2.07.2010

ပညာပါရမီ ကူညီမှု အသင်း၏ နှိုးဆော်စာ

ပညာပါရမီ နှိုးဆော်လွှာ

ပါရမီရှင် သူတော်စင်အပေါင်းတို့ခင်ဗျား-

ပညာပါရမီ ပညာရေးကူညီမှုအသင်း-မှ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပန်လှရွာ ပုဗ္ဗာရုံ ဘုန်းတော်ကြီး ကျောင်း၌ ၅-၆-၇-၈ တန်း ကျောင်းသား/ ကျောင်းသူများကို အခမဲ့ ပညာဒါန ပြုလုပ်နေပြီ ဖြစ်ပါ၍ မိမိတို့ တတ်စွမ်းသမျှ ပညာပါရမီ ပညာဒါန ပြုလုပ်နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

မေတ္တာဖြင့်
အရှင်ဓမ္မသာမိ

ပညာပါရမီ ပညာရေး ကူညီမှုအသင်း အတွက် ကူညီ ပါရမီပြုနိုင်သော နေရာများ

၁။ အရှင်ဓမ္မသာမိ။
Ashin Dhamma Sami
1708 Powder Mill Rd,
Silver Spring, MD 20903.
( U.S.A )
Phone: 240-277-6661.
Email: ashindhammasami@ yahoo.com ashin.dhammasami@ gmail.com

Check နှင့်ဆိုလျှင် Pay to the Order နေရာတွင် Ashin Dhamma Sami ဟု၎င်း၊
Note နေရာတွင် ပညာပါရမီ-ဟု၎င်း ရေး၍ ပါဝင်ကူညီ ပါရမီပြုနိုင်ပါသည်။
( မိမိ ပြုလိုသော ပညာပါရမီ အကြောင်းအရာကို တပါတည်း ရေးပေးရန် )

၂။ ဦးသောဘနာစာရ
U Sobhanacara,
Room No-71, K.B.P Boy's Hostel, kalina campus, Santacruz(E) ,
University of Mumbai, Mumbai-400098, India.
Phone: 0091-9930018411.
Email: usobhanacara@ gmail.com

၃။ ဦးဓမ္မဒိန္န
ပုဗ္ဗာရုံကျောင်း၊ လက်ပံလှရွာ၊ ခင်ဦးမြို့နယ် ၊ စစ်ကိုင်းတိုင်း ။
၎။ ဦးထွန်းငြိမ်း+ဒေါ်တင်မေ
ရွှေကိန္နရီ သင်္ကန်းပရိက္ခရာဆိုင်- ဈေးထိပ်-အပြင်တိုက်တန်း
ရွှေဘိုမြို့။
ဖုန်း-၀၇၅-၂၁၇၅၂

၅။ ဦးသောင်းညွန့်+ဒေါ်သဉ္ဇာဌေး
အမှတ် ၇ ၊ မြဇေယျာလမ်း
လှည်းတန်း၊ ကမာရွတ် ရန်ကုန်။
ဖုန်း-၀၁-၅၂၅၂၉၄


( ပညာပါရမီ ပညာရေး ကူညီမှုအသင်း( ၂၀၀၉-၂၀၁၀ စာသင်နှစ် )
ကျောင်းသား / ကျောင်းသူ စာရင်း

၁။ ၅-တန်း။ ကျောင်းသား-၂၀။ ကျောင်းသူ-၁၄။ ပေါင်း-၃၄။
၂။ ၆-တန်း။ ကျောင်းသား-၁၁။ ကျောင်းသူ-၁၀။ ပေါင်း၂၁။
၃။ ၇-တန်း။ ကျောင်းသား-၉။ ကျောင်းသူ-၈။ ပေါင်း-၁၇။
၎။ ၈-တန်း။ ကျောင်းသား-၉။ ကျောင်းသူ-၁၁။ ပေါင်း-၂၀။

ကျောင်းသား-၄၉။ ကျောင်းသူ-၄၃။ စုစုပေါင်း-၉၂ ။

( ပညာပါရမီ ပညာရေး ကူညီမှုအသင်းတွင် ပြုလုပ်နိုင်သော ပါရမီများ )
၁။ ပညာပါရမီ ထာဝရပဒေသာပင် တစ်ပင်
မြန်မာကျပ် - ၁၀၀၀၀
US $ ဒေါ်လာ - 10.
အိန္ဒိယ ရူပီး - ၅၀၀
၂။ ပညာရေး သင်ထောက်ကူ ပစ္စည်းများ
ကွန်ပြူတာ စသည်၊ (သို့) တန်ဘိုးငွေ ၊
၃။ ကျောင်းသား/သူ များ၏ ပြဋ္ဌာန်းစာအုပ် တစ်စုံ
( ၅-တန်း ) ၂၀၀၀-ကျပ်။ US 2.00(ပျမ်းမျှနှုန်း)
( ၆-တန်း ) ။
( ၇-တန်း ) ။
( ၈-တန်း ) ။
၎။ ဗလာစာအုပ်, ဘောလ်ပင်, ခဲတံ, ပေတံ, ခဲဖျက် စသည် ပစ္စည်း ( သို့ ) ၀တ္ထုငွေ ၊
၅။ ဆရာ တစ်ယောက် အတွက် ပညာပါရမီ ထောက်ပံ့( ကျောင်းအုပ် )
( ၁-လ-၄၀၀၀၀-ကျပ်။ $ 40.
( ၁-ယောက်, ၁-လ, ၄၀၀၀၀-ကျပ်၊ $ 40. )( ၁၀-လ ၄-သိန်း။ $ 400. )

၆။ ဆရာမ တစ်ယောက် အတွက် ပညာပါရမီ ထောက်ပံ့
( ၁-လ-၃၀၀၀၀-ကျပ်။ $ 30.
( ၄-ယောက်, ၁-လ, ၁၂၀၀၀၀-ကျပ်၊ $ 120. )( ၁၀-လ ၁၂-သိန်း။ $ 1200.)

၇။ အထွေထွေ ပညာပါရမီ
၈။ ပညာရည်ချွန်ဆု ပညာပါရမီ
၅-၆-၇-၈-တစ်တန်းလျှင် ပ,ဒု,တ ၃-ယောက် ရွေးချယ်၍ အထူးဆု ချီးမြှင့်မည်ဖြစ်ပြီး ။
ကျန် ကျောင်းသား/သူ များအားလည်း ပစ္စည်း ၀တ္ထုငွေကြေး အခြေအနေအရ သင့်တော်သလို ဆုချီးမြှင့် သွားမည် ဖြစ်ပါသည်။
ပစ္စည်း ( သို့ ) ၀တ္ထုငွေ လှူဒါန်းနိုင်ပါသည်။
(ကျွန်တော်တို့ တတ်စွမ်းသော သတင်း မီဒီယာ ဆိုင်ရာ ထပ်ဆင့် ဖြန့်ချီပေးခြင်းဖြင့် ကူညီ ပါရမီ ဖြည့်လိုက်ပါ သည်။)

Saffron News Letter Groups

2.06.2010

Burma's News World's News

Bushehr nuclear power plant, Iran (file image)
Western powers respond with scepticism to Iran's claim that a deal to swap enriched uranium for nuclear fuel could be close.

Blizzard paralyses US east coast
An "extremely dangerous" storm begins dumping large amounts of snow in the eastern US, shutting down the capital.

Row over girl's Rio Carnival role
A row erupts in Brazil as a young girl is given what is traditionally a "sexy" role as a samba queen in the Rio de Janeiro Carnival.

A Visit with Leaders on Mon National Day

By LAWI WENG
Traveling from Chiang Mai, it took two days to reach the area near Three Pagoda Pass where Mon leaders came out of the jungle to celebrate Mon National Day.

Ban on CNN May Be Related to Haiti Coverage

By WAI MOE
Burma's only provider of non-state television stations has stopped broadcasting CNN, possibly because of its coverage of US troops involved in the Haiti earthquake relief effort.
INTERVIEW

Yes to Dialogue, No to the Border Guard Force

By THE IRRAWADDY
Nai Htaw Mon, chairperson of the New Mon State Party, discusses the organization's views and positions on the current political situation in Burma with THE IRRAWADDY.

Weekly Business Roundup (February 6, 2010)

By WILLIAM BOOT
The sudden sale of Burma's state assets to regime-linked businesspeople is being compared to the criminal carve up of Russia as the Soviet Union collapsed.

Thai Govt Responds to Karen Landmine Fears

By SIMON ROUGHNEEN
The Thai government says it has been assured that the areas where Karen refugees are to be repatriated have been cleared of landmines.

Rangoon alone boasts over 3,000 massage parlours
Rangoon alone boasts between 3,000 to 3,500 illegal massage parlours, according to a senior ...
Some refugees repatriated by Thailand
Ignoring appeals from several quarters, three families from Noe Boe refugee camp in ...
Rights groups appeal to Thailand to halt repatriation of refugees
Citing instances of recent land mine explosion victims, several rights groups and US ...
KIO continues to oppose BGF
An adamant Kachin Independence Organization (KIO), continuing to oppose conversion of its armed wing the Kachin Independence Army ...
Thai police raid Karen houses

Feb 5, 2010 (DVB)–The home of a senior Karen National Union politician and a neighbouring office belonging a Karen media group in western Thailand were raided by police yesterday. - more


Thailand suspends Karen refugee return

Feb 5, 2010 (DVB)–A meeting is underway along the Thai-Burma border after Thailand yesterday suspended the forced return of some 3,000 Karen refugees back to Burma. - more

မြန်မာ၊ ဗမာအသုံးအနှုန်းများကို စာပေအမြင်ဖြင့် သုံးသပ်ပြီး နအဖ၏ နိုင်ငံရေးအမြင်ကို ပုံဖော်ကြည့်ခြင်း

Tue 12 Jan 2010, ပန်းချီပန်းပု ယမဓော အောင်စိန်
၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မြန်မာနဲ့ဗမာအသုံးနှစ်မျိုးကို ဆွေးနွေးချင်တယ်။ အမှန်မှာက ဒီဝေါဟာရနှစ်မျိုးကို လူတိုင်းထဲထဲဝင်ဝင် သိထားသင့်တယ်။ စာပေအမြင်နဲ့ပဲ ဖြစ်ဖြစ်၊ သဘောတရားအမြင်နဲ့ပဲ ဖြစ်ဖြစ် ဒီအသုံးနှစ်မျိုးကို လေ့လာသင့်တယ်။ တော်လှန်ရေးကောင်စီ မတိုင်မီအထိ မြန်မာအသုံးဟာ နေရာသိပ်မဝင်သေးဘူး။ ကုန်းဘောင်ခေတ်က စပြီး ဗမာအသုံး အားကောင်းလာရာမှ တို့ဗမာအစည်းအရုံးမှာ ဗမာစာသည် တို့စာ စသည်ဖြင့် ကြွေးကြော်ကြရာ ဗမာအမည်ကို တစ်ပြည်လုံး သုံးကြတယ်။ ဗမာအမည်က ဗမာလူမျိုးတစ်မျိုးတည်းကို ဆိုလိုပေမယ့် လူမျိုးစုံကို ကိုယ်စားပြုသယောင် ထင်မှတ်ရလောက်တဲ့အထိ အသုံးတွင်ကျယ်ခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိရဘဲ လွတ်လပ်ရးရလာတဲ့ အခါမှာတော့ ပြည်ထောင်စု ကြီးကို ပြည်ထောင်စုဗမာနိုင်ငံလို့ ပေါ်မလာပဲ ပြည်ထောင်စုမြန်မာနိုင်ငံလို့ပဲ ခေါ်ကြတော့တယ်။

ပြည်ထောင်စုကြီးကို မြန်မာလို့ ခေါ်ကတည်းက ဗမာ့ခေတ်က ရခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဟာလည်းပဲ တဖြည်းဖြည်း ပြိုကွဲလာတယ်။ အမည်အပြောင်းအလဲကြောင့် တိုင်းရင်းသားတွေနဲ့ ဗမာကြားမှာ လည်း ဆက်ဆံရေး ပြောင်းလဲသွားတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလိုပါပဲ နာမည်ပြောင်းသွားလို့ တို့ အပေါ်ထားတဲ့ ဒီဗမာတွေရဲ့ သဘောထားတွေလည်း ပြောင်းများပြောင်းသွားပြီလား သံသယမီးစများ ပွားခဲ့ လေသလား တွေးစရာ ရှိပါတယ်။ ပုံစံက လူမျိုးကို ဗမာလို့ ခေါ်ပြီး နိုင်ငံကိုတော့ မြန်မာလို့ သတ်မှတ်တယ်လို့ ဒီလိုယူဆရင် မြန်မာဆိုတဲ့ အမည်အနွတ္ထက ဒေသကို စွဲတာလား စိစစ်ရဦးမယ်။ မြန်မာနဲ့ဗမာ အရတူမတူ ဒီနေရာမှာ ဆွေးနွေးဖို့ လိုအပ်လာတယ်။

သိကြတဲ့အတိုင်း ဒီမိုကရေစီ လှုပ်ရှားသူတွေက မြန်မာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကြတယ်။ ဒါကလည်း အကြောင်း ရှိရပါတယ်။ ကြောင်းကျိုးမဆီလျော်လို့လား၊ ဒါမှမဟုတ် သက်သက်မကြိုက်လို့လား။ ဒီပြဿနာက ရှင်းဖို့ သိပ်ခက်မယ် မထင်ဘူး။ ကျနော်တို့ စာဖတ်ပရိတ်သတ်ကိုပဲ မေးရတော့မယ်။ ကျနော်တို့ စာဖတ် ပရိသတ်မှာ မြန်မာတွေပါလားမေးရင် ဗမာတိုင်း ပါတယ်လို့ ဖြေမှာပဲ။ ဗမာတွေမရှိဘူးလားဗျာဆိုတော့ အခုနက လူတွေပဲ ရှိတယ်လို့ ဖြေကြပါလိမ့်မယ်။ ဒီလို တူနေမှတော့ မြန်မာပဲခေါ်ခေါ် ဗမာပဲခေါ်ခေါ် မထူးပါဘူးဗျာ ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒီတော့ ဒီအထဲမှာ လျို့ဝှက်ချက်တစ်ခုခုတော့ ရှိနေပြီ။ အဲဒီလျှို့ဝှက်ချက်က ဘာလဲ။ ဒီလျှို့ဝှက်ချက်ကို ဘယ်သူက ဖော်ထုတ်ပေးမလဲ။ ဒီပဟေဠိကို ဖြေနိုင်ရင် ၂၁ရာစုရဲ့ သူရဲကောင်း ဖြစ်ရုံတင် မကဘူး၊ လက်ရှိမြန်မာနိုင်ငံရဲ့ ကယ်တင်ရှင်လည်း ဖြစ်လာပါလိမ့်မယ်။

ကျနော်က သူရဲကောင်း လုပ်ချင်ပါတယ်၊ ကယ်တင်ရှင်လည်း ဖြစ်ချင်ပါတယ်။ ခက်တာက ဒီလျှို့ဝှက်ချက်ကို ကျနော်ကလည်း ဖော်ထုတ်မပေးနိုင်ဘူး။ ဒါပေမယ့် ကြိုးစားပမ်းစား ကြံဖန်ပြီး သဲလွန်စလေး ပေးထားခဲ့ ချင်တယ်။ အရင်တုန်းက ကွန်မြူနစ်ပါတီဟာ ဗမာပြည်မှာ နံပါတ်တစ်ပဲ။ ဒါပေမယ့် လူတန်းစားပြဿနာ ဖြေရှင်း ရေးဘက်မှာ အောင်မြင်မှု အတန်အသင့် ရှိခဲ့ပေမယ့် ချမှတ်ခဲ့တဲ့လမ်းစဉ်ကို အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားအားလုံး ပါဝင်လာစေဖို့ စည်းရုံးတဲ့နေရာမှာ အခက်အခဲများ ရှိခဲ့တယ်။ ဗမာပြည် ကွန်မြူနစ်ပါတီက (၆၄) လမ်းစဉ်အတိုင်း တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံခဲ့ပြီး ဖြစ်တယ်။ အတည်ပြုခဲ့တဲ့အပြင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုအချို့နဲ့လည်း လက်တွဲ တိုက်ခဲ့ကြတယ်။ ဒါပေမယ့် အားလုံးစုစုစည်းစည်း တိုက်ပွဲမဝင်နိုင်ခဲ့လို့ စစ်အာဏာရှင်ကို ရှုံးခဲ့ရတယ်။

ဦးနု ဦးလောရုံတို့တုန်းကဆို ပြည်ပအကူအညီတွေ တိုက်ရိုက်ရနေရဲ့သားနဲ့ ဘာကြောင့် မအောင်မမြင် ဖြစ်ခဲ့ရ သလဲ။ တိုက်တိုက်ဆိုင်ဆိုင် ဦးနုတို့ကလည်း ဦးနေဝင်းပြုတ်ကျရေးကိုပဲ ဦးတည်ခဲ့တယ်။ ပါလီမန်ဒီမိုကရေစီ ပြန်ရှင်သန်ရေးကိုပဲ လုံးပမ်းနေခဲ့တယ်။ ဒါကြောင့် ပါလီမန်ခေတ်ကတည်းက လူမျိုးစုအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို မရရှိဘဲ လုံးပါးပါးသွားရတာ တွေ့ရတယ်။

ရှစ်လေးလုံးအရေးအခင်းတုန်းကလည်း စစ်အာဏာရှင်ဆိုတဲ့ ဘုံရန်သူကို ဦးစွာ အပြုတ်တိုက်ပြီး ဒီမိုကရေစီရရင် လူမျိုးစုံတန်းတူပြဋ္ဌာန်းခွင့်လည်း ရှိလာမှာပဲလို့ တို့တတွေ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ တော်လှန်ရေးဟာ မျှော်တိုင်းဝေးဆိုသလို ဖြစ်နေပြီ။ ဒါဘာပြောနေလဲဆိုရင် တိုင်းရင်းသားတွေရဲ့ အားကို မရယူ နိုင်ရင် တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ မလွယ်ဘူးဆိုတာ ပြသနေပါတယ်။

အခုလက်ရှိနိုင်ငံရေးအခြေအနေမှာ နအဖက မြန်မာလို့ပြောရင် တိုင်းရင်းသားအားလုံး ပါဝင်ပြီးသားလို့ မြန်မာ အနွတ္ထကို ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုလို့ တိုင်းရင်းသားတွေနဲ့ ဗမာတွေကြားမှာ သံသယပွားစရာတွေ ပိုများ လာပါတော့တယ်။ တို့ဗမာအစည်းအရုံးခေတ်တုန်းက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဗမာ လို့ပြောရင် မင်းတို့တိုင်းရင်းသားတွေ အကုန်ပါတယ်ကွလို့ ပြောပြီး မစည်းရုံးခဲ့ပါဘူး။ ဘာသာစကား မတူပေ မယ့် နှစ်ပရိစ္ဆေဒပေါင်း များစွာ အတူစုပေါင်းနေထိုင်ခဲ့တာကိုပဲ လူမျိုးတစ်မျိုးလို့ သတ်မှတ်ကြောင်း စည်းရုံးခဲ့တာ ဖြစ်တယ်။

ဒီနေ့ဒီအချိန်မှာ ပြည်ထောင်စုမြန်မာနိုင်ငံကို အမှန်တကယ် အေးချမ်းသာယာ ဝပြောစေချင်တယ် ဆိုရင် ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ ဒုတိယအာဇာနည်တစ်ဦး လိုအပ်နေပါတယ်။ မြန်မာခေတ်မဟုတ်ဘဲ လွတ်လပ်ရေး အရတိုက်တုန်းက ရှိခဲ့တဲ့ဗမာ့ခေတ်တစ်ခု အမှန်တကယ် လိုအပ်နေပါတယ်။ ဗမာဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် ဒီနာမည် နှစ်လုံးနဲ့ တိုင်းပြည်ကို သွားစည်းရုံးလို့ အဆင်မပြေဘူး။ ဘာကြောင့်ဆိုတော့ မြန်မာဆိုတဲ့အမည်က ပုဂံခေတ် ကတည်းက သုံးခဲ့တာကို တွေ့ရသလို ဗမာဆိုရင်လည်း ကုန်းဘောင်ခေတ်မှာ အရမ်းကို အားကောင်း ခဲ့တာကို တွေ့ရတယ်။ ကျောက်စာ၊ ပေစာ၊ ပေပုရပိုဒ်စာများမှာ ဒီအမည်နှစ်လုံး အရတူတယ်ဆိုတာ ငြင်းကွက် မရှိဘူး။

ဒီတော့ကာ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တိုင်းရင်းသားတွေနဲ့ ရင်းနှီးပြီးသား ဗမာဝေါဟာရ ကို နအဖတို့ သုံးတဲ့ မြန်မာကို အံတုရာကနေ နိုင်ငံရေးအမြတ်ထုတ်တတ်ဖို့ လိုအပ်ပါတယ်။ ၂၀၁၀ ခု နအဖ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ဆိုရင် ဒီဝေါဟာရနှစ်ခုကနေစပြီး တိုက်ပွဲစရပါ့မယ်။ မြန်မာနိုင်ငံမှာ အာဏာ တည်မြဲရေးအတွက် လုပ်တဲ့အဖွဲ့၊ လူ့အခွင့်အရေးအတွက် တိုက်တဲ့အဖွဲ့၊ လူမျိုးတန်းတူရေးအတွက် တိုက်တဲ့ အဖွဲ့ ရှိပါတယ်။ နအဖစစ်အစိုးရတို့က မြန်မာအသုံးကို ကြိုက်တယ်၊ ဒုတိယအုပ်စုက ဗမာအသုံးကို နှစ်သက် တယ်၊ တတိယအုပ်စုက သူတို့နဲ့ မဆိုင်သလို နေတယ်။

ပထမအုပ်စုက အခြေခံဥပဒေကို ကိုင်ပြီး အတိုက်အခံတွေကို အကာအကွယ်မဲ့တဲ့ စစ်မြေပြင်ကို မျှားခေါ်ဖို့ အကွက်ဆင်တယ်၊ ဒုတိယအုပ်စုက နအဖရဲ့ လှည့်ကွက်ကို သိလို့ ဒီအခြေခံဥပဒေကိုပဲ အဓိကထား တိုက်တယ်၊ တတိယအုပ်စုက မြန်မာသုံးမလား၊ ဗမာသုံးမလားမှာ စိတ်မဝင်စားပေမယ့် အခြေခံဥပဒေအကြောင်းပြောရင် မဖြစ်မနေ ပါဝင်လာမှာပဲ။ ဒီတော့ မြန်မာပြည်ပြဿနာဆိုတာ မြန်မာလား ဗမာလားဆိုတဲ့ပြဿနာ မဟုတ်ဘူး၊ အခြေခံဥပဒေရဲ့ ပြဿနာ ဖြစ်တယ်။ ဒီမျှအရေးကြီးတဲ့ အခြေခံဥပဒေကို နအဖက တဖက်သတ်ရေးဆွဲပြီး ကျန်နှစ်ဖွဲ့ကို ဆွဲသွင်းဖို့ဆိုရင် မြန်မာဆိုတဲ့ အသုံးကို ဇွတ်အတင်းသုံးတာနဲ့ တူတူပါပဲ။

နောက်ဆုံးပြောရရင် မြန်မာလား ဗမာလား တစ်နွယ်ငင်တစ်စင်ပါအတွေးကနေ မြန်မာလားဗမာလားဆိုတဲ့ လျှို့ဝှက်ချက်ဟာ အခြေခံဥပဒေဖြစ်မယ်လို့ မဝံ့မရဲ အဆိုပြုချင်ပါတယ်။ ဒီအခြေခံဥပဒေပဲ အဖွဲ့သုံးဖွဲ့ကို ကိုယ်စားပြုနိုင်ပါတယ်။ ဒါကို သဘောပေါက်မယ်ဆိုရင် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျနော်တို့က လူမျိုးတန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားရဲ့ ထောက်ခံမှုကို မဖြစ်မနေ လိုအပ်နေတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ တိုင်းရင်းသားလူမျိုးများကို မစည်းရုံးနိုင်ဘူးဆိုရင် ကျနော်တို့က တစ်ဖွဲ့၊ နအဖတို့က နှစ်ဖွဲ့ ဖြစ်သွားရင် ကျနော်တို့က နအဖရဲ့ နိုင်ငံရေးသတ်ကွင်းထဲ ရောက်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအကြောင်းကို လိုအပ်ပေမယ့် လက်ရှိအင်အားချိန်ခွင်လျှာအရ နအဖက စိတ်ဝင်စားမှာ မဟုတ်ဘူး။ ကျနော်တို့ ဘာလုပ်သင့်သလဲ။ ဒီတိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရ မယ်၊ ဖက်ဒရယ်ပြည်ထောင်စု အစိုးရတစ်ခုနဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု ထူထောင်နိုင်မှသာ နအဖကို နိုင်ငံရေးအရ စစ်ရေးအရ စင်ပြိုင် တိုက်ခိုက်နိုင်မယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြု ဝိုင်းဝန်းလုပ်ဆောင်ပေးခြင်းဖြင့် ကျနော်တို့ရဲ့ လိုရာပန်းတိုင်ကိုလည်း ရောက်ရှိနိုင်မှာဖြစ်တယ်။

အမှန်ကို ပြောရရင် ကျနော်တို့နဲ့ တိုင်းရင်းသားတို့ရဲ့ အနေအထားဟာ လွတ်လပ်ရေးအကြို ဟိုတို့ဗမာ အစည်းအရုံးခေတ်က ပုံစံမျိုး ဖြစ်နေတယ်။ ဒုတိယလွတ်လပ်ရေးအတွက်ပဲ ဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီနိုင်ငံတော်တစ်ခုကို ထူထောင်ဖို့ပဲ ဖြစ်ဖြစ် ဘုံရန်သူနအဖ ပြုတ်ကျဖို့ဆိုရင် ဒီတိုင်းရင်းသားတွေနဲ့ ကျနော်တို့ ပူးပေါင်းနိုင်ရမယ်။

ပထဝီနိုင်ငံရေးအရ ပြည်နယ်တွေရဲ့ ဧရိယာက တိုင်းပြည်ရဲ့ ငါးပုံသုံးပုံမျှ ရှိတယ်၊ ပြီးတော့ နယ်စပ်ဒေသတွေ ဖြစ်တယ်၊ ဒါကြောင့် အရေးကြီးတယ်။ ဒီအင်အားတွေကို ရယူနိုင်မှ ဒီမိုကရေစီအနှစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စု ဗမာနိုင်ငံတော်ကို ထူထောင်နိုင်မှာ ဖြစ်တယ်။ နဝတ တဖြစ်လဲ နအဖတို့ဟာ ဒီနယ်စပ် ဒေသတွေကို အာရုံနှစ်ပြီး တိုက်ပွဲဝင်နေတာ ကြာပါပြီ။ ပြောရရင် ၈၈ အရေးအခင်းကတည်းကပဲ။ ဒီမိုကရေစီ တိုက်ပွဲဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပစ်ရပ်ကတည်းက အခြေယိုင်ခဲ့တယ်ဆိုတာ လေ့လာသူတိုင်း သိကြပါတယ်။

ဒါကြောင့် မြန်မာလား၊ ဗမာလားဆိုတာ နိုင်ငံရေးမကစားတော့ဘဲ ဒီမိုကရေစီတိုက်ပွဲအတွက် အရေးပါတဲ့ နယ်စပ် ဒေသတွေကို စည်းရုံးနိုင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုဥပဒေကို အသက်သွင်းဖို့ အချိန်တန်ပြီ။ ဖက်ဒရယ် အစိုးရနဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု ထူထောင်ခြင်းဖြင့် သံလွင်မြစ်အရှေ့ဘက်ကမ်းကို အမာခံနယ်မြေ လုပ်ကာ နအဖတို့ကို ဘက်ပေါင်းစုံ ထိုးစစ်ဆင်နိုင်မှသာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ခေါ်ဖို့ နအဖကိုယ်နှိုက်က တိုက်တွန်း မေတ္တာရပ်ခံလာမှာကို မြင်ယောင်မိကြောင်း တင်ပြရင်း ကျနော့်ရဲ့စာတမ်းကို နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါတယ်။
ဒီမိုကရေစီတိုက်ပွဲ မုချအောင်ရမည်။

သူများမျက်ရည်ကိုယ့်မျက်ဝန်းမှာကျဘူးလား

ပြည်တွင်းက လူငယ်တစုရဲ့ သူတို့ အတွေးနဲ့ သူတို့လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းပါဝင်ကြဖို့ ဖိတ်ခေါ်ချက်လေးကို မျှဝေလိုက်တာပါ။ ဒီနေရာမှာနှိပ်ပြီး သူတို့ရဲ့ ဘလော့ကို သွားကြည်နိုင်သလို သူတို့ထဲက တယောက်ရဲ့ သူ့အမြင်သူ့အတွေးကို ဖတ်မယ်ဆိုရင်တော့ ဒီနေရာကနေပြီး PDF ဖိုင်ကို ဒေါင်းလုပ် ရယူ နိုင်ပါတယ်။ အွန်လိုင်းမှာ ဖတ်ချင်တာဆိုရင်တော့ အောက်က ခေါင်းစဉ်လေးကို နှိပ်လိုက်ရုံပါပဲ။ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်းလုပ်မယ်လို့ ဆိုထားတဲ့ လူငယ်တွေရဲ့ လူမှုရေး စိတ်ဓါတ်ကိုလေးစားလို့ ထပ်ဆင့်မျှဝေ ပေးလိုက် တာပါ။
သူများမျက်ရည်ကိုယ့်မျက်ဝန်းမှာကျဘူးလား

မြန်မာ့သတင်း ကမ္ဘာ့သတင်း

သံဃာ့တပ်ပေါင်းစု အဖွဲကြီးက ABMA ဂျာနယ်ကို ၂ ပါတ်တကြိမ် ထုတ်ဝေသွားမည်ဟုပြော
သံဃာ့တပ်ပေါင်းစု၏ ABMA ဂျာနယ်ကို ယနေ့ ၇ ရက်နေ့နေ့စွဲဖြင့် ထုတ်ဝေလိုက်ပါသည်။ ထိုဂျာနယ်ကို လွယ်ကူစွာ ဖတ်ရှုနိုင်သည့် အွန်လိုင်းဂျာနယ် အနေဖြင့်လည်းကောင်း ဒေါင်းလုပ်ရယူပြီး အဆင်ပြေ လွယ်ကူစွာ ပရင့် ထုတ်နိုင်သည့် ဂျာနယ် အဖြစ် လည်းကောင်း ထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။
သံဃာ့တပ်ပေါင်းစု၏ စည်းရုံးရေးတာဝန်ခံနှင့် ABMA ဂျာနယ်၏ အုပ်ချုပ်ရေးမှူး အရှင်ဇနက က ABMA ဂျာနယ်ကို ထုတ်ဝေရခြင်းနှင့်ပါတ်သက်၍ သံဃာ့တပ်ပေါင်းစု လုပ်ဆောင်ချက်များကို အများပြည်သူ ပိုမို ရှင်းလင်းစွာ သိရှိစေရန်၊ သံဃာတော်များ၏ အတွေးအမြင် ရေးသားချက်များကို ဖေါ်ပြပေးရန်၊ ပြည်သူများ မရှင်းလင်းသည့် သာသနာရေး ဆိုင်ရာကိစ္စ မေးမြန်းချက်များကို ဖြေကြားပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေ အနေများနှင့် အတွေးအမြင် ဗဟုသုတများကို ဖြန့်ဝေပေးရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့ကြောင်း ရှင်းလင်း ပြောပြခဲ့ပါသည်။
ABMA ဂျာနယ်၏ သံဃာ့ တပ်ပေါင်းစု အာဘော်တွင် ဦးအောင်ဆန်းဦးကို ဘာ့ကြောင့် သပိတ်မှောက် ကံဆောင်ရသည် အကြောင်းကို ရှင်းလင်းပြောပြထားသလို၊ သံဃာ့တပ်ပေါင်းစုကြီး ဖြစ်ပေါ်လာသည့် သမိုင်းကိုလဲ အခန်းဆက်ဆောင်းပါးဖြင့် ဖေါ်ပြထားပြီး ဝတ္ထု၊ ဆောင်းပါးနှင့် မြန်မာပြည်ဆိုင်ရာ နောက်ဆုံး သတင်းများနှင့် အားကစား သတင်းများကိုလည်း စုံလင်စွာဖေါ်ပြထားပါသည်။
ABMA Journal 07-02-2010 ကို အွန်လိုင်းတွင်ဖတ်ရှုရန် ဤနေရာတွင်နှိပ်ပါ။ဤနေရာတွင်နှိပ်၍ လွယ်ကူစွာ ဒေါင်းလုပ်ရယူနိုင်ပါသည်။

၈ နှစ်ကြာသော်လည်း ဦးအောင်ဆန်းဦး နေအိမ် မပြီးပြတ်နိုင်သေး

By abma | February 5, 2010

သိန်း ၃ဝဝဝ လောက် ကုန်နေပြီဖြစ်သော ဆောက်လုပ်မှု ကုန်ကျစရိတ် ကျပ်သိန်း ၆ဝဝဝ လောက် မှန်းထားသည့် ဥရောပစတိုင် ၂ ထပ်တိုက်ခေါင်မိုး သုံးခုနဲ့ မြေအောက်ခန်း၊ ဓာတ်လှေကားပါ တဲ့ အောင်ဆန်းဦးရဲ့အိမ်

အပြည့်အစုံသို့

အောင်ဆန်းဦးရဲ့ လုပ်ရပ်နဲ့ လဲ့လဲ့နွယ်သိန်း စိတ်ဓာတ်

အပြည့်အစုံ


Philippines Foreign Secretary Alberto Romulo speaking to reporters at Japan Nat'l Press Club, Tokyo, March 5, 2006

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ စက်တင်ဘာလလောက်မှာ ကျင်းပဖွယ်ရှိပေမယ့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ရွေးကောက်ခံခွင့်ရမှာ မဟုတ်ဘူးဆိုရင်တော့ လုပ်ဇာတ်ကြီးပဲ ဖြစ်လိမ့်မယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။

Students use an internet cafe in Burma's largest city, Rangoon, the day after blogger Nay Phone Latt's arrest, 30 Jan 2008. ပဲခူး အင်တာနက် သုံးသူတွေရဲ့ မှတ်တမ်းယူဖို့ ညွှန်ကြား Audio Clip Available


Karen villagers flee in the rain from the fighting between Myanmar soldiers and Karen guerrillas into Thailand Tha Song Yag district of Tak province, June 9, 2009_AP

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်း

ရဲရင့် / ၆ ဖေဖော်ဝါရီ ၂၀၁၀

“မနေ့မွန်းလွဲကစပြီး ထိုင်းစစ်သား (ထာ့ဟန်ဖန်း) တွေ ကျနော်တို့ကို နေရပ်ပြန်ဖို့ လာပြီးဆူပူတာတွေ မလုပ်တော့ဘူး။ သူတို့ပစ္စည်းတွေယူပြီး သူတို့တပ်စခန်းကို ပြန်သွားတာတွေ့တယ်။ နောက်မှသိရတာက ကျနော်တို့ကို အတင်းပြန်မပို့တော့ဘူးလို့ သိရတယ်။ ဒုက္ခသည်တွေ ကတော့ အတော်လေးပျော်နေကြတယ်။ မနေ့က .... ” အပြည့်အစုံသို့

လူတယောက်နဲ့ ဝက်တကောင်

မောင်သာရ

ဖေဖော်ဝါရီ ၆၊ ၂၀၁၀
အပြည့်အစုံသို့ ...

Sample Image
မောင်စွမ်းရည် ပြောပြတဲ့ တင်မိုးနှင့် အထက်မြန်မာနိုင်ငံစာပေလှုပ်ရှားမှု

မိုးမခရေဒီယို၊ ထိန်လင်း စီစဉ်တင်ဆက်သည်

ဖေဖော်ဝါရီ ၆၊ ၂၀၁၀

(နားထောင်ရန် ပုံကို နှိပ်ပါ)


အမော
ခက်မာ
ဖေဖော်ဝါရီ ၆၊ ၂၀၁၀
ဘယ်လိုထင်ဟပ်ပြရမလဲ
တုတ်တုတ်မလှုပ်တဲ့ခန္ဓာကိုယ်ထဲ
မုန်တိုင်းလဲ မစဲနိုင်သေးတာ။
အပြည့်အစုံသို့ ...


more


more


more


more


more


more


more


more


more

ဂေါပက လူကြီးသမီးလုပ်ရပ်ကို မြို့ခံများ မကျေနပ် ကျိုက်ခေါက်ဘုရားဂေါပက အတွင်းရေးမှူးသမီးဖြစ်သူက ဘုရားရင်ပြင်တော်ပေါ်တွင် ရိုင်းပျစွာဆက်ဆံမှုကြောင့် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။
ကရင်ဒုက္ခသည်တွေပန်ပိုႛမှု ထိုင်းအစိုးရမှ ရပ်ဆိုင်း
ဒု-ဗိုလ်ချုပ်မှူးကြီးရဲ့ အစ်ကို နဲႛ ရင်းနှီးတယ်ဆ္ဘိုပီး မတရား အနိုင်ကျင့်
အိန္ဒိယရောက် ကချင်တိုင်းရင်းသားတွေ မြန်မာအရေးလှုပ်ရှားသူတွေ စုရုံးဆန္ဒပြ
နိုင်ငံရေး အကျဉ်းသား ဘယ်ပြောင်းသွားမှန်း စုံစမ်းမရ
ကချင် တော်လှန်ရေးနေႛအခမ်းအနားကို ကေအိုင်အို ကျင်းပ
မြန်မာအမျိုးသမီး လူမှောင်ခိုကူးမှု တရုတ်မြန်မာနယ်စပ်မှာ များပြားလာ
ကရင် ဒုက္ခသည်တွေပြန်ပိုႛမဲ့အရေး လူႛအခြင့္အေရးအဖြဲႚေတြ စိုးရိမ်
ဒုက္ခသည်တွေကို အကာအကွယ်ပေးဖိုႛ ထိုင်းဝန်ကြီးချုပ်ထံ အမေရိကန် လွှတ်တော်အမတ်တွေ တောင်းဆို

2.05.2010

Burma's News World's News


Elliott Morley, David Chaytor, Jim Devine, Lord Hanningfield
Four British parliamentarians are to face criminal charges over their expenses, the UK prosecution service announces.

Deadly double bombing in Karachi
An explosion kills at least 10 people at a Pakistani hospital where victims of an earlier bomb were being treated, Karachi police say.
Ship seized by pirates 'stormed'
Danish special forces storm a ship captured by Somali pirates and free 25 crew members, an EU naval spokesman says.
QUOTE OF THE DAY
All refugee returns to Myanmar [Burma] must be voluntary. In our interviews with the [Karen] refugees, none expressed any desire to return home.
—Kitty McKinsey, UNHCR spokesperson in Bangkok

Thailand Begins Forced Repatriation of Karen Refugee

By SAW YAN NAING
The first of some 3,000 Karen refugees are forcibly repatriated despite international pleas to the Thai government to halt the process.

Thai Govt Responds to Karen Landmine Fears

By SIMON ROUGHNEEN
The Thai government says it has been assured that the areas where Karen refugees are to be repatriated have been cleared of landmines.
SLIDE SHOW

In Darkness, Karen Refugees Dread Forced Return to Burma

By ALEX ELLGEE
As Thailand prepares to repatriate 30 refugee families, an Irrawaddy correspondent makes a predawn visit to their camp to hear them speak of the terror they feel as they await their imminent return to Burma.

Suu Kyi, Brother in Court over House Dispute

By THE ASSOCAITED PRESS
A Burmese court will hear testimony next week on a dispute between the detained opposition leader and her brother over efforts to renovate her lakeside home.

US Legislators Urge Thai PM to Halt Karen Refugee Repatriation

By LALIT K JHA
Twenty nine US congressmen and women have issued an eleventh-hour appeal to Thailand's prime minister to halt plans to repatriate Karen refugees.

Some refugees repatriated by Thailand
Ignoring appeals from several quarters, three families from Noe Boe refugee camp ...
Cremation fees to be hiked sevenfold
Cremation fees are poised to experience a sevenfold increase in price come March, ...
NLD hopes for U Tin Oo’s release
The National League for Democracy (NLD), Burma’s major opposition party, ...
Rights groups appeal to Thailand to halt repatriation of refugees
Citing instances of recent land mine explosion victims, several rights groups and US ...
Thai police raid Karen houses

Feb 5, 2010 (DVB)–The home of a senior Karen National Union politician and a neighbouring office belonging a Karen media group in western Thailand were raided by police yesterday. - more


Thailand suspends Karen refugee return

Feb 5, 2010 (DVB)–A meeting is underway along the Thai-Burma border after Thailand yesterday suspended the forced return of some 3,000 Karen refugees back to Burma. - more


MYANMAR: WHO warns of tolerance to anti-malaria drug
Health Source > IRINnews Thursday, 04 February 2010 21:15
Tolerance to artemisinin, the most effective anti-malarial drug available, is emerging in Myanmar and could pose a major challenge to regional malaria control, says the World Health Organization (WHO)...
Aung San Suu Kyi, a leaking roof, and the brother who won't let her fix it
National Source > Andrew Buncombe/Independent Thursday, 04 February 2010 21:00
In the time she has spent detained in her crumbling Rangoon home, the Burmese democracy leader Aung San Suu Kyi has endured isolation, frustration and grief...
Factbox: Pipelines from Myanmar to China
National Source > Reuters Thursday, 04 February 2010 20:56
China will soon start receiving oil and gas through two controversial pipelines which run through military-ruled Myanmar. Here are some facts about the pipelines: ...
International Airlines In Myanmar Extend Flight Services For Peak Tourism Season
Tourism Source > Bernama Thursday, 04 February 2010 20:50
International airlines in Myanmar have extended their flight services starting this month due to the fall of peak tourism season, China's Xinhua news agency reported Thursday, ...

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Shipping containers are piled up at at a container terminal in the port of Dalian, China, 11 Sep 2009-AP

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ကုန်သွယ်ရေးနဲ့ ငွေကြေးကိစ္စတွေမှာ တရုတ်အစိုးရအပေါ် ခပ်တင်းတင်း ရပ်တည်သွားမှာ ဖြစ်တယ်လို့ ကတိပြု ပြောကြားလိုက်တဲ့အပေါ်မှာ တရုတ်အစိုးရက ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။
AP_UN_Burma_Tomas_Ojea_Quintana_09Jun08

ကရင်ဒုက္ခသည်များ စတင် ပြန်ပို့

ကရင်ဒုက္ခသည်များ စတင် ပြန်ပို့

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် ၁၂ ဦးခန့်ကို မြန်မာပြည်သို့ ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် ယနေ့ ပို့ဆောင် လိုက်သည်။ “ကားပေါ်မှာ တင်သွားတာ ၁၂ ယောက်၊
လက်ရွေးစင်ဘောလုံး အသင်း နည်းပြချုပ် ထုတ်ပယ်ခံရ

လက်ရွေးစင်ဘောလုံး အသင်း နည်းပြချုပ် ထုတ်ပယ်ခံရ

မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းကို အောင်မြင်မှုများ ရရှိရန် မစွမ်းဆောင် နိုင်သည့်အတွက် နည်းပြချုပ်အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ယမန်နေ့တွင် ထုတ်ပယ် လိုက်ကြောင်း သိရသည်။

ဆေး မတိုးသည့် ငှက်ဖျား မြန်မာပြည်တွင် ရှိနေ

ငှက်ဖျားရောဂါ အတွက် အထိရောက်ဆုံးဟု ထင်ရှားသည့် အာတီမီဆီနင် (Artemisinin) ဆေးကို ခံနိုင်ရည်ရှိသော ရောဂါပိုးသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေပြီဟု ကုလသမဂ္ဂ၏ IRIN သတင်း

ခိုင်ရွှန်းလဲ့ရည်မိသားစု နာရေးကူညီမှုအသင်းကို သိန်း ၁၅၀ လှူ

မခိုင်ရွှန်းလဲ့ရည်၏ မိသားစုက နာရေးကူညီမှု အသင်း၏ သုခကုသိုလ်ဖြစ် ဆေးခန်းအတွက် ဓာတ်မှန် အဆောက်အအုံ ဆောက်လုပ်ရန် ကျပ် သိန်း ၁၅၀ လှူဒါန်းခဲ့ကြောင်း အသင်း တာဝန်ခံ တဦး

သင်္ဘောသား ဖြစ်ရေး ပိုလွယ်ကူတော့မည်ဟုဆို

နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သည့် ပင်လယ်ကူး သင်္ဘောသား အရေအတွက် တိုးမြှင့်ရန် အလုပ်အကိုင် ဆိုင်ရာ ကန့်သတ်ချက်များကို စတင် ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး

ဒုက္ခသည် ပြန်ပို့မည့် အစီအစဉ် ရပ်ဆိုင်းရန် အမေရိကန် အမတ်များ တိုက်တွန်း

ကရင်ဒုက္ခသည် ၃၀၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက ယနေ့ နေရပ်ရင်းသို့ ပြန်ပို့မည့် အစီအစဉ်အား ရပ်ဆိုင်းပေးရန် အမေရိကန်နိုင်ငံ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ်

ကချင်တော်လှန်ရေး ပင်လုံစာချုပ်ကို ဦးတည်

ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ တော်လှန်ရေး ၄၉ နှစ် ပြည့်ချိန်တွင် KIO က ပင်လုံစာချုပ်ကို ဦးတည်သွားမည် ဖြစ်ကြောင်း သိရသည်။မနက်ဖြန်တွင် ကျရောက်မည့် ကချင်

ကရင်စစ်ပြေး ဒုက္ခသည်များကို ထိုင်းက မြန်မာဘက် စတင်ပြန်ပို့
ရဲရင့် / ၅ ဖေဖော်ဝါရီ ၂၀၁၀

“ဒီနေ့မနက် စခန်းထဲကို ယူအန်အိပ်ခ်ျစီအာက လူတွေလာတော့ သူတို့ နည်းနည်း ရှိန်သွားတယ်။ ယူအန်ကလူတွေ ရှေ့မှာတော့ ဆိုးဆိုးဝါးဝါး မလုပ်ရဲကြဘူး။ ဒီညကိုတော့ သတိထားရမယ်၊ ဒုက္ခသည်တွေ ကြောက်တာက ညဘက်ဖမ်းပြီး ပြန်ပို့မှာကိုကြောက်တယ်။ အခုအခြေအနေကတော့ ဒီလူတွေက .... ” အပြည့်အစုံသို့

မြန်မာနိုင်ငံတွင် ငှက်ဖျားဆေးမတိုးမှု ဖြစ်ပေါ်နေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

NEJ/ ၅ ဖေဖော်ဝါရီ ၂၀၁၀
အဆိုပါ ဆေးမတိုးသည့် ငှက်ဖျားပိုးကြောင့် ရောဂါဖြစ်သူ သည် အသက်သေဆုံးနိုင်သည့် အခြေအနေအထိ ရှိသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က... အပြည့်အစုံသို့
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသေး၍ နယ်ခြားစောင့်တပ် လက်မခံနိုင်ဟု ကေအိုင်အို ပြော

ပေါက်ပေါက်/ ၅ ဖေဖေါ်ဝါရီ ၂၀၁၀
“တွေ့ဆုံဆွေးနွေးရေးကသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ လက်မခံသေးတာဟာ အဲဒီတန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရလို့ ....”အပြည့်အစုံသို့
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်တော့မည်

ဝီရ / ၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
“တရုတ်က နအဖစစ်အစိုးရကနေ နှစ်စဉ် ဝယ်ယူထားတဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ (၁၂) ဘီလီယံကို အဲဒီပိုက်လိုင်းကနေ စတင်သွင်းမှာ ...” အပြည့်အစုံသို့
ဖမ်းမိ စိတ်ကြွဆေးများ နအဖ လက်ဝေခံများထံမှဖြစ်ဟု ဒေသတွင်း မူးယစ်လေ့လာသူတို့ ပြောကြား

ဝီရ/ ၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
“ထိုင်းက ဖမ်းမိတဲ့ စိတ်ကြွဆေး တွေဟာ ဝတပ်ဖွဲ့တို့လို တိုင်းရင်းသား...”အပြည့်အစုံသို့

နောက်အစိုးရကို နအဖက ဘာအမွေတွေပေးခဲ့မလဲ
ဖိုးသံချောင်း /၅ ဖေဖော်ဝါရီ ၂၀၁၀

သူတို့ ဒီနေ့စံစား ခံစားရတဲ့ သုံးမကုန်၊ ဖြုန်းမကုန်ဓနတွေကို အမွေပေးခဲ့လိမ့်မယ်လို့တော့ လုံးဝ စိတ်ကူးမယဉ်လိုက်ပါနဲ့။ မုန့်ဆိုရင်သာ တဖဲ့စီဝေစားကောင်းစားမှာပါ။ ဒီနတ်စည်းစိမ်တွေကိုတော့ ဝေမျှမခံစားခဲ့တဲ့အပြင် သူတို့ရဲ့မြေးများ၊ မြစ်များကို သူတို့ရှိတုန်းကလိုပဲ ဦးစားပေး၊ အခွင့်ထူးခံစေဖို့ တာဝန်ကိုသာ ....အပြည့်အစုံသို့

ရန်ကုန်မှာ အနှိပ်ခန်း ၃၀၀၀ ထက်မနည်း ရှိနေ
ရန်ကုန်တိုင်းအတွင်း တရားမဝင် ဖွင့်လှစ်ထားသော အနှိပ်ခန်း အရေအတွက်မှာ ၃၀၀၀ မှ ...
ပြည်ပရောက် ကချင်များကလည်း နယ်ခြားစောင့်တပ် လက်မခံ
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံနိုင် ကြောင်း ယနေ့ ကျရောက်သည့် ၄၉ နှစ်မြောက် ...
ယူနီဆက်ဖ်က ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ဆောင်
ကျောင်းမတက်နိုင်သော ကလေးများအတွက် ကျောင်းပြင်ပ မူလတန်း ပညာသင်ကြားရေးကို ...
နယ်ခြားစောင့်တပ် မပြောင်းဟု KIO ထပ်မံပြော
နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘဲ ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ ...
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ပြင်ဆင်မှုများ ရပ်ဆိုင်းထားရ
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၅၊ ၂၀၁၀

ယမန်နေ့က တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်။ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ကန့်ကွက်ထားသဖြင့် ရပ်ဆိုင်းထားရသော နေအိမ် ပြင်ဆင်မှုနှင့် ပတ်သက်ပြီး လာမည့်အပတ်တွင် ရန်ကုန်ရှိ တရားရုံးတခုက ကြားနာမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးက ပြောသည်။ (AP Photo/Khin Maung Win)


မြန်မာ့ဘ၀၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ (စာတမ်း)

တင်မိုး

ဖေဖော်ဝါရီ ၅၊ ၂၀၁၀

စာစီစာရိုက် စေတနာရှင် - ညိမ်းညို (http://nyeinnyo.blogspot.com/ )

၁၉၆၂ခုနှစ်တွင် ဒီမိုကရေစီအရပ်သားအစိုးရကို အာဏာသိမ်း၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်သော စစ်အစိုးရလက်ထက်တွင် ကဗျာဆရာအများစုသည် ထောက်ခံပါဝင်ခြင်း မပြုခဲ့ကြသည်က များပါသည်။ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သင်းခိုင်၊ အောင်ခြိမ့်စသော ကဗျာဆရာတို့သည် စစ်အစိုးရနှင့် ပူးပေါင်းခြင်းမပြုဘဲ နိုင်ငံတကာ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး ကဗျာဝါဒကို ကိုင်စွဲခြင်း၊ ခေတ်ပေါ်ကဗျာအဖွဲ့အနွဲ့များကို နိုင်ငံတကာမှ မြန်မာပြန်ဆိုလေ့လာကြခြင်း၊ ယနေ့ခေတ်၏ အသံဟုဆိုနိုင်သော ကာရန်မဲ့ရစ်သမ်ကဗျာများ စမ်းသပ်ရေးဖွဲ့ခြင်းနှင့် နိမိတ်ပုံသစ် အလင်္ကာသစ်များကို အားထုတ်ရေးဖွဲ့ခြင်းတို့ ပြုလုပ်လျက်ရှိကြပါသည်။ စာပေစီစစ်ရေးဟူသော ဆင်ဆာဓားချက်အောက်တွင် ကဗျာသည် အသက်ငင်လျက် ရှိပါသည်။
အပြည့်အစုံသို့ ...

အငြင်းပွားမြေမှာ ထပ်စင်ကို ထိုင်းအာဏာပိုင်တွေ မဖမ်းနိုင် Friday, February 05, 2010

အပြည့်အစုံသို့

ရွှေမြွေဟောက် စစ်လေ့ကျင့်ရေး စပြီ Friday, February 05, 2010

အပြည့်အစုံသို့

လှုပ်ခတ်သွားစေမယ့် ဟွန်ဆန် ခရီးစဉ် Friday, February 05, 2010

အပြည့်အစုံသို့

ကုလားအုပ် ၃ကောင် ဒေါ်လာ ၆.၄၅သန်း UAE စော်ဘွားပေး Wednesday, February 03, 2010

အပြည့်အစုံသို့

စစ်အုပ်စု နွားပြာကြီးအကြောင်းသိသူတွေက “၂၀၀၈ အခြေခံဥပဒေ” ထွက်လာကတည်းက ဘယ်ဇာတ်ခင်းတော့ မယ်ဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ ၂၀၁၀ လွန်ရင် လုပ်ကွင်းလုပ်ကွက်ကလေးများ ပေါ်လာလေမလားလို့ အပြည့်အစုံသို့

စာမျက်နှာအဟောင်းများ - ခင်ငြိမ်းသစ် - Thursday, February 04, 2010

တနေ့ သူ့ကို ကျမ ကျောင်းကပြန်ကြိုလာတော့ သူက ကျမကိုမေးပါတယ် “ဘိုးတော်ဘုရား ဘယ် တုန်းက လေးဘက် ထောက်တာလဲ” တဲ့၊ ရုတ်တရက်တော့ ကျမအံသြသွားတယ်.. အပြည့်အစုံသို့


ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် (နယူးဒေလီ) မှာ ဆန္ဒပြ
Fri 05 Feb 2010, ခတ္တာနန်း
(၄၉) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်ဆန္ဒပြပွဲကို ကချင်အမျိုးသားအစည်းအရုံးကောင်စီမှ ဦးစီပြီး နယူးဒေလီမြို့တွင် ယနေ့ နေ့လည် ၁၁ နာရီမှာ...

ဖေဖော်ဝါရီလ ၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထာ့ဆောင်ယန်းမြို့နယ်၊ နိုဘိုးကျေးရွာ ဒုက္ခသည်စခန်းရှိ ကရင်စစ်ပြေးဒုက္ခသည် မိသားစု ၃စုကို ယနေ့မနက် ၉နာရီခွဲတွင် ထိုင်းနယ်စပ်လုံခြုံရေး ထာ့ဟန်ဖန်းအဖွဲ့က မြန်မာဘက်ခြမ်းရှိ လယ့်ပေါ်ဟဲနေရာသို့ ပြန်ပို့လိုက်သည်ဟု ကေအိုင်စီက စုံစမ်း သိရှိရသည်။

image

နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ

၂၊၄၊၂၀၁၀

မောင်ရမ္မာ (နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနောက်မြောက်ပိုင်း ပေါင်စောင်ဂေါ် ခရိုင်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ဆောက်ခဲ့သော ဗုဒ္ဓ ကျောင်းတော်ကြီး တခုကို ဇန္န၀ါရီလ ၁၀ ရက်နေ့က မြေအောက်မှ တူးဖေါ် တွေ့ရှိသည်။ အပြည့်အစုံသို့

အပစ်ရပ်များအား အင်အားသုံးတိုက်ရန်မလိုတော့ဟု တြိဂံတိုင်းမှူးပြော

အပစ်ရပ်များအား အင်အားသုံးတိုက်ရန်မလိုတော့ဟု တြိဂံတိုင်းမှူးပြောအပစ်ရပ်အဖွဲ့များ စီးပွါးအာဏာလုရင်း အချင်းချင်းသတ်ဖြတ်အဆုံးသတ်ခြင်းကို ထိုင်ကြည့်ရုံဟု တြိဂံတိုင်းမှူးက ပြောကြောင်း ခိုင်လုံသည့်သတင်းရပ်ကွက်ကပြော၏။
ကချင်တော်လှန်ရေးနေ့ ထုတ်ပြန်ကြေငြာချက်
KNO's Statement on 49th Kachin Revolution Day

တပ်နှင့် ပြည်သူ ဘဝတူ (၂)

သူငယ်ချင်းရေ
ကိုယ်ရဲ့ပထမစာကို ဖတ်ပီးလောက်ပီးလို့ ယုံကြည်ပါတယ်။ သူငယ်ချင်းဆီကို စာတိုက်ကလည်း မပို့ချင်ဘူးလေ။ တပ်ရင်းက ဖွင့်ဖောက်ဖတ်ပီးမှ သူငယ်ချင်းတို့ဆီ ရောက်တယ်ဆိုတာ ကိုယ်တိုင်လည်း စစ်သားတဦး ဖြစ်ခဲ့ဘူးသူမို့ သိနေတယ်။ ဒါကြောင့် လူကြုံကောင်းနဲ့ ပို့ပေးတာ၊ တို့နိုင်ငံရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုဟာ ပြည်သူထဲက ပြည်သူ ဖြစ်တဲ့ ဒို့တပ်မတော်သားတွေပါ ချိုးဖောက်ခံနေ ရတာပါ။ ဘယ်အချက်တွေ ချိုးဖောက် ခံနေရတယ် ဆိုတာကို ပိုပီးရှင်းအောင် ကိုယ်ထပ်ပြောမယ် သူငယ်ချင်း။ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကျေညာစာတမ်း အပိုဒ် (၃) နဲ့ (၁၂) ပဲ သူငယ်ချင်း။

အပိုဒ် (၃)မှာ - လူတိုင်းတွင် အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြံခွင့်ရှိသည်။
အပိုဒ်(၁၂)မှာ - မည်သူ့ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ မိသားစုနှင့် သက်ဆိုင်သော ကိစ္စများ၊ နေအိမ်နှင့် စာပေးစာယူ ကိစ္စများတို့ကိုမှ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက် မခံစေရ။ ထိုဏ္ဍအပြင် ထိုသူ့ ဂုဏ်သိက္ခာကို ပုတ်ခတ်ပိုင်ခွင့်မရှိ။ လူတိုင်းတွင် ထိုသို့စွက်ဖက်ခြင်းမှ သော်လည်းကောင်း၊ ပုတ်ခတ်ခံရ ခြင်းကို သော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။...လို့ ဖော်ပြထားတယ်လေ။

အခုလို မိမိတို့ရဲ့စာကိုဖောက်ဖတ်ခံရခြင်းဟာ သူငယ်ချင်းတို့ရဲ့လွတ်လပ်ခွင့်နဲ့လုံခြုံမှုကို ထိပါးတာပါပဲ။ ဥပဒေရ မဟုတ်ဘဲ မိမိရဲ့ လူ့အခွင့်ရေး(မွေးရာပါ အခွင့်ရေး)ကို ဝင်ရောက် စွက်ဖက်တာပါပဲ။

သူငယ်ချင်း
ဒီလိုချိုးဖောက်မှုနဲ့တပ်တွင်းအရေးယူခံရတဲ့ အရာရှိငယ်တွေက ရဲဘော်တွေအထိ ဖြစ်စဉ်တွေကို နင်လည် သိပီးသာပါ။ အဲဒီ ကျေညာစာတမ်းရဲ့နောက်ဆုံးအပိုဒ် ၃၀ မှာ-

ဤစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ဖျက်လိုဖျက်ဆီးဖြစ်စေမည့် လုပ်ငန်း လုပ်ရပ်များအား မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် လူပုဂ္ဂိုလ်ကမှ ကိုယ်တိုင် လုပ်ဆောင်ခွင့် ပါဝင်လုပ်ဆောင်ခွင့် မရှိကြောင်း ဤကြေညာစာတမ်းက အတိအလင်း ကြေညာသည်။ ... လို့ဖော်ပြထားသေးတယ်။

ဒါပေမဲ့ မင်းတို့ငါတို့ရဲဘော်တွေနဲ့တည်ဆောက်ထားတဲ့ တပ်မတော်ကို ခုတုံးလုပ်ပီး ကိုယ်ကျိုးစီး ပွားရှာနေတဲ့ စစ်ခေါင်းဆောင်တွေ ကတော့ မလိုက်နာဘူးဆိုတာ မင်းတို့ ငါတို့နဲ့ နိုင်ငံသိ ကမ္ဘာသိပါပဲ။ ပြည်သူတွေလည်း အဲဒီအချက်တွေ ချိုးဖောက် ခံနေရတာပါပဲ။ ဒါကြောင့် တပ်နဲ့ ပြည်သူ ဘဝတူတွေပဲ ဆိုတာ ရှင်းပါတယ်ကွာ။ အဲဒီကိစ္စကို နောက်မှ ဆက်ပြောတော့မယ်။ နင့်ကို အဓိကပြောချင်တာ ရှိတယ်။

ပြောချင်တာက အခုလ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ဒို့တပ်မတော်ရဲ့ဖခင်၊ လွတ်လပ်ရေးဖခင်၊ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်းရဲ့ အသက် ၉၅ နှစ်ပြည့်တဲ့ နေ့ပဲ။ ဒို့လူမျိုးတွေရဲ့ ထူးခြားတယ်လို့ ယူဆတဲ့ မွေးနေ့ မွေးရက် ဆုံတဲ့နှစ်နဲ့ မွေးနေ့ပဲ သူငယ်ချင်း။ လက်ရှိ စစ်ခေါင်းဆောင်တွေ ကတော့ မသိကျိုးချင်ပြုမှာပါ။

အလွန်စိတ်ပျက်ဝမ်းနည်းမခံချင်စရာ ကောင်းပါတယ်။ တကယ်ဆို သူလို ကမ္ဘာက လေးစားခံရတဲ့ နိုင်ငံ့ဖခင် တစ်ယောက်ရဲ့ မွေးနေ့ကို ခမ်းခမ်းနားနားနဲ့ နိုင်ငံနဲ့အဝှမ်း ကျင်းပ ပေးသင့်တာပေါ့။ တပ်မတော်ထဲမှာဆို ပိုလို့တောင် လုပ်ပေး ရဦးမှာနော်။ သူတည်ထောင်ခဲ့လို့ ပေါ်ထွန်းလာတဲ့ တပ်မတော်ကြောင့် ဗိုလ်ချုပ်မှူကြီး ဖြစ်နေရပါ လားဆိုတာကို မင်းတို့ တပ်ချုပ်ကြီး သတိရဖို့ ကောင်းတယ်။ ဒီအဖေကြောင့် သားဖြစ်လာပီး အမွေ ဆက်ခံ နေရပါလားဆိုတာ မမေ့သင့်ဘူးကွာ။ တို့တွေလည်း ဒါကြောင့် ရဲဘော်ရယ်လို့ ဖြစ်လာတာပေါ့။ တို့အားလုံးသူကို သတိရပီး သူဖြစ်စေချင်တဲ့ တပ်မတော်ကို ဖြစ်အောင် ဆက်လက် သယ်ပိုးဖို့ တာဝန်ရှိတယ်ဆိုတာ မင်းလဲသိပါတယ်။

ငါမင်းနဲ့အတူတပ်ထဲမှာရှိစဉ်တုံးက မင်းပြောပြခဲ့တဲ့ ဗိုလ်ချုပ်စကားလေးကို မှတ်မိနေတယ် သူငယ် ချင်း။ မင်း မ.ဆ.လ ပါတီက ထုတ်တဲ့ ဗိုလ်ချုပ် မိန့်ခွန်း များစာအုပ်ကို ဖတ်ပီး ပြောခဲ့တာလေ။ တပ်နဲ့ ပတ်သက်ပီး ပြောခဲ့တာပေါ့။

“စစ်တပ်ဟာတိုင်းပြည်အုပ်ချုပ်ရေးမှာ ဝင်မစွက်ဖက်ရဘူး။ စွက်ဖက်ရင် အာဏာရှင် စစ်တပ် ဖြစ်သွားမယ်။ စစ်တပ်ဟာ တိုင်းပြည် အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှာ ဝင်မပါရဘူး၊ ဝင်ပါရင် ဖက်စစ်အာဏာရှင် စစ်တပ် ဖြစ်သွားမယ်။ ဒီလိုစိတ်မျိုး ရှိနေသူတွေ အခုထဲက ပြင်ကြပါ” လို့ပြောခဲ့တာနော်။

သူငယ်ချင်းရေ
ဗိုလ်ချုပ်တို့ထိုင်းနိုင်ငံမှာတပ်မတော်စတင်ဖွဲ့ခဲ့တဲ့ ၁၉၄၂ ခုကဆို အခု တို့တပ်မတော် သက်တမ်းက ၆၈ နှစ်တောင် ရှိပီးနော်။ ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ ၆၂ ခုက ၈၈ ထိက အာဏာရှင် စစ်တပ်ပေါ့၊ ၈၈ ကနေ ဒီဖက်ထိကတော့ ဖက်ဆစ် အာဏာရှင်စစ်တပ် ဖြစ်နေပီနော် သူငယ်ချင်း။ တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တာနဲ့ စိစစ် ကြည့်လိုက်တာပါ။

တပ်မတော် သက်တမ်းရဲ့ သုံးပုံ နှစ်ပုံ ကျော်ဖြစ်တဲ့ ၄၈ နှစ်ဟာ အာဏာရှင်၊ ဖက်ဆစ် အာဏာရှင် စစ်တပ်အဖြစ် ဖြတ်သန်း ခဲ့တာပဲနော်။ သူငယ်ချင်းရေ.. သားသ္မီးဝတ် ငါးပါးမှာပါတဲ့ စောင့်လေမျိုးနွယ် ဆိုတဲ့ စကားအတိုင်း တို့ဖခင် ဖြစ်စေလိုတဲ့ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ မင်းတို့လို အမှုထမ်းဆဲ တပ်မတော်သားတွေမှာရော ငါတို့လို တပ်မတော်သား ဟောင်းတွေမှာပါ တာဝန် ရှိတယ်နော်။

သူငယ်ချင်းရေ
ဒီတော့မင်းတို့ကလည်းတပ်တွင်းမှာ မွေးနေ့မွေးရက်ဆုံနေတဲ့ တပ်မတော် ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ နှစ်မြောက် မွေးနေ့ကို ကိုယ့်အစီစဉ်နဲ့ကိုယ် ကျင်းပစေချင်တယ်။ ငါတို့လဲ ပြင်ပကနေ ကျင်းပရင်းနဲ့ ဖအေကို ခြေစုံကန်နေတဲ့ သားမိုက် ဗိုလ်ချုပ်မှူးကြီးတို့ လူတသိုက်ကို ဆုံးမသတိပေးရ အောင်လား။

ငါတို့ မိသန်းအေးက ပြောမှာပဲ၊ သူ့အကြောင်းလေးတောင် မေးဖော်မရဖူးလို့။ ပြောလိုက်ပါကွာ၊ အစဉ် မင်းကို သတိရခြင်းနဲ့ အတူ သူ့ကိုလည်း သတိရနေကြောင်း။ သူရဲ့ ပဲပြုပ်နဲ့ မျှစ်ကြော်ကို အမြဲ သတိရနေပါတယ်လို့။ အခုရော မင်းတို့ ပဲပြုပ်နဲ့ မျှစ်ကြော်တောင် စားနိုင်သေးရဲ့လား သူငယ်ချင်း၊။

မင်းတို့တပ်မိသားစုအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာပြီး ဘေးဘယာ ကင်းဝေးလို့ စစ်မှန်တဲ့ ပြည်သူ့ တပ်မတော်ကို တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မင်းတို့ကိုခင်တဲ့
မင်းတို့ကခင်တဲ့
နှောင်းလူ

Read More...


တပ်နှင့် ပြည်သူ ဘဝတူ (၁)

သူငယ်ချင်းရေ

တို့တွေခွဲခွာခဲ့ဝေးကွားခဲ့ကြတာ အခုဆို အနှစ်ဆယ်ကျော်ပီနော်။ သူငယ်ချင်းနဲ့ ကိုယ်က ဖောင်ကြီးအမှတ် ( ၁ ) လေ့ကျင့်ရေးမှာ စတွေ့ကြတာလေ။ သင်တန်းပီးလို့ တာဝန်ကျတဲ့ တပ်ကျပြန်တော့လဲ အတူပဲဆိုတော့ တအူတုံဆင်း ညီအရင်းလို ဖြစ်ခဲ့ကြရတယ်။ ဒါပေမဲ့ တို့ရဲဘော်တွေရဲ့ ဘဝဟာပြည်သူတွေရဲ့ ဘဝ တွေလိုပါပဲ၊ ငတ်တလဲ ပြတ်တလဲနဲ့ နေရတာ။ ဒီကြားထဲ ရှေ့တန်းက ပြန်ရောက်ပြန်တော့ လစာကို အထက်အရာရှိတွေ သုံးထားတာနဲ့ ကြုံရသေးပေါ့။ တို့ရဲဘော်တွေနဲ့ စစ်တပ်ကို ခါးပိုက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ ကတော့ တိုင်းပြည်ရဲ့ ကယ်တင်ရှင် အဖြစ် ဟစ်ကြွေးပီး၊ ချမ်းသာနေတယ်။ တိုင်းပြည်နဲ့ လူထုက ဆင်းရဲနေရတယ်။ ကမ္ဘာ့ အဆင်းရဲဆုံး ဖြစ်ခဲ့ရတာ သူငယ်ချင်းလဲ သိပါတယ်။

နောက်ပြည်သူဘဝနဲ့ထပ်တူနေတဲ့ လေတပ်၊ ရေတပ်၊ ကပစ အစရှိတဲ့ ရဲဘော်တွေ ပြည်သူတွေနဲ့ ပူးပေါင်းပီး ချီတက် တောင်းဆိုခဲ့ကြတယ်။ တပ်မ ( ၂၂ ) က ဗိုလ်ကြီး စိုင်းဝင်းကျော် ဆိုသူလည်း ဒီမိုကရေစီဘက် ပူးပေါင်းသွားတယ်။ ခလရ (၁၆ ) မှော်ဘီတပ်ရင်းက တပ်စိတ် တစ်စိတ်ပါ ပူးပေါင်းသွားတယ်။ သူငယ်ချင်းနဲ့ ကိုယ်လည်း ပြည်သူနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဒါပေမဲ့ အဲဒီတုန်းက သူငယ်ချင်းက ရက်သားသာ ရှိသေးတဲ့ သားနဲ့ ဇနီးကြောင့် ကျန်နေခဲ့ရတယ်။ ကိုယ်ကတော့ လိုက်ပါ သွားခဲ့တယ်လေ။ အဲဒီတုံးက ပြည်သူနဲ့တွေ့ရင် ရေလို ဆက်ဆံရမယ် ဆိုတဲ့ ကျင့်ဝတ် အတိုင်း နေခဲ့တဲ့ အချို့တပ်ရင်းက တပ်ခွဲတွေ၊ တပ်ရင်းတွေ၊ တပ်ရင်းမှူးတွေ အရေးယူ ခံခဲ့ရတာ သူငယ်ချင်း အသိပါ။

သူငယ်ချင်းရေ-နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်းထက်ကဲ ဆိုသလို အခုသူငယ်ချင်းတို့ တပ်ချုပ်ကြီး လက်ထက်မှာ တိုင်းပြည်နဲ့ ပြည်သူဟာ ငရဲရှစ်ထပ် အောက်ဆုံးကို ရောက်နေရသလိုပါပဲ။ သူငယ်ချင်းတို့လို ဆရာကြီးတွေနဲ့ ဗိုလ်မှူးကြီး အဆင့်ထိဟာလဲ ပြည်သူနဲ့ ဘဝတူ ခံစား နေကြရတာပါပဲ။ သူငယ်ချင်းဆို စစ်သက် ၂၈နှစ်လောက် ရှိနေတာတောင် ထွက်ခွင့်လဲမရ။အငြိမ်းစားလဲ မရနဲ့ တပေပေနဲ့ ခံနေရတယ်လို့ ကြားပါတယ်။

ဒါကြောင့် ရဲဘော်တွေ မခံနိုင်သလို သူတို့ အထက်အရာရှိတွေလည်း မခံနိုင်တော့လို့ အခုဆို တပ်တွင်း တောင်းဆိုမှုတွေ၊ ထွက်ခွင့်တွေ တင်နေကြတယ်လို့ တပ်သတင်းတွေ အတော့်ကို ကျယ်ကျယ်ပြန်ပြန့် ထွက်လာ နေတယ်နော်။ သူငယ်ချင်းကပိုသိမှာပါလေ။

အဲဒီသတင်းထက်ပိုပီး စိတ်ဝင်စားဖို့ကောင်းတဲ့ တပ်သတင်းတခု ထွက်လာတယ် သူငယ်ချင်း။ လားရှိုးမြို့မှာ၂၄.၁.၁၀နေ့ ညနဲ့ ၂၅.၁.၁၀ မနက်ပိုင်းမှာ ဖြစ်ခဲ့တာပါ။ တပ်မိသားစုများရဲ့ ပန်ကြားလွှာကို လက်ရေးနဲ့ရေးပီး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ပတ်ဝန်းကျင်၊ တိုင်းလမ်းတလျောက်၊ တပ်မိသားစုတွေ နေထိုင်ရာ ဘူတာဈေး၊ ဗျူဟာလမ်းနဲ့ အခြားနေရာ အတော်များမှာ ကပ်သွားတယ်။ အဲဒီမှာ----

တပ်နဲ့ပြည်သူ၊ ဘဝတူ၊ အတူလက်တွဲ၊ ဒို့အောင်ပွဲ စားဝတ်နေမှု ဖူလုံရေး၊ ချက်ချင်းဖြေရှင်းပေး
တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး၊ လက်တွေ့ဦးစားပေး---- လို့ ရေးထား တောင်းဆိုထားတယ် သူငယ်ချင်း။

သူငယ်ချင်းရေ-တပ်မိသားစုရဲ့ပန်ကြားလွှာဟာ လက်တွေ့ ကိုယ်တို့နိုင်ငံရဲ့ ပကတိ အခြေနေကို ထင်ဟပ် ပြတာပါပဲ။ သူငယ်ချင်းလဲ အခုလို ပြည်သူက တပ်ကို ရွံ့ကြောက်မုန်းတီး နေတာကို အရင်လို ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် တပ်အဖြစ် ပြောင်းလဲနိုင်ဖို့၊ ဘဝတူ တပ်နဲ့ပြည်သူ၊ အတူလက်တွဲပီး အောင်ပွဲဆီကို သွားဘို့၊ စိတ်တူ၊ ယုံကြည်ချက် တူသူတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ လုပ်နေပီလို့ ကိုယ်ယုံကြည်တယ် သူငယ်ချင်း။

မိသန်းအေးကိုလဲငါက သတိရတယ်လို့ ပြောလိုက်ပါ။ သူငယ်ချင်းတို့ တမိသားစုလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာလို့ ဘေးဘယာ အပေါင်းက ကင်းဝေးကာ ဘဝတူ ပြည်သူတွေရဲ့ အကျိုးကို အောင်မြင်စွာ သယ်ပိုး နိုင်ပါစေလို့ မေတ္တာပို့သ လိုက်ပါတယ်။

သတိရခင်မင်လျက်
နှောင်းလူ

Read More...


နအဖ စစ်အုပ်စု၏ ဟန်ပြ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကန့်ကွက်ရှတ်ချသည့် ပလောင်အမျိုးသမီးအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်

ရှမ်းပြည်မြောက်ပိုင်း နမ်ခမ်းမြို့နယ်နှင့် မန်တုန်မြို့နယ်တွင် နအဖစစ်တပ်များ ပြီးခဲ့သောအပတ်တွင် ပူပူနွေးနွေ
ဘိန်းတိုက်ဖျက်ရေး စတင်ခဲ့သော်လည်း ဘိန်းခြံအချို့ကိုသာ နမူနာပြဖျက်ဆီးခဲ့ပြီး။ အခြားအင်အားကြီး ဘိန်းတောင်
သူတို့ထံမှ လာဘ်ငွေများရယူပြီး ထိုဘိန်းခြံများ မဖျက်ဆီးဘဲ ပြန်ဆုတ်သွားကြောင်း သိရှိရပါသည်၊ (more…)


နယ်ခြားစောင့်တပ်အဖြစ် လက်မခံ၍ ကယန်းဒေသ၌ အစိုးရတပ်အင်အား တိုးချဲ့လာ
ပါးရယ်/ ဖေဖော်ဝါရီ ၅၊ ၂၀၁၀

အပစ်ရပ်အဖွဲ့ ဖြစ်သော ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ)သည် မြန်မာစစ်အစိုးရ ဖိအားပေးနေသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို...

ဆက်ဖတ်ရန်...

စစ်တပ်မှ ရွာသားပိုင်တောင်ယာခင်း မီးရှို့ဖျက်ဆီး
ကို(၂)/ ဖေဖော်ဝါရီ ၅၊ ၂၀၁၀

ကရင်နီပြည် ရှားတောမြို့နယ် ပွန်ချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာလူထု၏ တောင်ယာခင်းများကို အချိန်အခါ မဟုတ်ဘဲ စစ်အစိုးရတပ်မှ မီးရှို့ဖျက်ဆီး...

ဆက်ဖတ်ရန်...


more


more


more


more


more


more


more


more


more


more


more

မြန်မာနိုင်ငံကို ဖြတ်္ဘပီး ရေနံနဲႛ သဘာဝဓာတ်ငွေ့တရုတ်နိုင်ငံ တင်သွင်းတော့မယ်
ရေကာတာစီမံကိန်း ကန်ႛကွက်စာ တ႟ုတ္သံ႟ရုံးက တရားဝင်ပြန်ကြား