8.20.2010

မနက်ဖြန်တွင် ပြုလုပ်မည့် သီတဂူဆရာတော်၏ ထောင်တွင်းအလှူပွဲတွင် လူဦးရေပိုတိုးလာ

သြဂုတ် ၂၀ ၊ ၂၀၁၀ ၊ရန်ကုန် ။
အင်စိန်ထောင်တွင်းတွင် အကျဉ်းကျနေသည့် အကျဉ်းသားများကို အစားအသောက်များ ကျွေးမွေးပြီး တရားတော်များ ဟောကြားပေးမည့် သီတဂူဆရာတော်ကြီး၏ အလှူပွဲတွင် အကျဉ်းသားဦးရေ ပိုမို များပြားလာသည်ဟု ထောင်အရာရှိများက ယနေ့ပြောပြခဲ့ပါသည်။ 
ပထမအစီအစဉ်တွင် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများအပါအဝင် လူကိုးထောင်ကျော်ကို ကျွေးမွေး လှူဒါန်းရန် ဖြစ်သော်လည်း ယခုအခါ ရဲသက်အကျဉ်းသား ၁၅၀၀နှင့် နောက်ထပ် ထောင်ဝန်ထမ်းများ နှင့် ရဲများ ၁၀၀၀ခန့် ထပ်တိုးလာသဖြင့် ယခုအခါ လူပေါင်း ၁၂၀၀၀ နီးပါးခန့် ဖြစ်လာသည် ဟုသိရပါသည်။
ဆရာတော်ကြီး၏ ဒါယကာများ အဖွဲသို့ မေးမြန်းကြည့်ရာတွင် သူတို့က ဟုတ်မှန်ကြောင်းနှင့် ထိုသို့ ထပ်တိုးလာသည့် လူများကို ကျွေးမွေးရန် ထပ်မံစီစဉ်နေရသဖြင့် အလုပ်များနေကြသည်ဟု ဖြေကြားခဲ့ပါသည်။

ဖူးခက်မြို့မှ မြန်မာနိုင်ငံဖွားဂေါ်ရခါးလူမျိုးများ ယာယီပတ်စပို့လုပ်ခ ကုမ္ပဏီက ငွေပိုတောင်း

Photobucket
Photobucket
သြဂုတ်လ ၂၀
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ ယာယီပတ်စပို့ လုပ်ကိုင်သည့် ဖွန်ဖွန်ကုမ္ပဏီက ပတ်စပို့လုပ်သည့် မြန်မာပြည်ဖွား ဂေါ်ရခါးလူမျိုးများထံမှ ရနောင်းမြို့ရှိ ယာယီပတ်စပို့ လုပ်သည့် မြန်မာ ၀န်ထမ်းများ အတွက်ဟု ဆိုကာ၊ ငွေအပိုတောင်းနေကြောင်း ကာယကံရှင်များ ပြောပြချက်အရ သိရှိရသည်။
ဖူးခက်မြို့၇၄၊ ၂၃၇/၈ ဖွန်ဖွန်လမ်း၊ ဖွန်ဖွန်နိုက်ဘဇားအနီးတွင် ဖွင့်လှစ်ထားသည့် ယာယီပတ်စပို့ ကုမ္ပဏီ က မြန်မာနိုင်ငံဖွား ဂေါ်ရခါးလူမျိုးများအား နယ်စပ်ရှိ မြန်မာလ၀က ၀န်ထမ်းများအတွက်ဆိုကာ ဘတ်ငွေ ၃၀၀မှ ၅၀၀ အထိ ထပ်မံကောက်ခံနေကြောင်း ပြောပြကြသည်။
ဖူးခက်မြို့အတွင်း နီပါလီခေါ် ဂေါ်ရခါးလူမျိုးပေါင်း ၇၀၀၀ /၈၀၀၀ အကြား ရှိနိုင်ကြောင်း ဈေးရောင်းသည့် ခေတ်ပညာတတ် မြန်မာ ဂေါ်ရခါးတစ်ဦးက ပြောသည်။
“ကျနော်တို့မှာ မြန်မာနိုင်ငံသား အသိမှတ်ပြု မှတ်ပုံတင်ရှိတဲ့ လူတွေပါ။ သိတဲ့အတိုင်းပဲလေ ဒီယာယီပတ်စပို့ အလုပ်က ဗမာပြည် နေရပ်လိပ်စာ အပြည့်အစုံမပေးရင် လုပ်လို့မှ မရတာ၊ ကျနော်တို့တော့ ဘတ်၃၀၀ ပေးရတယ်။ အချို့ဆို ဘတ်၅၀၀ ပေးရတယ်။ ကျနော်တို့လည်း စကားနည်းရန်စဲ လုပ်လို့ရရင် ပြီးရော့ ပေးလိုက်တာပဲ”ဟု ပြောသည်။
ဖူးခက်မြို့အတွင်း ဖွင့်လှစ်ထားသော ယာယီပတ်စပို့ ကုမ္ပဏီမှ မြန်မာအလုပ်သမား တစ်ဦးစီ ဘတ်၆၈၀၀နှင့် ၇၀၀၀ ဘတ်အတွင်း ကုန်ကျကြောင်း၊ မြန်မာပြည်ဘွား တရုတ်၊ ကုလား အားလုံး ပေးရကြောင်း အဆိုပါ ဈေးရောင်းသူက ပြောသည်။
“သွားခါနီးမှ ပေးရတာပါ။ ဒီကပတ်စပို့ လုပ်ပေးတဲ့ ကုမ္ပဏီရုံးမှာ ပေးရတာပါ။ ရုံးကပြောတယ်။ ရနောင်းမှာ လုပ်တဲ့နေရာမှာ ဗမာလ၀ကတွေ ရစ်နေရင်ကြာမယ်၊ အခြားလူတွေ ညိုညင်မယ် ဆိုပြီး၊ ဒီကတစ်ခါတည်း တောင်းယူသွားတာပါ။ မှတ်ပုံတင်ရှိရှိ/မရှိရှိ တောင်းတာပဲ။ ကျနော်တို့ ကိုင်ဆောင်တဲ့ မြန်မာမှတ်ပုံတင်မှာ နိုင်ငံသား အမျိုးအစားမှာ မြန်မာလို့ ရေးထားတာပါ။ ပေးရတာပဲဗျာ။ ခုနီပါလီလူမျိုး ၅၀၀ကျော်လောက် လုပ်ပြီးပြီ နောက် မလုပ်ရသေးတဲ့ နီပါလီလူမျိုး ဒီမှာ ထောင်ပေါင်းများစွာ ကျန်သေးတယ်၊ ပေးရအုံးမှာပဲ”ဟု အမည်မဖေါ်လိုသော ဂေါ်ရခါးလူငယ်တစ်ဦးက ပြောပြသည်။
ကဒ်ပြားပါ ဖုန်းနံပါတ်များအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။
ဖူးခက်မြို့တွင် ယာယီပတ်စပို့ လုပ်ရန်အတွက်၊-
(၁)ထိုင်းမြန်မာပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီ၊
(၂)မြန်မာနိုင်ငံသားစီစစ်ခြင်းကူညီဆောင်ရွက်ရေးစင်တာ၊
(၃)ထိုင်းမြန်မာဖွံ့ ဖြိုးတိုးတက်ရေးကုမ္ပဏီ
(၄)ဖိနောင်အိမ်ကုမ္ပဏီနှင့်
(၅)ဖွန်ဖွန်ကုမ္ပဏီတို့ဖွင့်လှစ်ထားသည်။ ဖူးခက်မြို့နယ်အတွင်း မြန်မာရွေ့ပြောင်း အလုပ်သမား
ပေါင်း သိန်းချီရှိနိုင်ပြီး ပန်းရံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ အိမ်ဖေါ်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေကြကြောင်း ဒေသခံအလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

ထိုင်းမြန်မာ ရဲမေများ မူးယစ်ဆေးဝါး တားဆီးရေ ပူးတွဲလေ့ကျင့်မှု သင်တန်းဆင်း

သြဂုတ် ၂၀
ထိုင်းဘာသာပြန် ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ပထမဦးဆုံး ထိုင်းမြန်မာရဲမေများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးတွဲလေ့ကျင့်ရေးသင်တန်းဆင်းပွဲကို ယမန်နေ့ က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ကျင်းပခဲ့ကြောင်း ခုန်ချလစ်(ခေါ်) ကြည်လင်ပြတ်သား သည့် သတင်းစာတွင် ဖေါ်ပြထားသည်။
ချင်းမိုင်မြို့နယ် မယ့်ဒန်မြို့ရှိခိုက် နလေစုန် လေ့ကျင့်ရေးစခန်းတွင် သြဂုတ်လ ၉ရက်မှ ၁၉ရက်နေ့အထိ ထိုင်းရဲမေဆယ်ဦးနှင့် မြန်မာရဲမေဆယ်ဦးတို့ သင်တန်းတက်ရောက်ခဲ့ကြသည့် နှစ်နိုင်ငံရဲမေများ ပထဦးဆုံး အကြိမ် ပူးတွဲလေ့ကျင့်ရေးသင်တန်းဖြစ်သည်။
နယ်စပ်ဒေသ မူးယစ်ဆေးဝါးကာကွယ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့တပ်မဟာ(၅)မှ ထိုင်း၇ဲဗိုလ်ချုပ် နိုင်ကေစန ဖုန်အနန် က “ဒါပထမဦးဆုံး နှစ်နိုင်ငံ ရဲမေတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူး သင်တန်း ပို့ချတာဖြစ်ပါတယ်။ အများကြီးကောင်းပါတယ်။ နောက်ဆိုရင် ဒီထက် တိုးတက်လာမယ်လို့ မျှော်လင့်
ပါတယ် နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှုကိုလည်း အထောက်အကူပြုစေပါတယ်။ နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေကိုလည်ူးးတွဲဖေါ်ထုတ်နိုင်မှာဖြစ်ပါတယ်” ဟု သင်တန်းဆင်း မိန့်ခွန်းတွင် ပြောဆိုသွားသည်။
သင်တန်းတွင် သတင်းအချက်အလက် စုဆောင်းနည်း၊ မူးယစ်ဆေးဝါးများ ရှာဖွေပုံရှာဖွေနည်း၊ မြေပြင်နှင့် ကောင်းကင်တို့မှ ရှာဖွေနည်း၊ အဆောက်အဦး တစ်ခုအား အခက်အခဲကြားမှ ထိုးဖေါက်ဝင်ရောက်ပြီး တရားခံများကို ဖမ်းဆီးခြင်း အပြင် ပုံစံအမျိုးမျိုးဖြင့် သေနတ်ပစ်ခတ်နည်းများကို သင်ကြားပို့ ချခဲ့သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှ ထိုင်းနိုင်ငံတောင်ပိုင်းအထိ ထိုင်း/မြန်မာ နယ်စပ်တလျှောက် သယ်ယူနေသော မူးယစ်ဆေးဝါးများကို အထူး စောင့်ကြပ်သွားမည်ဖြစ်ကြောင်း ရဲဗိုလ်ချုပ်က ပြောသည်။ ထိုင်နိုင်ငံအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးဂိုဏ်းများမှာ မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးဂိုဏ်များနှင့် ဆက်စပ် ပတ်သက်မှု ရှိကြောင်း၊ ယခုပေါ်နေသည့် ချောင်းဆိုးပျောက်ဆေးများကို ထုတ်လုပ်သည့် ဆေးကုန်ကြမ်းများအား ကန့်သတ်မှုများနှင့်သာ ခွင့်ပြုပေးဖို့ အစိုးရအား တင်ပြသွားမည်ဖြစ်ကြောင်း ဆက်လက် ပြောဆိုသွားသည်။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံဆိုင်ရာ အမြဲတန်းအတွင်းဝန် နိုင်အဖိလတ် ၀င်းယတ္ထ၀ီ လည်း သင်တန်းဆင်းပွဲကို တက်ရောက်လာခဲ့သည်။

8.19.2010

Burma's News World's News

UN seeks Pakistan flood aid boostPeople on a flooded road at Muzaffargarh district, Punjab province, Pakistan, on 19 August 2010

The UN is to urge a stronger global response for flood-stricken Pakistan at an emergency meeting in New York.
NDF drums up support across Burma thumbnail

NDF drums up support across Burma

Opposition party National Democratic Force opens new office in Mandalay as Burma's first elections in two decades draw closer DKBA officially becomes Border Guard Force thumbnail

DKBA officially becomes Border Guard Force

Some 600 troops from pro-government Karen militia are joined by Burma's intelligence chief and senior army officials at a ceremony to mark transformation US backs UN inquiry in Burma thumbnail

US backs UN inquiry in Burma

Obama’s administration to throw its weight behind a United Nations commission inquiring war crimes committed by the junta  
USDP anticipates majority victory in elections
Aung-Thaung-sWith less than three months before Burma’s first general election in two decades, an official from ...
Junta-backed party boasts it has only two main rivals
symbolOnly two parties are considered close contestants by the biggest junta-backed party competing for ... 
Railway ‘to abet junta’s war in Shan State’
railway-shan1sWA new railway in eastern Shan State is stoking fear of renewed heavy fighting between the Burmese ...
Win Tin presses Canada to support UN inquiry
win-tin-nldWin Tin, co-founder of Burma’s National League for Democracy, in an

NLD leaders conduct voter education campaign
cec1sBurmese main opposition force, the National League for Democracy, has recently embarked on ...

မြန်မာ့သတင်း ကမ္ဘာ့သတင်း

NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး။
ဓာတ်ပုံ AP
NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး။ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀။

မြန်မာကိစ္စ စုံစမ်းရေး အမေရိကန် ထောက်ခံမှု အတိုက်အခံ ကြိုဆို

မြန်မာစစ်အစိုးရကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့ရေး အမေရိကန်က ထောက်ခံတဲ့အပေါ် ပြည်တွင်းအတိုက်အခံ ခေါင်းဆောင်တချို့က ကြိုဆိုလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်

ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ယနေ့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။NLD
DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ

DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဒုတိယ ဥက္ကဌ ဦးကျော်သန်း ဦးဆောင်သော တပ်ဖွဲ့ဝင် များသည် နယ်ခြားစောင့်တပ်များ တပ်ဖွင့်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်

မြန်မာ စစ်ရာဇဝတ်မှု စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အမေရိကန် ဆွေးနွေး

မြန်မာစစ် အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ကော်မရှင် တရပ် ဖွဲ့စည်းရေး အတွက် အမေရိကန် သမ္မတ အိုဘားမား အစိုးရ အဖွဲ့သည် တွဲဖက် နိုင်ငံတကာ အဖွဲ့များ၊

ဝန်ကြီး ဦးဉာဏ်ဝင်း မျက်မှန်များ အခမဲ့ပြုလုပ်ပေးနေ

နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနှင့် ဇနီးတို့က ဦးစီးပြီး ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ် အတွင်းရှိ ဒေသခံများကို မျက်စိ စမ်းသပ်မှုနှင့် မျက်မှန်များကို ယမန်နေ့မှ စတင်ပြီး သုံးရက်တိုင်တိုင်

အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမားများဖြင့် နိုင်ငံ မဖွံ့ဖြိုးနိုင်

စစ်အစိုးရနှင့် နီးစပ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ်ခွင့် ရနေသော စီပွားရေး သမားများကို အသုံးချ၍ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်

မြန်မာ့ရေပိုင်နက်အတွင်း အစိုးရတပ်ချင်း ပစ်ခတ်မှုဖြစ်

တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် အမှတ် (၂၆၇) ခြေလျင်တပ်ရင်းမှ မြန်မာ့ရေပိုင်နက် ကော့သောင်း မြို့အနီးတွင် မကြာသေးခင် ရက်ပိုင်းက တပ်စု အချင်းချင်း ပစ်ခတ်မှုကြောင့် အရာရှိတဦး

စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ထောက်ခံ

မြန်မာ စစ်အစိုးရ၏ စစ်ရာဇ ဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများကို စုံစမ်း စစ်ဆေးမည့် လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန် ပြည်ထောင်စုက

ရွေးကောက်ပွဲနီးလေ သတင်းဂျာနယ်များကို ပိုနှိပ်ကွပ်လေ

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် အချိန် နီးကပ် လာသည်နှင့် အမျှ ပြည်တွင်း သတင်း မီဒီယာများ အပေါ် တင်းကျပ်စွာ ဖိနှိပ်၍ သတင်းများကို ပိုမို စိစစ်ဖြတ်တောက် လာကြောင်း သိရသည်။

တမျိုးသားလုံးအရေးကို သံဃာတွေ လျစ်လျူမရှုနိုင်ဘူး

တမျိုးသားလုံးအရေးကို သံဃာတွေ လျစ်လျူမရှုနိုင်ဘူး လာမည့် ရွေးကောက်ပွဲတွင် ရဟန်းသံဃာ များ၏ အခန်းကဏ္ဍ၊ ရဟန်း သံဃာများနှင့် နိုင်ငံရေး သြဇာ၊ ရဟန်း သံဃာများ နိုင်ငံရေး လုပ်သင့် မလုပ်သင့် စသည့် သံဃာနှင့် နိုင်ငံရေး အခင်းအကျင်းကို
ဆက်ဖတ်ရန် ...

တယောက်တည်းပြေးတာ ဒုတိယ

တယောက်တည်းပြေးတာ ဒုတိယ “တတီတီ့တီ … တတီတီ့တီ … တီတီတီတီတီ”ဖိုးရှုပ်က ရေကူးကန်ထဲတွင် စိမ်ရင်း ပြာလဲ့သော ကောင်းကင်ကြီးကို မော့ကြည့်ကာ ကန်ပေါင်ပေါ်၌ အသင့်တင်ထားသည် ဝီစကီကို တကျိုက် ကျိုက်လိုက်သည်။
ဆက်ဖတ်ရန် ...

ပိဋကတ်တိုက်

သံဃာတော်များ နှင်ထုတ် ဖယ်ရှား ခံခဲ့ ရသည့် ပိဋကတ် တိုက် တစ်ခုအား သီရိလင်္ကာ သို့ လွှဲပြောင်း

မြန်မာ နိုင်ငံ နှင့် သီရိလင်္ကာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပြန့် ပွား စေရန် ရည်ရွယ် သည်ဟု ဆိုကာ သီရိလင်္ကာ စွယ်တော် တိုက် အတွက် ရွှေတိဂုံ စေတီ အရှေ့ဘက် .

ကျားဖြူပါတီ၌ အမျိုးသမီး အမတ်လောင်းများ ပါဝင်

ကျားဖြူပါတီ၌ အမျိုးသမီး အမတ်လောင်းများ ပါဝင်သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ၌ နိုဝင်ဘာ ၇ ရက်ကျင်းပမည့်ရွေးကောက်ပွဲအတွက် လွှတ်တော်အဆင့်ယှဉ်ပြိုင်ရန် အမျိုးသမီးအမတ်လောင်းပါဝင်ကြောင်း စုံစမ်းသိရှိရပါသည်။

ဗန်းမော်မြို့တွင် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးမည်

နိုင်ငံသားစိစစ်ရေးကဒ်ပြား  (မှတ်ပုံတင်) မပြုလုပ်ရသေးသော ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ ဒေသခံများအား လာမည့် နိုဝင်ဘာ ၇ ရက်နေ့  ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးမည်ဟု သိရသည်။

ရွေးကောက်ပွဲ သတ်မှတ်ရက်ကြောင့် ကိုယ်စားလှယ်လောင်းရွေးရေး ကျားဖြူ ပါတီလက်မလည်

ရွေးကောက်ပွဲ သတ်မှတ်ရက်ကြောင့် ကိုယ်စားလှယ်လောင်းရွေးရေး ကျားဖြူ ပါတီလက်မလည်လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကျင်းပမည်ဟူသည့် ထုတ်ပြန်ကြေငြာချက်ကြောင့် အချိန်အကြပ်အတည်း နှင့်ရင်ဆိုင်ရပြီး ကျားဖြူပါတီ မြို့နယ်ကော်မတီရုံးခွဲ ဆက်တိုက်ဖွင့်လှစ် ရေးထက် ကိုယ်စားလှယ်လောင်းရွေး ချယ်ရေး အတွက် အလျင်စလို ဦးစားပေးရကြောင်း   စုံစမ်းသိရှိရ ပါတယ်။

စိန်ခေါ်သူကို စိန်ပြန်ခေါ်နိုင်အောင် ပြင်ဆင်ကြ

ရဲဘော်ဖိုးသံချောင်း   /   ၁၆ သြဂုတ် ၂၀၁၀
အကုန်ပြင်ဆင်ပြီးမှ စိန်ခေါ်လိုက်တယ်ဆိုတာ ဘယ်သူမှမငြင်းတာ သေချာပါတယ်။ သူ့ခွင်၊ စစ်စကားနဲ့ပြောရရင် သူ့သတ်ကွင်းထဲ ၀င်လာအောင် လုပ်ပြီး စိန်ခေါ်လိုက်တာ ဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီလိုအရေးပါလှတဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ အချိန်အားဖြင့် (၂) လနဲ့ (၂၃) ရက်ကြီးများတောင် ပေးထားတယ်။ တချို့က ပါတီထောင်ခွင့်ရတာမှ ရက်ပိုင်းရှိသေးတယ်။

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌဟောင်း ဦးကြည်မောင် ကွယ်လွန်ခြင်း (၆) နှစ်ပြည့် ဆွမ်းကပ်လှူ

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌဟောင်း ဦးကြည်မောင် ကွယ်လွန်ခြင်း (၆) နှစ်ပြည့် ဆွမ်းကပ်လှူ

ဦးကြည်မောင် နှစ်ပတ်လည် အမှတ်တရ ဆွမ်းကျွေးပွဲကို ယခင်နှစ်များက ၎င်းမိသားစု နေထိုင်ရာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) လမ်းရှိ ဦးကြည်မောင် နေအိမ်တွင် နှစ်စဉ် ကျင်းပလေ့ရှိသော်လည်း


ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ထုတ်ပစ်မှု အဖွဲ့အတွင်း မကျေနပ်ကြ

ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
စည်းကမ်းပျက်နေပြည်တော်
stresssစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် လမ်းညွှန် ဆိုင်းဘုတ်များနှင့် မီးလုံးများကို ...

မဲထက်ဝက်ကျော်ဖြင့် ကြံ့ဖွံ့နိုင်မည်ဟု ဦးအောင်သောင်း ပြောဆို
Aung-Thaungsစစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲပေးမည့်သူ ၁၆ သန်း ရှိနိုင် ... 

မြန်မာ မူးယစ်ဆေးဝါး လောက၏ နိုင်ငံရေး ပုံစံသစ်
golden-triangles(အထူးအစီရင်ခံစာ) စစ်တပ်၏ အပြည့်အဝ ပူးပေါင်း ကူညီမှုဖြင့် ဒေသခံ ပြည်သူ့စစ်များ ... 

ကုလမှ စစ်အစိုးရအား ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို ထောက်ခံရန် ဦးဝင်းတင်မှ ကနေဒါကို တိုက်တွန်း
ကြွက်ကျ ချင်းရွာ ၁၂ဝ ခန့် အကူအညီ မရ
mousesချင်းပြည်နယ်တောင်ပိုင်း ကြွက်များ သောင်းကျန်းရာ ၄ မြို့နယ်ရှိ ကျေးရွာ ... 

မြန်မာအပေါ် ကုလစုံစမ်းရေး အမေရိကန်ထောက်ခံ
ပါကစ္စတန် ရေလွှမ်းမိုးမှု ပိုဆိုးလာ 
အရာရှိကြီးများ ကြံဖွံ့ပါတီထဲ ပြောင်းခံရ

more

 

more

 

more

 

more

 

more

 

more

အညာဒေသ စားနပ်ရိက္ခာဖူလုံရေး ကုလသမဂ္ဂ ဦးဆောင် ဆွေးနွေး

2010-08-18
ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့  အထက်ပိုင်းဒေသတွေမှာ လူတွေ စားနပ်ရိက္ခာ ဖူလုံဖို့ နဲ့ ဝင်ငွေရနိုင်မယ့် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးနိုင်ဖို့ မြန်မာ့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က ရန်ကုန်မြို့မှာ သြဂုတ်လ ၁၇ ရက် မနေ့က အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။

ဖမ်းဆီးထားသည့် ရခိုင်ဆရာတော်ကို ပုဒ်မ ၇ ခုတပ်ပြီး တရားစွဲ

ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ကျောင်းထိုင် ဆရာတော် ဦးပညာစာရကို မနေ့က ရုံးထုတ်ပြီး အစိုးရ တရားလိုပြသက်သေ ၂ ဦးကို ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2010-08-18

UDP ပါတီကြေညာချက်ကို စာစောင်မှာ ဖော်ပြခွင့်ပိတ်ပင်

ပြည်ထောင်စု ဒီမိုကရေစီ (UDP) ပါတီက ဩဂုတ်လ ၉ ရက်နေ့မှာ ပြည်သူလူထုကြား ဖြန့်ဝေခဲ့တဲ့ ကြေညာချက်ကို UDP ပါတီရဲ့ စာစောင်ဖြစ်တဲ့ The Union ဆိုတဲ့စာစောင်မှာ ထည့်သွင်း ဖော်ပြခြင်း မပြုဖို့ စာပေစိစစ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရပါတယ်။
2010-08-18

အမေရိကန်ထောက်ခံမှုကို အာဆီယံလူ့အခွင့်အရေးအဖွဲ့ကြိုဆို

ကုလသမဂ္ဂ ဦးဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန်အစိုးရက ထောက်ခံလိုက်တာကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က သြဂုတ်လ ၁၈ ရက် ဒီကနေ့ ကြိုဆိုလိုက်ပါတယ်။
2010-08-18

ဒုတိယပင်လုံညီလာခံ ခေါ်ယူဖို့ ဦးဝင်းတင်အဆိုပြု

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတာ၊ အုပ်ချုပ်ရေးမှာ လွှတ်တော်တွေ ပေါ်ပေါက်လာတာတွေ ရှိလင့်ကစား အန်အယ်လ်ဒီပါတီက ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းခရီးက ဆက်လက် ရှင်သန်နေမှာ ဖြစ်တယ်လို့ ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။
2010-08-18

စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အမေရိကန် ထောက်ခံချက်ကို ဗြိတိန်မှအဖွဲ့က ကြိုဆို

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမဲ့ ကုလသမဂ္ဂ ကော်မရှင်တရပ် ထူထောင်ရေးကိစ္စကို အမေရိကန်ပြည်ထောင်စုက သြဂုတ်လ ၁၇ ရက် အင်္ဂါနေ့မှာ ထောက်ခံလိုက်တဲ့အတွက် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Burma Campaign UK က ကြိုဆိုလိုက်ပါတယ်။
2010-08-18

မြန်မာစစ်အစိုးရ၏ ရာဇဝတ်မှုများ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် အမေရိကန် ထောက်ခံ

ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းရေးကို အမေရိကန်အစိုးရက ထောက်ခံကြောင်း သြဂုတ်လ ၁၇ ရက် မနေ့က ကြေညာလိုက်ပါတယ်။