံရေး ကာတွန်းတွေကနေ မြစ်ဖျားခံပြီး ဒီကနေ့ခေတ်ထဲကို အားကောင်းမောင်းသန် စီးဆင်းလာခဲ့တယ် လို့ တထစ်ချ ပြောနိုင်ပါတယ်။

ကာတွန်းတွေရဲ့ သဘောသဘာဝ၊ အနှစ်သာရ၊ ရည်ရွယ်ချက်နှင့် ကာတွန်းဆရာတွေရဲ့ ရပ်တည်ချက်ကို အထိအမိဆုံး ဖော်ပြထားတဲ့ သမိုင်းဝင် လေးချိုးတပုဒ် ရှိခဲ့ပါတယ်။ ကာတွန်းဆရာကြီး ရွှေတလေး ကိုယ်တိုင်ရေးဖွဲ့ခဲ့တာပါ၊ နားထောင်ကြည့်ပါဦး။

မည်သူ့ထိပ်ကိုမျှ

ပိတ်ရော့လို့ မောင်မဆော်

ဟုတ်တိုင်း မှန်ရာတွေးလို့

ရေးရပါသော်။


နာလုံးတွေဖော်

အော်ကာပ မည်သူဆဲ။


ရွှေတလေး မှာဖြင့်

ကျေအေးဘယ်ခါ မဟူပ

ကမ္ဘာသူတက်မှန်ပြသည်သို့

အမှားကို အမှန်ကျအောင် ရေးရတာပဲ။

အဓိပ္ပာယ်ကတော့ ရိုးရိုးရှင်းရှင်းလေးပါ၊ ကာတွန်းဆိုတာ မည်သူ တဦးတယောက်ကိုမျှ ထိခိုက် နစ်နာစေလိုတဲ့ စိတ်မျိုးနဲ့ ရေးဆွဲရတာ မဟုတ်ပါဘူး။ အဖြစ်အပျက် အကြောင်းတရား အမှန်တွေကိုသာ အဂတိ ကင်းကင်း သတ္တိရှိရှိ နှင့် ရေးဆွဲတင်ပြရမှာ ဖြစ်တယ်။ မတရားမှု၊ အကျင့်စာရိတ္တ ပျက်ပြားမှု၊ ကိုယ်ကျင့်တရား ခြစားမှု၊ ဥပဒေမဲ့ပြုမူမှု အစရှိတဲ့ ပြုသူ ကာယကံရှင်တွေကို နာ စေတဲ့ အချက်အလက်တွေကို ဖော်ထုတ် ရေးဆွဲရမှာ ဖြစ်တဲ့အတွက် အဲဒီ ကာယကံရှင်တွေက ဘယ်လောက်ပဲ အော်အော်၊ ဘယ်လိုပဲဆဲဆဲ ရွှေတလေးအနေနဲ့ကတော့ အာဃာတထားမှာ မဟုတ်တဲ့အပြင် အမြဲ ကျေအေး ခွင့်လွှတ်နေမယ်လို့ ဆိုပါတယ်။ ဒါကလည်း စောစောက ပြောသလို မတရားမှု၊ စော်ကားမှု၊ နှိပ်စက်ညှင်းပမ်းမှု၊ ဂုတ်သွေးစုပ်အမြတ်ထုတ်မှု အားလုံးကို လူ့ခန္ဓာကိုယ်တွင်းက ကလီစာတွေကို ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း မြင်ရသလို ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး မြင်ရတွေ့ရသိရအောင် ရေးပြတာပဲဖြစ်ပါသတဲ့။ ဒါကတော့ ကျနော်တို့မြန်မာပြည်ကို ကာတွန်း စတင်ရောက်ရှိလာပုံနှင့် ကာတွန်းတွေရဲ့ ဦးတည်ရာ လမ်းကြောင်းကို အကြမ်းသဘော ပြောပြတာ ဖြစ်တယ်။ အခု ကျနော်တို့ မြန်မာနိုင်ငံတွေမှာ ထုတ်ဝေနေတဲ့ မဂ္ဂဇင်းတွေထဲက ပြောသင့်ပြောထိုက်တဲ့ ကာတွန်းလေးတွေ အကြောင်းကို ပြောပါတော့မယ်။ အခု ဒီအပတ်ကစပြီး ပြောမယ့် မိတ်ဆက်မယ့် ကာတွန်းလေးက ဆရာအော်ပီကျယ်ရဲ့ "အော်ပီကျယ်" ကာတွန်းများ စာအုပ်ထဲမှ ဖြစ်ပါတယ်။ ဒီကာတွန်းတွေကို မဂ္ဂဇင်းတွေထဲမှာ ဖော်ပြပြီးမှ လုံးချင်း ကာတွန်းစာအုပ်ထဲမှာ ပြန်လည် ပုံနှိပ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် ဒီကာတွန်းလေးတွေဟာ စာပေစီစစ်ရေးဆိုတဲ့ အနုပညာ သတ်ကွင်းထဲက နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့ပြီးမှ လူထုရှေ့ကိုရောက်လာတဲ့ ကာတွန်းလေးပဲ ဖြစ်ပါတယ်။

ဆရာအော်ပီကျယ် ရေးထားတဲ့ ကာတွန်းတွေက စာရေးဆရာတယောက် ကိုင်ထားတဲ့ ကလောင်တံကို မင်အိုးတစ်လုံးရဲ့ အဖုံးပေါ်မှာ ပိတ်ပြီးထိုင်ထားတဲ့ တိုက်ပုံဝတ် လူကြီးတစ်ယောက်က "ကလောင်က ထက်သားပဲ" လို့ ရယ်ကျဲကျဲနှင့် ပြောနေတဲ့ ကာတွန်းလေး ဖြစ်ပါတယ်။ ဒီကာတွန်းလေးကို ဖတ်ပြီးတွေးကြည့်ရင် အာဏာရှင်တွေရဲ့ မီဒီယာအပေါ်ကို လွှမ်းမိုးချုပ်ကိုင်မှုကို ပညာသားပါပါနှင့် ထုတ်ဖော်ရေးဆွဲထားတာကို တွေ့ရမှာ ဖြစ်တယ်။

"ဓါးသွားထက် ကလောင်သွားထက်" ဆိုတဲ့စကားရှိပါတယ်။ ကလောင်ရဲ့ အရေးပါ အရာရောက်မှုနှင့် အသုံးဝင်မှုကို ဂုဏ်တင် ပြောဆိုထားတာ ဖြစ်ပါတယ်။ အဲဒီလို ဂုဏ်တင် ပြောဆိုနေရအောင်လည်း ကိုလိုနီ နယ်ချဲ့အုပ်စိုးနေတဲ့ နှစ်တရာလောက်အတွင်းမှာ မြန်မာစာရေး ဆရာတွေရဲ့ ကလောင်သွားဟာ ချွန်ခဲ့ထက်ခဲ့တာ အမှန်ပဲ။ ဆီးဘန်နီ ဆရာတော်တို့၊ အချုပ်တန်း ဆရာဖေတို့ကအစ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ ဦးရွှေတလေး၊ ဦးဘဂျမ်း တို့အဆုံးထိ မြန်မာ စာရေးဆရာတွေ၊ ကာတွန်းဆရာတွေ၊ ကဗျာဆရာတွေရဲ့ ကလောင်ဖျားက ထွက်ကျလာတဲ့ စာတွေ၊ ကာတွန်းတွေ၊ ကဗျာတွေကြောင့် တိုင်းပြည်နှင့် လူထုရဲ့ရင်ထဲမှာ ဇာတိသွေး ဇာတိမာန်တွေ၊ အမျိုး ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက် လိုစိတ်တွေ၊ လွတ်လပ်ရေးကို ချစ်မြတ်နိုးမှုတွေ၊ အမျိုးသား စည်းလုံးညီညွတ်မှုတွေ ဖြစ်တည် အုံဖွဲ့လာနိုင်ခဲ့ပြီး နယ်ချဲ့ကို အမြစ်နှုတ် တွန်းလှန်နိုင်ခဲ့တယ်။

ဒါပေမယ့် အခု ဆရာအော်ပီကျယ် ရေးထားတဲ့ ကာတွန်းလေးမှာတော့ စာရေးဆရာရဲ့ ကလောင်ကို ထက်သားပဲလို့ ပြောလိုက်တဲ့သူဟာ မင်အိုးရဲ့ အဖုံးပေါ်မှာ ထိုင်နေပါတယ်၊ ကလောင်တံဆိုတာ သူချည်းသက်သက် ရေးလို့ ဆွဲလို့ရတာမျိုး မဟုတ်ဘူး။ မင်ကို ဆွတ်ပြီး တို့ပြီး ထည့်ပြီးမှ ရေးလို့ရတာမျိုး ဆွဲလို့ရတာမျိုး ဖြစ်ပါတယ်။ မင်ပါမှသာ စာလုံးထင်မှာ အရုပ်ထင်မှာ ဖြစ်တယ်။ အခုတော့ သူက မင်အိုးပေါ်မှာ ကျကျနနထိုင်နေတဲ့အတွက် ကလောင်ပိုင်ရှင် အနုပညာသည်အဖို့ မင်ကို အသုံးပြုခွင့်ရတော့မှာ မဟုတ်ပါဘူး။ မင်ကို အသုံးပြုခွင့်မရရင် ဘာစာလုံး ဘာအရုပ်မှလည်း ထင်ပေါ်လာမှာ မဟုတ်ဘူး။ စာပေအနုပညာရှင်တွေဆီက ဘာအနုပညာ ဖန်တီးမှုပစ္စည်းမှ ပေါ်ထွက်မလာတော့ဘူး ဆိုရင် ဒီအနုပညာ ဖန်တီးမှုကရရှိမယ့် အတွေးသစ် အမြင်သစ်တွေကို လုပ်သားပြည်သူတွေ အနေနဲ့ တို့ထိခွင့် ရမှာမဟုတ်ပဲ နစ်နာဆုံးရှုံး မှုတွေနဲ့သာ တွေ့ကြုံရမှာ ဖြစ်တယ်။

စာရေးဆရာနှင့် ကလောင်တံက မီဒီယာကို ကိုယ်စားပြုတာ ဖြစ်ပြီးတော့ မင်အိုးနှင့် မင်တွေက သက်ဆိုင်ရာ အာဏာရှင်တွေရဲ့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်မှုတွေ၊ အတင်းအဓ္ဓမ လုပ်အားပေး စေခိုင်းမှုတွေ၊ လေဘေးရေဘေး ကူညီတဲ့အလှူရှင်နဲ့ ပစ္စည်းတွေကို ကန့်သတ် ပိတ်ပင်မှုတွေ၊ ကိုယ်ကျင့်တရားပျက်ပြားမှု၊ လာဘ်ပေးလာဘ်ယူမှု စတဲ့အခြေအနေ အကြောင်းတရား အဖြစ်အပျက်တွေကို ရည်ညွှန်းသွားတာပါပဲ။

ခြေလှုပ်ရင်ခြေ၊ လက်လှုပ်ရင်လက် ဆိုသလို မတရားတဲ့ ဥပဒေတွေနှင့် လူတွေကို တင်းကြပ် ပြီး တိုင်းပြည်နဲ့အဝှမ်း အမှောင်ချထားခြင်း ခံနေရတဲ့ ဒီကနေ့လို အခြေအနေမျိုးမှာ Media တွေကို ဖိနှိပ် ချုပ်ချယ်ထားပြီး ပြင်းပြင်းထန်ထန် နှိပ်ကွပ် နေချိန်အတွင်း အဲဒီ အာဏာရှင်တွေရဲ့ မျက်စိရှေ့မှောက်ကနေ လွတ်မြောက်လို့ ပြည်သူ့ရှေ့ရောက်အောင် ပညာသားပါပါနှင့် အာဏာရှင်တွေရဲ့ သရုပ်မှန်ကို ရေးဆွဲဖော်ပြနိုင်တဲ့ ကာတွန်းဖြစ်တာကြောင့် ဆရာအော်ပီကျယ်ကို ကျေးဇူးတင်ပါကြောင်း ပြောကြားလိုက်ပါတယ်။

ကာတွန်းဆိုတာ အင်္ဂလိပ်စကားလုံး 'C.A.R.T.O.O.N' ကို အဲဒီ အသံထွက်အတိုင်း ခေါ်ထားတာပဲ ဖြစ်ပါတယ်။ မော်တော်ကားတို့၊ တယ်လီဖုန်းတို့၊ အင်ဂျင်နီယာတို့ကို ကျနော်တို့ မြန်မာတွေ ခေါ်နေကြသလိုပဲ ဆိုပါတော့။ အဓိပ္ပာယ် အတိအကျကိုတော့ ဘယ်သူမှ အသေအချာ ပြောနိုင်ကြမယ် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာ မဂ္ဂဇင်းတွေမှာတော့ စာအုပ်ရဲ့ ရှေ့တန်းမျက်နှာစာမှာ ကဗျာပြီးတာနဲ့ ကာတွန်းတွေကို အသားပေး ဖော်ပြနေတာ တွေ့နိုင်ပါတယ်။

မဂ္ဂဇင်းမာတိကာမှာ “ကာတွန်း” ကို ဖော်ပြတဲ့အခါ အချို့က “ကာတွန်း” လို့ ရိုးရိုးကလေး ရေးသား လိုက်ကြပေမယ့် တချို့တတွေက “ဟာသ”၊ အချို့က “ရုပ်ပြောင်”၊ တခါ အချို့ မဂ္ဂဇင်းတွေ ကျပြန်တော့ “ရယ်စရာ စာမျက်နှာ” အစရှိသဖြင့် ရေးတတ်ကြပါတယ်။ “ဟာသ”တို့၊ “ရယ်စရာ” တို့လို အရေးအသားတွေနဲ့ ပတ်သက်ပြီးတော့ သဘောထားနဲ့ အမြင် ကွဲလွဲမှုလေးတွေ ရှိကြသလို “ရုပ်ပြောင်” ဆိုတာအတွက်လည်း စဉ်းစားချက်အချို့ ရှိနေကြပါတယ်။

ကာတွန်းမှာ “ရယ်စရာ” ဒါမှမဟုတ် “ဟာသ” ရသပါမှ ကာတွန်းပီသတဲ့ ကာတွန်းတပုံ ဖြစ်နိုင်တယ် ဆိုပေမယ့် “ရယ်စရာ” ချည်းသက်သက်နဲ့ “ဟာသ” ချည်းသက်သက် ရေးဆွဲထားမယ် ဆိုရင်တော့ အဲဒါ ကာတွန်းကောင်း မဟုတ်တော့ဘူးလို့ မှတ်ချက်ပေးသူတွေ ရှိနေကြပါတယ်။ ကာတွန်းဆိုတာ လောကအမြင်တခုခု ဒါမှမဟုတ် ဘဝအမြင်တခုခု ပါရမယ်၊ ပြီးတော့ ခေတ်ပြိုင်ခံစားမှု ဖြစ်နေရမယ်လို့ ဆိုပါတယ်။ ရယ်တော့ ရယ်ရတယ်၊ ဟာသလည်း တော်တော်မြောက်ပါရဲ့ ဒါပေမယ့်လို့ စောစောကပြောတဲ့ လောကအမြင်လည်း မပါ၊ ဘဝအမြင်လည်း နတ္ထိ၊ ခေတ်ပြိုင်ခံစားမှု ဆိုတာလည်း ဝေလာဝေးဆိုရင် ဘယ်မှာလာပြီး ကာတွန်းလို့ ပြောလို့ရပါတော့မလဲ ဆိုပြီး ပြောကြပြန်ပါတယ်။

၂ဝဝ၄ ခုနှစ် စာဆိုတော်လရာသီက ကျနော်ရယ်၊ ဆရာချစ်ဦးညိုရယ်၊ ဆရာအောင်သင်း ရယ်၊ တောင်ငူခရိုင် ဆွာမြို့ကို စာပေဟောပြောပွဲ သွားကြရပါတယ်။ ရန်ကုန်ဘူတာကြီးကနေ ရထားနဲ့ သွားကြတာဆိုတော့ ဆရာတပည့်သုံးယောက် ရထားပေါ်မှာ ရောက်တတ်ရာရာ ကလေးတွေ ပြောမိကြပါတယ်။ အဲဒီလို ပြောကြရင်း ကာတွန်းတွေ အကြောင်းဖက်ကို ရောက်သွားပါတယ်။ ဆရာအောင်သင်းက “ငါတို့ မြန်မာကာတွန်းတွေကို “ရုပ်ပြောင်” လို့ ရေးကြပြောကြတာကို ငါတော့ အတော် သဘောကျတယ်ကွ၊ ရုပ်ပြောင်ဆိုတာ စူးရှတာ၊ ထက်မြက်တာ၊ ပြောင်ပြောင်မြောက်မြောက် ရှိတာကို ပြောတာ၊ ကာတွန်းမှာ အိုင်ဒီယာအဓိကလို့ ပြောတာကို ငါမငြင်းပါဘူး၊ ဒါပေမယ့် လက်ရာကလေးပါ ကောင်းရင် ပရိသတ်ပိုပြီး စိတ်ဝင်စားမှု မရှိဘူးလား၊ ဒီကနေ့ မဂ္ဂဇင်းတွေမှာ အတွေးအခေါ်ကလည်း မပါ၊ ဆွဲထား ရေးထားတဲ့ ရုပ်ပုံတွေကလည်း ခပ်ညံ့ညံ့ ဆိုတာတွေကို တွေ့နေရတယ်။ အဲဒီ ကာတွန်းတွေဟာ “ရုပ်ပြောင်” တွေ မဟုတ်တော့ဘူးကွ သိလား၊ “ရုပ်ပျက်” တွေ၊ “ရုပ်ပျက်တွေ” လို့ ဆရာချစ်ဦးညိုနဲ့ ကျနော့်ကို ပြောပါတယ်။

ဒီတော့ ကာတွန်း ဒါမှမဟုတ် ရုပ်ပြောင်ဆိုတာ လက်ရာလည်း ကောင်းရမယ်၊ အိုဒီယာလို့ ခေါ်တဲ့ အတွေးအခေါ်ကလည်း စူးရှထက်မြက်ရမယ်ဆိုတာ ထင်ရှားပါတယ်။ ပြီးတော့ ကာတွန်းပညာဆိုတာ ပုံဆွဲခြင်း အတတ်ပညာနဲ့ စာရေးခြင်း အတတ်ပညာ နှစ်ခုကို အချိုးညီ ပေါင်းစပ်ရတဲ့ အနုပညာရပ် တခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံဆွဲခြင်း အတတ်ပညာမှာရော၊ စာရေးခြင်း အတတ်ပညာမှာပါ အထိုက်အလျောက် ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ အချို့ ကာတွန်းကလေးတွေမှာ လက်ရာကလည်း ကောင်းပါရဲ့၊ အတွေးအခေါ်ကလည်း မဆိုးလှပါဘဲ အဲဒီ အတွေးအခေါ်ကို စာရေးပြီး တင်ပြလိုက်တဲ့အခါ ရှည်လျား ထွေပြားနေတာကြောင့် “ကာတွန်း မပီသတော့ဘဲ “စာတွန်း” တွေ ဖြစ်နေကြတာကို မကြာမကြာ တွေ့နေမြင်နေရပါတယ်။

ဒါကြောင့် ကာတွန်းတပုံအတွက် သရုပ်ဖော်ပုံကလေးတွေ ရေးပြီးလို့ရှိရင် အဲဒီရုပ်ပုံကလေးတွေက ပြောရမယ့်စကားကို တခါတည်း ရုပ်ပုံအပေါ်မှာ တန်းပြီး ချမရေးလိုက်သင့်ပါဘူး။ စာရွက်အလွတ်တရွက် အပေါ်မှာ ကိုယ်ပြောချင်တဲ့ စာကို ချရေးပြီး သေသေချာချာ ဖတ်ကြည့်ဖို့လိုမယ်လို့ ကျနော် ထင်ပါတယ်။ ပိုနေ ပွနေတဲ့ စကားလုံးတွေကို ဖြုတ်၊ လိုအပ်နေတယ်လို့ ထင်တဲ့ စာလုံးတွေကို အစားထိုးဖြည့်ပြီးတော့ အသံထွက် ဖတ်ကြည့်တာမျိုး လုပ်သင့်ပါတယ်။ နားဝင်ချောတဲ့ ဆိုလိုချင်တဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေတဲ့ ကျစ်လျစ်အား ရှိတဲ့ စကားပြောကို ရပြီဆိုတော့မှ အဲဒီစာသားကို စောစောက ရေးဆွဲထားတဲ့ ကာတွန်း ရုပ်ပုံတွေအပေါ်ကို ချရေးလိုက်သင့်ပါတယ်။

ကာတွန်းဆရာ တယောက်ရဲ့ တာဝန်ဟာ ဘယ်လောက်ကြီးမား လေးနက်သလဲ ဆိုတာကို တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ ဦးဘဂျမ်း၊ ဦးဟိန်စွန်း၊ ဦးမောင်စိန်၊ ဦးဘထွေး၊ ဦးအောင်ရှိန်တို့ကအစ ရွှေမင်းသား၊ ငွေကြည်၊ မြေစာ၊ မောင်ဝဏ္ဏ၊ မောင်မောင် တို့အလည် အော်ပီကျယ်၊ ဇော်မောင်၊ ဝင်းအောင်၊ စိုးသော်တာ၊ ကိုရွှေထူး၊ နေမျိုးအေးတို့အဆုံး ဒီတာဝန်ကြီးကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြတာဟာ ဒီကနေ့အထိပဲ ဆိုပါတော့။

စောစောက ပြောခဲ့သလို မြန်မာကာတွန်းတွေဟာ နိုင်ငံရေး ကာတွန်းတွေကနေ မြစ်ဖျားခံလာတာ ဖြစ်လေတော့ ဒီကနေ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ ရေးနေကြတဲ့ အချို့သော ကာတွန်းလေးတွေဟာလည်း နိုင်ငံရေး ကာတွန်းလေးတွေ ဖြစ်နေတာကို သတိပြုမိပါတယ်။ ဒါပေမယ့် အားလုံး သိကြတဲ့အတိုင်း မြန်မာပြည်ရဲ့ စာပေလောကဟာ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်၊ လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့်ရှိတဲ့ ရာသီဥတုမျိုး မဟုတ်ပါဘူး။ ကတ်ကြေးတွေ၊ ဓားတွေ အောက်ကို ဖြတ်သန်း အစစ်ဆေးခံပြီးမှ စာဖတ်သူတွေရဲ့ မျက်စိရှေ့မှောက် ကို ရောက်ခွင့် ကြုံကြရတာပါ။ အထူးသဖြင့် နိုင်ငံရေးဆိုတာနဲ့ နိုင်ငံရေးသမားတွေကို ဖိဖိစီးစီး နှိပ်ကွပ်နေတဲ့ အချိန်မျိုးမှာ နိုင်ငံရေး ကာတွန်းတပုဒ်ကို ထုတ်ဝေ ဖြန့်ချိခွင့်ရအောင် ရေးရတာ အတော်မလွယ်တဲ့ ကိစ္စတရပ်ပဲ ဖြစ် ပါတယ်။

ဒါပေမယ့် ဝတ္ထုဖြစ်စေ၊ ကဗျာဖြစ်စေ၊ ကာတွန်းဖြစ်စေ၊ ခေတ်ပြိုင်ခံစားမှုကို ကိုယ်စားပြု မရေးဖွဲ့နိုင်ဘူးဆိုရင် ဒီအနုပညာရှင်ကို သမိုင်းက မှတ်တမ်းတင်မှာ မဟုတ်သလို နေရာပေးမှာလည်း မဟုတ်ပေဘူး။ ဒါကြောင့် ကာတွန်းဆရာဟာ သမိုင်းရဲ့ မှတ်တမ်းတင်မှုကိုလည်း ခံရအောင်၊ သက်ဆိုင်ရာ ရာစုနှစ်ရဲ့ တောက်ပတဲ့ ကြယ်တပွင့်ဆိုတဲ့ နေရာကလေးတခုလည်း ရအောင်ဆိုရင်၊ ပြီးတော့ စောစောကပြောတဲ့ ကတ်ကြေးတွေ ဓားတွေအောက်ကလည်း လွတ်အောင်ဆိုရင် သူ့ရဲ့ကာတွန်းကို ပညာသားပါပါနဲ့ ရေးဆွဲတင်ပြရပါတော့တယ်။ အဲဒီလို ကာတွန်းကလေး တခုကို မဂ္ဂဇင်း တအုပ်ထဲမှာ ကျနော် ဖတ်ခဲ့ရပါတယ်။

ကာတွန်းကလေးက အကွက်ကလေး ငါးကွက် ရေးထားတာပါ။ လူနှစ်ယောက် မတ်တတ် ရပ်နေကြတာဖြစ်ပြီး၊ ပထမအကွက်မှာ လူတယောက်က သူ့ရဲ့ အနောက်ဘက်ကို စိုးရိမ်တဲ့ အမူအရာနဲ့ လှည့်ကြည့် လိုက်ပါတယ်။ ကျန်တဲ့လူက အဲဒီလူရဲ့ အပြုအမူကို နားမလည်ဟန်နဲ့ အံ့သြနေတဲ့ ပုံကလေး ရေးထားပါတယ်။ ဒုတိယ အကွက်မှာတော့ စောစောက အနောက်ဘက်ကို လှည့်ကြည့်တဲ့လူကပဲ အရှေ့ဘက် တည့်တည့်ကို ကြည့်ပြန်ပါတယ်။ တတိယအကွက်မှာ အောက်ဘက်ကို သေသေချာချာကြည့်ပြီး စတုတ္ထအကွက်မှာ အပေါ် တည့်တည့်ကို ကြည့်လိုက်ပါတယ်။ အဲဒီလို အရှေ့ရယ်၊ အနောက်ရယ်၊ အပေါ်ရယ်၊ အောက်ရယ်ကို သေသေချာချာ ကြည့်ပြီးတော့မှ ပဉ္စမမြောက် အကွက်ဖြစ်တဲ့ နောက်ဆုံးအကွက်မှာ သူ့ရဲ့ရှေ့က ဘာမှန်းညာမှန်း မသိဖြစ်နေတဲ့သူကို လေသံတိုးတိုးကလေးနဲ့ စကားတခွန်း ပြောလိုက်ပါတယ်။ သူပြောလိုက်တဲ့ စကားလေးကတော့

“နေကောင်းတယ်နော်” တဲ့။

ရုတ်တရက် ကြည့်ရင်တော့ ဘယ်လိုမှ အဓိပ္ပာယ် မပေါက်နိုင်တဲ့ ကာတွန်းကလေးပါပဲ။ ဒါပေမယ့် သေသေချာချာ စဉ်းစား ကြည့်လိုက်ရင်တော့ဖြင့် စစ်အာဏာရှင် လက်အောက်မှာ နေထိုင်နေကြရတဲ့ ပြည်သူလူထုရဲ့ မွန်းကြပ်ပိတ်လှောင်နေတဲ့ ဘဝတွေ၊ နေရာတကာမှာ အကြောက်တရားရဲ့ လွှမ်းမိုးခြင်းကို ခံနေကြရတဲ့ ဘဝတွေကို မြင်ကြ တွေ့ကြရမှာပါ။ ဟုတ်ပါတယ်။ ကာတွန်း ပုံထဲမှာပါတဲ့ ဇာတ်ကောင်ခမျာ အဲဒီ “နေကောင်းတယ်နော်” ဆိုတဲ့ စကားကလေးတခွန်းကို ပြောဖို့အတွက် အရင်ဆုံး၊ အရှေ့ရော၊ အနောက်ရော၊ အပေါ်ရော၊ အောက်ရော ဆိုသလို စိုးရိမ်တကြီး ကြည့်ရှာရပါသေးတယ်။ ပတ်ဝန်းကျင်မှာ ဘယ်သူ တဦးတယောက်မှ ရှိမနေတာ တကယ့်ကို သေချာသွားတော့မှ စောစောက “နေကောင်းတယ်... နော်” ဆိုတဲ့ စကားကလေးကို ပြောရဲတာပဲ ဖြစ်ပါတယ်။ ပြောရဲတယ် ဆိုတာတောင်မှ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း မဟုတ်ပါဘူး။ တိုးတိုးကလေးမှ တကယ့် တိုးတိုးကလေး။

တကယ်တော့ ဒီ “နေကောင်းတယ်... နော်” ဆိုတဲ့စကားဟာ လူတယောက်နဲ့ တယောက် တွေ့ရင် ယဉ်ကျေးမှုအရ နှုတ်ဆက်နေကျစကား၊ ပဋိသန္တာရစကားသာ ဖြစ်ပါတယ်။ ပြောကြားသူ ကိုယ်တိုင်ကိုသော်လည်းကောင်း အပြောခံရသူကိုလည်းကောင်း ဘယ်လိုမှ ထိခိုက်နစ်နာမှု မဖြစ်စေတဲ့ မရှိစေတဲ့ စကားပဲဖြစ်ပါတယ်။ ထိပ်တန်း လျှို့ဝှက် သတင်းတခုခု၊ တော်လှန်ရေး ကိစ္စတခုခု မဟုတ်ပါဘူး။ ကောင်းပြီ၊ ဒါဖြင့်ရင် ဒီစကားကလေး ပြောဖို့ကို ဘာဖြစ်လို့ အရပ်ရှစ်မျက်နှာကို အရင်ကြည့်၊ စိတ်ချရပြီ ဆိုတော့မှ တိုးတိုးကလေးကပ်ပြော လုပ်ရတာလဲလို့ မေးစရာ ရှိပါတယ်။ ကာတွန်းဆရာ ဆိုလိုချင်တာက စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ဘယ်သူ တဦးတယောက်မှ လုံခြုံမှု မရှိဘူး ဆိုတာကိုပါပဲ......။

အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် 'Informer' လို့ခေါ်တဲ့ သတင်းပေးတွေ ဖော်ကောင်တွေကို လက်သပ် မွေးထားတတ်ကြပါတယ်။ ဒီ 'Informer' တွေပေးတဲ့ သတင်း အချက်အလက်တွေ အပေါ် ဟုတ်တာမဟုတ်တာ နောက်ထား၊ သူတို့ သတင်းပေးလိုက်တဲ့ သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ထောင်ချ သတ်ဖြတ်တာတွေ လုပ်ကြပါတယ်။ အာဏာရှင်ခေတ်မှာ လူနှစ်ယောက် မဆုံလိုက်နဲ့ ဆုံလိုက်ရင် တယောက်ဟာ အမြဲပဲ 'Informer' သတင်းပေး ဖြစ်နေတတ်ပါတယ်။

ကျနော့်ရဲ့ မိတ်ဆွေ စာရေးဆရာ ဆောင်းဝင်းလတ်ဟာ စားသောက်ဆိုင် တခုထဲမှာ စားရင်းသောက်ရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကလေးကို ခဲခြစ်ခြစ်ပြီး 'Sketch' ဆွဲလိုက်မိပါတယ်။ တခါတည်း ထောင်တနှစ် ကျသွားပါရောလား၊ ဒါကြောင့် အာဏာရှင်တွေရဲ့ လက်အောက်မှာ နေနေရတဲ့ ပြည်သူလူထုအဖို့ “နေကောင်းတယ်နော်” လို့ဆိုတဲ့ စကားကလေးမျိုးကိုတောင် ကျယ်ကျယ် မပြောရဲရှာဘူး ဆိုတာကို ကာတွန်းဆရာက ပညာသားပါပါနဲ့ တင်ပြလိုက်တာပဲ ဖြစ်ပါတယ်။

ရဲခေါင်မဲမောင်

Mizzimaမှကူးယူဖေါ်ပြသည်။

တွေ့ဆုံဆွေးနွေးရေးလုပ်ရန် မြန်မာကို လုံခြုံရေးကောင်စီ ထပ်မံတောင်းဆိုဖွယ်ရှိ

မြန်မာကို အရေးယူမည့်အချက်များမပါရှိဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ထပ်မံ တောင်းဆိုမည့် လုံခြုံရေး ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်သာ ထွက်ရှိလာနိုင်ကြောင်း စက်တင်ဘာ (၁၀) ရက် ထုတ်ပြန် သည့် လုံခြုံရေးကောင်စီ အစီရင်ခံစာ၌ ခန့်မှန်းရေးသားထားသည်။

မြန်မာအစိုးရအား ဒဏ်ခတ်ရေး ဆွေးနွေးချက်များ မှေးမှိန်သွားပုံရသည့်အတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ယခင် ကြေညာချက် (၂) ခုပါ အချက်များအပါအ၀င် သံတမန်ရေးနည်းလမ်းများသုံးရန် ဖိအားပိုပေးလာနိုင်သည်ဟု အစီရင် ခံစာက သုံးသပ်သည်။ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ ဆွေးနွေးမည့်အချက်များ၌ ထည့်သွင်းနေခြင်းကို တရုတ်က ဆက်ပြီး စိတ်မသက်မသာ ဖြစ်နေသည့်ပြင် မြန်မာစစ်အစိုးရအား လုံခြုံရေးကောင်စီက အရေးမယူရေးကို တရုတ်က လိုလားသည်။

လုံခြုံရေးကောင်စီက ဆောင်ရွက်နိုင်သည့် ရွေးချယ်စရာ နည်းလမ်းများအနက် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် မစ္စတာ ဂမ်ဘာရီ၏ ဆွေးနွေးမှုကို နားထောင်ပြီး မည်သည့်အရေးယူဆောင်ရွက်မှုမှ မလုပ်ဘဲ သဘောထားထုတ်ပြန် နိုင်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရန် လိုအပ်ကြောင်းနှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန် တို့ ပါဝင်သည့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ယခင်ကြေညာချက် (၂) ခုပါ အဓိကအချက်များကို ထပ်မံကြေညာနိုင် ကြောင်းနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ပြီးခဲ့သည့် အောက်တိုဘာလ ထုတ်ပြန်ချက်ပါ အဓိကအချက်များကို ပြန်လည် အလေးထား ထုတ်ပြန်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက်၌ အားလုံးပါဝင်သည့် အမျိုးသားပြန်လည် သင့် မြတ်ရေးလုပ်ဆောင်ရန်၊ ကုလသမဂ္ဂက မြန်မာ့အရေး ဆက်လက်ပါဝင်ဆောင်ရွက်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ရန်၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးကိစ္စများ ဆောင်ရွက်ရန်၊ ပြည်သူလူထု အတွက် စီးပွားရေးနှင့် လူသားချင်းစာနာမှု လိုအပ်ချက်များကို ကိုင်တွယ်လုပ်ဆောင်ရန်တို့ တောင်းဆိုထားသည်။

ထို့အပြင် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ထုတ်ပြန်မည့် ကြေညာချက်၌ ပြီးခဲ့သည့် မေလ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒ ခံယူပွဲ အပေါ် သဘောထားနှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်ကဲ့သို့ ကိစ္စများလည်းပါဝင်နိုင်ပြီး အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ လုံခြုံရေးကောင်စီနှင့် ကြိုတင်တွေ့ဆုံရန်တို့ ပါရှိနိုင်သည်ဟုလည်း အစီရင်ခံစာ၌ ဖော်ပြသည်။

ထိုအစီရင်ခံစာကို သြဂုတ် (၁၈)မှ (၂၃) ရက်အထိ မြန်မာနိုင်ငံသွားရောက်ခဲ့သည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ် အပြီး၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်၌ ကုလသမဂ္ဂ၏ တောင်းဆိုချက် (၅) ချက်ကို မြန်မာအစိုးရက ပိုမိုသဘောပေါက် လက်ခံလာသဖြင့် ထိုခရီးစဉ်ကို မစ္စတာဂမ်ဘာရီက ပိုမိုအကောင်းမြင်သည်ဟုလည်း အစီရင်ခံစာ၌ ရေးသည်။

မြန်မာအရေးနှင့် ပတ်သက်ပြီး အဓိကအရေးပါသည့် အချက်များကို စဉ်းစားရာ၌ မြန်မာနိုင်ငံသွားရန်များသည့် အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း၏ ခရီးစဉ်မှ ခိုင်မာသည့် အောင်မြင်မှုရအောင် မည်သို့လုပ်ရမည်ဆိုသည့်အချက်အပါအ၀င် ဘန် ကီမွန်း မြန်မာနိုင်ငံသွားခြင်းသည် မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံကို ထောက်ခံခြင်းဟု အသုံးချမခံရအောင် မည်သို့ လုပ်ရမည် စသည့်အချက်များပါဝင်သည်။ ထို့ပြင် ကုလသမဂ္ဂသည် မြန်မာနှင့် ဆက်ဆံရာတွင် တိုးတက်မှုမရှိဆိုသည့် မကောင်းမြင်သတင်း ပျံ့နှံ့မှုကိစ္စအတွက် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီက မည်သို့ကိုင်တွယ်ရမည်ဆိုသည့် ကိစ္စ ဖြစ်သည်ဟု ရေးထားသည်။

ပြည်တွင်းဂျာနယ်လစ်များ ပိုမိုတင်းကျပ်ခံနေရ၊ ဂျာနယ်ဈေးကွက် အရောင်းအေး

ပြည်တွင်းဂျာနယ်များမှ သတင်းထောက်များ ဌာနဆိုင်ရာသတင်းများရယူရာတွင် သက်ဆိုင်ရာ လူကြီးများ၏ ပြော စကားများ၊ ပေးသတင်းများကို ရေးသားပြီးပါက ဌာနဆိုင်ရာသို့ ပြန်လည်တင်ပြပြီးမှသာ စာမျက်နှာပေါ် တင်ခွင့်ပေး မည်ဟုဆိုကာ လွန်ခဲ့သောရက်ပိုင်းများက စတင်၍ ဌာနဆိုင်ရာများက ပိုမိုတင်းကျပ်ကန့်သတ်လိုက်ပြီဖြစ်ကြောင်း ပြည်တွင်း လူငယ်စာနယ်ဇင်းသမားများက ပြောဆိုကြသည်။

“ကျနော်တို့အတွက် အလုပ်ပိုရှုပ်သွားတာပေါ့။ ဌာနသတင်းတခုရဖို့၊ ပထမသတင်းရဖို့ သက်ဆိုင်ရာလူကြီးနဲ့ သွားတွေ့ ရတယ်။ တခါရေးပြီးတော့ အဲဒီလူကြီးကို သွားပြန်ပြရတာတခေါက်။ သူမအားလို့ ချက်ချင်း (Edit) လုပ်မပေး နိုင်သေး ရင် စာမူကိုထားပြီးမှ သွားပြန်ယူရတာ တခေါက်ဆိုတော့ ဌာနသတင်းရေးဖို့ အရမ်းအလုပ်ရှုပ်သွားပြီ” ဟု လူငယ် သတင်းထောက်တဦးက သူတို့တွေ့ကြုံခဲ့ရသည့် အခက်ခဲကို ရှင်းပြသည်။

ပြည်တွင်းဂျာနယ်အမျိုးမျိုးတွင် သတင်းထောက်အဖြစ်လုပ်ကိုင်နေသည့် လူငယ်များအနေဖြင့် လစာငွေသုံးသောင်းနှင့် တသိန်းဝန်းကျင်အကြား ရရှိနေကြပြီး အချို့ ဂျာနယ်တိုက်များတွင် ခရီးစရိတ် ပေးလေ့မရှိသည့်အတွက် ယခုကဲ့သို့ သတင်းတပုဒ်ရရန် အခေါက်ခေါက်ခါခါ သွားလာရခြင်းအတွက် များစွာအခက်တွေ့နေကြရကြောင်း စုံစမ်းသိရှိရသည်။

လူငယ်အမျိုးသမီးသတင်းထောက်တဦးက “ဌာနဆိုင်ရာတွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ပြချင်ရင်တော့ သတင်း ထောက်တွေ လာပါဦး၊ ရေးပါဦးနဲ့။ အခုလို စောမြင့်သန်းကိစ္စလည်းဖြစ်သွားပြီးရော သတင်းထောက်တွေအပေါ် ဆက် ဆံပုံက တမျိုးပြောင်းတယ်။ အခုရက်ပိုင်း ဌာနဆိုင်ရာ သတင်းလိုက်ရတာ အရမ်းကြပ်သွားတယ်။ စိစစ်ရေးကလည်း အရမ်းဖြုတ်နေတယ်။ ကျမတို့က အပြင်ဈေးကွက်သတင်းတွေလောက်ပဲ ရေးရတော့မယ့် သဘောမျိုးဖြစ်နေတယ်” ဟု ဆိုသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းကလည်း စာပေစိစစ်ရေးရုံးမှ တာဝန်ခံအယ်ဒီတာများအား ခေါ်ယူတွေ့ဆုံကာ စိစစ်ရေး ရုံးမှာ မူကြမ်းစစ်ဆေးပြီးသော စာမူများအား ဂျာနယ်တိုက်မှ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပါက ထုတ်ဝေခွင့် ရုပ်သိမ်း မည့်အပြင် တိုက်အတွင်းရှိ ဆက်စပ်စက်ပစ္စည်းများကိုပါ သိမ်းဆည်းသွားမည်ဟု ပြောဆိုခဲ့ကြောင်း ပြည်တွင်းစာနယ် ဇင်း အယ်ဒီတာများထံမှ သိရှိရသည်။

“ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေအားလုံးကို စိစစ်ရေးရုံးက တာဝန်ခံအယ်ဒီတာတွေအပေါ် ပုံချလိုက်တယ်။ သူတို့ဟာ စိစစ်ရေးလုပ်နေပေမယ့် ဘာတာဝန်မှ မယူဘူး။ ကိုကြည်မောင်သန်းရေးတဲ့ ဒီပရဂ်ကဗျာကိုပဲကြည့်လေ။ ဒီကဗျာဆိုရင် သူတို့စိစစ်ရေးက လွှတ်ပေးပြီးမှ ပုံနှိပ်ခဲ့တာပဲ။ အဲဒီလို ကိစ္စမျိုးဖြစ်လာရင်လည်း သူတို့က ဘာတာဝန်မှမယူဘူး။ သက် ဆိုင်တဲ့ ဂျာနယ်၊ မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ကိုပဲ အရေးယူတာပဲ” ဟု မဂ္ဂဇင်းအယ်ဒီတာတဦးက ဆိုသည်။

ယခုနှစ်အတွင်း နအဖစစ်အစိုးရက ပြည်တွင်းစာနယ်ဇင်းသမားများအား ပိုမိုဖမ်းဆီးအရေးယူမှုများကြောင့် စာဖတ် ပရိသတ်များ စာနယ်ဇင်းများအပေါ် ယုံကြည်ကိုးစားမှု လျှော့နည်းလာကာ စာနယ်ဇင်းဈေးကွက်အတွင်း ရောင်းအား အေးစက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

“အယ်ဒီတာတွေ၊ သတင်းထောက်တွေ မကြာခဏ အဖမ်းဆီးခံနေရတယ်ဆိုတဲ့ သတင်းတွေကြားပါတယ်။ အခုနောက် ပိုင်း ဂျာနယ်တွေမှာလည်း သတင်းကို ထဲထဲဝင်ဝင်၊ လေးလေးပင်ပင် ရေးတာမျိုး သိပ်မတွေ့ ရတော့ဘူး။ ဈေးကွက် သတင်းတွေ၊ ပွဲလမ်းသတင်းတွေ၊ မင်းသားမင်းသမီးသတင်းမျိုးတွေပဲ အတွေ့ရများလာတယ်။ ပြောရရင် ကျော်ဟိန်း ဘုန်းကြီး ၀တ်တော့မယ်ဆိုတာမျိုးကိုပဲ အကုန်ဝိုင်းဖွနေကြတယ်။ ကျနော်တို့သိချင်တာက ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားပြီလဲ။ ပါတီဖွဲ့ခွင့်တွေ ဘယ်တော့ပေးမလဲ။ ဒါတွေသိချင်တယ်။ ရွေးကောက်ပွဲမှာ ကျနော်တို့လူထုက တခါပြန်ပြီး အဆုံးအဖြတ်ပေးရအုံးမှာလေ။ အခုဘယ်ဂျာနယ်ကမှ ဒီလိုသတင်းမျိုးတွေကို ဖော်ပြနိုင်တာမတွေ့ရဘူး။ ဒါကြောင့် အရင်က တပတ်ကိုသတင်းစုံဂျာနယ် သုံးလေးစောင်ဝယ်ဖတ်ပေမယ့် အခုတော့ တစောင်လောက်ပဲ ၀ယ်ဖတ် တော့တယ်” ဟု မန္တလေးမြို ခံတဦးက ပြောသည်။`

ပန်ဆိုးတန်းလမ်းရှိ ဂျာနယ်ဖြန့်ချိရေးကိုယ်စားလှယ်တဦးက “ဂျာနယ်တွေ အရောင်းကျတယ်။ ကျတယ်ဆိုတာ အားလုံး ကျသွားတာ။ သတင်းစုံရော၊ Pop ဂျာနယ်တွေရော၊ အားကစားဂျာနယ်တွေရော အားလုံးပဲ။ တပတ်ကို စောင်ရေ (၁) ထောင်လောက် ဖြန့်ပေးနေရတဲ့ ဂျာနယ်ကြီးတစောင်တောင် အခုစောင်ရေ (၇၀၀) ၀န်းကျင်လောက်နဲ့ပဲ သွားနေရတယ်။ နယ်အမှာစာတွေမှာလည်း လျော့မှာလာကြတယ်။ အထူးသဖြင့် မွန်နဲ့ မြစ်ဝကျွန်းပေါ်ဘက်က အမှာပိုကျသွားတယ်” ဟု ဆိုသည်။

ပြည်တွင်းဂျာနယ်ဈေးကွက်အတွင်း ရက်သတ္တတပတ်လျှင် ဂျာနယ်အမျိုးပေါင်း (၅၀) ကျော် ထုတ်ဝေလျက်ရှိပြီး၊ အစိုးရက သတင်းသမားများအား ပြင်းထန်းစွာ ဖိနှိပ်မှုများကြောင့် ဂျာနယ်ပါသတင်းတန်ဖိုးများ လျော့ကျလာခြင်း သည်လည်း ဂျာနယ်အရောင်းကျစေသည့် အချက်တရပ်အဖြစ်ပါဝင်ကြောင်း အထက်ပါဖြန့်ချိသူက သုံးသပ်သည်။

တပ်နဲ့ ပြည်သူ ပူးပေါင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အမျိုးသမီးအဖွဲ့ချုပ် တိုက်တွန်း


နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ဒါမှ မဟုတ် ကမ္ဘာ့ အပစ်အခတ် ရပ်ဆဲရေးနေ့အဖြစ် ကုလသမဂ္ဂ အဖွဲ့ကြီးက သတ်မှတ် ထားတဲ့ ဒီနေ့မှာ မြန်မာနိုင်ငံကို တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရနိုင်ဖို့ မျိုးချစ် မြန်မာ့ တပ်မတော်သားတွေ အနေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းကြဖို့ ထိုင်းအခြေစိုက် WLB အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာဟာ ဘယ်လို ငြိမ်းချမ်းရေးမျိုးကို ဆိုလိုပါသလဲလို့ မေးတဲ့အခါမှာ မနန်းရင်က အခုလို ဖြေပါတယ်။

ကျမတို့ ပြောတဲ့ ငြိမ်းချမ်းရေး ဆိုတာက တန်းတူညီမျှမှုတွေ ဒီမိုကရေစီ တည်ဆောက်မှုတွေ တကယ်ပဲ ရှိပြီး၊ လူထု ကိုယ်စားလှယ်တွေနဲ့ ကိုယ့်အမြင်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသနိုင်တဲ့ လူ့အခွင့်အရေးတွေ အပြည့်အ၀ရှိတဲ့ ငြိမ်းချမ်ရေးမျိုးကို ဆိုလိုချင်တာပါ။ သုဿာန်တဆပြင်လို မလုံခြုံမှုတွေ၊ ကြောက်ရွံ့မှုတွေ ရှိနေရတဲ့ ငြိမ်းချမ်းရေးမျိုး၊ အပစ်အခတ် ရပ်စဲမယ်၊ လက်နက်ချမယ်၊ သူတို့ ပြောတဲ့ ဘောင်တွေထဲမှာ လုပ်နေရတဲ့ ငြိမ်းချမ်းရေးမျိုးကို ကျမတို့ ပြောချင်တာ မဟုတ်ဘူး။

မျိုးချစ် တပ်မတော်သားတွေကို ပြည်သူနဲ့ ပူးပေါင်းဖို့ တိုက်တွန်းတယ်ဆိုတာမှာ ၁၉၈၈ လူထု အုံကြွမှုဖြစ်တဲ့ အခါမှာတုန်း တပ်မတော်သားတွေ အနေနဲ့ ပြည်သူဘက်ကနေ ရပ်တည်တာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမယ့် တနှစ်ပြီးတနှစ် ကြာလာပြီး နှစ်ပေါင်း ၂၀ ရောက်တဲ့အခါမှာ တပ်မတော်နဲ့ ပြည်သူဟာ တကယ်ပဲ တိုင်းပြည်ကောင်းကျိုးအတွက် လက်တွဲ ပူးပေါင်းတာ အခုထိ မျက်ဝါးထင်ထင် မတွေ့ရပိုင်းမှာ ရှိတယ်ဆိုတော့ မျိုးချစ် တပ်မတော်သားတွေကို ပြည်သူတွေနဲ့ ပူးပေါင်းဖို့ ထပ်ပြီး တိုက်တွန်းတဲ့ အပေါ်မှာ ဘယ်လိုများ မျှော်လင့်ချက်တွေ ရှိပါသလဲ။ မျှော်လင့်လို့ရော ရမယ် ထင်ပါသလား။

တပ်မတော်သားတွေမှာ တကယ်ပဲ မျိုးချစ်စိတ်နဲ့ ပါချင်တဲ့ သဘောရှိတယ်။ ဒါပေမယ့် စစ်တပ်ဆိုတဲ့အတိုင်းက အမိန့်အောက်မှာ နေရတဲ့အခါမှာ ခက်ကောင်းခက်ပါလိမ့်မယ်။ ဒါပေမယ့် ကျမတို့ အားလုံးက အခု လက်ရှိ ဖြစ်နေတာ တွေဟာ စစ်တပ်ကြီးတခုလုံးက လုပ်နေတာဆိုတဲ့ အတွေးအခေါ်မျိုးမရှိဘဲနဲ့ ဒါတွေဟာ ထိပ်ပိုင်းမှာ ရှိနေတဲ့ အာဏာကို လက်မလွှတ်ချင်တဲ့ လူတစုကပဲ လုပ်နေတာဖြစ်တယ်။ ငြိမ်းချမ်းရေးလို့ ပြောရင် စစ်တပ်က အရေးကြီးတယ် ဆိုတာ ဟုတ်ပါတယ်။ တပြိုင်နက်ထဲမှာ ကျမတို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။ အားလုံးကသာ တကယ်ပဲ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လက်ရှိဖြစ်နေတဲ့ ကျမတို့ နိုင်ငံငြိမ်းချမ်းရေးအတွက် ဆိုပြီး ကျရာ ကဏ္ဍကနေ မကြောက်မရွံ့ဘဲ လုပ်နိုင်မယ် ဆိုရင် တပ်မတော်သားတွေဟာလည်း ကျမတို့ ဘက်မှာ ရပ်တည်နိုင်လာမှာ ဖြစ်ပါတယ်။ ကျမတို့ အားကောင်းလာတဲ့ အချိန်မှာ တပ်မတော်ဟာလဲ ကျမတို့ဘက်မှာ ရပ်တည်လာမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွက်လာဖို့ အဓိကအဆင့်တွေက ဘာလဲဆိုတာကို မနန်းရင်ရဲ့ သဘောတာကို ပြောပြပါ။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ ပထမဆုံးအနေနဲ့ စစ်အာဏာရှင် လူတစုကို ဖယ်ရှားပြစ်နိုင်ဖို့က အရေးကြီးတယ်။ နောက်ပြီး လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဟာ ကောင်းကောင်းမွန်မွန် သေသေချာချာ မရှိခဲ့ရသေးတဲ့အတွက် တိုင်းရင်းသား ပေါင်းစုံ တွေ့ဆုံဆွေးနွေး သွားကြဖို့ ဆိုတဲ့ အဆင့်တွေကတော့ အများကြီးရှိပါတယ်။

9.21.2008

ပါကစ္စတန်မြို့တော်တွင် ဗုံးပေါက်ကွဲ၊ လူ ၆၀ ထက်မနည်း သေဆုံး

Pakistan Security Officials Describe Hotel Attack


21 September 2008



Pakistani security officials have disclosed new details about Saturday's hotel bombing and released a video showing the attack. VOA's Barry Newhouse reports from Islamabad, where the interior ministry said the death toll has reached 53 people, including four foreigners.

View of destruction caused by bomb explosion at hotel in Islamabad, 20 Sep 2008
View of destruction caused by bomb explosion at hotel in Islamabad, 20 Sep 2008
The top official in the interior ministry told reporters that the attackers had built a sophisticated bomb that is the largest on record in Pakistan.

Rehman Malik said an estimated 600 kilograms of military grade explosives were mixed with aluminum powder - a highly flammable material. The bomb was packed inside a large dump truck that was also carrying construction materials - apparently to take advantage of city rules that allow large construction vehicles into the city after sunset.

Security camera footage released by officials showed a large truck attempting to ram the hotel gate. When the truck failed to breach the barrier, the driver appeared to detonate a small explosion inside the cab, catching the vehicle on fire and sending hotel guards fleeing. The vehicle then burned for several minutes, before the flames grew and eventually detonated the truck's massive payload.

Rehman Malik said officials have made no arrests, but suspect the perpetrators are linked to previous attacks.

"Unless I investigate, Im not at liberty to tell you who has done it. But previous investigations, all the roads have gone to South Waziristan," Malik said.

The tribal agency on the Afghan border is considered a stronghold of Taliban leader Baitullah Mehsud, who was also blamed in the assassination of former Prime Minister Benazir Bhutto.

Officials said the four foreigners killed in the blast included two Americans, a Vietnamese citizen and the Czech ambassador to Pakistan.

No militant groups have claimed responsibility for the attack, but in the past spokesmen for the groups frequently call television and radio stations to take credit and criticize the government.

Rehman Malik urged the media not to give the militants a propaganda victory.

"I am requesting and appealing to the media to stop the glorification of those - those militants who are killing your brothers, your sisters," Malik said.

The top official in the interior ministry said the government plans to continue its plan for combating militancy in the tribal regions by distributing development aid, negotiating peace deals with willing partners, and using military strikes when necessary.

Pakistani police officers carry an injured person after a bomb explosion at a hotel in Islamabad, 20 Sep 2008
ပေါက်ကွဲမှုတွင်း ဒဏ်ရာရသူများကို ပါကစ္စတန် ရဲများက ကယ်ထုတ်နေပုံ (စက်တင်ဘာ ၂၀၊ ၂၀၀၈)
ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘက် မှာရှိတဲ့ မဲရီးယော့တ် ဟိုတယ် အပြင်ဘက်မှာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့် တင်ဆောင် ထားတဲ့ ထရပ်ကား တစီးကို အသေခံ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၆၀ သေဆုံးပြီး လူ ၂၅၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

စနေနေ့နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုကြောင့် ဟိုတယ်အ၀င်ပေါက် လုံးဝ ပျောက်ထွက်သွားပြီး ဧည့်ခန်းဆောင် လည်း ပျက်ဆီးကာ အဝေးကြီးက အဆောက်အဦတွေ တောင်မှ တုန်ခါသွားခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ဟိုတယ် ရဲ့ ပင်မ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ထွက်သွားပြီး ဟိုတယ်တခုလုံး မီးဟုန်းဟုန်း တောက်နေခဲ့ပါတယ်။ အဲဒီအဆောက်အဦ ပြိုကျနိုင်တယ်လို့လည်း အာဏာပိုင်တွေ က သတိပေးထားပါတယ်။

အထဲမှာ လူတွေ အများကြီး ပိတ်မိနေသေးတာကြောင့် သေဆုံးသူ အရေအတွက် ပိုများလာနိုင်ပါတယ်။ ဒီဖောက်ခွဲမှုအတွက် ၁,၀၀၀ ကီလိုဂရမ် ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သုံးထားလိမ့်မယ်လို့ ရဲ က ခန့်မှန်းပါတယ်။

ပေါက်ကွဲမှုကြောင့် ပေ ၅၀ လောက်ကျယ်တဲ့ ကျင်းကြီးလည်း ဖြစ်သွားခဲ့ရပါတယ်။ အခုထိတော့ တိုက်ခိုက်မှုအတွက် ဘယ်သူကမှ ၀န်ခံလာတာ မရှိသေးပါဘူး။ ဒါပေမယ့် လွှတ်တော်နားမှာ ပေါက်ကွဲမှု ဖြစ်နိုင်တယ် ဆိုတဲ့ ထောက်လှန်းရေး သတင်း ရထားတယ် လို့တော့ ပြည်ထဲရေး ၀န်ကြီးဌာန အကြီးအကဲ က ပြောပါတယ်။

စစ်ခုံရုံးမှတလွဲများမီးဖိုထဲမှာချက်လို့တဲ့ဗျား(ကောင်းကင်ပြာ)

စက်တင်ဘာ ၂၁၊ ၂၀၀၈ထူးအိမ်သင် သီချင်းက တနေ့စာ အလွဲများ ပါတဲ့။ မြန်မာပြည်က အလွဲတွေကို သီချင်းလုပ်ဆိုတာပါ။ နည်းနည်းလေးတော့ လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ် … တဲ့။အခုချိန်မှာ ထောင်ထဲမှာ ခုံရုံးထုတ်ပြီး ၈၈ မျိုးဆက်တွေ၊ ရဟန်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ၊ နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်သားကြီးတွေကို တရားစွဲ၊ အမှုတွေ ဆင်၊ ရုံးထုတ်၊ ဆွဲချ နဲ့ ချေပတာတွေ လုပ်ခိုင်းနေတာ တချိမ်းချိမ်းပါပဲ။အရှေ့ပိုင်းခရိုင် တရားရုံးတဲ့၊ အနောက်ပိုင်း ခရိုင်တရားရုံး တဲ့ …။ နံမယ်တွေက ကြည့်လိုက်ရင် ရန်ကုန်မြို့က ဘားလမ်းမှာ၊ ကမာရွတ်တို့၊ ဗဟန်းတို့၊ လသာတို့မှာ ရုံးထုတ်ပြီး တရားဆိုင်နေရသလိုလို။ အချုပ်ကားကြီးနဲ့ ရမန်ကြီး ရက်ပြည့်တိုင်း မြို့ထဲကို ရုံးထုတ်ထား သလိုလို။ တကယ်ကတော့ တရားရုံးကို အင်းစိန်ထောင်မကြီးထဲမှာ အခြေစိုက်ဖွင့်ထားတာမို့လို့ တိုက်ထဲက အဆောင်ထဲက လက်ထိပ်နဲ့ ခြေထိပ်နဲ့ ချုပ်ပြီး ထောင်ကြီးက တရားရုံးကို ချီတက်လာရတာပါ။ တရားရုံးမှာလည်း အမှုတွေက အံ့သြကုန်နိုင်ဘွယ်။ ပြည်ပနိုင်ငံများကို အသရေဖျက်လို့တဲ့။ တရုတ်တို့ ကုလားတို့ကို ဝေဖန်လို့ ဆိုပဲ။ သာသနာကို ဖျက်ဆီးလို့တဲ့။ ဘုန်းကြီးတွေကို ဘုရားမှာ ဆွမ်းကပ်တာ အပြစ်ရောက်နေပြီ။ နိုင်ငံတော်ကို စော်ကားလို့တဲ့။ လူ့အခွင့်အရေး ကြေငြာစာတမ်းကို ဖတ်မိတာက နိုင်ငံတော်ကို လုပ်ကြံသလို အပြစ်ကြီး ဆိုပဲ။အခု နောက်ဆုံးကတော့ လောကဓာတ်ပညာတွေနဲ့ ပတ်သက်ပါတယ်။ “လောကဓာတ်ပညာ လက်ရောက်မှု”တွေနဲ့ အမှုစွဲပါတယ်။ အင်တာနက်ဥပဒေ အင်တာဖြူဥပဒေ ဆိုတာကလည်း အံ့သြကုန်နိုင်ဖွယ်ပါပဲ။ အီးမေး သုံးလို့ ပြီးတော့ “ချက်”လို့ စသည်ဖြင့် အမှုမှာ စွဲထားတာတွေက ပြုံးချင်စရာပါ။ပြည်ပက အဖျက်အမှောက်သမားတွေနဲ့ နာဂစ်ကယ်ဆယ်ရေးလုပ်သားကြီးက အဆက်အသွယ် လုပ်ပါတယ်တဲ့။ ဆက်သွယ်ပုံမှာ နေ့စဉ် “ ချက်” တဲ့နည်းနဲ့ ဆက်သွယ်ကြတာလို့ စွပ်စွဲပါတယ်။ ဒီလောက် အင်တာနက်ကို ပိတ်ဆို့ တားမြစ် ဖိနှိပ်ထားတဲ့ကြားက မောင်မင်းတို့ ဘယ်နေရာကနေ “ချက်” သလဲလို့ အမှုစွဲသူတွေက မေးတဲ့အခါ၊ ကွန်ပျူတာသမား ကယ်ဆယ်ရေးလုပ်သားကြီးက အမှန်အတိုင်း ဖြေပါတယ်။ “ကျနော်တို့က ဘယ်နေရာမှာ “ချက်” သလဲ။ ဟုတ်လား။ ကျနော်တို့ “မီးဖို” ထဲမှာ “ချက်” ရင်း တွေ့ကြ ဆုံကြတယ်” လို့ ပြောလိုက်ပါတယ်။တရားရုံးကလည်း သူပြောတဲ့အတိုင်း မှတ်တမ်းတင်ပါတယ်။ လောကဓာတ်ပညာတွေကို ဗူးလုံး နားမထွင်းတဲ့ တရားသူကြီးတွေ ၀န်ထမ်းတွေကတော့ နာဂစ် ကယ်ဆယ်ရေးလုပ်သားကြီးကို စိတ်ဆိုးကြပါတယ်။ ငါတို့ကို မချေမငံ စကားကပ်ပြီး လျှောက်ပြောနေတယ် ပေါ့လေ။အလွဲကလေးကတော့ ဒီလိုပါနော်။ အင်တာနက်သမားတွေကတော့ သိကြမယ်ထင်ပါရဲ့။ သံခိတ်က (ခက်ဆစ်) က ဒီလိုပါ ခင်ဗျား -ချက် = chatမီးဖို = http://meebo.com - ၀က်ဆိုက်က တဆင့် ပိတ်ထားသော ချက်အစီအစဉ်များကို ကျော်လွှား သုံးစွဲနိုင်တဲ့ အင်တာနက်ဆိုက်သူပြောတာ အမှန်ကတော့ - ပြည်ပကလူတွေနဲ့ chat လုပ်ရာမှာ MeeBo ထဲမှာ သွားရောက်ပြီး chat ရတာ ဖြစ်တယ်လို့ ဆိုတာပါ ခင်ဗျား။ မီးဖိုထဲမှာ ချက်ကြရတယ် ဆိုတာ ရိုးရိုးသာမန်တွေးလည်း ဟုတ်တာပါပဲနော်။အဖျက်သမားတွေနဲ့ နာဂစ်ကယ်ဆယ်ရေးလုပ်သားကြီးတို့ ဘယ်မီးဖိုထဲမှာ ဘာဟင်းတွေ ချက်မိလို့ ဘယ်လိုမျိုး အမှုတွေ ကြီးကုန်ပါလိမ့်လို့ … ကွမ်းယာဆိုင်က ချာတိတ်က ပါးစပ်လေး အဟောင်းသားနဲ့ အတွေးနယ်ချဲ့ ကျန်ရစ်ပါတယ်။ဟဲ ဟဲ …
(ဉာဏ်ကျယ်လေး ကောင်းကင်ပြာ ကိုယ်တွေ့ တဆင့် ပြန်ရေးသည်)
စက်တင်ဘာလ စစ်ဖိနပ်အောက်က ရန်ကုန်
ညွန့်ထွေးစက်တင်ဘာ ၂၀၊ ၂၀၀၈
သိမ်ဖြူလမ်းမှာ လုံထိမ်းကား ၁၀ စီး လက်နက်အပြည့်အစုံနဲ့ ဖြတ်မောင်းသွားတယ်။ မြင်လိုက်ရတဲ့ မြို့ခံတွေက တဦးကို တဦး စိုးရိမ်ပူပန်တဲ့ မျက်လုံးချင်း ဆုံကြည့်ကြတယ်။ ဘာမှတော့ မပြောဖြစ်ကြဘူး။ သောကြာနေ့ ၃ နာရီ ခွဲ၊ ရဲသားများ တစီးလျင် ၂၀ ဦးခန့်။ရန်ကုန် စက်တင်ဘာနေ့ရက်တွေမှာ အာဏာပိုင်တွေရဲ့ လက်နက်ကိုင်တွေ၊ လုံခြုံရေး ၀န်ထမ်းတွေ၊ သတင်းပေး အရပ်ဝတ်တွေ နေရာ အပြည့်ယူထားပြီး ဟိုမှ သည်မှ အရေးတကြီး ကူးသန်းပြနေတဲ့အတွက် သူတို့ကြောင့် ရန်ကုန်မြို့ကြီးက နေစရာ မရှိအောင် ထိတ်လန့်နေကြရတယ်လို့ ပရိသတ်က ပြောပါတယ်။ယနေ့ စနေနေ့မှာတော့ လူသွားလူလာ ကျဲပါး ခြောက်ကပ်နေပြီး သိမ်ကြီးဈေး၊ ဗိုလ်ချုပ်အောင်ဆန်း ဈေးတို့မှာပါ ဈေးဝယ်တွေ သိသိသာသာ လျော့နည်းနေတာကို တွေ့ရပါတယ်။ “ ငါတို့ကဖြင့် ဘာမှ မလုပ်ရဘဲနဲ့ သူတို့မှာ ဟန်ရေးပြနေလိုက်တာ။ ကြောက်နေရတာက ငါတို့လား၊ သူတို့လား …” လို့ လမ်းဘေးက ဘတ်စ်ကားစောင့်နေသူတယောက်က အဖော်ကို ပြောလိုက်ပါတယ်။ည ၉ နာရီမှာ လူရော ကားပါ အသွားအလာ ခြောက်နေတဲ့ ရန်ကုန်မြို့မှာ အငှားကားသမားများကတော့ တော်တော်ကို အကြပ်ဆိုက်နေပါပြီ။ သူတို့အပြောက အဝေးပြေးဂိတ်တွေ၊ မော်တော်ဆိပ်တွေမှာပါ လူ မရှိတော့ဘူး။ အချိန်တိုင်း နေရာတိုင်းမှာလည်း လမ်းကို ပိတ်ပြီး စစ်ဆေး မေးမြန်းတဲ့ လုံခြုံရေးချထားတဲ့ လူအုပ်စုကြီးတွေကိုပဲ တွေ့ရနေတော့ ခရီးသည်တွေ မသွားကြတာလဲ မဆန်းပါဘူးလို့ သူတို့က မှတ်ချက်ပေးပါတယ်။“နေအိမ်တွေမှာလည်း တအိမ်တက်ဆင်း ညဘက်ဆို ဧည့်စာရင်း စစ်ကြပြီ။ တစိမ်းတွေက အိမ်ထဲကို ၀င်လာပြီး လိုက်ရှာတာ၊ လိုက်ကြည့်တာတွေ လုပ်တယ်။ သူတို့တွေက လူတွေကို အဲသလို အိပ်ကောင်းခြင်း အိပ်မရအောင် နှောက်ယှက်စော်ကားနေရတာကို ကျေနပ်နေပုံပဲ။” လို့ ကျောင်းသားတဦးက ပြောပါတယ်။ လူငယ်ဖြစ်နေလို့၊ ကျောင်းသားဖြစ်နေလို့၊ ဘုန်းကြီးဖြစ်နေလို့၊ အတိုက်အခံတွေနဲ့ ပတ်သက်ပေါင်းသင်းနေလို့၊ မိသားစုထဲမှာ နိုင်ငံရေးမှုနဲ့ ထောင်ကျနေသူ၊ တိမ်းရှောင်နေသူ ရှိနေလို့ စတဲ့ အကြောင်းတွေနဲ့ ပစ်မှတ်ထားခံရသူ မိသားစုများ အသိုင်းအ၀ိုင်းတွေမှာ အမှန်တရားဘက်က ရပ်တည်နေရဲတာအတွက် ကိုယ်ချင်းစာဖေးမသူတွေ ရှားလာသလိုပဲ လို့ ထောင်ကျနေသူ ဇနီးသည်အတွက် ရုန်းကန်နေရသူက ရင်ဖွင့်ထားပါတယ်။“ လူတွေကို ခြောက်လှန့်ပြီး အသက်ရှင်သန်ခိုင်းထားတယ်။ ကောလာဟာလဆိုတာက သူတို့ဖက်က လွှင့်နေတာချည်းပဲ။ အဖျက်သမားတွေကို ပြည်ပက လွှတ်လိုက်တယ်။ အခု ဗုံးတွေကို ဖောက်မည့်သူတွေကို လိုက်ဖမ်းနေရတယ်။ ရပ်ကွက်ထဲမှာ အစိုးရကို မျက်စောင်းမထိုးနဲ့ အဲသည်လူကို အကြမ်းဖက်သမား၊ ဖောက်ခွဲရေးသမားဆိုပြီး အစိုးရလူတွေက လက်တို့ပြီး ဖမ်းမှာပဲ။ ဒါမျိုးတွေနဲ့ လူတွေကို ခြိမန်းခြောက်ထားတယ်။” လို့ သူက ပြောပါတယ်။ “ပျက်စီးနေတဲ့ အစိုးရစနစ်ကို မကြိုက်လို့ ဆန့်ကျင်လို့ အဖမ်းခံရတယ်။ အဲ အဖမ်းခံရတော့ သူတို့ရဲ့ ပျက်စီးနေတဲ့ စနစ်ရဲ့ လက်ဝေခံတွေက လမ်းကြောင်းဝင်ဖို့တို့၊ လာဘ်ပေးဖို့တို့ ကျနော်တို့လို လူမျိုးတွေကို လာပြီး စည်းရုံးတယ်။ ကျနော်တို့က သူတို့ကို အောက်ကျို့ရအုံးမယ် ဆိုရင် ကျနော်တို့က သူတို့စနစ်ကြီးကို အားပေးသူတွေ ဖြစ်ကုန်မှာပေါ့ …” ကလေးတွေအတွက် ထမင်းဘူးတွေကို ပြင်ဆင်ရင်း အလုပ်များနေတဲ့ ခင်ပွန်းက သူ့အမြင်ကို ပြောသွားပါတယ်။စက်တင်ဘာလ ရန်ကုန်မြို့ကတော့ နေ့ရော ညပါ လိပ်ပြာများ အသက်ဝိဉာဏ်များ ကင်းမဲ့ချို့တဲ့လျက် ရှိနေပြီ။ မြို့တော်ခမ်းမ ၀န်းကျင်က စီစီတီဗီတွေ အောက်မှာ လူတွေက ငြိမ်ဝပ်ပိပြားစွာ အသက်ရှူနေကြသည်။ စစ်သားတွေကို မမြင်ကြရတော့ပေမယ့် ရဲတွေ၊ အရပ်ဝတ် အစိုးရ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေနှင့် သတင်းပေး အလိုတော်ရိများ၏ ချယ်လှယ်နေမှုတွေကို ရန်ကုန်က ပြည်သူတွေ မည်မျှကြာကြာ ခေါင်းငုံ့ခံနေမည်လဲ …
မိုးမခဘလေ့မှကူးယူဖေါ်ပြပါသည်။

ချုပ်နှောင်ခြင်းမှလွတ်မြောက်နေသူများ

နိုင်ငံရေးအကျဉ်းသားများနှင့်ပါတ်သက်သောအသိုင်းအဝန်းမှရရှိသောသတင်းများ
အရအင်းစိန်ထောင်အပါအဝင်အချို့အကျဉ်းထောင်များတွင်သက်ကြီးရွယ်အိုနှင့်
နာမကျန်းဖြစ်နေသူအကျဉ်းသားများစာရင်းကိုလိုက်လံကောက်ယူနေကြောင်း
သိရပါသည်။

မည်သည့်အတွက်လိုက်လံကောက်ယူနေသည်ကိုမသိရသော်လည်းထိုအကျဉ်းသား
များကိုနအဖမှသက်ညှာမှုကိုပြသည့်သဘော(ဖိအားတချို့လျှော့ကျစေလို့သည့်
သဘော)၊လက်ကျန်ပြစ်ဒါဏ်များကို့လျှော့ပေါ့ပေးသည့်အနေအထားဖြင့်လွှတ်ပေး
ရန်ဖြစ်နိုင်ကြောင်းယူဆမှုများရှိနေပါသည်။

ထိုသို့ဆောင်ရွက်မှုများထဲတွင်လက်ရှိမတရားစွဲဆိုအမှုဆင်ခြင်းခံနေကြရသော
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊NLDအဖွဲ့ဝင်များ၊ကိုဇာဂနာ၊ကိုဇော်
သက်ထွေး၊မစုစုနွေးစသည့်အမှုရင်ဆင်နေရသေးသူများအကျုံးဝင်ခြင်းမရှိသေး
ဟုလည်းသိရပါသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံနေရဆဲနိုင်ငံရေးအကျဉ်းသားများထဲတွင်၁၉၈၉ခုနှစ်
ကတည်းကထောင်ဒဏ်ကျခံနေရသူအသက်၇၈နှစ်ကျော်နေပြီဖြစ်သူသတင်းစာ
ဆရာကြီးNLDဦးဝင်းတင်သည်ယခင်နှလုံးရောဂါနှင့်ရင်ကျပ်ရောဂါအတွက်ဆေး
ပုံမှန်သောက်နေရသူဖြစ်ပြီး၊ဆီးကျိတ်ခွဲစိတ်ကုသမှုခံယူထားရဘူးပါသည်။ယခု
အချိန်တွင်မျက်စိတိမ်စွဲသည့်ဝေဒနာကိုခွဲစိတ်ကုသရန်လိုအပ်နေကြောင်းလည်း
သိရပါသည်။

သို့ရာတွင်ဦးဝင်းတင်ကဆေးရုံတက်ဆေးကုရန်ငြင်းဆိုထားကြောင်းသိရပါသည်။
၎င်းနှင့်နီးစပ်သူအချို့၏ပြန်လည်ပြောပြချက်အရထိုသို့ကျမ်းမာရေးမကောင်းခြင်း၊
အသက်အရွယ်ကြီးခြင်း၊ဆေးကုသမှုခံယူရခြင်းကြောင့်အပြစ်ဒါဏ်မှလျှော့ပေါ့၍
လွှတ်ပေးခြင်းကိုလုံးဝလက်ခံမည်မဟုတ်ဟုငြင်းဆိုထားခြင်းဖြစ်ပြီး။ဆေးရုံတက်ရ
သဖြင့်အပြစ်ဒါဏ်မှလျှော့ပေါ့သည့်သဘောဖြင့်လွှတ်ပေးမည်ကိုလည်းလုံးဝလက်
မခံနိုင်သဖြင့်ဆေးရုံတက်မျက်စိခွဲစိတ်ကုသရန်ကိုပါငြင်းဆိုထားခြင်းဖြစ်သည်ဟု
သိရပါသည်။

ဦးဝင်းတင်အားမတရားဖမ်းဆီးအကျဉ်းချထားသည့်လက်ရှိပုဒ်မအရဆိုလျှင်ပင်
ချုပ်နှောင်ထားသည့်ကာလသည်ချထားသည့်အပြစ်ဒါဏ်ထက်ကျော်လွန်နေပြီဟု
သိရပါသည်။ထို့ကြောင့်ဦးဝင်းတင်က၄င်းအားလွတ်ပေးမည်ဆိုလျှင်

(၁)သူ့အားမတရားဆက်လက်ချုပ်နှောင်ရန်၎င်းတို့ထံတွင်ဥပဒေမရှိတော့၍၄င်း။
(၂)ထိုသို့မဟုတ်လျှင်မတရားဖမ်းဆီးခြင်းခံနေကြရသောနိုင်ငံရေးအကျဉ်းသား
အားလုံးကိုချွင်းချက်မရှိလွတ်ပေးခြင်းဖြင့်၎င်းသာလွတ်မြောက်ရန်ဆန္ဒရှိပြီး။
(၃)နအဖမှစာနာထောက်ထားသောအားဖြင့်လွတ်ပေးခြင်းကိုလက်ခံမှလွတ်
မြောက်ရမည်ဆိုလျှင်ထောင်ထဲတွင်ပင်ဆက်လက်နေသွားမည်ဟုပြောဆိုထား
ကြောင်းသိရပါသည်။

မတရားချုပ်နှောင်ခံထားကြရသော်လည်းရဲရင့်စွာလွတ်မြောက်နေကြသူနိုင်ငံရေး
အကျဉ်းသားအားလုံးကိုဤသတင်းဆောင်းပါးဖြင့်ဦးညွတ်ဂုဏ်ပြုလိုက်ရပါသည်။
D-Wave

Force Labour



The villagers from Mayang Gone village ,Daydaye township,Irrawaddy division were forced labor by authorities .
photos from http://www.laminkhin.blogspot.com
Posted by Picasa

9.20.2008

Irrawaddy news forward

Irrawaddy online magazine was attacked by unknown hackers .But you can see at this moment at

http://theirrawaddy.blogspot.com/
http://theirrawaddyburmese.blogspot.com/

Suu Kyi Appeal to be Lodged Next Week in Naypyidaw

Posted by The Irrawaddy Magazine | Friday, September 19, 2008 | | 1 comments »

By LAWI WENG

Burmese opposition leader Aung San Suu Kyi’s lawyer said on Friday his legal assistant will travel to Naypyidaw next week to lodge a formal appeal against her continuing house arrest.

Suu Kyi’s house arrest was extended in May for a further year. She had already served five years, and her lawyer, Kyi Win, has said the extension was illegal.

Kyi Win told The Irrawaddy he would meet Suu Kyi soon to discuss the appeal, which would be presented in Naypyidaw by his assistant, Hla Myo Myint.

Kyi Win said Suu Kyi would meet the regime's liaison officer, Aung Kyi, when her health permitted.

The French news agency AFP reported that Suu Kyi was receiving intravenous treatment to restore her health. She refused to receive food supplies at her home for four weeks in what was seen as a protest against the conditions of her detention.

Last week, the regime relaxed some restrictions, and Suu Kyi agreed to accept deliveries of food and other household supplies to her home, where she has been detained for more than 13 of the past 19 years.

ရန်ကုန်တွင် သံဃာ ၅ ပါးထက်ပို၍ စုဝေးခွင့်မရ

Posted by The Irrawaddy Magazine | Saturday, September 20, 2008 | | 0 comments »

ကိုသက် | စက်တင်ဘာ ၂၀၊ ၂၀၀၈

ရန်ကုန်မြို့ရှိလမ်းမများတွင် သံဃာတော် ၄ … ၅ ပါးခန့်သွားလာနေလျှင် အာဏာပိုင်များနှင့် ကြံဖွံ့၊ စွမ်းအားရှင်များက အချင်းချင်းစကားပြောစက်ဖြင့်ဆက်သွယ်ကာ အဆင့်ဆင့်အသိပေးစောင့်ကြည့်မှုများ ပြုလုပ်နေသကဲ့သို့ စုံစမ်းမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်ဟု ရန်ကုန်ရှိ သံဃာ အသိုင်းအ၀န်းက ဆိုသည်။

၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်များ ချီတက်လာစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အဆိုပါလုပ်ဆောင်မှုများကြောင့် သံဃာများဆွမ်းခံထွက်ချိန်နှင့် ဒါယကာ၊ ဒါယကာမများပင့်ဖိတ်သည့် ဆွမ်းသွပ် အလှူပွဲများကို တစုတဝေးတည်းသွားခွင့်မရကြောင်း သိရသည်။

လမ်းမတော်မြို့နယ်ရှိ သရက်တောကျောင်းတိုက်နှင့် နီးစပ်သူတဦးက “ကိုယ်တော်တွေ ဆွမ်းခံတောင် သိပ်မထွက်ရဲတဲ့ပုံစံမျိုး ဖြစ်နေတယ်။ နာရေးတို့ .. အာရုဏ်ဆွမ်းတို့ကပ်တဲ့အခါကျရင် ၅ ပါးစုပြီး မသွားရဲဘူး။ ဘုန်းကြီးတွေ အစုခွဲပြီး ကြွနေရတယ်” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်ရှိ ဓမ္မာစရိယ စာချကိုယ်တော်တပါးက “သုံးလေးငါးပါးသွားလာတာမျိုးတွေ့ရင် စကားပြောစက်တွေနဲ့ အဆင့်ဆင့်လှမ်းပြီးပြောနေကြတယ် … ဘယ်သူတွေလဲဆိုတော့ ရဲတို့၊ စွမ်းအားရှင်တို့ပေါ့ … ယူနီဖောင်းတော့ မ၀တ်ထားဘူး … အဲဒီလိုလူတွေ အများကြီးရှိတယ်” ဟု မိန့်ကြားသည်။

လွန်ခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့် ကာလဖြစ်သောကြောင့် လှုပ်ရှားမှုများ ထပ်မံမပေါ်ပေါက်အောင် အာဏာပိုင်တို့က လုံခြုံရေးကို တင်းကျပ်ထားပြီး သံဃာတော်များ၏ သွားလာလှုပ်ရှားမှုများကို အထူးစောင့်ကြည့်နေခြင်း ဖြစ်သည်။

လွန်ခဲ့သည်လကစ၍ ရန်ကုန်နှင့် တခြားမြို့ကြီးများရှိ ကျောင်းတိုက်များတွင် အာဏာပိုင်တို့က သီတင်းသုံး သံဃာစာရင်းကောက်ခံထားပြီး သံဃာလှုပ်ရှားမှုများပေါ်ပေါက်ပါက ကျောင်းထိုင်များ၏တာဝန်ဖြစ်သည်ဟု ဖိအားပေးမှုများ ပြုလုပ်သည်ဟုလည်း ဓမ္မာစရိယ စာချကိုယ်တော်က မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့မှာ ဘုရားပေးတဲ့ဝိနည်းနဲ့ မနေရဘဲ နအဖ ပေးတဲ့ဝိနည်းနဲ့နေနေရတယ်။ အလွန်တရာကို စိတ်ပျက်ဖို့ ကောင်းပါတယ် .. နောက်တခုက စစ်သားက လေးသိန်းကျော်ရှိပြီး ဘုန်းကြီးက ငါးသိန်းကျော် ခြောက်သိန်း ရှိတယ်ဆိုပြီး အင်အားယှဉ်သလို ဖြစ်နေတယ်” ဟု ဓမ္မာစရိယ စာချကိုယ်တော်က ဆက်၍ မိန့်ကြားသည်။

လွန်ခဲ့သည့်အပတ်ကစ၍ လယ်စည်းအနီများတပ်ဆင်ထားသည့် လက်နက်ကိုင်လုံထိန်းရဲများက သရက်တောကျောင်းတိုက်အ၀နှင့် ကျောင်းတွင်း၌ စောင့်ကြပ်နေသည်ဟုလည်း အဆိုပါ ကျောင်းတိုက်နှင့် နီးစပ်သူက ပြောသည်။

အန်အယ်လ်ဒီ ဌာနချုပ် ပတ်ဝန်းကျင်ဖြစ်သည့် ရွှေဂုံတိုင်လမ်းစုံရှိ မြန်မာ့အလင်းသတင်းစာတိုက်တွင် စစ်သားများ အရံသင့်နေရာယူထားကြောင်းလည်း သိရသည်။

“လုံခြုံရေးတွေကို မြို့နယ်တိုင်းမှာ ဖွက်ထားတာ နည်းတာမဟုတ်ဘူး။ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၊ လှိုင်၊ တံတားဖြူ သံလမ်းဘက်မှာ တိုက်အဟောင်းတွေ၊ တိုက်ကြို၊ တိုက်ကြားတွေမှာ ..မြို့ထဲမှာဆိုလည်း တော်တော်များတယ်။ သာကေတကုန်းမှာဆို အငှားကားတွေကို နောက်ဖုံးတွေဖွင့်ရှာ .. ဖုန်းပါလာရင် အဲဒီလူကိုဆင်းခိုင်းပြီး စစ်တာ ..” ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောဆိုသည်။

ကိုစိုး | စက်တင်ဘာ ၂၀ ၊ ၂၀၀၈

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသတချို့တွင် အကူအညီများ ယခုအချိန် အထိလိုအပ်နေဆဲဖြစ်ပြီး မိုးစပါးစိုက်ပျိုးရေးသည်လည်း အပြည့်အ၀ ဖြစ်ထွန်းအောင်မြင်မှု မရှိနိုင်ကြောင်း သိရ သည်။

မြစ်ဝကျွန်းပေါ် ဘိုကလေးမြို့နယ်ရှိ ငါးပြေမ ဒိုင်နယ်၊ ဟေမန် ဒိုင်နယ်၊ ပတ္တမြားကုန်း ဒိုင်နယ်၊ ပေါင်းတည် ဒိုင်နယ်၊ မရမ်းဒိုင်နယ်များရှိ ကျေးရွာများမှ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများသည် မျိုးစပါး အခက်အခဲ၊ လယ်ယာ လုပ်သား ငှားရမ်းမှု အခက်အခဲ၊ လယ်ယာသုံး စက်ကိရိယာများ အချိန်မီ မရရှိသည့် အခက်အခဲများ ကြောင့် ယခုနှစ် မိုးစပါး စိုက်ပျိုးရေးမှာ ရာနှုန်းပြည့်မဖြစ်ထွန်းနိုင်ကြောင်း မကြာသေးခင်က ယင်းဒေသများသို့ သွားရောက် ကူညီထောက်ပံ့ရေးလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပြန်ကြားရေးအဖွဲ့ မှ ဒေါက်တာဝင်းနိုင်က ပြောသည်။

“အကြောင်းတွေကတော့ အများကြီးပေါ့၊ အချိန်မီ လယ်ထွန်စက်၊ လယ်ယာသုံးကိရိယာတွေမရတာ၊ မျိုးစပါး ကလည်း တခါက၂ ခါ ဆိုတော့ တချို့လည်း မတတ်နိုင်တာတွေ၊ ပထမတခါ စိုက်တယ်၊ မျိုးစပါးတွေက မအောင် ဘူး၊ ဒုတိယတခါ ကျိုးတိုးကျဲတဲပေါက်တယ် ဒီအတိုင်းပဲ ထားလိုက်ရတော့တာပေါ့၊ မတတ်နိုင်ကြတော့ဘူး၊ တချို့ ရွာတွေမှာ ထိုက်သင့်သလောက်ဖြစ်တာတော့ရှိတယ်၊ ကျနော်သွားခဲ့တဲ့ လှည်းဆိပ်ဖိုးညိုရွာဘက်ဆိုရင် မျိုးစပါး တွေ ကျဲတာ ၂ ကြိမ် ၃ ကြိမ်၊ လယ်ကွင်းမှာ တ၀က်လောက်ပဲပေါက် တယ်၊ ပတ္တမြားကုန်း ဒိုင်နယ်က ရွာတရွာ မှာလည်း ဧက ၃၀၀၀ လောက်စိုက်တာ ၁၀၀၀ ကျော်လောက်ပဲ ဖြစ် တယ်၊ ကျန်တာတွေက မဖြစ်ဘူး၊ အကုန် လုံး မြက်တွေချည်းပဲ”ဟု ဒေါက်တာဝင်းနိုင် က ပြောပြသည်။

ယင်းသို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆင်မပြေသောကြောင့် လယ်ယာလုပ်သား နေ့စားလုပ်ကိုင်သူများမှာ မြို့ပေါ်တက်၍ အလုပ်ရှာဖွေလုပ်ကိုင်ကြရရာ လယ်ယာလုပ်သား ငှားရမ်းမှု အခက်အခဲလည်းရှိကြောင်း သိရ သည်။

“ပြဿနာကတော့ လယ်သမားတွေက လယ်လုပ်ငန်းမကောင်းဘူး၊ အရင်းအနှီးကလည်း သိပ်မတတ်နိုင်ကြ တော့ တနိုင်တပိုင်လုပ်ကြတဲ့ အခါမှာ လယ်လုပ်သားတွေကို ငှားရတာ အခက်အခဲဖြစ်တယ်၊ လယ်လုပ်သားတွေ ကလည်း လယ်ပိုင်ရှင်တွေက အလုပ်သိပ်မပေးနိုင်တော့ နေ့စား ဘောက်သမားတွေက မြို့ပေါ်တက်ပြီး အလုပ် ရှာလုပ်ကြရတယ်၊ တချို့ ဧက ၈၀-၁၀၀ ရှိတဲ့ လယ်ပိုင်ရှင်တွေကလည်း အကုန်လုံးမလုပ် နိုင်ဘူး၊ သူတို့ ဒီတနှစ် တာ ရပ်တည်နိုင်ဖို့ကို ကြိုးစားစုဆောင်းပြီး လုပ်ကြရတာရှိတယ်”ဟု ဒေါက်တာ ၀င်းနိုင်က ပြောဆိုသည်။

လယ်သမားများမှာ ယခုအချိန် မျိုးစပါးထပ်မံရရှိမည် ဆိုပါကလည်း မိုးစပါးစိုက်ပျိုးရန် မဖြစ်နိုင်ကြောင်း လယ်သမားများက ၎င်းအား ပြောသည်ဟုလည်း ဒေါက်တာဝင်းနိုင်က ဆိုသည်။

“အခုနေ မျိုးစပါး ရမယ်ဆိုရင် တောင်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြောင်းကြားရမှာနဲ့ သူတို့ကနေ တဆင့် အထက်အဖွဲ့အစည်းတွေ တင်ပြရမှာ နဲ့ ပြန်ယူမှာနဲ့ ဆိုတော့ ဒီမိုးကတော့ သူတို့ ထပ်ပြီးတော့စိုက်နိုင်ဖို့ ဆိုတာ မလွယ်တော့ဘူးတဲ့၊ ရှေ့နှစ် စပါးထွက်လာတဲ့အချိန်ကြရင်ဘယ်လိုဖြစ်လာမလဲ ဆိုတာ မသိသေးဘူးပေါ့၊ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ မေးတဲ့အခါ ဒီနှစ်ကတော့ ဒီအတိုင်းပဲ ပစ်ထားရမှာပဲတဲ့၊ တချို့လယ်ကွင်းတော့ ကောင်းတာတွေ့ရပါတယ်၊ ကျနော်တို့ အယူအဆအရ မိုးစပါးက အလွန်ဆုံးထွက်ရင်လည်း အရင်ကထက် တ၀က်လောက်ပဲ ထွက်နိုင်မယ်”ဟုလည်း လယ်သမားများကို ကိုးကား၍ ၎င်းက ပြောသည်။

ဘိုကလေးမြို့ပေါ်တွင်လည်း ဒုက္ခသည်စခန်းများ မရှိတော့ကြောင်း၊ ဒုက္ခသည်များမှာ နေရပ်ရင်းဒေသများသို့ ပြန်နေကြရကြောင်း၊ ၎င်းတို့၏ စားဝတ်နေရေးအတွက် WFP , Care Myanmar စသည့် အကူအညီပေးရေး အဖွဲ့များမှ ပုံမှန်ကူညီထောက်ပံ့မှုများရှိသော်လည်း မလောက်ငကြကြောင်း သိရသည်။

“ဥပမာ ၁၅ ရက်ကို ဆန် ၈ ပြည် နဲ့ ဆီ ၆၀ သား(တကီလို) လာပေးတာမျိုးတွေရှိတယ်၊ အလုံအလောက်တော့ မဟုတ်ဘူးပေါ့၊ တချို့လည်း နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီက ချေးငှား စားသောက်ရတာမျိုးတွေလည်း ရှိတာ ပေါ့၊ အရင်ထက်စာရင် ထိုက်သင့်သလောက် အကူအညီရကြပါတယ်”ဟု ဒေါက်တာဝင်းနိုင်က ပြောပြသည်။

မြစ်ဝကျွန်းပေါ် မော်လမြိုင်းကျွန်း မြို့နယ်ရှိ ကျေးရွာများတွင်လည်း ပုဂ္ဂလိက အလှူရှင်များအပါအ၀င် WFP , UNDP , World Vision , Save the Children , UNICEF အဖွဲ့အစည်းများက အကူအညီပေးမှုများရှိသော်လည်း လေဘေးသင့်ဒုက္ခသည်များမှာ အခက်အခဲများဆက်လက်ရှိနေပြီး ၎င်းတို့အား အကူအညီတောင်းခံသောကြောင့် သွားရောက် ကူညီထောက်ပံ့ပေးမှုများပြုလုပ်ခဲ့ကြောင်း အန်အယ်လ်ဒီ လေဘေးကယ်ဆယ်ရေး အဖွဲ့ ဥက္ကဌ ဦးအုန်းကြိုင်ကလည်း ပြောသည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပြီးစီးသောကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြား ကြောင်း မေလ ၁၆ ရက်ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်မှ စတင်၍ ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခံခဲ့ရသည်မှာ ၄ လ ကျော် ရှိပြီ ဖြစ်သည်။

9.19.2008

အာဏာသိမ်းနှစ်ပတ်လည်နေ့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

အာဏာသိမ်းနှစ်ပတ်လည်နေ့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၈၊ ၂၀၀၈



ယနေ့ကျရောက်သည့် နအဖစစ်အစိုးရ အာဏာသိမ်းပိုက်သည့် နှစ် ၂၀ ပြည့်နေ့တွင် ဘန်ကောက်မြို့ရောက် မြန်မာပြည်အရေးလှုပ်ရှားသူအချို့က မြန်မာသံရုံးရှေ့သို့ သွားရောက်ပြီး ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားများအား လွတ်ပေးရန်၊ ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာလွှဲအပ်ရန်၊ သတင်းလွတ်လပ်ခွင့်ပေးရန် ၁ နာရီကြာခန့် ဟစ်အော် ဆန္ဒပြခဲ့သည်။