8.03.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

နေပြည်တော်တွင် တည်ဆောက်ဆဲ ပြည်သူ့လွှတ်တော် အဆောက်အဦး။
ဓာတ်ပုံ AP
နေပြည်တော်တွင် တည်ဆောက်ဆဲ ပြည်သူ့လွှတ်တော် အဆောက်အဦး။ မတ် ၂၆၊ ၂၀၁၀။

မြန်မာ၂၀၁၀ ရွေးကောက်ပွဲ စစ်အာဏာ တည်မြဲရေး ဦးတည်၊ NDI ဝေဖန်

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်အစိုးရရဲ့ အာဏာ တည်မြဲစေဖို့ ရည်ရွယ်တာ တွေ့ရတယ်လို့ NDI အဖွဲ့က ဝေဖန်လိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
 
ရွေးကောက်ပွဲ ဒီဇင်ဘာလ ဖြစ်နိုင်မလား

ရွေးကောက်ပွဲ ဒီဇင်ဘာလ ဖြစ်နိုင်မလား

ဒီဇင်ဘာလ၌ နိုင်ငံတော်ဆိုင်ရာ အရေးကြီးသည့်ပွဲ ကျင်းပရန် ရှိသောကြောင့် လုံခြုံရေး ဆိုင်ရာများ ပြင်ဆင်ထားရန် ပြီးခဲ့သည့် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင်
“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ၌ ပါဝင်သူများကို အင်္ဂလန်တွင် ဆန္ဒပြ

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ၌ ပါဝင်သူများကို အင်္ဂလန်တွင် ဆန္ဒပြ

အင်္ဂလန်နိုင်ငံတွင် ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် နေတိုးနှင့် အဖွဲ့ ကို လန်ဒန်နှင့် မန်ချက်စတာမြို့များရှိ မြန်မာများက ပြင်းထန်စွာကန့်ကွက်

ကင်ဂျုံအီးလ် စာအုပ် ဟိန်းလတ် ဘာကြောင့် ပြန်သိမ်းပေးရသလဲ

ကင်ဂျုံအီးလ် စာအုပ် ဟိန်းလတ် ဘာကြောင့် ပြန်သိမ်းပေးရသလဲ နိုင်ငံတကာက နျူကလီးယား အရေး နှင့် ပတ်သက်၍ စိုးရိမ်နေရပြီး မြန်မာ အစိုးရနှင့်လည်း အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်နေသော မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို
ဆက်ဖတ်ရန် ...

၂၀၁၀ ရွေးကောက်ပွဲ ဆပ်ကပ်

ca-aug-03-10

ကန့်သတ်ဥပဒေများကို သုံးသပ်ရန် လိုအပ်ဟု အန်ဒီအက်ဖ်ခေါင်းဆောင် ပြောကြား

ကန့်သတ်ဥပဒေများကို သုံးသပ်ရန် လိုအပ်ဟု အန်ဒီအက်ဖ်ခေါင်းဆောင် ပြောကြား

အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်လာဖို့ဆိုရင် တချို့သော ဥပဒေတွေကို ပယ်ဖျက်သင့်တာ ပယ်ဖျက်သွားဖို့ လိုတယ်။ ဒီလိုဥပဒေမျိုးတွေရဲ့ သက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတာ ပညာရှင်တွေက စူးစမ်းလေ့လာပြီး

မနောတိုင် အမှတ်အသားသုံးသည့် ကချင်ပါတီ မှတ်ပုံတင်ခွင့်ကျပြီ
အန်အယ်ဒီ ခေါင်းဆောင်များ မြို့နယ် ၂ဝဝ ကျော်တွင် တွေ့ဆုံမှုလုပ်
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ... 
ကချင်ဒေသ HIV ကူးစက်မှု မြင့်မား
ကချင်ပြည်နယ် မြောက်ပိုင်း အပစ်ရပ်စဲရေးအဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများတွင် HIV ... 
နယ်စပ်ဂိတ် ပြန်ဖွင့်ရေးအတွက် ထိုင်းက လိုက်လျောမှုလုပ်
မဲဆောက်-မြဝတီ နယ်စပ်ဒေသမှ ချစ်ကြည်ရေးတံတား အပါအဝင် နယ်ခြားကူး ဂိတ်များ ပြန်ဖွင့် ... 

တရုတ်လုပ် စစ်ကား အစီး ၂၀ ခန့် မြန်မာစစ်တပ် လွဲပြောင်းယူ

မြန်မာစစ်တပ်က တရုတ်ထံမှ အပေါ့စားစစ်ထရပ်ကား အစီး ၂၀ ခန့်ကို သြဂုတ်လ ၁ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း  ကျယ်ဂေါင် - မူစယ် နယ်စပ်ဂိတ်မှတဆင့် လွဲပြောင်းယူခဲ့ကြောင်း တရုတ်နယ်စပ်ဒေသခံ မျက် မြင်များ အဆိုအရ သိရသည်။

မန္တလေးရောက် ဗိုလ်ချုပ်ဆေထဲန်အား စစ်တွေထောင် ထပ်ပြောင်းမည့်အရေး မိသားစုစိုးရိမ်

မန္တလေးရောက် ဗိုလ်ချုပ်ဆေထဲန်အား စစ်တွေထောင် ထပ်ပြောင်းမည့်အရေး မိသားစုစိုးရိမ်ပြည်ထောင်စုမှ ခွဲထွက်လိုမှုနှင့် အခြားပြစ်မှုများစွာဖြင့် ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ်ခံနေရသည့် အပစ်ရပ် သျှမ်း ပြည်တပ်မတော်နာယက ဗိုလ်ချုပ်ဆေထဲန့်အား ပြီးခဲ့သည့် စနေက ခမ္တီးထောင်မှ မန္တလေးထောင်သို့ပြောင်းရွေ့ လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

ရမ္မာဝတီ-အသျှင် ပညာစာရ၏နောက်ဆက်တွဲသတင်း

(၂-၈-၁၀နေ့ ၂၀း၃၀ နာရီထိ)
၁-၈-၁၀နေ့ ညနေ ၄း၃၀တွင်မင်းဂံရပ်ကွက်နေ၊ မဟာမုနိဗုဒ္ဓ၀ိဟာရ ကျောင်းတွင်အခမဲ့စာသင်ပေးနေသော ဆရာဦးခိုင်ပြည်စိုး နှင့် မဟာမုနိဝိဟာရကျောင်းမှမိဘမဲ့ကျောင်းသား ဖြစ်သူ စစ်တွေတက္ကသိုလ် တတိယနှစ် ဥပဒေကျောင်းသား မောင်ကျော်ကျော်သန်း တို့  နှစ်ဦးအား SB များက အမှတ်(၁)ရဲစခန်းသို့  ဆိုင်ကယ်များဖြင့် တင်ခေါ်သွားသည်။ရဲစခန်းတွင် ဦးးပညာစာရ ရှေ့ မှောက်၌ သူတို့ ၂ဦးကို စစ်ဆေးခဲ့သည်။

ဝစ်သောက်ကား လိုင်စင်ဝင်ခွင့်ပြုသော်လည်း ဈေးမြင့်၍ စောင့်ကြည့်နေသူ များနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၃၊ ၂၀၁၀
 သင်္ဃန်းကျွန်း အခွန်ဦးစီးရုံးအနီး ရာဖြတ်ခံယူရန် ရပ်ထားသည့် လိုင်စင်မဲ့ကားတစီး၊ (ဓာတ်ပုံ - မိုးမခ)
စစ်အစိုးရ၏ ငွေရှာနည်းသစ်တခု ဖြစ်သည့် လိုင်စင်မဲ့ကားများအား အခွန်ငွေ ၈၅ ရာခိုင်နှုန်း ပေးဆောင် စေပြီး လိုင်စင်ထုတ်ပေးသည်မှာ နှစ်ပတ်နီးပါး ရှိလာသော်လည်း ကားလက်ဝယ်ရှိသူ အတော်များများမှာ စောင့်ကြည့်နေကြဆဲ ဖြစ်သည်ဟု ရန်ကုန်နှင့် နယ်မှ ကားပိုင်ရှင်များက ပြောသည်။
အပြည့်အစုံသို့ ...
 
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
ဇွတ် ကျော်သူ
ဓာတ်ပုံသတင်း
သြဂုတ် ၃၊ ၂၀၁၀ တနင်္ဂနွေနေ့က နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ သြဂုတ်လ လပတ် အစည်းအဝေး ကျင်းပနေပုံ။ အစည်းအဝေးတွင် ဦးကျော်သူက မိမိတို့ ဆန္ဒနှင့် “ဇွတ်” ၀င်ရောက်ပြီး လုပ်အားပေးကြသူများသည် အသင်း၏ စည်းကမ်း၊ တာဝန်ယူ ပေးဆပ်ရမည့် လုပ်ငန်းစဉ်များကို တိကျစွာ ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အသင်းက တာဝန် “ဇွတ်” ပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ တာဝန်ပျက်ကွက်ပါက “ဇွတ်” ထုတ်ပစ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
အပြည့်အစုံသို့ ...
လူမှုရှုခင်း - ရေခြားမြေခြားမြန်မာများ
ကိုထွန်း ကိုလွန်း ဆွေးနွေးခန်း
ဒေါက်တာမောင်ဘချစ်
သြဂုတ် ၃၊ ၂၀၁၀
ကိုထွန်း ။ ။ ကိုလွန်းရေ မနေ့က ရန်စလီယာက ဓမ္မဝါဒီအောင်မြေမင်္ဂလာ ဘုန်းကြီးကျောင်းကပွဲလေး ဟာ ချစ်စရာ မကောင်းပေဘူးလား။
ကိုလွန်း။ ။ အေးဗျာ။ မြန်မာပြည်ကို သတိရလိုက်တာ။ ဝါဆိုပွဲလေးကို လွမ်းတယ်။ အမေဆိုဆဲ ဝါဆိုပွဲ၊ လှည်းကလေးနဲ့ သွားရအောင်။ လှည်းလုပ်ရင် ကြာနေမယ်။ မဘုတ်ဆုံ တင်ပဆုံကြီး လှည်းလုပ်လို့စီး - - -
အပြည့်အစုံသို့ ...
 

“တမျိုး ပြောင်းလိုက်ကြဦးစို့ရဲ့ ”
မုန်းအောင်
သြဂုတ် ၃၊ ၂၀၁၀
အင်တာနက် သတင်းတွေ မှာ ၀န်ကြီးချုပ် ဦးသိန်းစိန်ရဲ့  ၀န်ကြီး အဖွဲ့ကို ဖျက် ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့် ဆွေ ၀န်ကြီးချုပ် လုပ်မယ့် ၀န်ကြီးအဖွဲ့သစ် တခု ပေါ်လာဦးမယ် ဆိုတဲ့ သတင်းတွေ ပေါ်လာတယ်။ ဒါဟာ ဖြစ်နိုင်တယ်။ အတော် ဖြစ်နိုင်ချေ ရှိတယ်။ အတွင်း သတင်းတွေ ရလို့ ပြောတာ မဟုတ်ပါဘူး။ ဒီလို ဒီလို အကြောင်းကြောင်းတွေ ကြောင့်ပါ။
 
အပြည့်အစုံသို့ ...
 


more

 

more

 

more

 

more

 

more

 

more

 

more

 

more

ကလေးစစ်သားကို တပ်ပြေးမှုဖြင့် အာဏာပိုင်တွေ ဖမ်းထား
ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂ စတင်ဖွဲ့စည်း
ဗိုလ်ချုပ်ဆေထင်အား မန္တလေးအကျဉ်းထောင်ကို ပြောင်းရွှေႚ

မြန်မာအလုပ်သမားများအား ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းအား ရပ်တန့် ပေးရန်တောင်းဆို

သြဂုတ် ၂
ကိုတီး ဘာသာပြန် (ရခိုင့်တံခွန်ဂျာနယ်)
ရနောင်းမြို့အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာခေါင်းဆောင် နိုင်စနော့က မြန်မာလူမျိုးများ ဆိုင်ကယ်လိုင်စင်
လုပ်ပြီး အငှါးဆွဲနေသဖြင့် ထိုင်းဆိုင်ကယ်တက္ကစီများ အလုပ်လက်မဲ့ဖြစ်နေသဖြင့် စိုးရိမ်ပူပန်ကြောင်း ပြောဆိုလိုက်သည်။
ရနောင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ယမန်နေ့က မြို့နယ်အာဏာပိုင်များသို့ အချက်ငါးချက်ပါ စာ တစ်စောင်အား ရေးသားပြီး တောင်းဆိုခဲ့သည်။
(၁)ရွေ့ပြောင်းအလုပ်သမားများအား ထုတ်ပေးထားသည့် ယာယီပတ်စပို့ဖြင့် လျှောက်ထားသည့် လိုင်စင်များအား ရုပ်သိမ်းပေးရန်။
(၂)ပတ်စပို့  အနီအား လိုင်စင်ထုတ်မပေးရေး။
(၃)ထုတ်ပေးထားသည့် လိုင်စင်များအား ပြန်လည် ခေါ်ယူစစ်ဆေးပေးရန်။
(၄)သက်ဆိုင်သည့် အလုပ်သမားများအား အစည်းအဝေးခေါ်ယူ၍ ရလဒ်အား တင်ပြပေးရေး။
(၅)စစ်ဆေးရေးအဖွဲ့ များ ဖွဲ့စည်း၍ လိုင်စင်ထုတ်ပေးခြင်း ကိစ္စကို အစအဆုံး သတင်းမီဒီယာများမှ ဖေါ်ပြပေး
ရန်။
ရနောင်းမြို့နယ် မြို့ နယ်မှူး နိုင်ဝန်ချဘုံချိုင်ထနက မြန်မာရွေ့ပြောင်းအလုပ်သမားများအား လိုင်စင်ထုတ် ပေးခြင်းအား ခေတ္တရပ်နားထားရန် ရနောင်းမြို့နယ် ကညန ရုံးများသို့ အမိန့် ထုတ်ပြန်လိုက်သည်။ အကယ်၍ လိုင်စဉ်ထုတ်ပေးမည်ဆိုပါက ကုန်းလမ်း သယ်ယူပို့ဆောင်ရေးဌာနမှ ခွင့်ပြုချက်ပါမှ ၊နိုင်ငံတကာ အဆင့်ပတ်စပို့ များကိုသာ တရားဥပဒေအတိုင်း လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုသွားသည်။
ကညန ရုံးတွင် မြန်မာအလုပ်သမား၂ဦးသာ လိုင်စင်လုပ်ကိုင်ထားသော်လည်း မြန်မာအလုပ်သမားအတော် များများ ဆိုင်ကယ်မောင်းနှင်နေကြကြောင်း ယနေ့ ထုတ် ခေါင်စွတ် အွန်လိုင်းသတင်းစာတွင် ရေးသားဖေါ် ပြထားသည်။ ရနောင်းမြို့တွင် မြန်မာများ မော်တော်ဆိုင်ကယ် စီးနင်းလာမှု များပြားလာနေခြင်းကြောင့် ပြီးခဲ့သည့် လကုန်ပိုင်းက ဆိုင်ကယ်တက္ကစီ မောင်းသူများ ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့သည်။
ယာယီပတ်စပို့ လုပ်ကိုင်ထားသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများ၊ ယာဉ်မောင်းလိုင်စင် လုပ်ကိုင်ခွင့်၊ တစ်နိုင်ငံလုံး သွားလာခွင့်နှင့် ထိုင်းအလုပ်သမားများ နည်းတူ တန်းတူအခွင့်အရေး ရရှိစေရမည်ဟု နှစ်နိုင်ငံအစိုးရ သဘောတူညီချက် လက်မှတ်ရေးထိုးထားခဲ့သည်။ ပြီးခဲ့သည့်လက မြ၀တီမဲဆောက် ရေကြောင်းဆိုင်ရာ ကမ်းပါးမြေပြိုမှု ထိမ်းသိမ်းမှု ပြုလုပ်သည်ကို မြန်မာစစ်အစိုးရက ကန့်ကွက်သည့် အနေဖြင့် ယနေတိုင်အောင် နယ်စပ်ကို မြန်မာဘက်မှ ပိတ်ထားသဖြင့် တစ်နေ့ကို ထိုင်းဘတ်ငွေ သန်းရာချီ ဆုံးရှုံးနေကြောင်း ထိုင်းသတင်းစာများတွင် ရေးသားထားသည်။ အတည်မပြုနိုင်သေးသည့် သတင်း တစ်ပုဒ် အလိုအရ ထိုင်းဘက်မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ နယ်စပ်ပြဿနာအား ဖြေရှင်းရန် မြန်မာပြည်သို့ သွားရောက်မည့် ခရီးစဉ်ကိုလည်း မြန်မာဘက်မှ လက်မခံသဖြင့် ထိုင်းမြန်မာအနေအထားမှာ အသွင် ထူးခြားနေသဖြင့် လေ့လာသူများသတိထား စောင့်ကြည့်နေကြသည်။

မျက်မှောက် တပ်တွင်း အခြေအနေများ

(ပြည်တွင်းမှ ပေးပို့လာခြင်းဖြစ်ပါသည်။)
နေပြည်တော်အာဏာသိမ်းပွဲကို ထောက်ခံတဲ့ ရဲမွန်ခံတပ်၊ ဗိုလ်ချုပ်ပုံပါတဲ့နေ့မှာဘဲ နေပြည်တော်က သိန်းစိန်ကို ၀န်ကြီးချုပ်ရာထူးကဖြုတ်ချလိုက်ပြီ။
ဗိုလ်ချုပ်အောင်ဆန်းပုံကို မနေ့က ထုတ်ဝေတဲ့ မော်နီတာဂျာနယ်မှာ ပါလာတာကြောင့် မင်္ဂလာဒုံ တပ်နယ်ဈေးမှာ အထူးအလုအယက်ဝယ်ကြတယ်လို့ သိရတယ်။ မင်္ဂလာဒုံဆိုတာက လက်နက်ကိုင် တပ်ပေါင်းစုံရာ အခြေကျတဲ့မြို့ဖြစ်ပေမဲ့ ပညာတတ်လက်နက်ကိုင် စစ်သည်တွေ ပေါများတယ်. ။ အခုလဲ မြောက်ဥက္ကလာမှာ ၈၈ အရေးအခင်းက လက်နက်မဲ့ပြည်သူတွေကို စစ်တပ်ကအကြမ်းဖက် ဖြိုခွဲဖို့ လုပ်လို့ လေတပ်က လေယဉ်နဲ့ဗုံးကြဲဖို့အထိ ကြေညာပေးခဲ့ရတယ်။ အခုလဲ ငတ်လို့မသေ တိုက်လို့ အသေခံမယ် ဆိုတဲ့ ရဲမွန်ခံတပ် ( ၈ ) ရင်းက ရဲဘော်တွေဟာ ဘယ်လက်နက်ကိုင်ကိုမှ အ၀င်မခံဘဲ ကြံ့ ကြံ့ခံနေကြတာ အခုဆိုရင် တပါတ်၇ှိနေပြီ။ ကျိုက်က္ကလဲ့စေတီနဲ့ လေတပ်နဲ့ ကပ်ရက်နေတဲ့ အနမ်းပင်ရွာမှာ ရဲမွန်ခံတပ်ကို ကယ်တင်ကြဆိုပြီး စာတွေကပ်ထားနေကြတယ်။ ဗိုလ်ချုပ်ပုံနဲ့ တွဲလို့ ကပ်ထားတာဖြစ်တယ်။ အနမ်းပင်ရွာ ဆိုတာ လေတပ်ထဲက အိမ်ထောင်သည်ရဲဘော်တွေ နေကြတဲ့ ရပ်ကွက်ဖြစ်တယ်။
ပဲခူးဘက်က ဆင်းလာတဲ့ ထောက်ကြံ့လမ်းဆုံ ဈေးထိပ်မှာလဲ ရဲမွန်ခံတပ်မှာ အမိမြေအတွက် အငတ်မခံသူများအတွက် လေတပ်မှ ကယ်တင်ပေးပါ ဆြို့ပီး ပိုစတာတွေ ကပ်ထားတယ်။ ရဲမွန် တပ်၇င်းတွေထဲမှာ သူတို့ခင်ပွန်းများအတွက် ကယ်တင်မဲ့သူမရှိကြဘူးလားဆိုပြီး ထောက်ကြံ့ဈေးမှာ စာတွေ နေရာအနှံ့ကပ်ထားကြတယ်။ အစပိုင်းမှာ အင်အား ၄၀၀ လောက်နဲ့ ၀ိုင်းထားပေမဲ့ ရဲမွန်ခံတပ်က လက်နက်မချလို့ အခုဆိုရင် ရ၀၀ လောက်နဲ့ ၀ိုင်းထားတယ်။ နေပြည်တော်အထူးတပ်ရင်း။ အထူး ထောက်လှမ်းရေးတပ်နဲ့ ရန်ကုန်တိုင်းတပ်တွေက ၀ိုင်းထားတာဖြစ်တယ်။ မင်္ဂလာဒုံဈေးတပ်နယ်ဈေးမှာ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံပါတဲ့အတွက် အဲဒီဂျာနယ်ကို ထောက်ကြံ့ကနေတဆင့် အင်းတိုင်အထိ လိုက်လံ ဝေငှနေကြတယ်လို့ သိရတယ်။
 ရဲမွန်ခံတပ်ကရဲဘော်တွေဟာ ဘဏ်စု ငွေက တဆင့် အရေးအခင်းဖြစ်လာခဲ့ရင် ဒီမိုကရေစီအရေးထိ တိုက်ပွဲဝင်သွားမယ် ။ ပြည်သူတွေအတွက် အသက်ကိုအသေခံသွားတာမြတ်တယ် ဆိုပြီး ဇနီးဖြစ်သူများကို ပြောပြကြတယ်လို့ သိရတယ်။ အခုဆိုရင် လေတပ်က အိမ်ထောင်သည်များရှိရာ အနမ်းပင်ရွာမှာလဲ ရဲမွန်ခံတပ်က ရဲဘော်တွေကို ၈၈ အရေးတော်ပုံကလို ကယ်တင်ဖို့ အရေးပေါ်အစည်းအဝေးတွေ လုပ်နေကြရပြီလို့ ပြောသံတွေထွက်နေတယ်။လေတပ်ကိုအကူအညီတောင်းခံစာတွေ ကပ်ထားကြတဲ့ အတွက် ပြုပြင်ထိမ်းသိမ်းစခမ်းထဲမှာရှိတဲ့ ဂိုဒေါင်ထဲက လေယဉ်တွေကို အထူးလုံခြုံရေးတွေ ချထားရတယ် လို့ သိရတယ်။
အိန္ဒိယနိုင်ငံက မကြာခင်ကပြန်လည်ရောက်ရှိလာတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလဲ နေပြည်တော်မှာ အရေးပေါ်အစည်းအဝေးကို ခေါ်ယူပါတယ်။ စက်တင်ဘာလမှာ ၄ လပတ်အစည်းအဝေးရှိပေမဲ့ ဗိုလ်ချုက်မှူးကြီးသန်းရွှေကို အာဏာသိမ်းမှူတွေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဖြစ်ရပ်တွေကြောင့် ချက်ချင်းခေါ်ယူရတာဖြစ်တယ်လို့ နေပြည်တော်က လာတဲ့သတင်းအရ သိရတယ်။ အဲဒီအစည်းအဝေးမှာ နအဖ စစ်ကောင်စီဝင်များ၊ စစ်ဆင်ရေးကွက်ကွဲမူးများ၊ ဌါနချုပ်မှူးများ၊ဒေသကွပ်ကွဲမှူးများ၊ စစ်ဌါနချုပ်မှူးများ၊ တပ်မမှူးများ၊ စစ်ဘက်ညွှန်ကြားရေးမှူးများ၊ စစ်ကျောင်းများမှ ကျောင်းအုပ်များနဲ့ ကက်ဘိနက် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်။ အဲဒီအစည်းအဝေးမှာ အာဏာသိမ်းမှူမှာပါဝင်တဲ့ ဗိုလ်မှူးချုပ်ဝေလွင်နဲ့ အခြားအရာရှိ ၁၂ ဦး- စုစုပေါင်း ၁၃ ဦးတို့ကို ဖမ်းဆီးထားခြင်းနဲ့ ပါတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချပေးတယ် လို့ သိရတယ်။ အခုဆိုရင် အဲဒီဗိုလ်မှူးချုပ်ဝေလွင်နဲ့ အပေါင်းပါတွေဟာ သေဒဏ်ပေးခံရပြီ ၊ဒါမှမဟုတ် ကွက်မျက်ခံရပြီဆိုတာ မသိရသေးဘူးလို့ ပြောဆိုနေကြတယ်။
၁၉၇၆ ခုနှစ်က ကာကွယ်ရေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင် ခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ မဆလအာဏာရှင် ဦးနေ၀င်းကိုလုပ်ကြံပြီး အာဏာသိမ်းရန်ကြံ့စည်မှူနဲ့ သေဒဏ်ပေးခံခဲ့ရတယ်။ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်မှူးကြီးသူရရွှေမန်းတို့ရဲ့ လှို့ ဝှက်အစီရင်ခံစာတွေကို အင်တာနတ်ကနေပြီး တဆင့် ပေါက်ကြားသွားတာနဲ့ ဗိုလ်မှူးဝင်းနိုင်ကျော် ကို သေဒဏ်နဲ့ ထောင်ဒဏ် ၂၀ နှစ်၊ နိုင်ငံခြားရေးရုံး ဥရောပရေးရာ ဌါနက ကိုသူရကျော်ခေါ် ကိုအောင်အောင် ကို သေဒဏ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ၊ အရပ်သား ဂိုစိန်ပျံခေါ် အစီးကို ထောင်ဒဏ် ၁၅ နှစ်ချထားတာရှိတယ်။ အခုလဲဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာသိမ်းရန်ကြံစည်တဲ့ ဗိုလ်မှူးချုပ်ဝေလွင်နဲ့ အပေါင်းပါတွေကိုလဲ အဲဒီအစည်းအဝေးမှာ သေဒဏ်ပေးမှာသေချာတယ်လို့ ပြောနေကြတယ်။
ရဲမွန်ခံတပ်ကို စစ်ဆင်ရေးလုပ်ရာမှာ စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သာအေး နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က ကွပ်ကဲကြတယ်။ နေပြည်တော်စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က တာဝန်ယူဆောင်ရွက်တယ်။ ရန်ကုန်တိုင်းတပ်ရင်းတွေက တာဝန်ယူရပေမဲ့ နေပြည်တော်ကဘဲ ကိုင်တွယ်တယ်။ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသာအေးဟာ ကချင်ပြည်နယ်။စစ်ကိုင်းတိုင်း၊မနျွှလေးတိုင်းတို့ကိုတာဝန်ယူထားသူဖြစ်တယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်ကတော့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကိုတာဝန်ယူထားရသူဖြစ်တယ်။ ဒါပေမဲ့ နေပြည်တော်ကနေ တိုက်ရိုက်ကိုင်တွယ် ရတဲ့အတွက်ကြောင့် ရဲမွန်ခံတပ်ဟာ ဗကပတွေ ရှိနေတယ်ဆိုပြီး နကန်းတလုံးမှ မသိတဲ့ စစ်သားတွေကို တောထဲက ဆွဲထုတ်လာတာဖြစ်တယ်။ ဒါဟာ ၈၈ အရေးအခင်းတုံးက ရန်ကုန်မှာ ဗကပတွေ ဆန္ဒပြနေတယ် ဆိုပြီး ပစ်သတ်ခိုင်းတာနဲ့ တူအောင် လုပ်အောင်လုပ်ရမယ်လို့ ဆွေးနွေးကြတယ်လို့ နေပြည်တော်က လာတဲ့ သတင်းအရသိရတယ်။
၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ၀န်ကြီးချုပ်သိန်းစိန်ကို ရာထူးကဖြုတ်ချလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေးဟာ ဗိုလ်မှူးချုပ်ဝေလွင်ကို သေဒဏ်ပေးတာနဲ့ဘဲ ဆွေးနွေးနေကြတာမို့ သိန်းစိန်ကို ရာထူးကဖြုတ်ချလိုက်တာ မထွက်နိုင်သေးဘူးဖြစ်နေတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ကလဲဘဲ ၀န်ကြီးချုပ်ရာထူးကို ရသွားတဲ့ ဒုတိယ၀န်ကြီးချုပ်မြင့်ဆွေကို ကြားဖြတ်အစိုးရမှာ ၀န်ကြီးချုပ်အဖြစ် ဦးဆောင်မယ်ဆိုရင် နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ထုတ်ပယ်လိုက်ပါဆိုပြီး အိပ်ဖွင့်ပေးစာတစောင် ထုတ်ပြန်တယ်။ ရန်ကုန်ဘူတာကြီးတ၀ိုက်မှာ သန်းရွှေကို ဖြုတ်ချ ကြားဖြတ်အစိုးရဖွဲ့ ဆိုတဲ့ စာတွေကို နေရာအနှံ့ကပ်ထားတာရှိနေတယ်။ သမတရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ဖို့လာတဲ့သူတွေဟာ သူတို့ လက်ခံရရှိသွားတဲ့ စာရွက်တွေကို ခါတိုင်းလို လူမြင်ကွင်းမှာ ဖတ်မနေကြဘဲ အိတ်ထဲမှာ ထည့်ယူသွားကြတယ်။
(လေ့လာသူ တစ်ဦး)

8.02.2010

ကွာပါ့

အညာနွေတမာမြေဘလော့မှကူးယူဖေါ်ပြသည်။
ကျုပ်တို့ရဲ့ ပြည်သူ့ချဉ်ဖတ် အိန္ဒိယကိုလာတော့ အစိုးရတာဝန်ရှိသူဆိုတဲ့ အမျိုးသမီးတဦးပဲ ၀တ်ကျေ တန်းကျေ ခရီးဦးကြိုပြုတယ်။




ကိုင်းဗျာ....ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကြတော့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကိုယ်တိုင် တယောက်စီကို လိုက်မိတ်ဆက်ပေးနေတယ်။



အိန္ဒိယသတင်းစာတွေမှာ မြို့မေတ္တာခံယူတဲ့ ခရုသင်းစွဲဆင်ဖြူရှင်မင်းတြားကြီး ကြွက်ဖြူများရဲ့သခင် ဦးသန်းရွှေကို သတင်းစာ ရှေ့ဖုံးနေရာမပေးဘူး နောက်နားမှာ အဖြူအမဲနဲ့ပဲတွေ့ရတယ်။ ဒေးဗစ်ကင်မရွန်းကြတော့ ကလေးတွေနဲ့ ခရစ်ကတ် ကစားနေတဲ့ပုံတောင် သတင်းစာ ရှေ့ဖုံးမှာ ရောင်စုံနဲ့ဖေါ်ပြပေးထားတာတွေ့ရပါတယ်။



ကျုပ်တို့ မောင်သန်းရွှေက ခရစ်ကတ်ကစားတာမဟုတ်ပဲ ဘုရားတရားလာကိုင်းရှိုင်းပြတာတောင် ဘယ်သတင်းစာကမှ ရေးမပေးဘူးဗျာ ။ သူ့ကိုကြိုဆိုတဲ့ပုံနဲ့ ဗြိတိန်ဝန်ကြီးချုပ်ကို ကြိုဆိုတွေ့ဆုံပုံ ဘယ်လိုကွာခြားလဲရဲဘော် အောက်ကပုံတွေကြည့်





ကိုယ့်မြန်မာနိုင်ငံမှာတော့  တီဗီ သတင်းစာတိုင်းမှာ ဒင်းတို့ပုံတွေပဲ မမြင်ချင်မနေရ စိုးမိုးထားတယ်။ ၀ါးလုံးခေါင်းထဲ လသာတယ်ဆိုတာ ဒါမျိုးပေါ့။ ခုအိန္ဒိယအစိုးရရဲ့လုပ်ရပ် ရွှေရွှေတယောက် အကျေနပ်ကြီးကျေနပ်နေလေသလားမသိ ဘာပဲပြောပြော ဒေါ်လာ သန်း ၇၀ကျော်နဲ့ အကူအညီတွေရသွားတော့ အရင်ခိုးထားတာ ဓမြတိုက်ထားတာနဲ့ဆို ဘယ်လောက်ရှိပြီဆိုပြီး ရေတွက်နေလေမလား......။

ဓါတ်ပုံတွေကို အေပီ အေအက်ဖ်ပီ နှင့် အိန္ဒိယ သတင်းဌာနတွေကနေကူးယူပါသည်။
အညာနွေတမာမြေ

7.30.2010

Burma's News World's News

Syria and Saudi leaders in Beirut

King Abdullah of Saudi Arabia and Syrian President Bashar al-Assad - 29 July 2010

Syria's president is in Lebanon after years of tension between the two countries, on a visit with the Saudi king to try to avert a looming political crisis.
US economy's growth slows
Growth in the world's largest economy slowed to an annualised 2.4% in the second quarter of 2010, amid fears about the strength of its recovery.
French mother 'relieved by truth'
A French mother who admitted killing eight of her newborn babies is relieved that her secret is finally out in the open, her lawyer says.

'Diplomacy by Stealth' Needed in West's Approach to Burma

By ADAM SELENE
The US and the European Union would be well advised to adopt a policy of deal-making and “diplomacy by stealth” in their approach to Burma.

NEWS ANALYSIS

Superstitious Than Shwe's Quest for Atonement at India's Shrines

By BA KAUNG
One purpose of Burma junta leader Snr-Gen Than Shwe's visit to India appears to be an attempt to seek atonement at the country's holiest Buddhist

Burma's Generals Meet North Korea's FM

By WAI MOE
Top Burmese generals are reportedly scheduled to meet North Korea's Foreign Minister in Naypyidaw during his four-day visit
INTERVIEW

Getting the Facts Straight about 'The Dear Leader'

By THE IRRAWADDY
Hein Latt, the author of a recent Burmese biography of North Korean leader Kim Jong Il, speaks to The Irrawaddy about the troubles surrounding publication of his book.

USDP Constitution Maintains Junta's Policies

By HTET AUNG
The formation of the Union Solidarity and Development Party is “due to the call of history,” according to its constitution.

USDP Assigns Constituencies to Ministers

By KHIN OO THA
Though the election law forbids government officials from taking part in the poll, regime ministers are starting to organize their campaigns

North Korea joins the junta's censors.

Child presumed dead after flood hits ward of northwestern Kalaymyo
Floods in the northwestern Burmese division of Sagaing resulting from torrential ...
Burma Campaign urges Cameron to press India on Burmese issues
Burma Campaign UK has called on British Prime Minister David Cameron and Foreign ...
USDP to extend its campaign to urban areas of Mon State
The junta-backed Union Solidarity and Development Party is soon to start electoral ...
Suu Kyi, NLD leaders confident of her release in November
Burmese opposition leader Aung San Suu Kyi and her National League for Demo ...
MDC chief looks ahead to ask when military will quit parliament
Party leader, poet and author, Wei Mhu Thwin, says the problem with the upcoming ...
Grim warning sounded on climate change thumbnail

Grim warning sounded on climate change

Plankton down by 40% in past 50 years as scientists sound warning bell about rising sea temperatures, with implications for Burma likely severe Burma parties wary of US sanctions thumbnail

 Burma parties wary of US sanctions

Candidates complain that US sanctions will do little to affect repressive laws that govern how parties approach Burmese elections this year China seals biggest Burma mining deal thumbnail

China seals biggest Burma mining deal

World's largest steel manufacturer one of two Chinese companies set to sink $800 million into lucrative nickel mine in northern Burma

ဂန္ဒီကြီးတောင် ငိုမယ့်သူ

ချိုကုပ်ဒူးကြီး၊ ဇနီးသည် ဒေါ်ကွိုင်ကွိုင်နှင့် နောက်ပါ ၇၀ ကျော်တို့ အိန္ဒိယပြည်သို့ ရောက်နေကြသည်။ ချိုကုပ်ဒူးကြီး၏ သတင်းမှာ  လတ်တလော လူကြိုက်အများဆုံး ဖြစ်နေပြီး ကောလာဟလ အမျိုးမျိုးလည်း ထွက်ပေါ်လျက်ရှိရာ ထိုသတင်းများ မှန်၊ မမှန်ကို ကျွန်ုပ်တို့၏ သတင်းထောက်ကျော် ဖိုးရှုပ်က သိချင်နေသည်။ အိန္ဒိယသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရသည်ကို အားမရ သောကြောင့် ကိုယ်တိုင် သွားချင်သော်လည်း လမ်းစရိတ် မတတ်နိုင်သဖြင့် ဖရီးရိုက် ကုန်းဆင်းလိုက်မည်ဟု ဆုံးဖြတ်ကာ ဦးရုက္ခစိုးကြီးကို အပူကပ်ရလေတော့သည်။
cmnat-than-shweဖိုးရှုပ်။     ။ သွားပေးပါ ဦးရုက္ခစိုးရယ်။ သတင်းက အကြီးကြီးမို့လို့ပါ။
ရုက္ခစိုး။     ။ ကိုယ့်ဘာသာ သွားပါလားကွ ...။ မင်းက သတင်းထောက်ပဲ။
ဖိုးရှုပ်။     ။ သွားချင်ပါတယ်ဗျာ … ဒါပေမယ့် ရုံးက ထုတ်ပေးလိုက်တဲ့ လမ်းစရိတ်တွေကို ကြွက်စုတ်နဲ့အတူ အရက်သောက် လိုက်တာ ကုန်သွား … အဲ ယောင်လို့ … ကလေးနေမကောင်းတာနဲ့ သုံးလိုက်တာ ကုန်သွားလို့ပါ။ သွားပေးပါနော်။ ဦးရုက္ခစိုးက ဗီဇာဖရီး၊ လမ်းစရိတ်လည်း မကုန်ဘဲ သွားချင်ရာ သွားနိုင်တာပဲဟာ။
ရုက္ခစိုး။     ။ မသွားချင်ဘူးကွာ … ငါက ချင်းမိုင်မှာ ကန်မယ့် ရန်ကုန် ယူနိုက်တက်နဲ့ ချင်းမိုင်အက်ဖ်စီ ပွဲ နွှဲချင်သေးတယ်။
ဖိုးရှုပ်။     ။ ဟား … ဦးရုက္ခစိုး ဒိတ်အောက်သွားပြီ။ အဲဒီပွဲက ပြီးသွားပြီ လေ။ ချင်းမိုင်က အမျိုးသမီးအဖွဲ့တောင် ဆန္ဒပြမယ် ဆိုပြီး လက်သီး လက်မောင်းတွေ တန်းပြီး ချီတက်သွားကြပါရောလား။
ရုက္ခစိုး။     ။ ဟာ … ဟုတ်လား။ ဆန္ဒပြလိုက်တော့ ပွဲပျက်ကရောလား။
ဖိုးရှုပ်။     ။ ဆန္ဒတော့ မပြလိုက်ကြပါဘူး ဦးရုက္ခစိုးရယ်၊ သူတို့လည်း သူတို့ ဆန္ဒရှိတဲ့အတိုင်း ဘောလုံး သမားတွေနဲ့ ဓာတ်ပုံတွေ တွဲရိုက်ပြီး ဝက်ဝက်ကွဲ ပျော်လိုက်ကြတာနဲ့ မေ့သွားတယ် ထင်ပါတယ်။ ကဲပါဗျာ … တောင်းပန်ပါတယ်။ ချိုကုပ်ဒူးကြီး ရှိတုန်းလေး သွားပေးပါ … နော်။
ရုက္ခစိုး။     ။ ခက်တယ်၊ ခက်တယ်။ အပေါင်းအသင်း မှားရင် နတ်တောင် မခံနိုင်ပါလား။ ကဲ … ကဲ။ သွားပေးမယ် ဟုတ်လား။
ဖိုးရှုပ်။     ။ ဟား … ဝမ်းသာလိုက်တာ ဦးရုက္ခစိုးရယ်။ ဦးရုက္ခစိုးကို ယုံကြည်တယ်၊ လေးစားတယ်၊ ချစ်ခင်တယ်နော်။ သေသေချာချာလေး တွေ့ခဲ့ပါ နော် … နော် ...။
ဦးရုက္ခစိုးမှာ ဖိုးရှုပ်၏ ပတ်ချွဲနပ်ချွဲသံများကို လျစ်လျူရှု၍ လက်ညှိုးတချောင်းထောင်ရင်း သွားလိုရာနေရာကို အာရုံပြုလိုက်ရာ … ဝုန်းခနဲအသံမမြည်ဘဲ ဗြုန်းခနဲ ဖိုးရှုပ်နားမှ ပျောက်ကွယ်သွား လေတော့သည်။
မဆလာနံ့နှင့် နွားချေးနံ့ကလေး သင်းနေသည့် ကြားထဲတွင် ပုပ်အဲ့အဲ့ အနံ့တခုကို ရလိုက်သဖြင့် ဦးရုက္ခစိုး မျက်စိမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်သည်။
“ဟာ … ဦးရုက္ခစိုး” ဆိုသော ဝမ်းသာအားရ အသံတသံနှင့်အတူ ချိုကုပ်ဒူးကြီးတို့ လင်မယားကို ဦးရုက္ခစိုး တွေ့လိုက်ရလေသည်။
ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးပါလား ...။ ဘယ်လိုလဲ ချွေးသီးချွေးပေါက်တွေလည်း ကျလို့ … နေမကောင်း ဘူးလား။
ချိုကုပ်။     ။ နေကောင်းပါတယ် … ။ ဒီ ကတုံးကြီး ပြောနေတာတွေ နားမလည်လို့။ လုပ်ပါဦး … ဦးရုက္ခစိုး ဘာသာ ပြန်ပေးပါဦးဗျာ။
ချိုကုပ်ဒူးကြီးက ကတုံးကြီးဟု ခေါ်သူကိုကြည့်လိုက်ရာ အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းရေး ဖခင်ကြီးဖြစ်သူ ဂန္ဒီကို တွေ့လိုက်ရ လေသည်။
ရုက္ခစိုး။     ။ ဟာ … ဘယ်က ကတုံးကြီးကမှာလဲ။ အဲဒါ ဂန္ဒီလေဗျာ။
ချိုကုပ်။     ။ ဟုတ်လား။ မသိပါဘူးဗျာ၊ ကျုပ်က နွားနို့လာရောင်းနေတာ မှတ်လို့ ...။ လုပ်ပါဦး … သူ ဘာတွေ ပြောနေတာလဲ။
ဤနေရာတွင် စာမျက်နှာ အခက်အခဲကြောင့် ဦးရုက္ခစိုးက တဆင့်ဘာသာပြန်ပြနေသည်ကို မဖော်ပြ တော့ဘဲ ဂန္ဒီကြီး ပြောနေသော အင်္ဂလိပ် စကားများအား တိုက်ရိုက် မြန်မာလို ရေးသားပါမည်။
ရုက္ခစိုး။     ။ ဂန္ဒီက သေသွားတာပဲ ကြာလှပြီ … ဘာလို့ ဒီနေရာကို ရောက်နေရတာလဲဗျ။
ဂန္ဒီ။     ။ ဒါက ကျုပ်အထိမ်းအမှတ် သင်္ချိုင်း နေရာလေ။ ခါတိုင်းတော့ ကျုပ် ထွက်လာလေ့မရှိပါဘူး။ ဒီနေ့တော့ ဘာဖြစ်တယ် မသိဘူး ပူလွန်းတာနဲ့ ထွက်ကြည့်တာ … ဟောဒီက ချိုကုပ်ဒူးကြီး ဖြစ်နေတာကိုး။
ချိုကုပ်။     ။ အမယ် … ရာရာစစ၊ ကျုပ်ရောက်လာလို့များ ပူသလေးဘာလေးနဲ့ … သူ့ဘာသာသူ အဲကွန်း မသုံးဘဲနဲ့များ။
ရုက္ခစိုး။     ။ ဂန္ဒီကြီးက ပြောစရာ ရှိပုံရတယ် ချိုကုပ်ဒူးကြီး။
ဂန္ဒီ။     ။ ဟုတ်တယ်။ ကျုပ် ငြိမ်းချမ်းရေး တရား ဟောစရာရှိတယ်။ ဒီက ချိုကုပ်ဒူးကြီးကို ဟောချင်တယ်။ နားထောင်နော် ... လောကကြီးမှာ လူလူချင်း ညှာတာထောက်ထားမှု ရှိရမယ်၊ ငြိမ်းချမ်းရေးကို ဦးထိပ် ပန်ဆင်ကြရမယ်။
ချိုကုပ်။     ။ ဒါတွေက ကျုပ်သိပြီးသားပါ။ လူလူချင်း ညှာတာထောက်ထားမှု ရှိသလားမမေးနဲ့ … ကျုပ်က ကျုပ်မိန်းမနဲ့ သားသမီးတွေ၊ မြေးတွေကို ဘယ်လောက် ညှာတာ ထောက်ထားမှုရှိလဲဆိုရင် … ကျုပ်ထက် ညှာတာ ထောက်ထားတဲ့ သူတောင် ကျုပ်လောက် ညှာတာ ထောက်ထားမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း ဦးထိပ် ပန်ဆင်ပါတယ်ဗျာ။ ပြောလိုက်စမ်းပါ ဦးရုက္ခစိုးရယ် ...၊ ကျုပ်ရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့ အစီအစဉ်တွေကို ...။
ရုက္ခစိုး။     ။ ဟုတ်ပါတယ်လေ။ ဒါပေမယ့် နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို ဘာလုပ်ဖို့ စဉ်းစား ထားလဲ။
ချိုကုပ်။     ။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှင်းပစ်မှာပေါ့ဗျ။ ကျုပ်ဘက်က သေနတ်တချက် မဖောက်ဘူး စိတ်ချ။ သူတို့အချင်းချင်း စိတ်ဝမ်းကွဲပြီး ပစ်ကြ ခတ်ကြရင်တော့ မသိဘူးနော်။ ကျုပ်နဲ့ မဆိုင်ဘူး။
ဂန္ဒီ။     ။ အင်း … ဘယ်လိုမှ ဆုံးမလို့ရမယ့်ပုံ မပေါ်ဘူး။
ချိုကုပ်။     ။ ဟာ … ဘယ်ရမလဲ … ကျုပ်ကပဲ ဆုံးမမှာ။ ဒီမှာ ဦးဂန္ဒီ၊ နောက်တခါ ကျုပ်လာရင် အဲဒီ ကတုံးကို မမြင်ချင်ဘူး။ ပြောင်ချော်ချော်ကြီးနဲ့ ကြည့်လို့ကို မရဘူး။ ရိုရိုသေသေ ဆံပင်လေး ဘာလေးနဲ့ ကြိုဆိုဗျာ နော်။
ဂန္ဒီ။     ။ ဒါက ကျုပ်ရဲ့ ...။
ချိုကုပ်။     ။ နေဦး ရှိသေးတယ်။ ခင်ဗျား အဝတ်အစားတွေကလည်း အရမ်းအောက်တာပဲ၊ နောက်မှ ခင်ဗျားတို့ ဝန်ကြီးချုပ်ကို ခင်ဗျားအတွက် ဝတ်စုံတစုံလောက် ဆင်ပေးဖို့ ပြောပေးဦးမှပါပဲ။
ဂန္ဒီ။     ။ မှားပါတယ်၊ မှားပါတယ်။ ထွက်လာမိတာကိုက ကျုပ်အမှားပါ။ ကျုပ်ဘာသာကျုပ် အထဲ ပြန်ဝင်တော့မယ်။ ဒါပေမယ့် မသွားခင် ကျုပ်မြေးအတွက်ပေးခဲ့တဲ့ အပြစ်တရား ၇ ချက်ပါတဲ့ စာလွှာကို လက်ဆောင်ပေးလိုက်ပါရစေ။
ဂန္ဒီကြီးက စာလွှာကို ဒေါ်ကွိုင်ကွိုင်အား ပေးကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။ ဘေးတွင် ရပ်နေသော ဒေါ်ကွိုင်ကွိုင်က “အဲဒီစာလွှာက ဘာလုပ်ဖို့လဲ မောင်တော်” ဟု လှမ်းမေးသည်။
ချိုကုပ်။     ။ ယူသာ ယူထားလိုက်ပါကွာ … အဲဒါတွေက တို့နဲ့ မဆိုင်ပေမယ့် တခြားသူကို ဆုံးမသြဝါဒ ခြွေတဲ့ အခါကျရင် အသုံးတည့်တာပေါ့။
ရုက္ခစိုး။     ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက ရန်ကုန်က အာဇာနည်ကုန်းတောင် တခါမှမသွားဘဲ … ဂန္ဒီကြီးရဲ့ သင်္ချိုင်း ကျတော့ ဘာသွားလုပ်တာလဲ။
ချိုကုပ်။     ။ အာဇာနည်ကုန်းလား … ထားလိုက်စမ်းပါဗျာ ...။ ဒီနေရာကတော့ နာမည်ကြီးတဲ့ နေရာဆိုလို့ သွားကြည့်တာ၊ အခုလို ကတုံးကြီးနဲ့ တွေ့မယ်မှန်းသိရင် မလာပါဘူး။ သိပြီးသားတွေများ လာပြောနေ သေးတယ်။ ကျုပ်က သူများကိုပဲ သြဝါဒခြွေချင် တာဗျ … သူများ ဆုံးမတာ ခံချင်တာ မဟုတ်ဘူး။
ရုက္ခစိုး။     ။ မြန်မာပြည်က သံဃာတွေကျ သတ်တာတွေ၊ ရိုက်တာတွေလုပ်ပြီး အိန္ဒိယရောက်နေတဲ့ မြန်မာပြည်က သံဃာတွေ ကျတော့ ဝတ္ထု ကပ်တယ်ဆိုတော့ တမျိုးကြီးပဲနော်။
ကွိုင်ကွိုင်။     ။ ဦးရုက္ခစိုးကြီးကလည်း စပ်စုလိုက်တာ လွန်ရော ...။ ယတြာချေတာရှင့် ယတြာချေတာ သိပြီလား။
ရုက္ခစိုး။     ။ ဗျာ … ယတြာ ဟုတ်လား။ မြန်မာပြည်မှာ ယတြာချေရတာ အားမရလို့လား။
ချိုကုပ်။     ။ တနိုင်ငံလုံးက သံဃာတွေက ကျုပ်ကို ကံဆောင်ထားတော့ သံဃာ ၂၇ ပါး ပြည့်အောင် လှူလို့ မရဘူးလေ။ ဗေဒင်ကလည်း ၉ နဝင်းကြေအောင် ၂၇ ပါး အပြည့်လှူရမယ်တဲ့။ အဲဒါကြောင့် အိန္ဒိယအထိ လာလှူရတာ။
ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးနောက်မှာ နောက်လိုက် နောက်ပါတွေကလည်း များလိုက်တာဗျာ … ဘယ်လိုဖြစ်တာလဲ။
ချိုကုပ်။     ။ များဆို … ဖင်တွန့်တုန်းကလို ကျုပ်အပြင်ထွက်တုန်း အာဏာသိမ်းကြမှာ စိုးလို့ အကုန်ခေါ်လာတာ။ အခုတော့ အေးအေးဆေးဆေးပဲ၊ မောင်ကွေးတော့ ချန်ခဲ့တယ်။ သူကတော့ စိတ်ချရတယ်လေ။ အရက်တလုံး ထောင်ပေးခဲ့ရင် ကျေနပ် နေတဲ့ကောင်။ သေချာ အိမ်စောင့် ထားလိမ့်မယ်။
ရုက္ခစိုး။     ။ အခု ခရီးစဉ်မှာ ချိုကုပ်ဒူးကြီးရဲ့ အဓိက လုပ်ငန်းစဉ်က ဘာလဲဗျ။
ချိုကုပ်။     ။ ကဲ … ကွိုင်ကွိုင်ပဲ ဖြေလိုက်ပါတော့၊ မောင်တော်ကမှ မသိဘဲ … အဲ ဟုတ်ပေါင် … မောင်တော် မောတော်မူလို့။
ကွိုင်ကွိုင်။     ။ အဓိကကတော့ ယတြာချေဖို့ပဲလေ ဦးရုက္ခစိုးရဲ့၊ ယတြာခြေရင်း တခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့တို့ ဘာတို့ လုပ်ချင်ယောင်၊ ပြောချင်ယောင် ဆောင်ကြမှာပေါ့။ အိန္ဒိယက ပညာရှင်တွေနဲ့လည်း ပုဂံက အာနန္ဒာစေတီကြီးကို ဖျက် … အဲ ပြုပြင်ဖို့ ပြောပြီးပြီ။ အဲဒါကြီးပြင်ပြီးရင် အကုန်အောင်ပြီ ဦးရုက္ခစိုးရဲ့။
ချိုကုပ်။     ။ ဒလက ဓနုတ်စေတီကြီးလို ဖြစ်ရင် ဘယ်လိုလုပ်မလဲ။
ကွိုင်ကွိုင်။     ။ ဟယ် … ဦးရုက္ခစိုးပါးစပ်ကို ရွှေချထားဖို့ ကောင်းနေပြီ မောင်တော်ရေ ...။ အဲဒီလို ဖြစ်အောင်လုပ်ရမှာ … မောင်တော်ရဲ့ သမိုင်းတွင်ကျန်ရစ်မယ့် အမည်းစက်တွေအားလုံး ကင်းစင်ဖို့ သမိုင်းဝင်ပစ္စည်းတွေ အဆောက်အအုံတွေ စေတီတွေအားလုံးကို ပြင်ချင်ယောင်ဆောင်ပြီး ဖျက်ရမယ်လေ ...။ ဖျက်နိုင်ရင် အောင်ပြီ ...။
ဒေါ်ကွိုင်ကွိုင့် စကားအဆုံးတွင် သူတို့ရပ်နေသော မြေကြီးမျက်နှာပြင် သိမ့်ခနဲ လှုပ်သွားသောကြောင့် ဦးရုက္ခစိုးမှာ ကိုယ်ဖျောက်ရန် မေ့သွားပြီး ဖနောင့်နှင့်တင်ပါး တသားတည်း နေအောင် ပြေးတော့သည်။ သို့ရာတွင် ထိုသို့ မြေကြီး လှုပ်ရှားသည်ကို ချိုကုပ်ဒူးကြီးနှင့် ဒေါ်ကွိုင်ကွိုင်တို့အဖွဲ့မှာ ကောင်းချီးသြဘာ ပေးသည်ဟု ထင်မှတ်၍ လက်ခုပ် လက်ဝါးတီးရင်း အိန္ဒိယ အကများဖြင့် ကခုန်၍ ကျန်ခဲ့လေတော့၏။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။
ဓာတ်ပုံ US State Department
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။

မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အမေရိကန် စိုးရိမ်ကြောင်း ထပ်လောင်းပြောဆို

ပွင့်လင်းထင်သာမှု မရှိတဲ့ မြန်မာ၊ မြောက်ကိုရီးယား ဆက်ဆံရေးကြောင့် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ


ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး

ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး

စစ်အစိုးရသည် ကာကွယ်ရေး ၀န်ကြီး ဌာနအတွက် တနှစ်လျှင် ၆ ထရီလီယံ ကျပ် ခန့် အသုံးပြုနေကြောင်း သိရှိရသည်။ နိုင်ငံတွင်း ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်
ဝန်ကြီးများ USDP အတွက် စည်းရုံး

ဝန်ကြီးများ USDP အတွက် စည်းရုံး

“မဲပေးမယ်ဆို ‘ဆန်စိ’ ကို ပေးဖို့ မမေ့နဲ့ ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ခေါင်းဆောင် ၀န်ကြီးချုပ် ဗိုလ်ချူပ် ကြီးဟောင်း ဦးသိန်းစိန်က ရှမ်းပြည်နယ်သို့ သွားရောက်စဉ် ပြောကြား

မန္တလေး ကုန်သည်များ စီမံကိန်း နေရာသစ်သို့ မရွှေ့လို

မန္တလေးမြို့တွင် ၃ လနှင့် အပြီး တည်ဆောက်မည့် မန္တလေး ကုန်သွယ်ရေး ဗဟိုစီမံကိန်း (MMC) တည်ရှိရာသို့ အာဏာပိုင်များက ပြောင်းရွှေ့ ခိုင်းမည်ကို ဒေသခံ ပွဲရုံ လုပ်ငန်းရှင်များ စိုးရိမ်လျက်

ဝန်ကြီးများ ရွေးကောက်ခံ နယ်မြေ သတ်မှတ်ပြီးစီး

စစ်အစိုးရ အဖွဲ့တွင် လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများသည် ရန်ကုန်တိုင်း အပါအ၀င် နယ်မြို့ တချို့တွင် လာမည့် ရွေးကောက်ပွဲ အတွက် USDP ပါတီ မှ ၀င်ရောက် ယှဉ်ပြိုင်

USDP ဖွဲ့စည်းပုံ စည်းမျဉ်း စစ်အစိုးရ မူဝါဒသာ ဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖွဲ့စည်း ထူထောင်ခဲ့ ခြင်းသည် “သမိုင်းရေး ပကတိ လိုအပ်ချက် အရ” ဖြစ်သည်ဟု ၂၀၁၀ ခုနှစ် မေလတွင် ပါတီတွင်း ထုတ်ဝေခဲ့သည့်

ငါးသိန်းတန် လက်ကိုင်ဖုန်းများ အလုံးရေ သိန်းနှင့်ချီ ရောင်းပေး

ရန်ကုန်နှင့် မန္တလေး အပါအ၀င် မြို့ကြီးများတွင် ငါးသိန်းတန် CDMA 800 MHZ မိုဘိုင်းဖုန်း အလုံးရေ သိန်းနှင့်ချီ၍ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရ

ဖမ်းဆီးခံ မြန်မာ အလုပ်သမားများ နယ်စပ်ပိတ်၍ ပြန်လွတ်

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သိုးမွေး စက်ရုံများမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၅၀ ခန့်ကို ထိုင်းရဲများက ယမန်နေ့ ညနေတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ သို့သော် နယ်စပ်တံတား ပိတ်ထား၍ မြန်မာဘက် အခြမ်းသို့

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လည်ပတ်

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ၂၅ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံသို့ ယနေ့ အလည် အပတ် လာရောက်ကြောင်း

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

“ကြံ့ဖွံ့ပါတီဆိုတာ ကြံ့ဖွံ့အသင်းက ဖြစ်လာတာပဲလေ၊ အဲဒီအသင်းကလည်း အစိုးရက ဖွဲ့စည်းထားတာဖြစ်တယ်လေ။ ပါတီအနေနဲ့ ပြောင်းလိုက်တော့ အခုအစိုးရ၀န်ထမ်း မိသားစုတွေကို ကနဦးပါတီဝင်တွေလုပ်ပြီးတော့ ကြိုတင်မဲကောက်နေပြီ

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ရေး ရက် မသတ်မှတ်နိုင်သေး
ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများချထား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံ မှ ကန်ဒေါ်လာ ၆၆ သန်း ကျော် ထပ်မံ ချေးဌား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အိန္ဒိယနိုင်ငံသို့ သွားရောက် သည့် ငါးရက်တာ ခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အိန္ဒိယ သမ္မတ မန်မိုဟန်ဆင်းဂ် တို့ နှစ်ဦး သည် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးကာ နှစ်ဖက် သဘော တူညီချက် ငါးခုကို လက်မှတ် ရေးထိုး နိုင်ခဲ့ ကြကြောင်း သိရှိရ ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော အဖွဲ့ တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ အတွင်းရေးမှူး (၁)

 

ရွှေသံလွင် နှင့် ရတနာပုံ ပူးပေါင်း၍ ရုပ်သံ လိုင်းသစ် ထုတ်လွှင့်မည်

ဖိုက်ဘာ ဆက်ကြောင်း အင်တာနက်လိုင်း (Fiber to the Home) စနစ် ပေါ်တွင် ဝန်ဆောင်မှု ပေးမည့် Triple Play Services တွင် ပါဝင်သော IPTV အစီ အစဉ် အတွက် နိုင်ငံတကာ i-Move TV Channel ကို ပြည်တွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ စတင် အကောင် အထည်ဖော် နေပြီ ဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။ Fiber to the Home (FTTH) စနစ် ပေါ်တွင် အခြေခံပြီး နိုင်ငံတကာ ရုပ်သံ

ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့်လက်နက်ကိုင်တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီတုန့်ပြန်

ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့်လက်နက်ကိုင်တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီတုန့်ပြန်ကချင်ပြည်သို့ မြို့နယ်ကော်မတီဖွဲ့ရန် စည်းရုံးရေးဆင်းသည့် ကျားဖြူ/သျှမ်းပါတီအား ‘တရားမ၀င် လက်နက်ကိုင်တပ်ဖွဲ့ နောက်ခံရှိပါတီ’ဟု ကြံ့ဖွတ်ပါတီဝေဖန်ပုတ်ခတ်သည့် အပေါ်မဟုတ်မှန်ကြောင်း ဥက္ကဌစိုင်းအိုက်ပေါဝ်း ကတုန့်ပြန် ပြောဆိုသည်။

ကြက်ဆူ အစားလက်ဖက်နှင့် ကျွန်းပင်များ နအဖပိုစိုက်ခိုင်း

ကြက်ဆူ အစားလက်ဖက်နှင့် ကျွန်းပင်များ နအဖပိုစိုက်ခိုင်းသျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိကျေးလက်လူထုအားဆင့်ခေါ်၍ ကြက်ဆူပင်များအမြစ်ပါမကျန်ခုတ်ထွင်ရှင်း လင်းပြီး လက်ဖက်ပင်နှင့်ကျွန်းပင်များ အစားထိုးစိုက်ပျိုးခိုင်းကြောင်း စုံစမ်းသိရှိရပါသည်။

၂၀၁၀ ရွေးကောက်ပွဲ တိုင်းရင်းသားများကို ကိုယ်စားမပြုဟု အကဲခတ်ပြော

ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများမှ ပြည်သူ များအား ကိုယ်စားမပြုနိုင်ဟု တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အသက်မပါသည့် အသေမွေး ဥပဒေများနှင့် နအဖ
ဦးဦးထက်သာ
ဇူလိုင် ၃၀၊ ၂၀၁၀
(ပြည်တွင်းက ဥပဒေပညာရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ အာဘော်အဖြစ် တင်ဆက်ခဲ့တဲ့၊ မတ်လ ၁၁၊ ၂၀၁၀ စာတမ်း၊ ရဲရင့်ငယ်ဘလောဂ့်က ကူးယူတယ်)
အတိုက်အခံ ပါတီများ နှင့်ပြည်သူလူထုသို့ အိပ်ဖွင့်ပေးစာ……
၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (၁/၂၀၁၀) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ(၂/၂၀၁၀) ထုတ်ပြန်လိုက်သည့်အခါ အံ့သြတုန်လှုပ်ပြီး အတိုက်အခံပါတီများ၏အသံသည် ဆူညံပွက်လောရိုက်၍ ထွက်လာပါသည်။
၁၉၉၀ခုနှစ် ကတည်းကစ၍ တရားဝင်ရပ်တည်လျှက်ရှိသော အတိုက်အခံပါတီ (၁၀) ခုစလုံး အသေသတ်၊ အမြစ်ဖြတ်လိုက်သည့် အမိန့်ဖြစ်သည်။ သို့သော်… … …
အပြည့်အစုံသို့ ...
“ ငါ့သား... မင်း လူလားမြောက်ပြီ ”
သားဦး
ဇူလိုင် ၃၀၊ ၂၀၁၀

၁။ မင်းရဲ့ အခန်းကျဉ်းကို
ခြေသံပြင်းပြင်း မာန်တင်းတဲ့မျက်နှာနဲ့
သော့ပိတ်ရန် လာသူကို
ကရုဏာရှေ့ထား
ကျေးဇူးစကား ဆိုနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၂။ တလောကလုံး အမှောင်ဖုံးတဲ့အခါ
သူရဲကောင်းတို့ရဲ့ ဂုဏ်တော်
သီဆို ပူဇော်ရင်း
အလင်းသစ်နဲ့ နံနက်ခင်းကို
မင်း မျှော်လင့်နိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။
အပြည့်အစုံသို့ ...
 

ရောင်စုံပန်းချီကား
(Melting Pot, Multiculturalism, Diversity)
အရှင်ဉာဏိက
ဇူလိုင် ၃၀၊ ၂၀၁၀
မနေ့ညနေက သူတို့မိခင်ကြီးနဲ့အတူ ကျောင်းပြီးစ သားကြီးနဲ့ မကြာမီမှာ ကောလိပ်ကနေ တက္ကသိုလ်ကို ပြောင်းတော့မယ့် သားလတ်တို့ ကျောင်းကိုရောက်လာတယ်။ သားကြီးဖြစ်သူရဲ့ လုပ်အားခထဲကနေ ရလာတဲ့ ငွေနဲ့ ဦးဦးဖျားဖျားအလှူအဖြစ် ဝါဆိုသင်္ကန်းတစ်စုံ လာရောက်လှူဒါန်းကြတာ။လွန်ခဲ့တဲ့ သုံးလေးလလောက်က လည်းပဲ သူတို့ဖခင်က သူ့ရဲ့သားတွေ ဘာသာရေးနဲ့ စိမ်းမသွားစေဖို့ အိမ်ကိုကြွရောက်ပြီး သားတွေနဲ့ လိုက် လျောညီထွေဖြစ်စေမယ့် တရားစကား အနည်းအကျဉ်းပြောပေးပါဦးဆိုလို့ သူတို့အိမ်ကြွရောက်ကာ တရား စကားပြောဖြစ်ခဲ့ပါသေးတယ်။
ကာတွန်း စောငို - နောင်ခါလာ နောင်ဈေးပေါ့ ...
ဇူလိုင် ၂၉၊ ၂၀၁၀

ကြွက်များပျော်ပြီး အမှိုက်များတောင်လိုပုံတဲ့ မြို့တော်ရန်ကုန်
ဝင်းမြတ်၊ ရန်ကုန်
ဇူလိုင် ၂၉၊ ၂၀၁၀
ရန်ကုန်မြို့ ရန်ကင်းမြို့နယ် တစ်နေရာတွင် အမှိုက်ပုံမှ ပလပ်စတစ်၊ ကြေး၊ သံ၊ စက္ကူ တို့ကို ရွေးချယ် ဖယ်ထုတ်နေသည့် စည်ပင် အလုပ်သမားများ
မမေမိုးရဲ့ တစ်နေ့တာကို ရေနွေးအိုး တည်ခြင်းနဲ့ စတင်ပါတယ်။ ရေနွေးအိုး မဆူခင် နောက်ဖေး မီးဖိုချောင်ထဲမှာ ပျံ့ကြဲနေတဲ့ ကြွက်ချေးနဲ့ အမှိုက်တွေကို ရှင်းလင်းရပါတယ်။ ရေနွေးအိုး ဆူပြီ ဆိုတာနဲ့ နောက်ဖေး လမ်းကြားထဲကနေ အိမ်ထဲ ၀င်လာတဲ့ ကြွက်တွေကို ရေနွေးနဲ့ လိုက်ပက်ခြင်းဟာ မမေမိုးရဲ့ နံနက်ခင်း အလုပ်တွေပဲ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...

ပြိုင်ဘက်မရှိ ရွေးကောက်ပွဲ နိုင်မည်ဟု ကြံ့ဖွံ့ယုံကြည်နေ
12sဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ... 
မိုးကြိုးပစ်၍ တဦး သေ၊ တဦး ဆေးရုံတင်
ကောက်စိုက်နေစဉ် မိုးကြိုးပစ်ခံရသဖြင့် ကလေးမြို့ ချမ်းသာကြီးရွာမှ အသက် ၂ဝ နှစ်အရွယ် ... 
နိုဝင်ဘာတွင် လွတ်မည်ဟု ဒေါ်စု မျှော်လင့်
untitledsမြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် ... 
ကြံ့ဖွံ့ စည်းရုံးရေး မြို့ပေါ်တက်တော့မည်
thein-seinsမွန်ပြည်နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် ကျေးလက်များတွင် စည်းရုံးရေး ... 
ကလေးမြို့ရေကြီး ကလေးငယ်တဦး ပျောက်ဆုံး
sasky2ssssခြောက်နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် စစ်ကိုင်းတိုင်း ... 
မြေမြၟုပ်မိုင်းသင့် မြန်မာဒုက္ခသည်များကို အမေရိကန် ကူညီထောက်ပံ့မည်
မုတ္တမကမ်းလွန်မှ သဘာဝဓာတ်ငွေႚ နှစ် ၃၀ စာ ထိုင်းဝယ်မည်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လူႛအခွင့်အရေးကိစ္စ အိန္ဒိယပြောဖိုႛ အမေရိကန်မျှော်လင့်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က NLD နှင့် ပူးပေၝင်းဆောင်႟ရွက်မည်

7.29.2010

ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ တရားပွဲများအောင်မြင် ကျင်းပပြီးစီး

Photobucket
ဇူလိုင် ၂၉
ယမန်နေ့ညက ဘန်ကောက်မြို့အနီး မဟာချိုင် မူစီရပ်ကွက် ၀တ်ထစ် ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း တရားပွဲ ကျင်းပပြီး ယနေ့ တွင် ဆရာတော်နှင့် အဖွဲ့ မြန်မာပြည်သို့ ပြန်ကြွမည်ဖြစ်သည်။
ဘုန်းကြီးကျောင်းဝင်း အတွင်း ထောင်ပေါင်းများစွာသော မဟာချိုင်အရပ်ရှိ ရွေ့ပြောင်းမြန်မာအလုပ်သမား
များအား  “သေလူနှင့် ရှင်လူ” အမည်ရှိသည့် တရားတော်ကို ချီးမြှင့်တော်မူသည်။
ဆရာတော်၏ တရားတော်ထဲတွင် “ထိုင်းနိုင်ငံ တိုးတက်နေခြင်းမှာ စိတ်ဓါတ်ကြောင့် ဖြစ်ကြောင်း၊ စိတ်အဆင့်မြင့် သူတို့ မည်သည်မှာ သူတစ်ပါးကို အထင်သေးခြင်း၊ နှိမ့်ချဆက်ဆံခြင်း မရှိခြင်းများ အပြင် စည်းကမ်းရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ မိမိတို့ ရောက်ရှိနေသည့် တိုင်းပြည်ကို ကျေးဇူးတင်သင့်ပြီး၊ ကောင်းသော အကျင့်စားရိုက်များကို အတုယူသင့်ကြောင်း၊ ပြီးခဲ့သည့်နှစ်၂၀ ခန့် က ထိုင်းနှင့် မြန်မာ ဘာမှ မကွာသေးကြောင်း၊ ယနေ့ထိုင်းနိုင်ငံက
အထက်ကို တက်နေပြီး၊ မြန်မာနိုင်ငံက အောက်ကို ထိုးဆင်းနေကြောင်း၊ ဆင်းရဲခြင်း ချမ်းသာခြင်း၊ တိုးတက်ခြင်း နိမ့်ကျခြင်းတို့ အားလုံးမှာ စိတ်ဓါတ်နှင့်သာ ဆိုင်ကြောင်း၊ လောကော၊ လောကကြီးကို စိတ်တေန စိတ်ကသာ ဆောင်ကြောင်း။ ထိုင်းနိုင်ငံမှာ လမ်း၊ အဆောက်အဦးနှင့် လူနေမှု အဆင့်အတန်းများ တိုးတက်နေခြင်းမှာ ထိုင်း လူမျိုးတို့ စိတ်ဓါတ် အဆင့်မြင့်နေသဖြင့် မြင့်လာခြင်း ဖြစ်ကြောင်း။ မြန်မာများထက် စိတ်ဓါတ်မြင့်နေသဖြင့် မြန်မာများထက် တိုးတက်နေကြောင်း” ထောက်ပြ ဟောပြော မိန့်တော်မူသည်။
တိုးတက်နေသည့် တိုင်းပြည်တိုင်း စိတ်ဓါတ်များ အဆင့်မြင့်ခြင်းကြောင့် ဖြစ်ကြောင်း၊ သခင်စိတ်၊ ကျွန်စိတ် ၂ခုအနက် သခင်စိတ်ဖြစ်အောင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ ဖြစ်စေသတည်းဟူ၍ ဖြစ်လာမည်မဟုတ်ပဲ၊ အောက်တမ်းကျသည့် စိတ်ဓါတ်များကို မမွေးမြူပဲ၊ အဆင့်မြင့်သည့် သခင်စိတ်ဓါတ်များရှိအောင် အစဉ်တစ်စိုက် ကြိုးစားမှ မြန်မာလူမျိုး၊ မြန်မာပြည်ကြီး တိုးတက်လာမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်စရာ၊ လိုက်နာကျင့်ကြံစရာများကို ဟောပြောသွားသည်။
တရားပွဲတော် စီစဉ်သူတစ်ဦး အပါအ၀င်ဖြစ်သူ ဦးအောင်ကျော်က “မြန်မာ လူငယ်များအနေဖြင့် ဘာသာ တရားနှင့် နီးစပ်မှုရှိစေရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ဦးသုမင်္ဂလာ တရားခွေများကို လူငယ်တိုင်း နားထောင်ပြီး သဘောကျတယ်၊ လူငယ်တွေနားလည်အောင် ဘွင်းဘွင်းရှင်းရှင်း ဟောတယ်၊ ဒါကြောင့် လူငယ်တွေ ဒီလောက်အထိ တရားလာနာကြတယ်လို့ ကျနော်ထင်တယ်”ဟု ပြောသည်။
တရားပွဲ မစမီနှင့် တရားပွဲ အစပိုင်းတွင် မိုးရွာသွန်းခဲ့သော်လည်း တရားနာ ကြွရောက်လာသည့် မြန်မာ ပရိတ်သတ်များမှာ ကြည်ညိုသဒ္ဒါတရား ပြင်းပြစွာဖြင့် မိုးရေစိုးခံပြီး တရားပွဲ ပြီးဆုံးသည်အထိ တရားတော်ကို နာယူကြသည်။
ဆယ်ကျော်သက်အရွယ် မြန်မာအလုပ်သမား မောင်မောင်က “ကျနော်တို့ ဆင်ခြင်စရာ တရားတွေကို ဟောတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ လိုက်နာ ကျင့်သုံးရမယ်လို့ လည်း လူငယ်တစ်ယောက်အနေနဲ့ ခံယူပါတယ်။
ဦးသုမင်္ဂလ ကိုယ်တော်သည် ၂၇ ရက်နေ့ ညနေပိုင်းက မဟာချိုင် ထိုင်းယူနီယံ ဘောလုံးကွင်းတွင် ည တရားပွဲ ကျင်းပခဲ့ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ မြန်မာအလုပ်သမားများ ပင့်ဖိတ် လျှောက်ထားချက် အရ ကားလမ်းဖြင့်ကြွရောက်ခဲ့ပြီး ၂၈ ရက်နေ့ မနက်ပိုင်းတွင် တရားသဘင် ဆင်ယင်ကျင်းပခဲ့သည်။ တရားပွဲပြီးစီးပြီး ချက်ခြင်း ကားဖြင့် မဟာချိုင်သို့ ကြွရောက်ခဲ့သည်။
နောက် လူငယ် အောင်ကို ဆိုသည့် အလုပ်သမားငယ် တစ်ဦးက “ကျနော်တို့ အလုပ်ထဲမှာပဲ အချိန်ပြည့်နေရတဲ့ လူတွေဖြစ်ပါတယ်။ ဒီလိုတရားပွဲတွေ ကျင်းပပေးတာ ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုသွားသည်။ အဆင့်အတန်း နိမ့်ကျနေသော၊ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ နိမ့်ကျနေသော ဗုဒ္ဓဘာသာနှင့် အစစ ပျက်စီးနေသည့် မြန်မာနိုင်ငံ အကြောင်းအရာများကို မည်သူ့မျက်နှာမှ မထောက်ပဲ ပြတ်ပြတ်သားသား ဟောကြောခြင်းဖြင့် နိုင်ငံကျော်လာသည့် ဓမ္မကထိကဆရာတော် ဦးသုမင်္ဂလ ခေါ် ဒယ်အိုး ဆရာတော်အား ဤတရားပွဲမှ ဘတ်ငွေ တစ်သိန်းကိုးရာတိတိကို အလုပ်သမား စုပေါင်း ဒါနပြုနိုင်ခဲ့ကြသည်။